News @ M-Media

Blog

  • ဘိုင်ယန်နဲ့ မန်စီးတီးကလွဲရင် အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    ဘိုင်ယန်နဲ့ မန်စီးတီးကလွဲရင် အသင်းကြီးတွေအားလုံး အနိုင်ရခဲ့တဲ့ ကြာသာပတေးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    ch

    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုဒုတိယပွဲစဉ်တွေမှာတော့ အာဆင်နယ်၊ အက်သလက်တီကို၊ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ နာပိုလီတို့ အနိုင်ရခဲ့ပြီး ဂွာဒီယိုလာရဲ့ မန်စီးတီးက ဒီရာသီ ပထဆုံးအကြိမ် နိုင်ပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။

    အုပ်စု A
    ———-
    အာဆင်နယ် ၂-၀ ဘေဆယ်
    လူဒိုဂိုးရက်စ် ၁-၃ ပီအက်စ်ဂျီ

    သီယိုဝေါလ်ကော့ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အာဆင်နယ်သို့ ဆွစ်ဇ်ကလပ်ကို သက်တောင့်သက်သာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုရော၊ ဂိုးသွင်းခွင့်ပါ အသာရခဲ့တဲ့ အာဆင်နယ်တို့ အဆုံးသတ်ပိုင်းသာ ပိုကောင်းမယ်ဆိုရင် အခုထက်ပိုပြီး ဂိုးပြတ်နိုင်မှာပါ။

    အသင်းငယ်ဖြစ်ပေမယ့် ၁၅ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့တာကြောင့် အိမ်ရှင်တို့ အပျော်ကြီးပျော်ခဲ့ရပေမယ့် ပီအက်စ်ဂျီက အသင်းကြီးပီပီ ထိန်းကစားသွားပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူခဲ့ပြီး ထိုက်ထိုင်တန်တန် အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် သူရဲကောင်းဖြစ်ခဲ့သူကတော့ ကာဗာနီဖြစ်ပြီး ၂ ဂိုးသွင်းယူပေးခဲ့တာပါ။

    အုပ်စု B
    ———
    နာပိုလီ ၄-၂ ဘင်ဖီကာ
    ဘက်ခီတက် ၁-၁ ဒိုင်နမိုကိဗ်

    ခြေစွမ်းသိပ်မကွာပေမယ့် ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းထားနိုင်ပြီး ဒုတိယပိုင်းမှာ ၇ မိနစ်တွင်း ၃ ဂိုးထပ်ရခဲ့တာကြောင့် နာပိုလီတို့ ရာနှုန်းပြည့် နိုင်ပွဲဆက်နိုင်ခဲ့ပါတယ်။ ဘင်ဖီကာက နောက်ပိုင်းမှာ သိက္ခာဆယ် ဂိုး ၂ ဂိုးကိုတော့ ရအောင် လိုက်သွင်းနိုင်ခဲ့ပါတယ်။

    တူရကီမှာ ကစားခဲ့တဲ့ ဘက်ခီတက်နဲ့ ဒိုင်နမိုကိဗ်တို့ပွဲကတော့ အပြန်အလှန် ဂိုးသွင်းခွင့် တော်တော်များများ ရခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အိမ်ရှင်တို့ ၂၈ မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပေမယ့် ၆၅ မိနစ်မှာ ချေပဂိုး ပြန်ပေးခဲ့တာကြောင့် သရေတစ်မှတ်သာ ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မျှတတဲ့ရလဒ်ပါပဲ။

    ch-2

    အုပ်စု C
    ———
    မိုချန် ဂလာဘက်ခ်ျ ၁-၂ ဘာစီလိုနာ
    ဆဲလ်တစ် ၃-၃ မန်စီးတီး

    ဘာကာ ရာနှုန်းပြည့်နိုင်ပွဲ ရခဲ့တယ်ဆိုပေမယ့် ၆၅ မိနစ်အထိ ၁ ဂိုးအရှုံးနဲ့ နောက်က လိုက်ကစားခဲ့ရတာပါ။ ခြေသာတဲ့ ဘာကာအတွက် သူရန်က ချေပဂိုး ပီကေးက အနိုင်ဂိုးတွေ သွင်းယူပေးနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ မျက်နှာပန်း လှခဲ့တာဖြစ်ပါတယ်။

