News @ M-Media

Blog

  • ဘိုကိုဟရမ်ကြောင့် လူ ၁ သန်းခန့် အကူအညီပြတ်တောက်

    ဘိုကိုဟရမ်ကြောင့် လူ ၁ သန်းခန့် အကူအညီပြတ်တောက်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    boko

    – အနောက်အာဖရိကရှိ နာမည်ကြီးရေကန် Lake Chad ပတ်ဝန်းကျင်ဒေသတွင် လူပေါင်း ၁ သန်းခန့်ကို ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြတ်တောက်ထားသည်ဟု ကုလက ယခုတစ်ပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

    ချဒ်၊ ကင်မရွန်း၊ နိုင်ဂျာနှင့် နိုက်ဂျီးရီးယား နယ်နမိတ်များဆုံရာ အဆိုပါ Lake Chad ဒေသတွင် ဘိုကိုဟရမ်အဖွဲ့ကြောင့် လူပေါင်း ၁ သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခြား လူသိန်းပေါင်းမျာစွာမှာလည်း အတိဒုက္ခ ရောက်ခဲ့ရသည်။

    လုံခြုံရေးတာဝန်ရှိသူများကမူ ဒေသတွင်းစစ်ဆင်ရေးတပ်ဖွဲ့မှာ အဆိုပါဒေသကို ပြန်လည်ရရှိရန် ကြိုးစားတိုက်ခိုက်နေကြပြီး၊ ပြီးခဲ့သည့်လအနည်းငယ်အတွင်း စစ်သွေးကြွ ရာပေါင်းများစွာမှာ လာရောက်အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

    ဆာဟီလ်ဒေသဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး တိုဘီ လန်ဇာကမူ မတည်ငြိမှုများကြောင့် ဒေသအများအပြားတွင် အကူအညီပေးရန် မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    “အကူအညီမရောက်နိုင်တဲ့ ဒေသနဲ့ ရွာတွေမှာ စုစုပေါင်း လူ ၁ သန်းလောက်အထိ ရှိမယ်လို့ ယုံကြည်ပါတယ်”

    Ref : IINA

  • ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    turkey-3

    – အမေရိကန်ပြည်ထောင်စု ချီကာဂိုပြည်နယ် အနောက်မြောက်ဖက်ရှိ ချို့တဲ့မိသားစုများကို အမေရိကန်မွတ်စလင် ပရဟိတအဖွဲ့တစ်ခုက ပြီးခဲ့သည့် ရက်အနည်းအတွင်း ကြက်ဆင်သားများ ဝေငှကာ အဟာရဒါန ပြုခဲ့သည်ဟု သိရသည်။

    Sabeel Food Pantry ဟု အမည်ရသည့် ပရဟိတအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုမှာ ၎င်းတို့ နှစ်စဉ်ပြုလုပ်နေသည့် လှုပ်ရှားမှုလည်းဖြစ်ကာ ယခုနှစ်တွင် ၃ ဆပို၍ ဒါနပြုခဲ့သည်။

    ကြက်ဆင်များကို စာသင်ကျောင်းများမှတစ်ဆင့် ချို့တဲ့သည့် မိသားစုများကို ဝေငှခဲ့ခြင်းဖြစ်ပြီး အဆိုပါလှုပ်ရှားမှုကို စီစဉ်ခဲ့သည့် ဒေါက်တာ ဆိုဖီယာ ရှာကီရ်ကမူ ယခုကဲ့သို့ ဒါနပြုခွင့်ရသည့်အတွက် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    Woodlawn မြို့ ဒေသကျောင်းကောင်စီဥက္ကဌဖြစ်သူ ဗစ်တိုးရီးယား ဘိုဝင်က “ခွဲခြားမှုတွေဟာ ကျွန်မတို့ဆီက လာတာမဟုတ်ပါဘူး၊ ခွဲခြားဆက်ဆံတာမျိုးဟာ ဘယ်လိုခံစားရလဲဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ အဲဒီအစား ကံမကောင်း အကြောင်းမလှသူတွေကို ကူညီဖို့အတွက် သူတို့လေးတွေကို ပြုစုပျိုးထောင်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဒါနပြုမှုတွင် ပါဝင်ခဲ့သည့် စာသင်ကျောင်းများမှ ဆရာများနှင့် ကျောင်းအုပ်များက ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ကြပြီး အချို့ကျောင်းများက ၎င်းအစီအစဉ်ကို ကျောင်းသားမိဘများ ပါဝင်နိုင်သည့် လှုပ်ရှားမှုမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရှကီးရ်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ ရှိုရှာရာက ထိုလှုပ်ရှားမှုမှာ ချို့တဲ့သူများကို ကူညီရမည်ဟူသည့် အစ္စလာမ့်သွန်သင်ချက်များကို အကောင်အထည်ဖော်သည့် ကြိုးပမ်းမှုဖြစ်ကြောင်း၊ ဆာလောင်မွတ်သိပ်သူများကို ကျွေးမွေးခြင်းထက် ပိုပြီး မိဘများအနေဖြင့် သားသမီးများအတွက် ဂရုစိုက်မှု နည်းလမ်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : IINA

