News @ M-Media

Blog

  • မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    ronaldo

    – မိမိမှာ ကမ္ဘာ့အကာင်းဆုံး ဘောလုံးသမားဖြစ်ပြီး ယခုဘောလုံးရာသီ မိမိ၏ ရည်ရွယ်ချက်မှာ ခြေစွမ်း ဆက်လက်တိုးတက်ရန်ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ရီးယဲလ်၊ ပေါ်တူဂီတို့နှင့် ချန်ပီယံလိဂ်ဖလား၊ ယူရို ၂၀၁၆ တို့ကို ဆွတ်ခူးရရှိခဲ့သည့် ရော်နယ်ဒိုမှာ ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ရရှိရန် ရေပန်းစားနေသည်။

    “ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ အတောင့်တင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ နေ့စဉ်နေ့တိုင်း ပြင်းပြင်းထန်ထန် ကျွန်တော် ကြိုးစားပါတယ်။ ပြီးရင်တော့ ကျန်တဲ့လူတွေ သူ့ဟာသူ ဆုံးဖြတ်ကြပါစေ။ ကျွန်တော် အမြဲတမ်း တိုးတက်ချင်ပါတယ်။ ကိုယ့်ကိုယ်လည်း အရမ်းလှုံ့ဆော်ပေးတယ်။ ဒါက ကွင်းအတွင်း ကျွန်တော့်အောင်မြင်မှုရဲ့ အဓိကသော့ချက်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ယူရို ၂၀၁၆ ဖိုင်နယ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ ယခုနှစ် ဘောလုံးရာသီအစတွင် ရုန်းကန်ရမှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပေါ်တူဂီအသင်းနှင့် ၂ ပွဲကစားပြီး ၅ ဂိုး သွင်းယူနိုင်မှုက မိမိအနေဖြင့် တိုးတက်မှုကို ခံစားရစေသည်ဟု ၎င်းက ဆိုသည်။

    “(ယူရို ၂၀၁၆ ဖိုင်နယ်မှာ) ကျွန်တော်ဟာ ဆိုးရွားတဲ့ ဒဏ်ရာကို ခံစားခဲ့ရပြီး ၂ လခွဲလောက် ဘောလုံးလောကနဲ့ ကင်းကွာခဲ့ပါတယ်။ အခုတော့ ကျွန်တော် အဆင်ပြေပြီလို့ ခံစားရပါတယ်”

    Ref: Goal

  • ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    jeruslam

    – ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်မှ မြင့်မြတ်ရာ နေရာများမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်ပြီး ထိုနေရာအား အစ္စရေးက ကျူးကျော်၊ ချယ်လှယ်နေမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ထပ်မံ သက်တမ်းတိုးလိုက်သည်ဟု သိရသည်။

    အဆိုပါ မြင့်မြတ်ရာနေရာကို ဂျူးများက Temple Mount နှင့် Western Wall ဟု ခေါ်ဆိုကြပြီး မွတ်စလင်များက အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် သို့မဟုတ် ဟရမ် အလ်-ရရှရစ်ဖ်ဟု ခေါ်ဆိုကြသည်။ ခရစ်ယာန်ဘာသာဝင်များအတွက်လည်း ထိုနေရာမှာ အထွဋ်အမြတ်ထားရာ နေရာဖြစ်သည်။

    ဆုံးဖြတ်ချက်၏ ပြင်ဆင်ချက်ကို အောက်တိုဘာ ၁၂ ရက်နေ့က ယူနက်စကို၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားခြင်းဖြစ်ပြီး အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်ရှိ မြင့်မြတ်ရာနေရာကို မွတ်စလင်အသုံးအနှုန်းဖြင့်သာ ဖော်ပြခဲ့သည်။

    ထို့ပြင် ဆုံးဖြတ်ချက်၌ အစ္စရေးအနေဖြင့် မွတ်စလင်များအား အဆိုပါ မြင့်မြတ်ရာနေရာသို့ ၀င်ရောက်ခွင့် ကန့်သတ်ခြင်း၊ အစ္စရေး ရဲတပ်ဖွဲ့နှင့် စစ်သားများက ရန်စတိုက်ခိုက်ခြင်းများကိုလည်း ရှုတ်ချထားသည်။