    ဆဲလ်တစ်နဲ့ မန်စီးတီးတို့ပွဲကတော့ ဒီတစ်ပတ် ချန်ပီယံလိဂ်ပွဲတွေထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ ဖြစ်ခဲ့ပြီး အပိုင်ဂိုးသွင်းခွင့် ၃ ကြိမ်ကနေ ၃ ဂိုးဝင်အောင်သွင်းနိုင်ခဲ့တဲ့ ဆဲလ်တစ်ရဲ့ စွမ်းဆောင်ရည်ကိုတော့ ချီးကျူးရမှာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်နဲ့အပိုင်ဂိုးသွင်းခွင့် ၉ ကြိမ်လောက်ရခဲ့တဲ့ မန်စီးတီးတို့ သရေတစ်မှတ်ရဖို့ ၃ ကြိမ်တိုင်တိုင်နောက်က လိုက်ကစားခဲ့ရတာပါ။

    အုပ်စု D
    ———-
    အက်သလက်တီကို ၁-၀ ဘိုင်ယန်မြူးနစ်
    ရိုစတော့ဗ် ၂-၂ ပီအက်စ်ဗီ

    ဘိုင်ယန်နည်းပြအဖြစ် ဆောင်ရွက်တဲ့ အန်ဆယ်လော့တီရဲ့ ပထမဆုံးအရှုံးပါ။ အိမ်ရှင်ကို တစ်ဖက်သက် ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဂိုးသွင်းခွင့်ကတော့ အက်သလက်တီကိုက ပိုရခဲ့ပါတယ်။ အရေးပါတဲ့ အနိုင်ဂိုးကို ၃၅ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ဖန်တီးမှုကတစ်ဆင့် ကာရက်စ်ကိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    အိမ်ရှင်တို့ ဦးဆောင်ဂိုး ၂ ကြိမ်တိုင်တိုင် ရခဲ့ပေမယ့် မထိန်းနိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ်နဲ့ ဝေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဗီက ပရော့ပါရဲ့ပင်နယ်တီကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ဒါနက်ဗ်ကတော့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။

  • မြောက်ကိုရီးယားနှင့် ပတ်သက်နေသည့် အုပ်စု မြန်မာစစ်တပ်တွင် ရှိဆဲဟု ကန်ပြော

    မြောက်ကိုရီးယားနှင့် ပတ်သက်နေသည့် အုပ်စု မြန်မာစစ်တပ်တွင် ရှိဆဲဟု ကန်ပြော

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    myanmar-burma-dprk-675x360
    ၂၀၀၈ ခုနှစ်က မြန်မာကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ ရောက်ရှိစဉ်

    – လက်ရှိ အရပ်သားအစိုးရနှင့် စစ်တပ်ခေါင်းဆောင်ပိုင်းက ဆန့်ကျင်နေသော်လည်း မြန်မာစစ်တပ်ရှိ လူတစ်စုမှာ မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်နေပြီး ထိုအနေအထားကို ရပ်တန့်ပစ်ရမည်ဟု အမေရိကန်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    နိုင်ငံတကာ၏ အပယ်ခံအခြေအနေဖြင့် ရှိနေစဉ်ကာလအတွင်း မြန်မာစစ်အစိုးရမှာ မြောက်ကိုရီးယားမှ လက်နက်ကိရိယာများကို ၀ယ်ယူခဲ့ပြီး အမေရိကန်ကမူ မိမိတို့နှင့် ပုံမှန်ဆက်ဆံရေး ဖြစ်လာရန်အတွက် ထိုကဲ့သို့ ဆက်သွယ်မှုများကို ရပ်တန့်ရန် ဖိအားပေးနေသည်။

    အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒန်နီယဲလ် ရက်ဆဲလ်ကမူ သမ္မတ ဘာရက်အိုဘားမားမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၀ါရှင်တန်၌ တွေ့ဆုံစဉ်အတွင်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေး အကြွင်းအကျန်များကို ဖယ်ရှားရန် အရေးကြီးကြောင်း အဓိကထား ပြောကြားခဲ့သည်ဟု ဆိုသည်။

