News @ M-Media
Blog
  • တော်ဝင်မိသားစုကို စော်ကားသည့်အတွက် အမျိုးသမီးတစ်ဦးကို ထိုင်း တရားစွဲ
    တော်ဝင်မိသားစုကို စော်ကားသည့်အတွက် အမျိုးသမီးတစ်ဦးကို ထိုင်း တရားစွဲ
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14691055_1222679267774541_1400832654028704026_n
    – ဘုရင်ကြီးဘူမိဘော နတ်ရွာစံမှုအတွက် ထိုင်း ပြည်သူတစ်ရပ်လုံးက ၀မ်းနည်းပူဆွေးနေချိန်တွင် အိမ်ရှေ့မင်းသားနှင့် နန်းတော်ကို ယာယီအုပ်ချုပ်သူတို့အား အသေရဖျက်ခဲ့သည့် အမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ထိုင်းနိုင်ငံသည် တော်ဝင်မျိုးနွယ်နှင့်ပတ်သက်၍ ကမ္ဘာ့အပြင်းထန်ဆုံး ဥပဒေရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘုရင်၊ ဘုရင်မ၊ အိမ်ရှေ့စံများကို စော်ကားပြောဆိုလျှင် သို့မဟုတ် အသရေညှိုးနွမ်းစေလျှင် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။
    ထိုင်းအရှေ့တောင်ပိုင်း ကော့စမွီကျွန်းမှ အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိသည့် အဆိုပါအမျိုးသမီးမှာ သောကြာနေ့က လူမှုကွန်ရက်ပေါ်၌ တောင်ဝင်အသိုင်းအ၀ိုင်းနှင့်ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    “သူမက နတ်ရွာစံသွားတဲ့ ဘုရင်ကြီးအကြောင်းကို ရေးသားတာမဟုတ်ပါဘူး၊ အရိုက်အရာဆက်ခံမယ့် မင်းသားနဲ့ ဘုရင်ကြီးကိုယ်စား ယာယီအုပ်ချုပ်သူတွေအကြောင်း ရေးသားခဲ့တာပါ” ဟု အိမ်ရှေ့ဟ မဟာ ၀ါဂျီရာလောင်ကွန်နှင့် ဘုရင့်ကိုယ်စား ထီးနန်းကို ယာယီစီမံခန့်ခွဲမည့် အသက် ၉၆ နှစ်အရွယ် ပရမ် တင်ဆူလာနွန်ဒါတို့ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
    အဆိုပါ အမျိုးသမီးမှာ တော်ဝင်အသိုင်းအ၀ိုင်းအား စော်ကားသည့် မှတ်ချက်ကို ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့ပြီးနောက် ပြည်သူများက ဒေါသထွက်ကာ ရဲတပ်ဖွဲ့သို့လာရောက်၍ ထိုအမျိုသမီးအား တရားစွဲဆိုရန် တောင်းဆိုခဲ့သည်။
    လက်ရှိတွင် ထိုအမျိုးသမီးအား တရားစွဲဆိုထားပြီး၊ သူမမှာ ဘုရင်ကြီး၏ ရုပ်ပုံရှေ့တွင်လည်း ဦးချခစား၍ လူသိရှင်ကြား တောင်းပန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
    သက်တော် ၈၈ နှစ်အရွယ်ရှိ ဘုရင်ကြီး နတ်ရွာစံသွားပြီးနောက် ထိုကဲ့သို့ အဖြစ်အပျက်နှစ်ခု ဖြစ်ပွားခဲ့ပြီး နှစ်ခုစလုံးတွင် ပြည်သူများက အရေးယူရန် ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့ခြင်းကြောင့် လူအုပ်ဖြင့် တိုက်ခိုက်မည့်အန္တရာယ်အတွက် စိုးရိမှုများလည်း မြင့်တက်ခဲ့သည်။
    Ref : CNA
