News @ M-Media
Blog
  • လဝက ဝန်ထမ်းများ၏ လာဘ်ယူမှုနှင့် လုပ်ထုံးလုပ်နည်း အမှားများ ဝန်ကြီးထံ တိုက်ရိုက် တိုင်ကြားနိုင်
    ဦးမင်း
    မကွေး၊ အောက်တိုဘာ၂၄
    u-min-copy
    လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာန ဝန်ထမ်းများ လာဘ်ယူမှုများ၊ လုပ်ထုံးလုပ်နည်းအမှားများ ရှိပါက ပြည်သူများအနေဖြင့် ဝန်ကြီးထံတိုက်ရိုက်တိုင်ကြား နိုင်ကြောင်း ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။
    အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင် ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် မကွေးတိုင်းဒေသ ကြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီးနှင့် တိုင်းညွှန်ြ ကားရေးမှူး၊ ခရိုင်ညွှန်ကြား ရေးမှူး၊ မြို့နယ် လဝကဦးစီးမှူးများနှင့် တွေ့ဆုံရာတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။
    ”ပြည်သူတွေရဲ့ တိုင်ကြားချက်တွေဟာ အကြောင်း အကျိုးတွေ ညီတယ်၊ အချက်အလက်တွေ ပြည့်စုံတယ် ဆိုလို့ရှိရင် ဝန်ထမ်း စည်းမျဉ်းစည်းကမ်းနဲ့အညီ အရေးယူ ပါမယ်” ဟု ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
    ဝန်ကြီးဦးနေမျိုးကျော် အနေဖြင့်တွေ့ဆုံပွဲတွင် ၄င်း၏လက်ထက်၌ အသက် ၁ဝ နှစ်နှင့် အသက် ၁၈ နှစ်ပြည့် ပြီးသူများအားမှတ်ပုံ တင်များ ပြုလုပ်ပေးရေးကို စီမံချက် တစ်ရပ်အနေဖြင့် ပြု လုပ်ပေးသွားမည်ဖြစ်ပြီးဝန်ထမ်းများသည် အလုပ်ကိစ္စအောင်မြင်နိုင်ရေး အတွက် ဝန်ခံတတ် သော အမူအကျင့်များ အသင့်ရှိနေရန် မှာကြားခဲ့ကြောင်း သိရသည်။
    ပေါ်ပြူလာ သတင်းဌာနမှ ကူးယူဖော်ပြပါသည်။
    မူရင်းလင့်ခ်
  • လူသားများကြောင့် နှစ် ၄၀ အတွင်း သတ္တ၀ါမျိုးစိတ် ၆၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်
    လူသားများကြောင့် နှစ် ၄၀ အတွင်း သတ္တ၀ါမျိုးစိတ် ၆၀ ရာခိုင်နှုန်းခန့် ပျောက်ကွယ်
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    ex
    – ပြီးခဲ့သည့် ၁၀ စုနှစ် ၄ ခုအတွင်း ကမ္ဘာ့ ငါးမျိုးစိတ်၊ ငှက်မျိုးစိတ်၊ ရေနေကုန်းနေမျိုးစိတ်နှင့် တွားသွားသတ္တ၀ါမျိုးစိတ်များ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ ပျောက်ကွယ်သွားခဲ့ပြီး အများစုမှာ လူသားများ၏ ဆောင်ရွက်မှုများကြောင့် ဖြစ်သည်ဟု လေ့လာသူများက ပြောကြားလိုက်သည်။
    နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးအဖွဲ့များနှင့် ပူးပေါင်း၍ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရံပုံငွေအဖွဲ့ (WWF) မှ ကြာသပတေးနေ့က ထုန်ပြန်ခဲ့သည့် The Living Planet Report 2016 အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်ပြီး သစ်တောပြုန်းတီးခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်း၊ တရားမ၀င် တောရိုင်းတိရစ္ဆာန်ကုန်ကူးခြင်းတို့က သားရိုင်းတိရစ္ဆာန်များ၏ ကျက်စားရာဒေသကို ကျဉ်းမြောင်းသွားစေည်ဟု ဆိုသည်။