    “မြန်မာစစ်တပ်အတွင်းမှာ (မြောက်ကိုရီးယားနဲ့) အခုအချိန်အထိ အပြန်အလှန်ဆက်သွယ်နေတဲ့ အကြွင်းအကျန်တွေ ရှိနိုင်တယ်လို့ ကျွန်တော်တို့ထင်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်ကျော်အရင် စစ်အာဏာရှင်စနစ်က ကျန်နေတဲ့အုပ်စုတွေပေါ့ဗျာ” ဟု ရက်ဆဲလ်က ယမန်နေ့ ဆီးနိတ်လွှတ်တော်အား တင်ပြမှုအတွင်း ပြောဆိုခဲ့ပြီး မြန်မာအစိုးရနှင့် စစ်တပ်ခေါင်းဆောင်းပိုင်က ထိုအုပ်စုများကို တားဆီး ဖယ်ရှားပစ်ရမည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များအတွက် ရင်းမြစ်များ ရရှိရန် ကြိုးစားမှုကို နိုင်ငံတကာက ကန့်သတ်မှု အစိတ်အပိုင်းအဖြစ် မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်မှုကို တားမြစ်သည့် ဆုံးဖြတ်ချက်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထုတ်ပြန်ထားသည်။ စစ်အာဏာရှင်လက်ထက်က မြန်မာနိုင်ငံမှာ မြောက်ကိုရီးယား၏ အဓိက ဖောက်သည်တစ်ဦး ဖြစ်ခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် သမ္မတ အိုဘားမားက မိမိတို့မှာ မြန်မာနိုင်ငံအပေါ် ကျန်ရှိနေသည့် ပိတ်ဆို့မှုများကို ဖယ်ရှားရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သော်လည်း ယမန်နေ့ ကွန်ဂရက်၏ ကြားနာမှုအတွင်း ရီပက်ဘလစ်ကန် အမတ် ကိုရီ ဂါဒ်နာက ‘အမျိုးသား အရေးပေါ်စီမံချက်’ ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံအပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများအား ဖယ်ရှားရေး ထိုဆုံးဖြတ်ချက်ကို မကြေငြာခင် ကွန်ဂရက်မှာ လုံလောက်သည့် အကြံဉာဏ် ရယူခဲ့ခြင်းမရှိဟု ဝေဖန်ထောက်ပြခဲ့သည်။

    Ref: Stripes

  • အွန်လိုင်းမှာ ဘာသာရေး စော်ကားသည့် စင်ကာပူ ဆယ်ကျော်သက်  ထောင်ဒဏ် အပြစ်ပေးခံရ

    အွန်လိုင်းမှာ ဘာသာရေး စော်ကားသည့် စင်ကာပူ ဆယ်ကျော်သက် ထောင်ဒဏ် အပြစ်ပေးခံရ

    စက်တင်ဘာ ၂၉ ၊ ၂၀၁၆
    M-Media
    ရဲသူရိန်
    amos-yee-sep-29
    (စက်တင်ဘာ ၂၉) ကြာသပတေးနေ့တွင်  ဆယ်ကျော်သက် ဘလော့ဂါတစ်ဦးဖြစ်သူ Amos Yee ဟာ မွတ်စလင်တွေရဲ့ ဘာသာရေးဆိုင်ရာ ခံယူချက်တွေကို ထိခိုက် နစ်နာအောင် လုပ်မှု့နဲ့ ထောင်ဒ ဏ် ခြောက်ပတ်နဲ့ ငွေဒဏ် နှစ်ထောင်ကို ကျခံခဲ့ရပါတယ်။

    အကြောင်းကတော့- သူဟာ မွတ်စလင်တွေကို တမင်သတ်သတ်စော်ကားထားတယ်ဆိုတဲ့ ဓာတ်ပုံ တစ်ပုံနဲ့ ဗီဒီယို နှစ်ခုကို ပြုလုပ်ပြီး အွန်လိုင်းပေါ်ကို တင်ခဲ့ပြီးတဲ့နောက်မှာ အဆိုပါ အသက် (၁၇) အရွယ် ဆယ်ကျော်သက် လူငယ်ဟာ ဗုဒ္ဓဟူးနေ့က တရား ရုံးမှာ အပြစ်ရှိတယ်လို့ ၀န်ခံခဲ့ပါတယ်။

