News @ M-Media

Blog

  • ၂၀၁၇ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ

    ၂၀၁၇ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အများပြည်သူတို့၏ အလုပ်ပိတ်ရက်များ

    ပြည်ထောင်စုအစိုးရအဖွဲ့သည် ၂ဝ၁၇ ခုနှစ်၊ ပြက္ခဒိန်နှစ် အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ရုံးများ၏ ပိတ်ရက်နှင့် လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အောက်ဖော်ပြပါ နေ့ရက်များမှာ အများပြည်သူတို့၏ အလုပ်ပိတ်ရက် များ ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၂၉/၂၀၁၆ ဖြင့် ကြေညာထားသည်။

    Source: MOI

    holiday-2017

  • ထရမ့်မှာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဟု ကလင်တန်ပြော

    ထရမ့်မှာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဟု ကလင်တန်ပြော

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    clinton

    – ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီကလင်တန်က ရီပတ်ဘလစ်ကန်ပြိုင်ဘက် ဒေါ်နယ်ထရမ့်သည် အမေရိကန်၏ ဒီမိုကရေစီစနစ်ကို အန္တရာယ်ပေးမည့်သူဖြစ်ကြောင်း ပြောကြားလိုက်သည်။

    စနေနေ့ည ဖီလာဒဲလ်ဖီးယားပြည်နယ် ပင်ဆဲလ်ဗေးနီးယား၌ ပြုလုပ်သည့် လူထုစည်းဝေးပွဲတစ်ခုတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထရမ့်အနေဖြင့် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ပါက ထိုအရှုံအား လက်ခံရန်မရှိသည့် သဘောထားက မိမိတို့၏ ဒီမိုကရေစီကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ အမေရိကန်တွင် အမြဲတမ်း ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ရှိခဲ့ပြီး ထိုအချင်းအရာက တရားဥပဒေစိုးမိုးရေးနှင့် အာဏာရှင်အုပ်စိုးရေးတို့အကြား ခြားနားချက်ဖြစ်ကြောင်း ကလင်တန်က ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် ထရမ့်အနေဖြင့် အမေရိကန်ကို ဂုဏ်ငယ်အောင် လုပ်နေမှုအတွက် စိတ်ပျက်ရွံရှာမိသည်ဟုလည်း ဆိုသည်။

    ကြာသပတေးနေ့က ထရမ့်မှာ အကယ်၍ နိုဝင်ဘာတွင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် မေးခွန်းထုတ်ချင်စရာဖြစ်သည်ဟု ခံစားရပါက မိမိအနေဖြင့် ရလဒ်ကို စိန်ခေါ်ရန်အတွက် အခွင့်အရေးရှိကြောင်း ဆန္ဒပြမှု၊ သို့မဟုတ် တရားဥပဒေကြောင်းအရ စိန်ခေါ်မှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ထရမ့်မှာ ကလင်တန်နှင့်နောက်ဆုံးပြုလုပ်သည့် ထိုစကားစစ်ထိုးပွဲတွင် ရွေးကောက်ပွဲအရှုံးကို လက်ခံမည်လားဟု အစီအစဉ်တင်ဆက်သူက ၂ ကြိမ်တိုင်တိုင်မေးမြန်းရာ ဖြေကြားခဲ့ခြင်းမရှိချေ။

    Ref : Presstv

  • အရက်ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သည့်ဥပဒေ အီရတ်ပြဌာန်း

    အရက်ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သည့်ဥပဒေ အီရတ်ပြဌာန်း

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    iraq-ban-alcohol

    – နိုင်ငံအတွင်း အရက် ရောင်းဝယ်ခြင်း၊ တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းများကို ပိတ်ပင်သည့်ဥပဒေတစ်ခုကို အီရတ်လွှတ်တော်က ပြဌာန်းလိုက်ပြီး ဥပဒေချိုးဖောက်သူများအနေဖြင့် ဒဏ်ငွေရိုက်ခံရမည်ဟု သိရသည်။

    စနေနေ့က ဘဂ္ဂဒတ်မြို့ရှိ လွှတ်တော်အစည်းအဝေးတွင် အဆိုပါဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အချို့အတိုက်အခံများက ထိုဆုံးဖြတ်ချက်နှင့်ပက်သက်၍ တရားရုံးတွင် အယူခံဝင်မည်ဟု ဆိုသည်။

