News @ M-Media

Blog

  • မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆိုးဝါးဆုံးတွင် ပါဝင်

    မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆိုးဝါးဆုံးတွင် ပါဝင်

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    stove
    ဓာတ်ပုံ – အင်တာနက်

    – မြန်မာနိုင်ငံ၏ လေထုညစ်ညမ်းမှုမှာ အသက်ရှုရန် မသင့်တော်သည်သာမကဘဲ ကမ္ဘာ့ အဆိုးဝါးဆုံးထဲတွင် ပါဝင်နေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ အချက်အလက်အသစ်အရ သိရသည်။

    ကမ္ဘာ့နိုင်ငံများ၏ လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ တိုင်းတာမှုများ ပြလုပ်ပြီးနာက် Ambient air pollution: A global assessment of exposure and burden of disease အမည်ဖြင့် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုရလဒ်များကို ဖော်ပြထားခြင်းဖြစ်သည်။

    လေထုထဲရှိ အမှုန်ပမာဏကို တိုင်းတာခြင်းဖြစ်ပြီး ၁၀ အောက်ရှိပါက လူသားများအတွက် အန္တရာယ်မရှိဟု သတ်မှတ်သည်။ ၇၀ နှင့်အထက်ဖြစ်ပါက အလွန်အမင်း အန္တရာယ်ရှိသည်ဟု မှတ်ယူပြီး၊ မြန်မာနိုင်ငံ၏ မြို့ပြနှင့် ကျေးလက်ဒေသများရှိ လေထုညစ်ညမ်းမှုပမာဏမှာ ပျမ်းမျှ အလတ်အလတ်ဖြစ်သော ၅၁ တွင် ရှိနေသော်လည်း ဒေသတစ်ခုချင်းစီ တွက်ချက်ပါက ၃၂ မှ ၈၀ အထိ ရှိနေသည်။

    ထိုပမာဏမှာ လေထုညစ်ညမ်းမှုကြောင့် မကြာခဏ သတိပေးချက် ထုတ်ပြန်ရသည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့် တန်းတူဖြစ်သည်။

    WHO ၏ ထိုအစီရင်ခံစာအရ မြန်မာနိုင်ငံရှိ သေဆုံးမှု ၂၂၀၀၀ ခန့်မှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။ ထိုအချက်အလက်က အရှေ့တောင်အာရှတွင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးမှု ပမာဏတွင် တတိယအများဆုံး ဖြစ်နေပြီး အိန္ဒိယနိုင်ငံက နံပါတ်တစ်နေရာတွင် ရှိနေသည်။

    မြန်မာနိုင်ငံတွင် လေထုညစ်ညမ်းမှု၏ အဓိကရင်းမြစ်များမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အိမ်ထောင်စုများတွင် ချက်ပြုတ်ခြင်း၊ မီးထွန်းခြင်းနှင့် အပူပေးခြင်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံများ၊ စက်မှုလယ်ယာစိုက်ပျိုးရေးနှင့် စွန့်ပစ်ပစ္စည်းများ မီးရှို့ခြင်း စသည်တို့ဖြစ်သည်ဟု WHO မြန်မာနိုင်ငံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထင်း၊ ကောက်ပဲသီးနှံ စွန့်ပစ်ပစ္စည်းများ၊ မီးသွေး၊ ကျောက်မီးသွေး၊ တိရစ္ဆာန်၏ စွန့်ပစ်အညစ်အကြေးများဖြင့် ချက်ပြုခြင်းမှား ကျေးလက်ဒေသတွင် ၉၅ ရာခိုင်နှုန်း၊ မြို့ပြတွင် ၈၁ ရာခိုင်နှုန်းရှိနေသည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “ဒါက အိမ်တွင်းမှာ အမှုန်တွကို အများအပြား ထွက်ပေါ်စေပြီး ပတ်ဝန်းကျင်လေထုမှာ လေထုညစ်ညမ်းမှု အခြေအနေကို မြင့်တက်စေပါတယ်”

    WHO ၏ အဆိုပါ မှတ်တမ်းများအရ ကမ္ဘာ့လူဦးရေ၏ ၉၂ ရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့် ညီညွတ်သော လေထုအရည်အသွေးထက် ကျော်လွန်သည့် နေရာများတွင် နေထိုင်နေရသည်ဟုလည်း သိရသည်။