    လွန်ခဲ့တဲ့လက၊ ယီးဟာ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေအပေါ်မှာ ဘာသာ၊သာသနာကို ညှိုးနွမ်းအောင်လုပ်မှု့ သုံးမှု့အပြင် တရားရုံးကိုလည်း လာရောက်ရန်ပျက်ကွက်မှု့ နှစ်မှု့အတွက်လည်း အပစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ သူ့ကိုတရားစွဲဆိုစဉ် ကာလအတွင်း၊ သူရင်ဆိုင်နေရတဲ့ ဘာသာ၊သာသနာညှိုးနွမ်းမှု့ အမှု့အတွက် စုစုပေါင်းရုံးချိန်းခြောက်ခုမှာ ရဲအမှု့ထမ်း ၂၄ ယောက်က ရုံး တော်သို့ လာရောက်ပြီး သူ့မှာ အပြစ်ရှိကြောင်း သက်သေထွက်ဆိုခဲ့ကြပါတယ်။

    Yee ဟာ ရဲစခန်းက လာရောက်စစ်ဆေးခံဖို့ ဆင့်ခေါ်စာရပြီးနောက် နှစ်ရက်မြောက်မှာ မနှစ်က ဒီဇင်ဘာ -၁၃ရက်နေ့က တည်းက စင်ကာပူကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဟောင်ကောင်ကို ခရီးထွက်ခွာသွားခဲ့ပြီးနောက် ရဲစခန်းက သတိပေး နို့တစ်စာ ပေးပို့ခဲ့တာနဲ့ ပတ်သက် ပြီး သူအဲဒီကနေ ပိုစ်ပေါင်းများစွာ တင်ခဲ့ပါတယ်။

    ဒီနှစ် ဧပြီလအတွင်း သူပြန်လာစဉ်မှာ၊ ရဲတပ်ဖွဲ့က Yee  ကို နောက်ထပ် ဆင့်ခေါ်စာတစ်စောင် ပေးပို့ခဲ့ပါတယ်။ မေလ ၁၁ရက်နေ့၊ ဒီတစ်ကြိမ် ရဲစခန်းမှာ စုံစမ်းစစ်ဆေးရေးမလုပ်ခင်တစ်ရက်အလိုမှာ Yee  က တိုင်းပြည်ကနေ ထွက်ပြေးဖို့ ကြိုး စားခဲ့ပါသေးတယ်။ တရားခံ ဘလော့ဂါသမားဟာ မနှစ်က အလားတူ အမှု့မျိုးနဲ့လည်း ထောင်ဒဏ် လေးပတ် ချမှတ်ခံခဲ့ရပါသေးတယ်။

    ref: Channel News Asia

  • ဟိဂျဗ် ပုဝါဆောင်း မွတ်စလင်မ် အမျိုးသမီး  ပလေးဘွိုင်း မဂ္ဂဇင်းတွင် ပထမဆုံး အနေဖြင့် ဖော်ပြခံရ

    ဟိဂျဗ် ပုဝါဆောင်း မွတ်စလင်မ် အမျိုးသမီး ပလေးဘွိုင်း မဂ္ဂဇင်းတွင် ပထမဆုံး အနေဖြင့် ဖော်ပြခံရ

    စက်တင်ဘာ ၂၉ ၊ ၂၀၁၆
    M-Media
    3060_playboy
    ဟိဂျဗ် ပုဝါဆောင်းတဲ့ မွတ်စလင် အမျိုးသမီးတစ်ယောက်ဟာ ပလေးဘိုင်းမဂ္ဂဇင်းမှာ ပထမဆုံးအနေဖြင့် ဖေါ်ပြခံရပါတော့ မယ်။ အောက်တိုဘာလမှာ ထွက်ရှိမယ့် အဆိုပါမဂ္ဂဇင်းရဲ့ သင်းကွဲကဏ္ဍ (the magazine’s Renegades series) မှာ  – ဂျင်း အကျီ င်္ လက်ရှည်အ၀တ်စား-နဲ့ ဂျာနယ် လစ် နူးရ် တဂိုးရီရဲ့ပုံကို ပါလာပါလိမ့်မယ်။

    ပလေးဘွိုင်းမဂ္ဂဇင်းရဲ့ အဖေါ်ချွတ်မပါတဲ့ ကြိုးပမ်းမှု့တစ်ရပ်အနေနဲ့ အဆိုပါ ကဏ္ဍဟာ ” သူတို့ ချစ်ခင်မြတ်နိုးရတဲ့ အရာတွေ အပေါ်မှာ အသက်ပါပေးဖို့ ၀န်မလေးပဲ- အရာအားလုံးကိုလုပ်ဖို့ စွန့်စားခြင်း ” ဆိုတဲ့ ခေါင်းစဉ်အောက်က ကွဲပြား ခြားနားတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတဲ့ သူတွေကို ဂုဏ်ပြု ဖေါ်ပြနေတာ ဖြစ်ပါတယ်။

