News @ M-Media
Blog
  • အစ္စရေးမှ ဓာတ်ငွေ့ဝယ်ယူရေးကို ဂျော်ဒန်ပြည်သူများ ဆန္ဒပြ
    အစ္စရေးမှ ဓာတ်ငွေ့ဝယ်ယူရေးကို ဂျော်ဒန်ပြည်သူများ ဆန္ဒပြ
    အောက်တိုဘာ ၂၊ ၂၀၁၆
    M-Media
    jordan-2
    – ယခုသီတင်းပတ်အတွင်း အစ္စရေးမှ သဘာဝဓာတ်ငွေ့တင်သွင်းရန် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကို ဆန့်ကျင်သည့်အနေဖြင့် ဂျော်ဒန်ပြည်သူ ရာပေါင်းများစွာ သောကြာနေ့က မြို့တော် အမ်မမ်တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ဆန္ဒပြသူများက “ဂျော်ဒန်နိုင်ငံသားတို့ရဲ့ အိပ်ကပ်ထဲမှ ပိုက်ဆံများ ဇီယွန်ဝါဒီများထံ မရောက်ရေး” “ရန်သူဇီယွန်ဝါဒီများထံမှ ဓာတ်ငွေ့မသွင်းရန်” ဟု စာသားများပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြသည်။
    အဆိုပါဆန္ဒပြပွဲကို အစ္စရေးနှင့် ဂျော်ဒန်ကြားချုပ်ဆိုခဲ့သည့် ၁၉၉၄ ငြိမ်းချမ်းရေးစာချုပ်ကို ဆန့်ကျင်သည့် ကုန်သွယ်ရေးသမဂ္ဂနှင့် နိုင်ငံရေးပါတီများက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ ပါဝင်သူတစ်ဝက်ခန့်မှာ ပါလက်စတိုင်းနွယ်ဖွားများ ဖြစ်ကြသည်။
    “ဇီယွန်ဝါဒီများဆီက ဓာတ်ငွေ့ယူခြင်းသည် ရှက်စရာကောင်းသောလုပ်ရပ်ဖြစ်သည်” ဟုလည်း ဆန္ဒထုတ်ဖော်သူများက ကြွေးကြော်ခဲ့ကြသည်။
    ဂျော်ဒန်မှာ တနင်္လာနေ့က အစ္စရေး ကမ်းလွန်တွင် ဓာတ်ငွေ့ ထုတ်လုပ်နေသည့် အမေရိကန်၏ ကုမ္ပဏီအုပ်စုတစ်ခုမှ နစ်နေ့လျှင် ဓာတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၈.၅ သန်းကို ၁၅ နှစ်တင်သွင်းသွားရန် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် တစ်နေ့လျှင် သန်းပေါင်း ၃၅၀ ရောက်စေမည့် ကုဗပေ သန်းပေါင်း ၅၀ ကိုလည်း ၀ယ်ယူရန် ချွင်းချက်အဖြစ် ထားခဲ့သည်။
    သောကြာနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုက လုံခြုံရေးအပါအ၀င် ပြည်တွင်းပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရသည့် ဂျော်ဒန်အစိုးရကို ဖိအားဖြစ်စေသည်။
    Ref : Aljazeera
  • ကမ္ဘာ့ထိပ်တန်း မွတ်စလင်အဖွဲ့ သီရိလင်္ကာနိုင်ငံတွင် အခမဲ့ မျက်လုံးခွဲစိတ်မှု ပြုလုပ်ပေး
    ကမ္ဘာ့ထိပ်တန်း မွတ်စလင်အဖွဲ့ သီရိလင်္ကာနိုင်ငံတွင် အခမဲ့ မျက်လုံးခွဲစိတ်မှု ပြုလုပ်ပေး
    အောက်တိုဘာ ၂၊ ၂၀၁၆
    M-Media
    – ကမ္ဘာ့မွတ်စလင်လိဂ် (MWL) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့် နိုင်ငံတကာအစ္စလာမ့် ကယ်ဆယ်ရေးအဖွဲ့ (IIRO) မှာ သီရိလင်္ကာနိုင်ငံတွင် အမျိုးသားနှင့် အမျိုးသမီးအများအပြားကို မျက်လုံးအတွင်းမှ တိမ်ဖယ်ရှားခြင်းနှင့် မျက်လုံးမှန်ဘီလူးအစားထိုးခွဲစိတ်မှုပေါင်း ၁၂၀၀ ခန့် ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