    သတ္တ၀ါမျိုးစိတ်များ မျိုးသုဉ်းပျောက်ကွယ်ရသည့် အဓိကအကြောင်းအရင်း ၅ ခုမှာ နေထိုင်ကျက်စားရာနေရာများ ပျောက်ဆုံးလာခြင်း၊ အလွန်အကျွံ ဖမ်းဆီးစားသုံးခြင်း၊ ရေထုလေထုညစ်ညမ်းခြင်း၊ ရောဂါပျံ့ပွားခြင်းတို့ ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
    “လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅ သန်းက ဒိုင်နိုဆောတွေ မျိုးသုဉ်းပျောက်ကွယ်တဲ့အချိန်ကစလို့ အခု ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့တွေဟာ ကမ္ဘာလုံးဆိုင်ရာ တောရိုင်းတိရစ္ဆာန်မျိုးသုဉ်းမှုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု WWF မှ UK အဖွဲ့ခွဲ၏ သိပ္ပံနှင့်မူဝါဒဆိုင်ရာ ညွှန်ကြားရေးမှူး မိုက် ဘာရက်က ပြောသည်။
    ယခုအစီရင်ခံစာမှာ ထင်ရှားပျံ့နှံ့လျက်ရှိသော ကျောရိုးရှိသတ္တ၀ါ ၁၄၀၀၀ ကျော်မှ မျိုးစိတ်ပေါင်း ၃၇၀၀ ခန့်ကို ရေရှည်လေ့လာစောင့်ကြည့်ခဲ့သည့် ရလဒ်အပေါ် အခြေခံထားခြင်း ဖြစ်သည်။
    မျိုးသုဉ်းပျောက်ကွယ်သွားသည့် တိရစ္ဆာန်များတွင် မျောက်ဝံများ၊ လူဝံကြီးများ၊ ကြံ့များ၊ ဆင်များ၊ ကျားများ၊ နှင်းေ၏တာတွင် ကျက်စားသည့် ကျားသစ်များ၊ ရေနေဘ၀သာမက ကမ်းရိုးတန်းတွင် နေထိုင်သည့် လူ့အဖွဲ့အစည်းများအတွက်ပါ အရေးပါသည့် သန္တာကောင်များလည်း ပါဝင်သည်။
    Ref; Aljazeera
  • ၀မ်းရောဂါတိုက်ဖျက်ရေး ယီမင်သို့ ယူအေအီးက အကူအညီများ ပေးပို့
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    yemen
    – ပြည်တွင်းစစ်ဖြစ်ပွားနေသော ယီမင်နိုင်ငံတွင် ပြန့်နှံ့နေသည့် ၀မ်းကိုက်ရောဂါကို တားဆီးဟန့်တားရန်အတွက် အာရဗ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) လခြမ်းနီအဖွဲ့ (ERC) က အေဒင်မြို့ရှိ ဆေးရုံးအများအပြားသို့ အရေးအပေါ် ဆေးဝါးများ ပေးပို့ခဲ့သည်ဟု သိရသည်။
    အလ်ဂျူမ်ဟိုရီယာဆေးရုံရှိ ဓာတ်ခွဲခန်းဗဟိုဌာနက ၀မ်းကိုက်ရောဂါဟု သံသယရှိသည့် လူနာများကို စစ်ဆေးရန် ရေဓာတ်ဖြည့်တင်းသည့်ပျော်ရည် (ORS) များ လက်ခံရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ ယူအေအီးလခြမ်းနီ အဖွဲ့သည် ၀မ်းကိုက်ရောဂါကူးစက်မှုကို တိုက်ဖျက်ရန်အတွက် ကလိုရင်းစည် ၂၀ ကိုလည်း အေဒင်ရှိ သက်ဆိုင်ရာအာဏာပိုင်များသို့ ပို့ပေးခဲ့သည်။
    ORS ဆေးဝါးများကိုမူ ယီမင်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) ၏ နယ်မြေခံ ဒေါက်တာ မိုဟာမက်ကလီစီထံ ERC က ပေးအပ်ခဲ့ပြီး ဒေါက် ကလီစီကလည်း ERC အဖွဲ့၏ လျင်မြန်စွာ ကူညီပေးမှုအပေါ် ကျေဇူးတင်ကြောင်း ပြောကြားခဲ့ကာ ထိုကဲ့သို့ လှူဒါန်းမှုများက လူနာ ၅၀၀ အတွက် လုံလောက်စေခဲ့သည်ဟု ဆိုသည်။
    Ref : IINA
  • အီတလီတွင် အင်အားပြင်းငလျင်ထပ်လှုပ်၊ အဆောက်အဦးများ ပျက်ဆီး
    အီတလီတွင် အင်အားပြင်းငလျင်ထပ်လှုပ်၊ အဆောက်အဦးများ ပျက်ဆီး
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    italy