  • အငြင်းပွားရေပိုင်နက်တွင် ဖိလစ်ပိုင်ကို တရုတ်က ငါးဖမ်းခွင့်ပြုမည်

    အငြင်းပွားရေပိုင်နက်တွင် ဖိလစ်ပိုင်ကို တရုတ်က ငါးဖမ်းခွင့်ပြုမည်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    phili-2

    – နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးတက်စေရန်အတွက် တောင်တရုတ်ပင်လယ်ရှိ Scarborough Shoal ရေပိုင်နက်အတွင်းသို့ ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောများ အပြည့်အ၀ ၀င်ရောက် ငါးဖမ်းခွင့်ပြုရေးအတွက် စဉ်းစားနေသည်ဟု တရုတ် အစိုးရအကြံပေးတစ်ဦးဖြစ်သူ ၀ူရှီချွမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အောက်တိုဘာလက ဖိလစ်ပိုင်သမ္မတ ဒူတာတေး ဘေဂျင်းသို့ လာရောက်လည်ပတ်ပြီးနောက်ပိုင်း ထိုကဲ့သို့ စဉ်းစားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဆွေးနွေးမှုများပြုလုပ်နေကာ သဘောတူညီချက် မကြာခင် ရရှိမည်ဟု ၀ူက ထည့်သွင်းပြောဆိုခဲ့သည်။

    Scarborough Shoal ရေပိုင်နက်အား ပိုင်ဆိုင်မှုအတွက် ယခင်က တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများ ရှိခဲ့သော်လည်း ဒူတာတေးက တရုတ်ပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း ထိုတင်းမာမှုမှာ လျော့ကျသွားခဲ့သည်။ အဆိုပါ ရေပိုင်နက်မှာ ဖိလစ်ပိုင်နှင့်သာ သက်ဆိုင်သည်ဟု မကြာသေးမီက နယ်သာလန်အခြေစိုက် နိုင်ငံတကာ ခုံသမာဓိရုံးက ဆုံးဖြတ်ခဲ့သည်။

    ၂၀၁၂ ခုနှစ်ကတည်းက တရုတ်သည် ၎င်းရေပိုင်နက်အတွင်း ဖိလစ်ပိုင်နိုင်ငံသားများ ၀င်ရောက်သွားလာခွင့်ကို ပိတ်ဆို့ရန် ကမ်းခြေစောင့်တပ်ဖွဲ့များ ဖြန့်ချထားခဲ့သည်။ သို့သော် ဒူတာတေးလည်ပတ်ချိန်မှစ၍ အဆိုပါရေပိုင်နက်မှ တရုတ်သင်္ဘောများ ထွက်ခွာခဲ့ပြီး ငါးဖမ်းသူများအား ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည်။

    Ref : CNA

  • အမေရိကန်ကို အန်တုခဲ့သူ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲလ်ကက်စထရို ကွယ်လွန်

    အမေရိကန်ကို အန်တုခဲ့သူ ကျူးဘားခေါင်းဆောင်ဟောင်း ဖီဒဲလ်ကက်စထရို ကွယ်လွန်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    cuba

    – ကျူးဘား တော်လှန်ရေးခေါင်းဆောင်ဖြစ်ပြီး အမေရိကန် သမ္မတ ၁၁ ဦးကို အာခံခဲ့သူ ဖီဒဲလ် ကက်စရိုမှာ ယမန်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဟု နိုင်ငံပိုင်ရုပ်သံက ကြေငြာခဲ့သည်။

    အသက် ၉၀ အရွယ်ရှိ သမ္မတဟောင်း ကက်စထရိုမှာ ညနေ ၇ နာရီတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ညီဖြစ်သူ လက်ရှိသမ္မတ ရာအူးလ် ကက်စထရိုကလည်း ထိုသတင်းကို အတည်ပြုခဲ့သည်။

    အမေရိကန်အစိုးရမှာ ကက်စထရိုအား လုပ်ကြံသတ်ဖြတ်ရန်နှင့် ၎င်းအား ဖြုတ်ချရန်အတွက် ကန်ဒေါ်လာ ၁ ဘီလီယံကျော် သုံးစွဲခဲ့သော်လည်း ၎င်းကို အနာတရဖြစ်အောင်ပင် မလုပ်နိုင်ခဲ့ဘဲ နောက်ဆုံး ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