    ဗီဒီယို သတင်း ကွန်ယက် နူစီ (video news network Newsy) အတွက် လေလှိုင်းပေါ်က အစီစဉ်တင်ဆက်သူအဖြစ် လုပ်ကိုင်လျှက်ရှိတဲ့ အသက် ၂၂ အရွယ် မိန်းကလေးဟာ သူမရဲ့ အလုပ်သက်တမ်းမှာ မွတ်စလင် ဆန့်ကျင်ရေးသမား တွေနဲ့ တွေ့ကြုံဆက်ဆံခဲ့ရတဲ့ စိန်ခေါ်မှု့တွေအကြောင်းကို ပလေးဘွိုင်း မဂ္ဂဇင်းမှာ ဖေါ်ပြခဲ့ပါတယ်။

    သူမရဲ့ အိမ်မက်တွေက အမေရိကန် စီးပွားရေးသတင်းဌာန (commercial US television) ဆီမှာ ဟိဂျဗ်ပုဝါဆောင်းပြီး ပထမဦးဆုံး အလုပ်လုပ်ရတဲ့သူ ဖြစ်လာဖို့ဆိုရင် အကြီးမားဆုံး စိန်ခေါ်မှု့ကတော့ သူမဆီက ရတဲ့သတင်းတွေကို ယုံ ကြည်မှု့ရှိဖို့ပဲ ဖြစ်ပါတယ်လို့ မစ္စတဂိုးရီ (Journalist Noor Tagouri ) က ရှင်းပြခဲ့ပါတယ်။

    ဒါပေမဲ့ ဟိဂျဗ်ခြုံထားတဲ့ မွတ်စလင် အမျိုးသမီးတစ်ယောက်ဖြစ်ခြင်းက သူမကို မျက်နှာသာပေးခဲ့ပါတယ်လို့ သူမ ပြော ပြခဲ့ပါတယ်။

    ” ကျွန်မသိပါတယ်၊ ဒါဘာနဲ့တူသလဲဆိုတော့ မီဒီယာတွေမှာ ကျွန်မတို့ အသိုင်းဝိုင်းရဲ့ဇာတ်လမ်းဟာ ၀က်အူရစ်ကြပ်ထား သလိုမျိုး အကြပ်ခံနေရပြီးတော့ အမြတ်ထုတ်ခြင်းခံနေရပါတယ်” လို့ သူမက ပလေးဘွိုင်း မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။

    ” ကျွန်မလည်း ဒီလိုပါပဲ၊ ဟေ့၊ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ မီဒီယာတွေမှာ လွဲမှားစွာဖေါ်ပြခံရတယ်ဆိုတာကို ကျွန်မ သိတယ်လေ။ ရှင့်ကို ကျွန်မ ဒါမျိုးမလုပ်ပါဘူး။ ကျွန်မက ရှင်ရဲ့ ဇာတ်လမ်းတွေကိုပဲ ပြောပြချင်တာပါ၊ ဘာလို့လဲဆိုတော့ ဒါဟာ အရေး ကြီးပြီး တရားမျှတမှု့နဲ့လည်း ထိုက်တန်တယ်လေ။”

    ဝေဖန်မှု့တွေကို သူမ ဂရုမစိုက်ပါဘူး၊ ပြီးတော့ နှလုံးသားမှာ သူမရဲ့အကောင်းဆုံး စိတ်ဝင်စားနေရတဲ့ လူတွေကလည်း သူမအနားမှာ ရှိနေပြီပဲလို့ သူမပြောခဲ့ပါတယ်။

    နူးစီမှာ ဖြစ်ခဲ့တဲ့ သူမရဲ့ ပထမဦးဆုံး ဇာတ်လမ်းက – အမေရိကန် သန်းခေါင်စာရင်းမှာပါတဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက် အာဖရိကဒေသက အမေရိကန်တွေကို ” လူဖြူတွေ ” အဖြစ် သတ်မှတ်ခဲ့တဲ့အကြောင်း ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး ဖေ့ဘုတ် စာမျက်နှာပေါ်မှာ ဆူညံသံတွေ ဝေစီခဲ့ပါတယ်လို့ သူမက ပြောပါတယ်။