    Ref: mmtimes

  • ပိုက်ဆံမပေးသဖြင့် မိဘအပါအ၀င် လူ ၁၉ ဦးအား သတ်ဖြတ်မှု တရုတ်တွင်ဖြစ်ပွား

    ပိုက်ဆံမပေးသဖြင့် မိဘအပါအ၀င် လူ ၁၉ ဦးအား သတ်ဖြတ်မှု တရုတ်တွင်ဖြစ်ပွား

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    chian

    – တရုတ်နိုင်ငံ အနောက်တောင်ဘက် ရွာတစ်ရွာတွင် အမျိုးသားတစ်ဦးက မိမိမှာ မိဘများနှင့် ငွေကြေးကိစ္စ စကားများပြီးနောက် လူ ၁၉ ယောက်ကို သတ်ပစ်ခဲ့သည်ဟု ၀န်ခံထွက်ဆိုခဲ့သည်။

    ယန်ကျင်းပေအမည်ရှိသူဖြစ်ပြီး ၎င်း၏ဇာတိ ယူနန်ပြည်နယ်ရှိ ယီမာရွာမှပြန်ရန် မိဘများထံ ပိုက်ဆံတောင်းရာ၌ အဆင်မပြေသဖြင့် ၎င်း၏မိဘများ၊ ၎င်းကို ၀ိုင်းဝန်းတားဆီးခဲ့သည့် ကလေးများအပါအ၀င် အိမ်နီးချင်း ၁၇ ယောက်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားပြီး ၃၃ နာရီအကြာအထိ အပြင်းအထန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယန်ကျင်းပေအား ပြည်နယ်မြို့တော် ကူမင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းသတင်းများအရ အဆိုပါရွာသားများကို ကြာသပတေးနေ့မနက်က ၎င်းတို့နေအိမ်များ၌ သေဆုံးလျက်တွေ့ရှိရသည်ဟု ဆိုသည်။

    သေဆုံးခဲ့သူများမှာ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၈ ဦးတို့ဖြစ်ပြီး အငယ်ဆုံးမှာ သုံးနှစ်သမီးလေးတစ်ဦးဖြစ်ကာ အသက်အကြီးဆုံးမှာ ၇၂ နှစ်အရွယ်ဖြစ်သည်ဟု သိရသည်။ ယင်းတို့အနက် လေးဦးမှာ အသက် ၁၈ နှစ်အောက်များ ဖြစ်ကြသည်။

    Ref : CNA

  • အာဖဂန်တွင် အရပ်သားများသေဆုံးသည့် အမေရိကန်၏ တိုက်ခိုက်မှု ကုလရှုတ်ချ

    အာဖဂန်တွင် အရပ်သားများသေဆုံးသည့် အမေရိကန်၏ တိုက်ခိုက်မှု ကုလရှုတ်ချ

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    us-killing

    – အာဖဂန်အရှေ့ပိုင်း နန်ဂါဟာမြို့တွင် IS စစ်သွေးကြွများကို ပစ်မှတ်ထားသည်ဆိုသည့် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့မှုကို ကုလသမဂ္ဂက ရှုတ်ချလိုက်သည်။

    ထိုတိုက်ခိုက်မှုကို အမေရိကန်က ကိုင်တွယ်ထိန်းချုပ်သော နိုင်ငံတကာ ဒရုန်းလေယာဉ်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကလေးတစ်ယောက်အပါအ၀င် အခြား ၁၃ ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

    အာဖဂန်နစ္စတန်ရှိ ကုလသမဂ္ဂအကူအညီပေးရေးကိုယ်စားလှယ်အဖွဲ့ (UNAMA) က အရပ်သားများ သေဆုံးခဲ့သည့် ထိုတိုက်ခိုက်မှုအပေါ် ဝေဖန်ရှုတ်ချလိုက်ပြီး အာဖဂန်အစိုးရအား အဆိုပါတိုက်ခိုက်မှုနှင့်ပက်သက်၍ လွပ်လပ်၍သီးခြားဖြစ်သော၊ အမှီအခိုကင်းသော၊ ပွင့်လင်းမြင်သာသော၊ ထိရောက်သော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