  • ထိုင်းဘုရင်ကြီးအတွက် ၀မ်းနည်းမှု အခမ်းအနားတွင် ထိုင်းမွတ်စလင်များ ဧည့်ခံ (Photo News)
    ထိုင်းဘုရင်ကြီးအတွက် ၀မ်းနည်းမှု အခမ်းအနားတွင် ထိုင်းမွတ်စလင်များ ဧည့်ခံ (Photo News)
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14680577_1222893047753163_5285321970704260392_n
    – ပြီးခဲ့တဲ့တစ်ပတ်က နတ်ရွာစံသွားတဲ့ ဘုရင်ကြီး ဘူမိဘောအတွက် နန်းတော် အပြင်ဘက် Sanam Luang ကွင်းပြင်မှာ ပြုလုပ်တဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကို လာရောက်ကြတဲ့ ထိုင်းပြည်သူတွေကို ဘန်ကောက်မြို့ မတ်စ်ဂျစ်ဒ် ဟာရွန် (Masjid Haroon) ဗလီဝတ်ကျောင်းတော်က မွတ်စလင်မိသားစုတွေက ဧည့်ခံကျွေးမွေးနေတဲ့ ပုံရိပ်ဖြစ်ပါတယ်။
    ဒီဓာတ်ပုံကို ဗလီဝတ်ကျောင်းတော်ရဲ့ တရားဝင် Facebook စာမျက်နှာမှာ လွှင့်တင်ထားတာပါ။
    ထိုင်းဘုရင်ကြီးကို နိုင်ငံအတွင်းက တိုင်းသူပြည်သားအားလုံးက ချစ်ခင်မြတ်နိုးကြပြီး ထိုင်းမွတ်စလင်တွေကလည်း သောကြာဝတ်ပြုမှု၊ အခါကြီးရက်ကြီးတွေမှာ ပြုလုပ်တဲ့ ၀တ်ပြုဆုတောင်းမှုအတွင်းမှာ ဘုရင်ကြီး သက်တော်ရာကျော်ရှည်ဖို့၊ တိုင်းပြည်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေဖို့ ဆုမွန်ကောင်းတောင်းပေးတဲ့ ဓလေ့ထုံးတမ်းတွေလည်း ရှိတယ်လို့ သိရပါတယ်။
  • မုန်တိုင်းသင့် ဟေတီပြည်သူများ အတွက် ဒူဘိုင်းဘုရင်ခံက ကိုယ်ပိုင်လေယာဉ်ဖြင့် အကူအညီပေးပို့
    မုန်တိုင်းသင့် ဟေတီပြည်သူများ အတွက် ဒူဘိုင်းဘုရင်ခံက ကိုယ်ပိုင်လေယာဉ်ဖြင့် အကူအညီပေးပို့
    အောက်တိုဘာ ၁၇၊ ၂၀၁၆
    M-Media
    14680763_1222920671083734_8468438631462263758_n
    – ပြီးခဲ့တဲ့ တစ်ပတ်က ဟာရီကိန်းမက်သယူးဒဏ် ခံစားခဲ့ရသည့် ဟေတီပြည်သူများအတွက် အရေးပေါ်အကူအညီများ ပေးအပ်ရန် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ရှိ ဒူဘိုင်းဘုရင်ခံမှာ ထောက်ပံ့ရေးပစ္စည်းများကို ၎င်း၏ ကိုယ်ပိုင်လေယာဉ်ဖြင့် သွားရောက်ပို့ဆောင်ခဲ့သည်ဟု သိရသည်။
    ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ်-မက်ခ်တွမ်ဖြစ်ပြီး အကူအညီ တန်ပေါင်း ၉၀ ကို တင်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
    မုန်တိုင်းကြောင့် ဟေတီတွင် လူပေါင်း ၁၀၀၀ ခန့် သေဆုံးခဲ့ပြီး လူပေါင်း ၃ သိန်းဝန်းကျင်မှာ အိုးအိမ်များ ပျက်ဆီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ ဟေတီမှာ ၂၀၁၀ ခုနှစ်က ဖြစ်ပွားခဲ့သည့် ငလျင်ဘေးမှ ပြန်လည်ထူထောင်ရေး ကြိုးစားနေ
    သည့်အချိန်တွင် ယခုကဲ့သို့ မုန်တိုင်ဒဏ် ထပ်ခံရခြင်းဖြစ်သည်။ ငလျင်နောက်ဆက်တွဲ ၀မ်းရောဂါကြောင့် လူပေါင်း တစ်သောင်းဝန်းကျင် သေဆုံးခဲ့သည်။