    လူတွေကတော့ ကျွန်မကို “ကိုယ့်အိမ် ကိုယ်ပြန် ” လို့ လာပြောတာကို မြင်ရတာ တကယ့်ဟာသပါပဲ။ အမှန်တကယ် တော့ ကျွန်မက အနောက် ဗာဂျီးနီးယားပြည်နယ်မှာ မွေးခဲ့သူပါလို့ သူမ ပြန်ပြောပြခဲ့ပါတယ်။

    မဂ္ဂဇင်းမှာ ဖေါ်ပြခံရဖို့ သူမရဲ့ ဆုံးဖြတ်ချက်ကို လူအများပြားက ထောက်ခံအားပေးနေစဉ်မှာပဲ တစ်ခြားလူတွေကတော့ သူ့ပုံကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ “(သူမ)က သူ့ကိုယ်သူ ကျားမတန်းတူ အခွင့်ရေးဝါဒရဲ့ စံနမူနာပြဆိုပြီးတော့ ငါတို့ တွေက အဲဒါကို အသိမှတ်ပြု ပေးလိုက်ရမှာလား? အားနာသမှု့တောင် မရှိတဲ့မွတ်စလင်၊ အားမနာတတ်တဲ့ မိန်းမ” လို့ တိုဘာ ၀ါးရှခ်ျ (Tooba Warraich )က ပြောပါတယ်။

    “မိန်းမတွေကို ပြစားတဲ့ပုံစံနဲ့ လိင်ပိုင်းဆိုင်ရာ အသားပေးဖေါ်ပြတဲ့ ပုံစံတွေကနေ လုံးဝ အားမနာတမ်း အမြတ်ထုတ်တာ ကြောင့်မို့လို့ မဂ္ဂဇင်းမှာ သူမ ဖေါ်ပြခံရတာကို ကျွန်မ သဘောမတူပါဘူး”လို့ လီနာက သူမရဲ့တွီတာစာမျက်နှာထက်မှာ ရေးသားခဲ့ပါတယ်။
    အဘ်ဒလ် ရာဟ်မာန် မာဖီကတော့ အခုလို တွီတာမှာ ရေးသားခဲ့ပါတယ်-” အင်တာဗျူးလုပ်ဖို့  ကျွန်ုပ်တို့ရဲ့ နှမတော်လေး (မစ္စ တဂိုးရီး) ဆုံးဖြတ်ချက်ကို သဘောမတူပေမယ့် သူမရဲ့ အကျင့်စာရိတ္တ နဲ့ ဘာသာစကား အသုံးပြုပုံနှင့်ပတ်သက်ပြီး တိုက်ခိုက်နေတာတွေကိုတော့ စိတ်ပျက်ဖွယ်လိလိပါပဲ။ ”

    ပလေးဘွိုင်း မဂ္ဂဇင်းက သင်းကွဲဏ္ဍ စာမျက်နှာတွေမှာ ဖေါ်ပြခံရတဲ့ အခြားသောအမျိုးသမီးတွေကတော့ မိခင်ဖြစ်သူနှင့် လူရွှင်တော်ဖြစ်သူ အလီ ဝေါင်း၊ လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားသူ စတိုးယာ (Stoya) နဲ့ နိုဗလ်ငြိမ်းချမ်း ရေးဆုရှင် ပေါလ် ဘီ တီတို့ ပါဝင်ကြပါတယ်။

    ယခုနှစ် အစောပိုင်းမှာတော့ ပလေးဘွိုင်းမဂ္ဂဇင်းဟာ ပြောင်းလဲမှု့တော်တော်များများကို လုပ်ခဲ့ပြီး၊အကြီးမားဆုံး ပြောင်းလဲ မှု့ကတော့ ကိုယ်လုံးချွတ် ကိုယ်လုံးတီးပုံတွေကို မဖေါ်ပြတော့တာပဲ ဖြစ်ပါတယ်။

    **ABC သတင်းဌာနတွင် ပါရှိသော Journalist Noor Tagouri becomes first woman to wear hijab in Playboy ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။

    ရဲဗလမင်းထင်

  • ခိုးယူထားသည့်မြေမှ အစ္စရေးဘောလုံးကလပ်များအား ပိတ်ပင်ရန် နိုင်ငံတကာအဖွဲ့များ ဖီဖာထံ တောင်းဆို