    အဆိုပါလေကြောင်း တိုက်ခိုက်မှုသည် ပါကစ္စတန်နှင့်ထိစပ်နေသည့် အရှေ့ဘက်နယ်စပ်ပေါ်ရှိ နန်ဂါဟာပြည်နယ် အာချင်ခရိုင်တွင် ဗုဒ္ဓဟူးနေ့မနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

    ဒေသခံများက မက္ကာသို့ ဟဂ်ျပြုရန် သွားရောက်ခဲ့သည့် မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ပြန်လည်ရောက်ရှိလာသည့် အခမ်းအနား ကျင်းပရန် ရွာတစ်ရွာတွင် စုဝေးနေကြပြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားချိန်၌ ပြည်သူများမှာ အကြီးအကဲ၏ ဧည့်ဆောင်တွင် အိပ်ပျော်နေခဲ့ကြသည်။

    “ဒရုန်းက ဒီအိမ်ကို ပစ်မှတ်ထားခဲ့တာပါ” ဟု အာဂျင်ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက်အလီက ပြောကြားခဲ့ပြီး သေဆုံး ဒဏ်ရာရရသူများတွင် ကျောင်းသားများနှင့် ဆရာတစ်ဦးလည်း ပါဝင်သည်ဟု ဆိုသည်။

    Ref : Rt

  • မန်စီးတီး ပိုကောင်းလာမည်ဟု ဂွါဒီယိုလာ သတိပေး

    မန်စီးတီး ပိုကောင်းလာမည်ဟု ဂွါဒီယိုလာ သတိပေး

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media

    gurdi

    – မိမိ၏ မန်စီးတီးအသင်းမှာ ယခုထက်ပို၍ ကောင်းလာမည်ဟု နည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ် ပြိုင်ဘက်များကို သတိပေးလိုက်ပြီး အသင်းတွင် လက်ရှိသက်တမ်းထက် ပိုနေရန် ဆန္ဒရှိနေသည်ဟုလည်း ဆိုသည်။

    ဂွါဒီယိုလာ ရောက်ရှိလာပြီးနောက်ပိုင်းတွင် မန်စီးတီးအသင်းမှာ တစ်ရှိန်ထိုး တက်လာခဲ့ပြီး ခါးသီးသော မြို့ခံပြိုင်ဘက် မန်ယူအပါအ၀င် ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ၆ ပွဲစလုံးကို ရာနှုန်းပြည် အနိုင်ရရှိထားသည်။

    ၎င်းကမူ ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်အသင်းများကို ၎င်းကိုင်တွယ်သည့်အခါတွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေကို ထောက်ပြကာ မန်စီးတီးအသင်းမှာလည်း ပို၍ ကောင်းမွန်လာမည်ဟု ဆိုသည်။

    “ကျွန်တော့်ရဲ့ တတိယနှစ်မှာ အသင်းရဲ့ကစားပုံဟာ ဒီထက် အများကြီး၊ အများကြီး ပိုကောင်းလာမယ်လို့ ယုံကြည်ပါတယ်။ အခု ကျွန်တော်တို့ဟာ စိတ်အားထက်သန်မှုကြောင့် ပွဲတော်တော်များများကို အနိုင်ရခဲ့တယ်။ နည်းပြသစ်တစ်ယောက်အနေနဲ့ ဒီလို ပွဲတော်တော်များများကို နိုင်ဖူးပါတယ်။ ဒါပေမယ့် တည်ငြိမ်ဖို့၊ လမ်းမချော်ဖို့၊ အခွင့်အရေးတွေ ပိုရဖို့ဆိုရင်တော့ အချိန်လိုပါတယ်။ ကျွန်တော် ဘာစီလိုနာနဲ့ ပထမနှစ်မှာ ဖလားအားလုံးရခဲ့တယ်။ ဒါပေမယ့် စတုတ္ထနှစ်ရောက်တဲ့အခါမှာ အသင်းက ပိုကောင်းလာပါတယ်။ ဘိုင်ယန်က တတိယနှစ်မှာလည်း ပထမနှစ်ထက် ပိုကောင်းလာတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး” ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