    ဒူဘိုင်းအစိုးရကမူ ဘုရင်ခံနှင့် ကြင်ရာတော် မင်းသမီး ဟာယာ ဘင်သီ အလ် ဟူစိန်တို့မှာ ထိုကယ်ဆယ်ရေး အကူအညီကို ကိုယ်တိုင်ကြီးကြပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါပစ္စည်းများတွင် တဲများ၊ ခြင်ထောင်များ၊ ဆေးဝါးများနှင့် ရေသန့်စင်သည့် ပစ္စည်းများ ပါဝင်သည်။
    ကုလကမူ ဟေတီတွင် ပြည်သူပေါင်း ၁.၄ သန်းမှာ အရေးပေါ် အကူအညီများ လိုအပ်နေပြီး ၎င်းတို့ကို ကူညီရန်အတွက် ကန်ဒေါ်လာ သန်း ၁၂၀ တောင်းခံထားသည်။
    14713724_1222921017750366_5110753638038106566_n
    “ဟေတီအကြောင်းစဉ်းစားရင် ပုံရိပ်တစ်ခုက ကျွန်မစိတ်ထဲမှာ အမြဲတမ်း စွဲထင်နေပါတယ်။ အဲဒီ ပုံရိပ်က ၂၀၁၀ ငလျင်တုန်းက ပုံရိပ်ဖြစ်ပြီး IHC (ဒူဘိုင်းဘုရင်ခံ ဦးဆောင်သည့် အကူအညီပေးရေးအဖွဲ့) နဲ့ သွားတုန်းမှာ ကျွန်မ မြင်ခဲ့ရတာဖြစ်ပါတယ်” ဟု မင်းသမီး ဟာယာက Instagram စာမျက်နှာတွင် ရေးသားခဲ့သည်။
    “ဒီ လေယာဉ်နဲ့ပဲ ဒီနေ့ ကျွန်မသွားမှာပါ။ ဒီအချိန်မှာလဲ ဘ၀တွေက ဆုံးပါးခဲ့ရပါတယ်။ ဒါဟာ ဟေတီနိုင်ငံရဲ့ လိုအပ်ချက်အတွက်ဖြစ်ပါတယ်။ ပမာဏအချို့သာဖြစ်ပေမယ့် လှူဒါန်းပေးဖို့အတွက်ပါပဲ”
    ထို့နောက် မင်းသမီးမှာ ခင်ပွန်း၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် ချီးကျူးခဲ့သည်။ မင်းသမီးမှာ ဂျော်ဒန်ဘုရင်၏ သမီးတော်လည်းဖြစ်သည်။
    14671151_1222921034417031_6453198675744243620_n
    “အာရပ်တွေဖြစ်တဲ့ ကျွန်မတို့ဟာ ဒေ၀ါလီခံနိုင်ပါတယ်။ ကျွန်မတို့ တိုက်ပွဲတွေဝင်နေရတယ်၊ ကျွေးမွေးဖို့၊ နေရာထိုင်ခင်းတွေပေးဖို့အတွက်လည်း ကျွန်မတို့ကိုယ်တိုင် လုပ်နေရပါတယ်။ ဒါပေမယ့် ကျွန်မသိတဲ့ လူသားဆန်မှုစိတ်ဓာတ်ကိုတော့ ကျွန်မ ပြောပြနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတာ့ ကျွန်မတို့ ယူအေအီးနိုင်ငံက လှူဒါန်းမှုမှာရှိနေပြီး၊ ဂျော်ဒန်ပြည်သူတွေက တိုက်ပွဲဝင်မှုမှာ ရှိနေတာကြောင့် ဖြစ်ပါတယ်” ဟု မင်းသမီးက ထည့်သွင်းရေးသားခဲ့သည်။
    Ref Independent
  • ဒီမိုကရေစီ တိုင်းပြည်တစ်ခု၏ ဘာသာရေး လွတ်လပ်ခွင့် သရုပ်သကန် သို့မဟုတ် ဗိုလ်လောင်း ဆာနာ ဟမ်ဇီ
    ဒီမိုကရေစီ တိုင်းပြည်တစ်ခု၏ ဘာသာရေး လွတ်လပ်ခွင့် သရုပ်သကန် သို့မဟုတ် ဗိုလ်လောင်း ဆာနာ ဟမ်ဇီ
    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media
    14705645_1223371607705307_6127818629342969360_n