    အဆိုပါခွဲစိတ်မှုသည် IIRO ၏ ဆေးဘက်ဆိုင်ရာ ကူညီဆောင်ရွက်မှုများအနက်မှ တစ်ခုဖြစ်ပြီး ဆင်းရဲသောနိုင်ငံများတွင် အဖြစ်များကာ မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်သည့် အဆိုပါရောဂါများကို တိုက်ဖျက်ရန် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
    အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ အဟ်ဆန် ဘင် ဆွာလေ တွိုင်ယစ်ဘ်က သီရိလင်္ကာသို့သွားရောက်သည့် IIRO ဆေးအဖွဲ့၌ မျက်စိနယ်ပယ်တွင် ကျွမ်းကျင်သည့် ဆော်ဒီနိုင်ငံသား စေတနာ့ဝန်ထမ်းများနှင့်အတူ အကြံပေးပုဂ္ဂိုလ်များလည်း ပါဝင်သည်ဟု ဆိုသည်။
    Ref : IINA
  • နိုက်ဂျီးရီးယားတွင် ကလေးငယ် ၇ သောင်းကျော် အငတ်ဘေးဆိုက်နေ
    နိုက်ဂျီးရီးယားတွင် ကလေးငယ် ၇ သောင်းကျော် အငတ်ဘေးဆိုက်နေ
    အောက်တိုဘာ ၂၊ ၂၀၁၆
    M-Media
    nigeria
    – အကူအညီများ အလျင်အမြန် မရရှိပါက ဘိုကိုဟာရမ်အဖွဲ့၏ လက်ချက်ကြောင့် နိုက်ဂျီးရီးယား ကလေးငယ် ၇၅၀၀၀ ခန့်မှာ အစာရေစာပြတ်လပ်သည့် အခြေအနေမျိုးဖြင့် လာမည့်နှစ်တွင် သေဆုံးနိုင်ဖွယ် ရှိနေသည်ဟု ကုလသမဂ္ဂ နိုင်ငံတကာ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF) က သတိပေးလိုက်သည်။
    ထိုတွက်ချက်မှုမှာ ဘိုကိုဟရမ်၏ ၇ နှစ်တာ အစွန်းရောက်တိုက်ခိုက်မှုကြောင့် သေကြေခဲ့သည့် လူ ၂၀၀၀၀ ထက်ပင် ပိုမိုများပြားနေသည်။
    အာဟာရချို့တဲ့မှုအဆင့် ပြင်းထန်နေပြီး သေဆုံးမှုနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည့် ကလေးငယ်အမြောက်အများမှာ နိုက်ဂျီးရီးယားအရှေ့မြောက်ခြမ်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်စေပြီး ကမ္ဘာ့အဆိုးရွားဆုံး ဖြစ်လာနိုင်ဖွယ်ရှိကြောင်း နိုင်ဂျီးရီးယားဆိုင်ရာ UNICEF အာဟာရအဖွဲ့ ခေါင်းဆောင် အာရ်ဂျန် ဒီ ၀ါဂ်ျ က ပြောကြားခဲ့သည်။
    ထို့ပြင် ထိုကလေးငယ်များ သေဆုံးအံ့ဆဲဆဲ ဖြစ်နေသည့် ထိုကိစ္စအတွက် တုန့်ပြန်မှု မရှိဟုလည်း ၎င်းက ဆိုသည်။
    နိုင်ငံအရှေ့မြောက်ပိုင်းရှိ အဆိုပါဒေသမှ ကလေးငယ် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအကြားတွင် ထိုကဲ့သို့ ဆိုးရွားသော အဟာရချို့တဲ့မှုများကို တွေ့နေရသည်ဟု ယူနီဆက်ဖ်က ထောက်ပြခဲ့သည်။
    “ကမ္ဘာကြီးက ဒီအခြေအနေကို မမြင်ချင်ယောင် ဆောင်နေမယ်ဆိုရင် လွန်ခဲ့တဲ့ ၅ နှစ်ကာ ဆိုမာလီယာလို နေရာမျိုးမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေမျိုးကို ပြန်ရောက်သွားမှာပါ” ဟု ဒီ ၀ါဂ်ျက ထည့်သွင်းပြောကြားခဲ့သည်။
    ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင် ဆိုမာလီယာနိုင်ငံတွင် အလွန်ဆိုးရွားသော မိုးခေါင်မှုကြောင်၊ ပဋိက္ခများ ဖြစ်ပွားမှုတို့ကြောင့် လူပေါင်း ၂၆၀၀၀၀ နီးပါး သေဆုံးခဲ့သည်။
    Ref : IINA