    ထောက်ခံသူများကမူ ထိုပိတ်ပင်မှုမှာ အစ္စလာမ်သာသနာနှင့်ဆန့်ကျင်သည့် ဥပဒေမျိုး ပြဌာန်းခြင်း မရှိရဟု အာမခံချက်ပေးထားသည့် အီရတ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည့်အတွက် ချီးကျူးခဲ့သည်။

    “ဒီနေ့မှာ ဥပဒေတစ်ရပ်ကို ပြဌာန်းလိုက်ပါတယ်။ အဲ့ဒီဥပဒေရဲ့ အပိုဒ်ခွဲ ၁၄ အရ အရက်နဲ့ဆက်နွယ်တဲ့ အမျိုးအစားအားလုံးကို တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ရောင်းချခြင်းတို့ကို ပိတ်ပင်ထားပါတယ်” ဟု ခရစ်ယာန်ဘာသာဝင် လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ ယိုနာဒမ်ကန်နာက ပြောသည်။

    “ဒီဥပဒေကို ချိုးဖောက်တဲ့သူကတော့ ဒီနာ ၁၀ သန်း ကနေ ၂၅ သန်းအထိ (ကန်ဒေါ်လာ ၈၀၀၀ မှ ၂၀၀၀၀ခန့်အထိ) ဒဏ်တပ်ခံရမှာပါ”

    ရှီအာ လွှတ်တော်အမတ်တစ်ဦးကမူ ထိုဥပဒေပြဌာန်းမှုကို ကာကွယ်ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံတွင် အစ္စလာမ်၏ ပြဌာန်းချက်များနှင့် မဆန့်ကျင်သည့် ဥပဒေများကို ပြဌာန်းခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း ထောက်ပြခဲ့သည်။

    အရက်ကို အီရတ်ရှိ ဟိုတယ်များနှင့် စားသောက်ဆိုင်အနည်းငယ်ကသာ ၀န်ဆောင်မှုပေးသော်လည်း ဘဂ္ဂဒတ်မြို့ရှိ ဆိုင်ငယ်လေးများတွင် အလွယ်တကူ ၀ယ်ယူ၍ ရနေသည်။

    Ref : Presstv

  • ဟေတီတွင် အကျဉ်းသားအုပ်စုလိုက် ထောက်ဖောက်ထွက်ပြေး

    ဟေတီတွင် အကျဉ်းသားအုပ်စုလိုက် ထောက်ဖောက်ထွက်ပြေး

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    haiti

    – မကြာသေးမီက မုန်တိုင်းဒဏ် ခံစားထားရသည့် ဟေတီနိုင်ငံရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသားများ အစုလိုက်အပြုံလိုက် ထောင်ဖောက်ပြေးမှု ဖြစ်ပွားခဲ့ပြီး အစိုးရက အင်အားသုံးကာ လိုက်လံရှာဖွေနေသည်ဟု သိရသည်။

    ဟေတီမြို့တော် ပို့အူပရင့်၏ မြောက်ဖက် ကီလိုမီတာ ၅၀ အကွာတွင်ရှိနေသည့် ကမ်းရိုးတန်းမြို့ အာခါအီတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကျဉ်းသား ၁၇၀ ကျော် ထွက်ပြေးသွားခဲ့သည်။

    ရဲတပ်ဖွဲ့က ထောင်သို့သွားသည့် လမ်းမကြီးကို ပိတ်ဆို့ကာ ရှာဖွေမှုများ ပြုလုပ်နေပြီး သက်သေခံအထာက်အထား မရှိသည့် လူများစွာကိုလည်း ထိန်းသိမ်းထားသည်။ သို့သော်လည်း အဆိုပါအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည့် အကျဉ်းသား ၂၆၆ ဦးမှာ ယူနီဖောင်းများ မရှိသောကြောင့် ရှောင်တိမ်းရန် လွယ်ကူနေသည်။