    – အမေရိကန်ပြည်ထောင်စုရှိ သက်တမ်းအရင့်ဆုံး ကာကွယ်ရေးတက္ကသိုလ်တွင် စစ်ယူနီဖောင်းနှင့်အတူ ဟီဂျဘ်ဝတ်ဆင် တက်ရောက်ခွင့်ရသည့် ပထမဆုံး အမျိုးသမီးဗိုလ်လောင်းဖြစ်သော်လည်း ဆာနာ ဟမ်ဇီက မိမိအနေဖြင့် ရှေ့ဆောင်ပုဂ္ဂိုလ်အဖြစ် မခံစားရဟု ဆိုသည်။
    နော်ဝစ်ခ်ျကတ္ကသိုလ်၏ ဗားမောင့်စစ်ဖက်ဆိုင်ရာ ကောလိပ်မှ ဗိုလ်လောင်းရွေးချယ်ရေးတပ်ဖွဲ့တွင် ဗိုလ်လောင်းများ လိုက်နာရန်အတွက် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တစ်သွေမတိမ်းလိုက်နာရင်း သင်ကြားမှုများကို အသေးစိတ်မှတ်သားနိုင်ရန်သာ အာရုံစိုက်သည်ဟု သူမက ဖွင့်ဟခဲ့သည်။
    အခြားသော ဗိုလ်လောင်းများနည်းသူ စစ်ချီမှု၊ ထမင်းမစားခင် တန်းစီမှု၊ အိမ်စက်ရန် အမိန်ပေးမှသာ အိပ်စက်မှု စသည့် စည်းကမ်းများကိုလည်း သူမက သင်ယူရသည်။ ရွေချယ်မှုအပြီး ဗိုလ်လောင်းတပ်ဖွဲ့၏ တရားဝင် ဗိုလ်လောင်းဖြစ်လာကာ တင်းကျပ်မှုများမှ လွတ်မြောက်လာသည့်အချိန်ကိုလည်း ဟမ်ဇီက လွမ်းဆွတ်နေသည်။
    သို့သော်လည်း ဖလော်ရီဒါပြည်နယ် ဖို့ဒ် လောက်ဒါဒါလီ ဇာတိဖြစ်ဖြစ်သော အသက် ၁၈ နှစ်အရွယ် ဟမ်ဇီ၏ ဗိုလ်လောင်းဝတ်စုံမှာ အနည်းငယ် ထူးခြားနေသည်။ အခြားသော အမျိုးသမီးဗိုလ်လောင်းများကဲ့သို့မဟုတ်ဘဲ ဟမ်ဇီမှာ စစ်ဝတ်စုံနှင့်အတူ ဟီဂျဘ်ကိုလည်း ၀တ်ဆင်သည်။
    သူမ၏ ဘ၀ရည်မှန်းချက်က မိဘများကဲ့သို့ စစ်တပ်နှင့် အစိုးရဌာနများတွင် ၀င်ရောက်ကာ တိုင်းပြည်တာဝန်ထမ်းဆောင်လိုခြင်းဖြစ်ပြီး၊ ထိုအိပ်မက်အကောင်အထည်ဖော်ရေး ကြိုးစားရာတွင် သူမ၏ ဘာသာတရားက သတ်မှတ်ထားသည့်
    ပုံစံအတိုင်း ဘ၀ကို တည်ဆောက်ချင်သည်။ ထို့ကြောင့် ယခုနှစ်အစောပိုင်း စစ်တက္ကသိုလ်သို့ လျှောက်ထားရာတွင် ဟီဂျဘ်ခေါင်းဆောင်းပုဝါ ၀တ်ဆင်ခွင့်ပေးရန် ယူနီဖောင်းရေးရာဌာနကို မေတ္တာရပ်ခံခဲ့သည်။ နိုင်ငံ၏ စစ်တက္ကသိုလ် ၆ ခုမှ တစ်ခုဖြစ်သည့် နော်ဝစ်ခ်ျတက္ကသိုလ်ကလည်း သူမ၏ မေတ္တာရပ်ခံမှုကို သဘောတူခဲ့သည်။
    “ဒီခွင့်ပြုမှုက ကမ္ဘာကြီးကို ဒါမှမဟုတ် အမေရိကန်ကို ပြောင်းလဲလိုက်တာလို့ ကျွန်မ မမြင်ပါဘူး။ အမေရိကန် ကျောင်းတစ်ကျောင်းက သူတို့ရဲ့ ကျောင်းသားကို ရေတပ်အရာရှိကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင်ပေးနေတဲ့ တစ်ချိန်တည်းပဲ သူ့ရဲ့ ဘာသာတရားကို လိုက်နာကျင့်သုံးခွင့် ပေးတယ်လို့ပဲ ရိုးရိုးလေး မြင်ပါတယ်” ဟု ဟမ်ဇီက ပြောကြားခဲ့သည်။
    ဟမ်ဇီ၏ မျိုးရိုးက ပြည်သူ့ဝန်ထမ်းမျိုးရိုးဖြစ်သည်။ ဖခင်ဖြစ်သူ၏ အဘွားက အမေရိကန်လေတပ်တွင် အမှုထမ်းခဲ့ပြီး၊ အဖေဘက်မှ အဘိုး၊ အဘွား နှစ်ဦစလုံးကလည်း ပေါ်တိုရီကိုရှိ အမေရိကန်ရေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဖခင်က ဖလော်ရီဒါမှ ရဲအရာရှိတစ်ဦးဖြစ်သည်။