  • အစ္စရေးက အီရန်အပေါ် ကျူးကျော်တိုက်ခိုက်ရန် ကြံစည်ခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ဟောင်းပြော
    အစ္စရေးက အီရန်အပေါ် ကျူးကျော်တိုက်ခိုက်ရန် ကြံစည်ခဲ့ဟု အစ္စရေးဝန်ကြီးချုပ်ဟောင်းပြော
    အောက်တိုဘာ ၂၊ ၂၀၁၆
    M-Media
    nay
    – အီရန်နိုင်ငံအပေါ်မှာ ကြီးကြီးမားမား ကျူးကျော်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ စီစဉ်ထားမှုကို မိမိအနေနဲ့ တားဆီးခဲ့ရတယ်လို့ ယခုတစ်ပတ်အတွင်း ကွယ်လွန်သွားပြီဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း ရှီမွန်ပဲရီစ်ရဲ့ မသေဆုံးခင်က ဖြေကြားခဲ့မှုကို ဂျေရုစလင်ပို့စ်က ဖော်ပြလိုက်ပါတယ်။
    လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက် ဂျက်ဖာမှာရှိတဲ့ ပဲရီစ် ငြိမ်းချမ်းရေးစင်တာမှာ ဒီသတင်းစာရဲ့ မန်းနေးဂျင်းအယ်ဒီတာ ဒေးဗစ် ဘရင်နဲ့ တွေ့ဆုံခဲ့စဉ်မှာ ရှီမွန်ပဲရီစ်က ပြောကြားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဖြေကြားမှုတွေကို ကွယ်လွန်တဲ့အချိန်မှ ထုတ်ပြန်ပါလို့ ပြောကြားခဲ့တာကြောင့် သတင်းစာက သူကွယ်လွန်ပြီး နောက်တစ်ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
    (၂၀၀၇ မှ ၂၀၁၄ ခုနှစ်အထိ) သမ္မတာဝန်ထမ်းဆောင်စဉ် သူ့ရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှုကို မေးမြန်းရာမှာ ပဲရီစ်က နေတန်ယာဟုရဲ့ အီရန်ကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာကို တာဆီးခဲ့တာဖြစ်ပြီး မိမိတစ်ဦးတည်းက ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
    “အီရန်ကို တိုက်ခိုက်ဖို့ အစီအစဉ်ကို ရပ်တန့်ဖို့ ကျွန်တော် နေတန်ယာဟုကို တားမြစ်ခဲ့တာပါ။ အသေးစိတ်တော့ မပြောချင်ပါဘူး။ ဒါပေမယ့် သူက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီး ကျွန်တော်က သူ့ကို တားခဲ့တာပါ။ အကျိုးဆက်က တော်တော်လေး ကြီးမားမယ်လို့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်” လို့ ပဲရီစ်က ဒေးဗစ်ကို ပြောကြားခဲ့ပါတယ်။
    နျူလက်နက်ပိုင်ဆိုင်ထားတဲ့ အစ္စရေးဟာ ပတ်ဝန်းကျင် အာရပ်နိုင်ငံတွေက အရပ်ဖက်သုံး နျူဓာတ်ပေါင်းဖိုတွေ၊ စစ်ဖက်ဆိုင်ရာ အဆောက်အဦးတွေကို ယခင်ကလည်း ကျူးကျော်တိုက်ခိုက် ဖျက်ဆီးခဲ့ပြီး ၁၉၈၁ ခုနှစ် ဇွန်လ ၇ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့အရှေ့တောင်ဘက်မှာရှိတဲ့ နျူဓာတ်ပေါင်းဖိုတစ်ခုကို နျူလက်နက်လုပ်မယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေးက ကျူးကျော်တိုက်ခိုက်ခဲ့တာကြောင့် အီရတ် သိပ္ပံပညာရှင် ၁၀ ဦးနဲ့ ပြင်သစ်အရပ်သား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။