    “ဒါက အစ္စရေးအနေနဲ့ ကျူးကျော်သိမ်းပိုက်နေတာကို ရပ်တန့်ပြီး မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေရဲ့ အထွဋ်အမြတ်ထားရာ ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်တဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အရေးပါတဲ့ သတင်းစကားပါပဲ” ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရဒ်အိုင်နာက ပြောကြားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်ကို သက်တမ်းတိုးရန်အတွက် ယမန်နေ့က ယူနက်စကိုတွင် မဲခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ယူနက်စကို၏ အဆိုပါ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး မြင့်မြတ်ရာနေရာများနှင့် ဂျူးလူမျိုးတို့၏ ဆက်စပ်မှုသမိုင်းကို ငြင်းပယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “Temple Mount နဲ့ Western Wall ဟာ အစ္စရေးနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ကြေငြာလိုက်တာဟာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးနဲ့ ဆက်စပ်မှုမရှိဘူး၊ အီဂျစ်ကလည်း ပိရမစ်တွေနဲ့ ဆက်စက်မှုမရှိဘူးလို့ ကြေငြာလိုက်သလို ဖြစ်နေပါတယ်”

    အစ္စရေးမှာ ထိုမြင့်မြတ်ရာနေရာရှိသည့် ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ထားပြီး မြင့်မြတ်ရာနေရာအတွင်း ၀တ်ပြုဆုတောင်းကြသည့် ပါလက်စတိုင်းပြည်သူများကိုလည်း အကြမ်းဖက်ဖြိုးခွင်းမှုများ ပြုလုပ်သောကြောင့် ထိုဒေသတွင် တင်းမာမှုများ ရှိနေသည်။

    Ref : cbc.ca

  • ဂျပန်နိုင်ငံ မှ အစ္စလာမ်သာသနာ – ၃ (အေဒီ ၁၉၂၀ မှ ၁၉၃၀)

    ဂျပန်နိုင်ငံ မှ အစ္စလာမ်သာသနာ – ၃ (အေဒီ ၁၉၂၀ မှ ၁၉၃၀)

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    jap-0
    – ၁၉၁၂ ခုနှစ် ဇူလိုင် ၃၀ မှ ၁၉၂၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်အထိ ဂျပန်သမိုင်းရဲ့ ကာလအပိုင်းအခြားကို ဧကရာဇ် တာအီရှို အုပ်ချုပ်မှုနဲ့ တိုက်ဆိုင်တာကြောင့် တာအီရှို ခေတ်ကာလ (大正時代) လို့ ခေါ်ဆိုကြတယ်။ ဧကရာဇ်မင်းသစ်ဟာ ကျန်းမာရေးမကောင်းဘဲ ချူချာသူတစ်ဦးဖြစ်တယ်။ ဒီအချက်က အစဉ်အဆက် လက်ဝါးကြီးအုပ်လူတစ်စုတစ်ဖွဲ့ထံမှ နိုင်ငံရေးအာဏာဟာ ဂျပန်ရဲ့ လက်ရွေးစင်လူစုနဲ့ ဒီမိုကရက်တစ်ပါတီတွေဆီ ရွှေ့ပြောင်းမှု ဖြစ်လာစေတယ်။ ဒါကြောင့် ဒီကာလကို လွတ်လပ်မျှတသောလှုပ်ရှားမှုအချိန်ကာလအဖြစ် သတ်မှတ်ကြတယ်။ အဲ့ဒီရှေ့က ပရမ်းပတာ မေဂျီခေတ်ကာလနဲ့ နောက်လာမယ့် စစ်ဝါဒ ရှိုဝါခေတ်ဦးပထမပိုင်းတို့နဲ့ အသွင်မတူ ကွဲပြားနေပါတယ်။

    jap-1
    ၁၂၃ ဆက်မြောက် ဧကရာဇ် တာအီရှို (၁၈၇၉ – ၁၉၂၆)

    နယ်ပယ်ကျယ်ပြန့်လွယ်မှု၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုအကြောင်းခံများကြောင့် မွတ်စ်လင်မ်လောကကို ဂျပန်လူမျိုးတွေက စိတ်ဝင်စားလာကြတယ်။ ကျမ်းမြတ်ကုရ်အာန်ကို ဂျပန်ဘာသာစကားနဲ့ ပြန်ဆိုခြင်း၊ အစ္စလာမ့်လူ့အသိုင်းအ၀ိုင်း ထူထောင်စေခြင်း၊ အစ္စလာမ်နဲ့ အရှေ့တိုင်းရေးရာ စာအုပ်စာပေများ ရေးသားခြင်းတို့ကို ပြုလုပ်လာကြတယ်။