    မိမိအနေဖြင့် ဟီဂျဘ်ဖြင့် အများပြည်သူများရှေ့တွင် သွားလာသည့်အခါ စူးစိုက်ကြည့်မှု၊ တီးတိုးပြောဆိုမှုကို ခံခဲ့ရသော်လည်း စစ်တက္ကသိုလ်တွင် ထိုအပြုအမူမျိုးမရှိဟု ဟမ်ဇီက ဖွင့်ဟခဲ့သည်။ နော်ဝစ်ခ်ျတက္ကသိုလ်လက်အောက်ရှိ ဗားမောင့် စစ်ဖက်ဆိုင်ရာကောလိပ်တွင် တက်ရောက်သည့် မွတ်စလင်များတွင် သူမက ပထမဆုံး မဟုတ်။ သူမ၏ ဘာသာတရားအပေါ် ရန်လိုမှုက တိုင်းပြည်တာဝန်ထမ်းဆောင်ချင်သည့် သူမ၏ အိပ်မက်ကို အဆီးအတား မဖြစ်စေခဲ့။
    “ကျွန်မလုပ်နေတဲ့အရာက ဘယ်သူ့ကိုမှ အကျိုးမယုတ်စေဘူးဆိုတာ သိတဲ့အတွက် ကျွန်မ နည်းနည်းမှ မကြောက်ပါဘူး။ကျွန်မ လုပ်နေတာက တိုင်းပြည်ကို ကာကွယ်ဖို့ဖြစ်ပြီး၊ တိုင်းပြည်ကို ကာကွယ်ပေးတဲ့အဖွဲ့အစည်းနဲ့ ကျွန်မ ဆက်သွယ်ပါဝင်ခဲ့တာပါ” ဟု ဟမ်ဇီက ပြောကြားခဲ့သည်။
    14702389_1223371957705272_5283425351146399055_n
    ချာလ်စတန်၊ တောင်ကယ်ရိုလိုင်းနားတို့ရှိ စစ်တက္ကသိုလ်များက ၎င်းတို့၏ ယူနီဖောင်းပေါ်လစီတွင် ပြောင်းလဲမှုပြုလုပ်ရန် ငြင်းဆိုထားချိန် တွင် နော်ဝစ်ခ်ျစစ်တက္ကသိုလ်က ဟီဂျဘ် ၀တ်ဆင်ခွင့်ပေးမှုမှာ   ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။ ဂျူး
    အမျိုးသားများကို ယူနီဖောင်းနှင့် အတူ သံပုရာခြမ်း ဦးထုပ် ဆောင်းခွင့်ပြုခဲ့သည့် အဆိုပါ တက္ကသိုလ်က ဟီဂျဘ်ဝတ်ဆင်ရန်အတွက်လည်း လွယ်လွယ်ကူကူပင် ခွင့်ပြုခဲ့သည်။
    ဗားမောင့်ပြည်နယ်မြို့တော် မွန့်မီလီယာ၏တောင်ဘက် ၁၀ မိုင်အကွာ နော့သ်ဖီးလ်မြို့တွင်ရှိသည့် နော်ဝစ်ခ်ျတက္ကသိုလ်မှာ နိုင်ငံ၏ သက်တမ်းအရင့်ဆုံး စစ်တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။ ပြီးခဲ့သည့် နွေဦးရာသီက အရန်စစ်သားလေ့ကျင့်ရေး သင်တန်း၏ နှစ် ၁၀၀ ပြည့်အခမ်းအနားကို ကျင်းပခဲ့သည်။
    စစ်တက္ကသိုလ်တွင် ကျောင်းသားပေါင်း ၂၂၅၀ ရှိနေပြီး ထိုအထဲမှ ၃ ပုံ ၂ ပုံက ဗိုလ်လောင်းများဖြစ်ကြကာ ကျန်ကျောင်းသားများက စစ်ဖက်လေ့ကျင့်ရေးသင်တန်းတွင် မပါဝင်သည့် အရပ်သားကျောင်းသားများဖြစ်သည်။
    အာဖဂန်နစ္စတန်မှ မွတ်စလင်အရပ်ဖက်ကျောင်းသား အလီ ရှာဟီဒီက ၎င်းအနေဖြင့် ဟမ်ဇီနှင့် ဆုံဖူးပြီး အနီးအနားရှိ ဗလီဝတ်ကျောင်းတော်တွင်လည်း သူမနှင့်အတူ ၀တ်ပြုဆုတောင်းဖူးသည်ဟု ဖွင့်ဟခဲ့သည်။ မည်သို့ပင်ဖြစ်စေ အလီက
    ဟမ်ဇီမှာ သူမကိုယ်ကို သတိမထားမိသော်လည်း ခေါင်းဆောင်းတစ်ယောက်၏ အရည်အချင်းရှိသည်ဟု ယူဆနေသည်။
    “အနာဂတ်မှာ သူမလို ကျောင်းသားတွေ ထပ်ရှိလာမယ်ဆိုတာနဲ့ တိုင်းပြည်အတွက် စစ်တပ်မှာ အမှုထမ်းချင်ပေမယ့် သူတို့ရဲ့ အသွင်အပြင်၊ ဟီဂျဘ်တွေကြောင့် စိုးရိမ်နေကြတဲ့ မွတ်စလင်ကျောင်းသားတွေအတွက် တွန်းအား ဖြစ်လာမယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်”