    ခိုးယူထားသည့်မြေမှ အစ္စရေးဘောလုံးကလပ်များအား ပိတ်ပင်ရန် နိုင်ငံတကာအဖွဲ့များ ဖီဖာထံ တောင်းဆို

    စက်တင်ဘာ ၂၉၊ ၂၀၁၆
    M-Media

    pales-tem

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများတွင် အခြေစိုက်ထားသည့် ဘောလုံးအသင်းများကို ကစားခွင့်ပိတ်ပင်ရန်အတွက် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO မှ တာဝန်ရှိသူတစ်ဦးက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာထံ တောင်းဆိုလိုက်သည်။

    “တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်ထားတဲ့ ပါလက်စတိုင်းမြေမှာ ဘောလုံးပွဲကစားခွင့်ကို ခွင့်ပြုခြင်းအားဖြင့် နိုင်ငံတကာဥပဒေအရ တရားမ၀င်တဲ့၊ ဥပဒေချိုးဖောက်တဲ့ အဲဒီ အိမ်ယာတွေကို နိုင်ငံရေးအရ၊ စီးပွားရေးအရ ထောက်ခံအားပေးမှုမှာ ဖီဖာကလည်း အလိုတူအလိုပါ ဖြစ်လာမှာပါ” ဟု PLO ၏ အားကစားဆိုင်ရာ ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အလီ အစ္စဟာ့က်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

    လွန်ခဲ့သည့် ၂ ရက်လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပါလက်စတိုင်းပိုက်နက်ဖြစ်သော အနောက်ဖက်ကမ်းရှိ အစ္စရေး၏ တရားမ၀င် အခြေချအိမ်ယာများတွင် အခြေစိုက်သော အသင်း ၆ သင်းအား အရေးယူရန် ဖီဖာအား တိုက်တွန်းခဲ့သည်။

    “ခိုးယူထားတဲ့ နယ်မြေတွေမှာ ဘောလုံးပွဲတွေ ကျင်းပခြင်းအားဖြင့် ဖီဖာဟာ ဘောလုံးအားကစားနည်းရဲ့ လှပတဲ့ပုံရိပ်ကို ညစ်နွမ်းစေပါတယ်” ဟု အစ္စရေးနှင့် ပါလက်စတိုင်းဒေသများဆိုင်ရာ HRW ၏ ညွှန်ကြားရေးမှူး ဆာရီ ဘရှီက ပြောကြားခဲ့သည်။

    နိုင်ငံတကာဥပဒေနှင့် ညီညွတ်စေရန်အတွက် အဆိုပါကလပ်အသင်းများမှာ အစ္စရေးပိုင်နက်သို့ ပြောင်းရွှေ့ ကစားရမည်ဟုလည်း သူမက ဆိုသည်။

    အစ္စရေးစစ်တပ်မှာ ၁၉၆၇ ခုနှစ် စစ်ပွဲတွင် အနောက်ဖက်ကမ်းကို သိမ်းယူပြီးကတည်းက ထိုဒေသအား ၎င်းတို့၏ ပိုင်နက်အဖြစ် သိမ်းပိုက်လာခြင်းဖြစ်သည်။

    ထိုတရားမ၀င်အခြေစိုက်အိမ်ယာများတွင် အခြေစိုက်သည့် ကလပ်အသင်းများ အစ္စရေးဘောလုံးပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်မှုကိုလည်း ပါလက်စတိုင်းက အချိန်အတော်ကြာကတည်းကပင် ဆန့်ကျင်ခဲ့သည်။ ထိုကလပ်သင်းများမှာ များသာအေားဖြင့် တတိယတန်း၊ စတုတ္ထတန်းနှင့် ပဉ္စမတန်းတို့တွင် ၀င်ရောက်ယှဉ်ပြိုင် ကစားနေသည်။

    ဖီဖာက ထိုကိစ္စနှင့်ပတ်သက်၍ အောက်တိုဘာ ၁၃-၁၄ ရက်များတွင် ပြုလုပ်မည့် အမှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။