    – အီတလီနိုင်ငံအလယ်ပိုင်းတွင် ယနေ့မနက်ပိုင်းက အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပြီး အဆောက်အဦးများစွာ ပြိုကျခဲ့ကာ ဒဏ်ရာသူများလည်း အများအပြားရှိနေသည်ဟု သိရသည်။
    နိုင်ငံအရှေ့တောင်ပိုင်း အမ်ဘရီယာပြည်နယ် နော်စီယာမြို့ကို ဗဟိုပြု၍ ဒေသစံတော်ချိန် မနက်အစောပိုင်း ၇ နာရီ မိနစ် ၄၀ ခန့်က လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်မှာ ပြင်းအား ၆.၆ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ လတ်တလောတွင် သေဆုံးမှုသတင်းများ ထွက်မလာသေးပေ။
    ၁၄ ရာစုက ဆောက်လုပ်ထားသည့် သမိုင်းဝင် Basilica of Saint Benedict ဘုရားကျောင်းမှာလည်း ငလျင်ကြောင့် ပြိုကျပျက်ဆီးခဲ့ပြီး ငလျင်ဒဏ်ကို မြောက်ဘက် သြစတြီးယားနှင့်ထိစပ်နေသည့် နေစပ်မြို့ ဘိုလ်ဇာနို၊ အီတလီကျွန်းဆွယ်၏ တောင်ဘက်ထိပ်ဆုံးပိုင်းမှ ပွဂ်လီယာအထိ ခံစားခဲ့ရသည်။ မြို့တော် ရောမတွင်မူ ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရသည်။
    ပြီးခဲ့သည့် ၅ ရက်အတွင်း ငလျင်ငယ်များ လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ ငလျင်ကြီး လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ကြောင့် ဒဏ်ရာမှုများ စွာရှိနေသည်။
    အီတလီနိုင်ငံအလယ်ပိုင်းတွင် သြဂုတ်လ ၂၄ ရက်နေ့တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခဲ့မှုကြောင့် လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့ပြီး မြို့ငယ်တော်တော်များများမှာလည်း ပျက်ဆီးခဲ့သည်။
    Ref: Aljazeera
  • ဘာကာမှာ ပွဲအားလုံးကို ဂိုးပြတ်ဖြင့် အနိုင်မရနိုင်ဟု အန်းရစ်ပြော
    ဘာကာမှာ ပွဲအားလုံးကို ဂိုးပြတ်ဖြင့် အနိုင်မရနိုင်ဟု အန်းရစ်ပြော
    အောက်တိုဘာ ၃၀၊ ၂၀၁၆
    M-Media
    baca
    – ဘာစီလိုနာအသင်းမှာ ပွဲတိုင်းတွင် ဂိုးပြတ်နိုင်ရမည်ဆိုသည့် ယူဆချက်များမှာ လက်တွေ့မကျဘဲ ဂိုးနည်းနည်းဖြင့် အနိုင်ရရှိမှုကိုလည်း မိမိအနေဖြင့် ကျေနပ်သည်ဟု နည်းပြလူးဝစ်အန်းရစ်က ပြောကြားလိုက်သည်။
    ယခုတစ်ပတ် လာလီဂါတွင် ဘာစီလိုနာမှာ ဂရာနာဒါအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး ၁၀ ပွဲကစား ၂၂ မှတ်ဖြင့် ရီးယဲလ်ထက် ၂ မှတ်အကွာ ဒုတိယနေရာတွင် ရှိနေသည်။ ထိုပွဲတွင် ဘာစီလိုနာမှာ ဂိုးရရန် ရုန်းကန်ခဲ့ရပြီး အန်းရစ်ကမူ ဘာကာမှာ ပွဲတိုင်း ဂိုးပြတ်ဖြင့် အနိုင်ရရှိရန်မှာ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်သည်ဟု ဆိုသည်။
    “ကျွန်တော်တို့ နိုးနိုးကြားကြားမရှိတာ မှန်ပါတယ်။ ဒါပေမယ့် ဘောလုံးရှေ့မှာ ၁၀ ယောက်လောက်ပိတ်ထားတဲ့ အသင်းကို နိုင်ဖို့ဆိုတာ့ အမြဲတမ်းမလွယ်ကူပါဘူး။ ၃ မှတ်ရတဲ့အတွက် ကျွန်တော်ပျော်ပါတယ်။ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပေမယ့် တိုးတက်ရမယ်ဆိုတဲ့ အတွေးတော့ ရှိပါတယ်။ ဂိုးပြတ်အနိုင်ရတာကို ကျွန်တော်လည်း ကြိုက်တာပေါ့။ ဒါပေမယ့် ပွဲအားလုံးမှာ ဒီလို မဖြစ်နိုင်ပါဘူး” ဟု အန်းရစ်က ပြောကြားခဲ့သည်။
    Ref: Goal