    ကျူးဘားပြည်သူများက ဖီဒဲလ်မှာ ဆင်းရဲမွဲတေသူများအတွက် မမောနိုင်မပမ်းနိုင် ကာကွယ်ပေးခဲ့သူဖြစ်သည်ဟု မှတ်ယူကြပြီး ဝေဖန်သူများကမူ ၎င်းမှာ တိုင်းပြည်စီးပွားရေး ပျက်ဆီးအောင် ပြုလုပ်ခဲ့ကာ ၁၁ သန်းသော ကျူးဘားပြည်သူများ၏ အခြေခံလွတ်လပ်ခွင့်ကိုလည်း ငြင်းပယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကွန်မြူနစ်တစ်ဦးဖြစ်သည့် ဖီဒဲလ်ကက်စထရိုမှာ ကျူးဘားသမ္မတနှင့် ၀န်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၅၀ ကြာ ဦးဆောင်ခဲ့ပြီး တိုင်းပြည်ကို တန်းတူညီမျှရှိသည့်၊ တရားဥပဒေစိုးမိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်အောင် တည်ဆောက်ပေးခဲ့သည်။ ၎င်း၏အစိုးရမှာ ဆရာဝန်နှင့် ကျောင်းဆရာ ထောင်ပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီး၊ ကျူးဘားနိုင်ငံမှာလည်း ကမ္ဘာ့အနောက်ခြမ်းတွင် မွေးကင်းစကလေး သေဆုံးမှုနှုန်း၊ ပညာမတတ်မှုနှုန်း အနိမ့်ဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။

    Ref: Aljazeera

  • ဂျကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို အင်ဒိုဖမ်းဆီး

    ဂျကာတာရှိ မြန်မာသံရုံးဗုံးခွဲရန် ကြံစည်သူကို အင်ဒိုဖမ်းဆီး

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    – လာမည့်လတွင် အစိုးရအဆောက်အအုံများနှင့် ဂျကာတာရှိ မြန်မာသံရုံးတို့အား တိုက်ခိုက်ရန် ကြံစည်နေသည့် စစ်သွေးကြွတစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ဗုံးလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအများအပြားကိုလည်း သိမ်းယူရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။

    ဖမ်းဆီးရမိသူမှာ အသက် ၂၃ နှစ်အရွယ်ရှိ ရီယို ပရီယက်တနာ ၀ီဘာဝါဆိုသူဖြစ်ပြီး IS အား ထောက်ခံသည့် အင်ဒိုနီးရှား အဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။

    ဒေသတွင်း မီဒီယာများကမူ ၎င်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် ဖောက်ခွဲရေးပစ္စည်းများမှာ ၂၀၀၂ နှစ်က လူ ၂၀၂ ဦး သေဆုံးခဲ့သည့် ဘာလီနိုက်ကလပ် ဗုံးဖောက်ခွဲမှုတွင် အသုံးပြုခဲ့သည့် ဗုံးထက် ပြင်းအား ၂ ဆပိုသည်ဟု ဖော်ပြခဲ့သည်။

    စိုက်ပျိုးရေးတက္ကသိုလ်တွင် တက်ရောက်ပညာသင်ကြားခဲ့သည့် ၀ီဘာဝါမှာ လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေပြီး ဗုံးဖောက်ခွဲမှုကို ကိုယ်တိုင်လေ့လာထားသူဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းရှိ နေရာတော်တော်များများသို့ ဖောက်ခွဲရေးပစ္စည်းများ ဖြန့်ဖြူးရန် စီစဉ်ခဲ့သူဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘွိုင် ရက်ဖ်လီ အေမာရ်က ယနေ့တွင် ပြောကြားခဲ့သည်။

    ယခုနှစ်အတွင်း IS မှာ အင်ဒိုနီးရှားတွင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ပြီး ထိုအထဲမှ အကြီးဆုံးမှာ ဇန်န၀ါရီလက ဂျကာတာတွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲမှုဖြစ်ကာ လူ ၄ ဦး သေဆုံးခဲ့သည်။

    မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမွတ်စလင်များအပေါ် ဖိနှိပ်မှုများကြောင့် အရှေ့တောင်အာရှအတွင်းရှိ မွတ်စလင်အများစုရှိရာ နိုင်ငံများတွင် ဒေါသထွက်မှုများ မြင့်တက်လာပြီး ဂျကာတာအပါအ၀င် မြို့ကြီးများတွင် ဆန္ဒပြမှုများ ဖြစ်ပွားသည်အထိ ဦးတည်လာခဲ့သည်။

    Ref: Channelnewsasia