    အဲဒီဓာတ်ပေါင်းဖို့ကို အီရတ်က ပြင်သစ်နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး သိပ္ပံဆိုင်ရာ သုတေသနပြုလုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုကို ကမ္ဘာတစ်ဝှမ်းလုံးက ရှုတ်ချခဲ့ပါတယ်။
    ငြိမ်းချမ်းစွာအသုံးပြုဖို့ ရည်ရွယ်တဲ့ အီရန်ရဲ့ နျူလုပ်ငန်းစဉ်ကိုလည် အစ္စရေးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ၂၀၁၂ စက်တင်ဘာမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အီရန်ရဲ့ နျူကလီးယားလက်နက်ထုတ်လုပ်မှုက ၉၀ရာခိုင်နှုန်း- အနီရောင်အဆင့် ရောက်နေပြီဆိုပြီး ရုပ်ပုံကားချပ်နဲ့ ကမ္ဘာကြီးကို လိမ်လည်လှည့်ဖျားခဲ့ပါတယ်။ တကယ်တော့ အစ္စရေးနဲ့ အမေရိကန်ထောက်လှမ်းရေးတွေက အီရန်ဟာ နျူလက်နက် မထုတ်လုပ်နိုင်သေးဘူးဆိုတာကို အသေးစိတ်သိရှိထားပြီး နေတန်ယာဟုလည်း ဒီသတင်းကို သိရှိထားတာပါ။
    အမေရိကန်အပါအ၀င် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ အီရန်တို့အကြား ရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက်ကိုလည်း နေတန်ယာဟု ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။
    Ref: RT
  • စင်ကာပူမွတ်စလင်များအတွက် ၀န်ကြီးချုပ် လီရှန်လွန်း နှစ်သစ်ဆုမွန်ကောင်းတောင်း
    စင်ကာပူမွတ်စလင်များအတွက် ၀န်ကြီးချုပ် လီရှန်လွန်း နှစ်သစ်ဆုမွန်ကောင်းတောင်း
    အောက်တိုဘာ ၁၊ ၂၀၁၆
    M-Media
    lee
    – ယနေ့မှာ စတင်ကျရောက်တဲ့ အစ္စလာမ့် ဟစ်ဂျရီနှစ်သစ်မှာ မွတ်စလင်တွေအတွက် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
    နက္ခတ္တဗေဒ တွက်ချက်မှုတွေအရ ဒီကနေ့ဟာ ဟစ်ဂျရီလို့ခေါ်တဲ့ အစ္စလာမ့်ပြက္ခဒိန် ၁၄၃၈ နှစ်မြောက်ရဲ့ မုဟရမ်လ ၁ ရက် နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
    “မွတ်စလင်တွေအတွက် ဒီအချိန်ဟာ ၀တ်ပြုဆုတောင်းတဲ့၊ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်တဲ့အချိန် ဖြစ်သလို၊ အကောင်းဆုံး နေထိုင်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုတွေကို အားသစ်လောင်းကြတဲ့ အချိန်လည်း ဖြစ်ပါတယ်” လို့ ၀န်ကြီးချုပ်က ရေးသားခဲ့ပါတယ်။
    ပြီးတော့ မွတ်စလင်တွေအတွက် ပျော်ရွှင်စရာနှစ်သစ်ဖြစ်ဖို့လည်း ဆုမွန်ကောင်းတောင်းခဲ့ပါသေးတယ်။
    “ကျွန်တော်တို့ရဲ့ မွတ်စလင်မိတ်ဆွေတွေအားလုံး ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်”
    ဟစ်ဂျရီပြက္ခဒိန်ဟာ အစ္စလာမ်သာသနာကို စတင်ဟောကြားတဲ့ တမန်တော် မုဟမ္မဒ်သခင် မွေးရပ် မက္ကာဟ်ကနေ မဒီနာကို ပြောင်းရွှေ့သွားတဲ့ အချိန်ကနေစပြီး တွက်ချက်ဖြစ်ပါတယ်။ လကိုအခြေခံတဲ့ အဲဒီအစ္စလာမ့်ပြက္ခဒိန်ဟာ အခုဆိုရင် ၁၄၃၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
    Ref : FB page of Sg Prime Minister