    Ref: Goal

  • ဗန်ဂိုး၏ ပျောက်ဆုံးသွားသည့် ပန်းချီကားနှစ်ချပ်အား အီတလီတွင် ပြန်တွေ့

    ဗန်ဂိုး၏ ပျောက်ဆုံးသွားသည့် ပန်းချီကားနှစ်ချပ်အား အီတလီတွင် ပြန်တွေ့

    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Medai

    painting

    – နာမည်ကျော် ဒတ်ခ်ျလူမျိုးပန်းချီပညာရှင် ဗင်းဆင့်ဗန်ဂိုး ရေးဆွဲထားပြီး နယ်သာလန်နိုင်ငံမှ ၁၄ နှစ်နီးပါးပျောက်ဆုံးနေခဲ့သည့် ပန်းချီကားနှစ်ချပ်ကို အီတလီရဲတပ်ဖွဲ့က နေပယ်မြို့တွင် ပြန်လည်ရယူနိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါ ပန်းချီးကားနှစ်ချပ်မှာ အမ်စတာဒမ်မြို့ရှိ ဗန်ဂိုးပြခန်းမှ ၂၀၀၂ ခုနှစ်တွင် အခိုးခံလိုက်ရခြင်ဖြစ်ပြီး ဘောင်များဖြုတ်ထားခဲ့သော်လည်း အများစုက မပျက်စီးဘဲ အကောင်းအတိုင်း ကျရှိနေသည်။ အီတလီပြည်သူ့ရေးရာ တရားရေးဌာနက ဦးစီးကာ ထို ကြိုတင်စီစဉ်ထားသည့် ရာဇ၀တ်မှုအတွက် အဆက်မပြတ် အင်အားသုံး စုံစမ်းစမ်းဆေးမှုအတွင်း အဆိုပါပန်းချီကားများကို ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြတိုက်က ပြောကြားခဲ့သည်။

    “၂၀၀၂ ခုနှစ်က ခိုးသွားပြီးတဲ့နောက် အဲဒီပန်းချီကားတွေ ဘယ်ရောက်နေလဲဆိုတာ မသိရပါဘူး၊ ဒါပေမဲ့ သေချာတာတစ်ခုက အဲ့ဒီပန်းချီကားချပ်တွေကို သေသေချာချာ မထိန်းသိမ်းထားဘူး ဆိုတာပါပဲ။ ဒီအချိန်ကို ကျွန်တော်တို့ ၁၄ နှစ်လောက် စောင့်လိုက်ရပါတယ်” ဟု ဗန်ဂိုးပြတိုက်၏ ဒါရိုက်တာဖြစ်သူ အိပ်ဆဲလ်ရူဂျာက နေပယ်မြို့ရှိ သတင်းထောက်များကို ပြောကြားခဲ့သည်။

    ခန့်မှန်းတန်ဖိုး ယူရို ၁၀ သန်းခန့်ရှိသည့် အဆိုပါပန်းချီကားများအား ဒတ်ခ်ျနိုင်ငံသို့ မည်သည့်အချိန် ပြန်လည်ပေးပို့မည်ဆိုသည်ကို မသိရသေးချေ။

    ၂၀၀၂ ခုနှစ်တွင် ဗန်ဂိုးပြတိုက်အား ဓားပြတိုက်မှုအတွက် လူ ၂ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့သော်လည်း ပန်းချီကား၏ အစအနမှ ပျောက်သွားခဲ့ပြီး တွေ့ရှိသူကို ယူရို တစ်သိန်းပေးမည်ဟု ဗန်ဂိုးပြတိုက်က ဆုငွေထုတ်ခဲ့သည်။

    ယခု ပြန်လည်တွေ့ရှိခဲ့ရသည့် ပန်းချီကားမှာ ၁၈၈၄ ခုနှစ်တွင် ရေးဆွဲခဲ့သည့် Congregation Leaving the Reformed Church in Nuenen နှင့် ၁၈၈၂ ခုနှစ်တွင် ရေးဆွဲခဲ့သည့် View of the Sea at Scheveningen ပန်းချီကားတို့ ဖြစ်သည်။

    Ref : Aljazeera