    jap-2
    ၁၉၂၀ ခုနှစ်များအတွင်း လမ်းဟောင်းတစ်ခု၏မြင်ကွင်း

    ရုရှားနိုင်ငံက ကွန်မြူနစ်အုပ်ချုပ်ရေးကို ရှောင်တိမ်းလိုတဲ့ တာတာ မွတ်စ်လင်မ်များကလည်း ဂျပန်နိုင်ငံထဲ စတင်ပြောင်းရွှေ့ဝင်ရောက်လာကြတယ်။ ဒီလူတွေအများစုဟာ တိုကျို၊ နာဂိုယာနဲ့ ကိုဘေးမြို့များမှာ အပြီးအပိုင် အခြေချနေထိုင်ခဲ့ကြတယ်။

    jap-3
    ၁၉၃၅ ခုနှစ် တာတာမွတ်စ်လင်မ်များ ဂျပန်သို့ ပြောင်းရွှေ့ဝင်ရောက်ခြင်း
    jap-4
    ပြောင်းရွှေ့အခြေချလာသော တာတာမွတ်စ်လင်မ်များကို ၁၉၃၀ နှစ်များက တည်ဆောက်သည်ဟု ယူဆရသော တိုကျိုဗလီဝတ်ကျောင်း၌ တွေ့မြင်ရစဉ်

    ၁၉၂၄ ခုနှစ်မှာ ဟဂ်ျခရီးစဉ်ကို ဒုတိယမြောက်သွားရောက်ခဲ့တဲ့ ဂျပန်မွတ်စ်လင်မ်က Ippei Tanaka လို့ ခေါ်ပါတယ်။ သူဟာ တရုတ်ပြည်မှာ ရှိစဉ်ကတည်းက အစ္စလာမ်ကို သက်ဝင်လက်ခံခဲ့သူဖြစ်တယ်။ ကုရ်အာန်ကျမ်းမြတ်အဓိပ္ပာယ်ကို ဂျပန်ဘာသာပြန်ဆိုရေးသားခဲ့သူ လူသိများထင်ရှားတဲ့ အုမရ် မီတာ့ ဆိုသူကလည်း အစ္စလာမ်သာသနာကို တရုတ်ပြည်မှာ လက်ခံသက်ဝင်ခဲ့သူဖြစ်ပါတယ်။

    jap-5
    ကုရ်အာန်ကျမ်းကို ဂျပန်ဘာသာသို့ ပထမဆုံးပြန်ဆိုသူ အုမရ် ရီအိုချိ မီတာ့

    အုမရ် ယာမာအိုခ ဆိုသူကလည်း အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ်ကို ၁၉၂၄ ခုနှစ်မှာ ရောက်ခဲ့တယ်။ အဲ့ဒီတက္ကသိုလ်က ၀တ်ရုံဆင်ယင်မှုနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံတွေ့ရပြီး ဓာတ်ပုံထဲမှာ သူဟာ အင်ဒိုနီးရှား သို့မဟုတ် မလေးရှား ပညာရှင်တစ်ယောက်အသွင် ဖြစ်နေတာကို တွေ့ရပါမယ်။

    jap-6
    ကိုတာရို အုမရ် ယာမာအိုခ

    (ဂျပန်အစ္စလာမ်စင်တာဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ Salih Mahdi S. Al Samarrai ၏ Islam in Japan Between 1920 to 1930 ကို မင်းထွဋ်ခေါင်မှ ပြန်ဆိုသည်။

    ဂျပန်နိုင်ငံမှ အစ္စလာမ်သာသနာ

    အပိုင်း-၁ ဖတ်ရန် Link

    အပိုင်း၂  ဖတ်ရန်  Link,

    အပိုင်း ၃ ဖတ်ရန် Link

    အပိုင်း ၄ ဖတ်ရန် Link

     

  • “သက်ရှိပင်လုံ၏ ၉၃ နှစ်ပြည့် မွေးနေ့အခမ်းအနား “

    “သက်ရှိပင်လုံ၏ ၉၃ နှစ်ပြည့် မွေးနေ့အခမ်းအနား “

    7Day News Journal မှ ကူးယူဖော်ပြပါသည်
    14732346_1290033491058282_2029181660496920208_n
    မြန်မာ့အလင်းသတင်းစာ၏ (ယခင်) အကျိုးတော်ဆောင် သတင်းထောက်ဟောင်း ဦးစံအောင် ၏ ၉၃ နှစ်ပြည့်မွေးနေ့ကို တောင်ကြီးမြို့ ၊ ဈေးပိုင်းရပ်ကွက်ရှိ ၄င်း၏ နေအိမ်တွင် ယနေ့( အောက်တိုဘာ ၁၄ ရက်) နံနက်ပိုင်း က ကျင်းပခဲ့သည်။
    အဖိုးဦးစံအောင် အားလေးစားခင်မင်သည့် မိတ်ဆွေများက လာရောက်ဂါဝရပြု ကန်တော့ခြင်း၊ လက်ဆောင်ပေးခြင်းတို့ ပြုလပ်ခဲ့ကြပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ရှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းဆွံစိုင်းနှင့် ပြည်နယ် ဥပဒေချုပ် ဦးတင်ဦး တို့လည်း တက်ရောက် ဂါဝရပြု ကန်တော့ခဲ့သည်။