    အချို့အကျဉ်းသားများအား လုံခြုံရေးအားနေသည့်နေရာသို့ ရေချိုးရန် လွှတ်စဉ် အစောင့်များအသုံးပြုသည့် နေရာတစ်ခုကို ဖောက်ပြေးသွားခြင်းပြီး ရိုင်ဖယ် ၅ လက်အပါအ၀င် လက်နက်များကိုလည်း ယူဆောင်သွားခဲ့ကာ အစောင့်တစ်ဦးကို ပစ်သတ်ခဲ့သည်။ ထောင်ဖောက်နေစဉ်အတွင်း အကျဉ်းသား ၁၁ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

    အစိုးရကမူ ထိုဖြစ်ရပ်ကို ရှုတ်ချခဲ့ပြီး၊ ရဲတပ်ဖွဲ့လည်း ရှာဖွေမှုကို တိုးမြှင့်ပြုလုပ်နေက ပြည်သူများအနေဖြင့် ညွှန်ကြားချက်ကို လိုက်နာရန် တိုက်တွန်းထားသည်။

    လွန်ခဲ့သည့် ၂ နှစ်ကလည်း Croix-des-Bouquets မြို့မှ အကျဉ်းထောင်တွင် လူဆိုးဂိုးဏ်တစ်ခု၏ တိုက်ခိုက်မှုအတွင်း ထောင်ဖောက်ပြေးမှု ဖြစ်ပွားကာ အကျဉ်းသား ရာနှင့်ချီ လွတ်မြောက်ခဲ့သည်။

    Ref: Aljazeera

  • ရော်နယ်ဒိုမှာ ဒဏ္ဍာရီဆန်သည့် ကစားသမားဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌပြော

    ရော်နယ်ဒိုမှာ ဒဏ္ဍာရီဆန်သည့် ကစားသမားဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၆
    M-Media

    rnd

    – တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ ရီးယဲလ်အတွက် ကူညီခဲ့မှုများကို ချီးကျူးလိုက်ပြီး ဒဏ္ဍာရီဆန်ဆန် ကစားသမားဖြစ်သည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က ပြောကြားလိုက်သည်။

    ရော်နယ်ဒိုမှာ မန်ယူတွင် ကမ္ဘာ့ထိပ်တန်း ကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီးနောက် ၂၀၀၉ ခုနှစ်တွင် ရီးယဲလ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရီးယဲလ်တွင် ကမ္ဘာ့အတောက်ပဆုံး ဘောလုံးကြယ်တစ်ပွင့် ဖြစ်လာခဲ့သည်။

    ရီးယဲလ်တွင် ချန်ပီယံလိဂ် ၂ ကြိမ်အပါအ၀င် ကလပ်အသင်းအဆင့် ဖလားအားလုံးကို ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကိုလည်း ရရှိခဲ့သည်။ ထို့ပြင် ရော်နယ်ဒိုမှာ ပွဲပေါင်း ၃၅၆ ပွဲကစား ၃၆၈ ဂိုးသွင်း၍ ရီးယဲလ်၏ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည်။

    ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ရော်နယ်ဒို၏ စွမ်းဆောင်မှုကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။

    “(၂၀၁၅-၁၆ ဘောလုံးရာသီမှာ) သူဟာ ချန်ပီယံလိဂ်မှာ ၁၆ ဂိုးသွင်းပြီး ဂိုးသွင်းဘုရင် ဖြစ်ခဲ့တယ်။ ရွှေဖိနပ်ဆုကို လေးကြိမ်မြောက်ယူနိုင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်တာ သူတစ်ယောက်တည်း ရှိပါတယ်။ ယူအီးအက်ဖ်အေရဲ့ ဥရောပအကောင်းဆုံး ဘောလုံးသမားအဖြစ်လည်း ၄ ကြိမ် အရွေးခံခဲ့ရပါတယ်။ မက်ဒရစ်သမိုင်းမှာ ၃၆၈ ဂိုးနဲ့ ဂိုးအများဆုံးသွင်းထားသူပါ။ သူဟာ ဘောလုံးလောကနဲ့ မက်ဒရစ်အသင်းအတွက် ဒဏ္ဍာရီဆန်တဲ့ ကစားသမားတစ်ယောက်ပါပဲ” ဟု ပီရက်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ပီရက်ဇ်မှာ ယခု ရီးယဲလ်နည်းပြဖြစ်နေသည့် ဇီဒိန်း၏ ရီးယဲလ်ကစားသမားဘ၀ စွမ်းဆောင်မှုများကိုလည်း ချီးကျူးခဲ့သည်။

    Ref : Goal