    Ref: Arabnews
  • ရခိုင်ပြည်နယ်က အကြမ်းဖက်မှုပြသနာ ဘယ်လို ဖြေရှင်းကြမလဲ
    ရခိုင်ပြည်နယ်က အကြမ်းဖက်မှုပြသနာ ဘယ်လို ဖြေရှင်းကြမလဲ
    စည်သူအောင်မြင့် ရေးသည်။
    f60a03a1-b9f3-4392-8140-3ba6152e8f50_w987_r1_s
    အစိုးရတာဝန်ရှိသူတွေ၊ နိုင်ငံရေးအကဲခတ်တွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အမြဲလိုလို စိုးရိမ်ပူပန်မှုနဲ့ စောင့်ကြည့်နေကြတဲ့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက် မှုကြီးတစ်ခု ပေါ်ပေါက်ခဲ့ပြန်ပါပြီ။ ထူးခြားချက်အနေနဲ့ ဒီတစ်ကြိမ်ပေါ်ပေါက်နေတဲ့ အကြမ်းဖက်မှုဟာ ဘာသာရေး လူမျိုးရေးအပေါ် အခြေခံတာမျိုး မဟုတ်ပဲ တည်ဆဲ အစိုးရတစ်ရပ်ကို အကြမ်းဖက် ပုန်ကန်တိုက်ခိုက်တဲ့ ပုံစံမျိုးနဲ့ ပေါ်ပေါက်ခဲ့ တာ ဖြစ်ပါတယ်။ နောင်တစ်ချိန် သမိုင်းစာမျက်နှာတွေမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီ-ရိုဟင်ဂျာတွေရဲ့ ပုန်ကန်မှုလို့ ရေးသားကြမယ်ျေ့ အခု ဖြစ်စဉ်မှာ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ပုန်ကန်သူတွေကို ဖော်ထုတ် နှိမ်နင်း အရေးယူနိုင်ရေး၊ ပုန်ကန်မှုပြသနာကို ဘာသာရေး လူမျိုးရေး ပြသနာအဖြစ် ပြောင်းလဲမသွားအောင် တားဆီးရေး၊ နယ်မြေ ပြန်လည် တည်ငြိမ်မှု ရလာစေရေး စတာတွေကို စစ်အင်အား၊ စည်းရုံးရေး အင်အား အသုံးပြုပြီး ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှု ပြသနာ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ပြသနာကို ဘယ်လို ဖြေရှင်းသင့်သလဲ၊ ရခိုင်ပြည်နယ်ထဲမှာ အေးချမ်းတည်ငြိမ်မှုကိုရော တည်ဆောက်လို့ ရနိုင်ပါဦးမလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
    .
    ဖြစ်စဉ်အကျဉ်းကို ပြန်ပြောရရင် ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် မနက်ပိုင်း ရခိုင်ပြည်နယ် မောင်တောခရိုင်ထဲက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းသုံးခု တစ်ပြိုင်နက်တည်း ၀င်ရောက်တိုက်ခိုက်ခံရတာနဲ့ အစပြုပါတယ်။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ဝင် ၉ ယောက်ကျဆုံး၊ ၅ ယောက်ဒါဏ်ရာရ၊ တစ်ယောက် ပျောက်ဆုံးပါတယ်။ လက်နက်ငယ် အလက် ၁၀၀ ကျော်နဲ့ ကျည်ဆံ အတောင့် နှစ်သောင်းကျော် ဆုံးရှုံးခဲ့ပါတယ်။ အကြမ်းဖက်သမားတွေဘက်က ၈ ယောက်သေဆုံးပြီး ၂ ယောက်ကို အရှင်ဖမ်းဆီးရမိပါတယ်။ ဒီကိန်းဂဏန်းကိုကြည့်ရင် ကြီးမားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုလို့ ခေါ်နိုင်ပါတယ်။
    .