    အဖိုးဦးစံအောင် မွေးနေ့သို့ နိုင်ငံရေးပါတီများ၊ စာရေးဆရာ၊ ကဗျာဆရာနှင့် တောင်ကြီးဒေသခံများ တက်ရောက်ခဲ့သည်။
    .
    အဖိုးဦးစံအောင်သည် ပင်လုံ စာချုပ်ချုပ်ဆိုစဉ်က မြန်မာ့အလင်းသတင်းစာ သတင်းထောက်အဖြစ် ကိုယ်တိုင် ကိုယ်ကျ မှတ်တမ်းတင် သတင်းရယူခဲ့သည့် သက်ရှိ ပင်လုံဟု တင်စားခေါ်ဝေါ်ခြင်းခံရသူတစ်ဦးလည်းဖြစ်သည်။

    ဓာတ်ပုံ-ဂျွန်ချစ်ငြိမ်း
    14563302_1290033477724950_685328918924796568_n 14568175_1290033471058284_5268897373743395494_n 14591762_1290033234391641_1188195225338134114_n 14642023_1290033201058311_3151743110097382810_n 14656286_1290033244391640_1812900059078186217_n
    ဆက်စပ်သတင်းများဖတ်ရန်
    ————————-
    ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း

    ပင်လုံ ညီလာခံသို့ တက်ရောက် သတင်းယူခဲ့သည့် တစ်ဦးတည်းသော သတင်းထောက် ဦးစံအောင်နှင့် တွေ့ဆုံခြင်း


    .
    ရာဇဝင်တွင်တဲ့ သတင်းလူသား

    ရာဇဝင်တွင်တဲ့ သတင်းလူသား

  • ယူအေအီး လခြမ်းနီအသင်းက ယီမင်ကျောင်းသားများအတွက် ကွန်ပျူတာများ လှူဒါန်း

    ယူအေအီး လခြမ်းနီအသင်းက ယီမင်ကျောင်းသားများအတွက် ကွန်ပျူတာများ လှူဒါန်း

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    uae

    – ယီမင်နိုင်ငံမြို့တော် အေဒင်ရှိ စာသင်ကျောင်း ၈၉ ကျောင်းမှ ကျောင်းသားများအတွက် အာရပ်စော်ဘွားများပြည်ထောင်စု လခြမ်းနီအဖွဲ့ (ERC) မှ ကွန်ပျူတာ ၉၁၅ လုံး လှူဒါန်းခဲ့သည်ဟု သိရသည်။

    ယီမင်ပြည်သူများအတွေက် ယူအေအီး၏ ကူညီထောက်ပံ့မှု တစ်စိတ်တစ်ပိုင်းဖြစ်သည့် အဆိုပါ အကူအညီမတိုင်ခင် ERC မှာ အေဒင်မြို့တစ်ဝှမ်းရှိ စာသင်ကျောင်းပေါင်း ၁၅၄ ကျောင်းကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့သည်။

    လခြမ်းနီအသင်းမှ ဒေသရေးရာဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် ရာရှစ် မူဘာရက် အလ်-မန်ဆူရီက ကွန်ပျူတာများကို အေဒင်ပညာရေးရုံး ညွှန်ကြားရေးမှူး မိုဟာမက် အလ်-ရာကီးဘီထံသို့ ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်းကလည်း ERC မှာ စာသင်ကျောင်းပေါင်း ၄၆ ကျောင်းသို့ ကွန်ပျူတာ ၇၅၉ လုံး ပေးအပ်လှူဒါန်းခဲ့သည်။

    အလ်-မန်ဆူရီကမူ ယူအေအီးအနေဖြင့် ယီမင်ရှိ လွတ်မြောက်ပြည်နယ်များကို ဆက်လက် ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပြီး အလ်-ရာကီးဘီက မိမိတို့မှာ ယူအေအီးခေါင်းဆောင်ပိုင်း၊ အစိုးရ၊ ပြည်သူလူထုနှင့် အကူအညီပေးရေး အသင်းအဖွဲ့များများအနေဖြင့် လက်ရှိဖြစ်ပွားနသော အကျပ်အတည်းများတွင် ယီမင်ပြည်သူများအား ကူညီပေးမှုအတွက် ကျေးဇူတင်သည်ဟု ပြောကြားခဲ့သည်။

    Ref : IINA