    အဲဒီလို ရခိုင်ပြည်နယ်ထဲက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ် စဉ် ဖြစ်ဖြစ်ချင်း နေ့မှာ ကိုပဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အစိုးရအဖွဲ့ အရေးပေါ် အစည်းအဝေး လုပ်ပါတယ်။ အဲဒီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက် သမားတွေ ကို နှိမ်နင်းရာမှာ တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြားပါတယ်။ အဓိပ္ပါယ်ကတော့ သူက အကြမ်းဖက်လို့ ကိုယ်က ပြန်အကြမ်းဖက်ရတယ် ဆိုတာမျိုး ဥပဒေမဲ့၊ တရားလက်လွန် မတုန့်ပြန်မိဖို့ သတိပေးတာပါ။ အဲဒီနောက် ညဘက်မှာပဲ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြည်သူတွေကိုရော၊ နိုင်ငံတကာ မိသားစုတွေကိုပါ အသိပေးပါတယ်။ ဖြစ်စဉ် စဖြစ်ဖြစ်ချင်းမှာကိုပဲ အကြမ်းဖက် သမားတွေကို နှိမ်နင်းဖို့၊ ဆုံးရှုံးသွားတဲ့ လက်နက်တွေ ပြန်ရဖို့နဲ့ နယ်မြေ တည်ငြိမ်အေးချမ်းဖို့ တပ်မတော်က အကောင်အထည် ဖော် ဆောင် ရွက်ပါတယ်။
    .
    အစိုးရဘက်ကတော့ ပြန်ကြားရေးဝန်ကြီးကို ဦးဆောင်စေပြီး အခြား ၀န်ကြီး၊ ဒုဝန်ကြီးတွေပါတဲ့ အဖွဲ့နဲ့အတူ ရခိုင်ပြည်နယ်ကို စေလွှတ်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေ ဖြစ်ရပ်မှန်ကို သိရှိဖို့နဲ့ ပြသနာကို ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခအသွင် ပြောင်းမသွားအောင် အချိန်မီ တားဆီးနိုင် ဖို့ပါ။ နေပြည်တော်မှာလည်း နိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူတွေဟာ ဘင်္ဂ လားဒေ့ရှ် သံရုံးတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အခြေအနေတွေ ရှင်းပြ၊ မြန် မာနိုင်ငံက ဒီ ပြသနာကို ဖြေရှင်းရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကူအညီပေးဖို့ ဆွေးနွေး ညှိနှိုင်းပါတယ်။
    .
    ပြောရရင် အခုတစ်ကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း အစိုးရနဲ့ တပ်မတော်ဘက်က လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ စနစ်ကျပြီး ကောင်းမွန် တာ တွေ့ ရပါတယ်။ အရင် စစ်အစိုးရလက်ထက်တွေတုန်းကတော့ အခုလို ပြသနာ ကြုံရချိန် အင်အားအလွန်အကျွံသုံးပြီး တုန့်ပြန်တာ၊ တန်ပြန် အကြမ်းဖက်တာတွေကြောင့် ရခိုင်ပြည်နယ်ဘက်က မူဆလင်တွေ တစ်ဖက်နိုင်ငံထဲ အလုံးအရင်းနဲ့ ၀င်ပြေးတဲ့ ပြသနာမျိုးကြုံခဲ့ရဘူးသလို၊ ပြသနာတွေလည်း ပိုမိုရှုတ်ထွေးတဲ့ အခြေ အနေ ရောက်ခဲ့ဖူးပါတယ်။
    .
    ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြန်သုံးသပ်ကြည့်ရင် အကြမ်းဖက်တိုက်ခိုက်သူတွေဟာ လက်နက်အပြည့်စုံ တပ်ဆင်ထားတဲ့ ရဲတပ်ဖွဲ့လိုမျိုးကို ဓား၊ လှံ၊ ဂျင်ဂလိတွေလို အိမ်လုပ်လက်နက်တွေကိုပဲ အသုံးပြုပြီး အရဲစွန့်တိုက်ခိုက်တာကို ကြည့်ခြင်း အားဖြင့် ပြင်ပ နိုင်ငံတကာတွေရဲ့ စွက်ဖက်မှု၊ ကူညီထောက်ပံ့မှု ဘာတစ်ခုမှ ရှိမနေဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒါဟာ တည်ဆဲ အစိုးရကို အကြမ်းဖက် ပုန်ကန်တိုက်ခိုက်မှု တစ်ခုပါပဲ။ ပုန်ကန်မှု ဖြစ်လာရတဲ့ အကြောင်းရင်းခံလည်း အမျိုးမျိုး ရှိနိုင်ပါတယ်။ ဖိနှိပ်မှုတွေ ရှိပြီး မခံမရပ်နိုင်ဖြစ်လို့၊ ဒါမှမဟုတ် သွေး ထိုးလှုံ့ဆော်မှု ရှိလို့ စသဖြင့်ပါ။
    .
    တကယ်တော့ ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းကြားကနေ အခုလို ပြသ နာမျိုး ပေါ်ပေါက်လာနိုင်တယ် ဆိုတာ နိုင်ငံရေးသုတေသီ တစ်ချို့ နဲ့ နိုင်ငံရေး အကဲခတ် တစ်ချို့ ခန့်မှန်းပြောဆိုနေခဲ့တာ ကြာပါပြီ။ ရခိုင်ပြည်နယ်ထဲက ဒီ မူဆလင် အသိုင်းအ၀ိုင်း ဟာ နေရာကျဉ်းကျဉ်းလေး ထဲမှာ ချောင်ပိတ်ထား သလို ဖြစ်နေတာ၊ ဆင်းရဲတာ၊ ပညာမဲ့တာ၊ စဉ်းစားဆင်ခြင်ဥာဏ် အားနည်း တာ၊ မြန်မာ့လူမှုအသိုင်းအ၀ိုင်းနဲ့ အဆက်အသွယ် မရှိသလောက်ဖြစ် တာ၊ ဒေသ ထဲမှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ လွှမ်းမိုးနေတာ စတဲ့အ ချက်တွေကြောင့် တနေ့နေ့ ခုလို ပြသနာမျိုး ပေါ်ပေါက်လာနိုင်တယ်ဆိုပြီး ကြိုတင် သုံးသပ်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။
    .
    ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက်မှု ဖြစ်စဉ်ကြီးကတော့ ဖြစ်ပြီးသွားပါပြီ။ အမေရိကန်လို၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေလိုမျိုးက မြန်မာအစိုးရနဲ့ တပ်မတော်ရဲ့ လက်ရှိ လုပ်ကိုင်ဆောင်ရွက်နေပုံတွေကို ထောက်ခံ အားပေးကြပါတယ်။ တစ်ပြိုင်နက်တည်း ပြသနာရဲ့ မူရင်း ဇစ်မြစ်ကို ဖော်ထုတ် အဖြေရှာ၊ ဖြေရှင်းဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။ အခု ပြသနာမှာ အကြမ်းဖက်သမားတွေကို နှိမ်နင်းလိုက်ရုံ၊ လက်နက်တွေ ပြန်လည် သိမ်းဆည်းလောက်ရုံနဲ့ ပြီးမသွားပါဘူး။ မူရင်း ပြသနာ ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ပြီး ဖြေရှင်းပေးဖို့ လိုအပ်နေပါတယ်။ တကယ်တော့ ပြသနာတွေကို ခုလို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းဖို့ကြိုးစားတဲ့ အကြမ်းဖက်သမားတွေ အလွန်မှားယွင်းပါတယ်။ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာပြီး ရခိုင်ပြည်နယ်က ပြသနာတွေကို အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဖို့ ကြိုးစားနေချိန် ခုလို အကြမ်းဖက်မှု လုပ်ခဲ့ကြလို့ပါပဲ။
    .
    ဒီအတွက် ကျန် ဘင်္ဂလီ-ရိုဟင်ဂျာ မူဆလင် အသိုင်းအ၀ိုင်းဟာ အခု အကြမ်းဖက် သမားတွေနဲ့ အကြမ်းဖက် လုပ်ရပ်ကို ဆန့်ကျင်ပြီး ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့က အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဖို့ လိုပါတယ်။ အလားတူ ရခိုင်တိုင်းရင်းသားတွေနဲ့ တပ်မတော် ဘက်ကလည်း အကြမ်းဖက်မှု ပြသနာ တစ်ခုတည်းကို မကြည့်ပဲ အကြမ်းဖက် မှု ပြသနာ ဖြစ်ပွားရာဇစ်မြစ်ကို နားလည်သဘောပေါက်အောင် ကြည့်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ လုပ်ငန်းစဉ်တွေမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ ဒါမှသာ အကြမ်းဖက်မှုတွေ မုန်းတီးမှုတွေ ချုပ်ငြိမ်းတဲ့၊ အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်နယ် ကို မျှော်မှန်းနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
    .
    VOA မှ ကူးယူဖော်ပြပါသည်။
    http://burmese.voanews.com/a/violent-attack-in-maungdaw-rakhine-sithu-aung-myint/3554263.html