    “ဖီဖာရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အဖွဲ့ဝင်နိုင်ငံတွေကြားတဲ့မှာ ရင်းနှီးတဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ အားထုတ်မှုတွေကို ဖီဖာက ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ဘောလုံးပြိုင်ပွဲနဲ့ အဲဒီပြိုင်ပွဲမှာ ပါဝင်သူတိုင်း အကျိုးဖြစ်ထွန်းစေမယ့် အဖြေမျိုး ဖော်ဆောင်ဖို့ကိုလည်း လုပ်ဆောင်သွားမှာပါ” ဟု ဖီဖာမှထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အစ္စရေးဘောလုံးအဖွဲ့ချုပ်ကတော့ HRW ၏ လုပ်ရပ်မှာ ဘောလုံးပြိုင်ပွဲကို ဘောလုံးကွင်းထဲမှ နိုင်ငံရေးနယ်ပယ်ထဲကို ဆွဲသွင်းနေသည်ဟု တုန့်ပြန်ခဲ့ပြီး ဖီဖာအနေဖြင့် ထိုပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်ဟုလည်း ဆိုသည်။

    ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်အကြီးအကဲ ဂျီဘရီလ် ရာဂျွဘ်က ထိုပြဿနာအား ဖြေရှင်းပေးရန် အာရှဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပသမဂ္ဂတို့ကိုလည်း တောင်းဆိုထားပြီး ဖီဖာအမှုဆောင်ကော်မတီကလည်း ဆောင်ရွက်ပေးမည်ဟု မျှော်လင့်ကြောင်း ဖွင့်ဟခဲ့သည်။

    ထိုပြဿနာကို မဖြေရှင်းနိုင်ပါက ပါလက်စတိုင်းဘောလုံးအဖွဲ့ချုပ်မှာ အစ္စရေးကို ဖီဖာမှ ဖယ်ရှားရန် သို့မဟုတ် ပိတ်ပင်ရန် အားထုတ်မှုကို ထပ်မံဆောင်ရွက်လာနိုင်သည်။

    ပြီးခဲ့သည့်နှစ်က ပါလက်စတိုင်းကစားသမားများ၏ လွတ်လပ်စွာသွားလာမှုကို ပိတ်ပင်သည့် အစ္စရေးအား အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန်အတွက် ဖီဖာကို တိုက်တွန်းသည့် ဆုံးဖြတ်ချက်တစ်ခု ထွက်လာအောင် ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုလှုပ်ရှားမှုတွင် တရားမ၀င် အခြေချိအိမ်ယာများမှ အသင်းများအား ဆန့်ကျင်ကန့်ကွက်ရန်လည်း ပါဝင်သည်။

    သို့သော်လည်း နောက်ဆုံးအချိန်ကျမှ ထိုအစီအစဉ်ကို ရုပ်သိမ်းခဲ့ပြီး ဖီဖာက ထိုပြဿနာကို ဖြေရှင်းရန် စောင့်ကြည့်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီက ဖီဖာ၏ လာမည့်အစည်းအဝေးတွင် ၎င်းတို့၏ အကြံပြုချက်များကို တင်သွင်းမည် ဖြစ်သည်။

    ယခုနှစ်အစောပိုင်းကလည်း ဥရောပ ပါလီမန်မှ အမတ် ၆၆ ဦး လက်မှတ်ရေးထိုးကာ ပါလက်စတိုင်းပိုင်နက်များရှိ တရားမ၀င် အခြေချအိမ်ယာများ၌ အခြေစိုက်သည့် အစ္စရေးကလပ်များကို ပိတ်ပင်ရန်အတွက် ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုအား တိုက်တွန်းသည့် စာတစ်စောင်ကို ပေးပို့ခဲ့သည်။

    အဆိုပါ အမတ်များက ခရိုင်းမီးယားအခြေစိုက် ကလပ်များကို ရုရှားပြိုင်ပွဲများတွင် ၀င်ရောက်ကစားခွင့် ပိတ်ပင်ရန် ၂၀၁၄ ခုနှစ် ဖီဖာက ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို အစ္စရေး၏ တရားဝမင်အိမ်ယာများမှ အသင်းများကို ပိတ်ပင်ရန် ရှေ့ပြေးနမူနာ ဖြစ်သည်ဟု ထောက်ပြကြသည်။

    ပါလက်စတိုင်းပိုင်နက်များ ဖြစ်သည့် အနောက်ဖက်ကမ်းနှင့် ဂျေရုစလင်တို့တွင် အစ္စရေးက အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘဲ ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွင်လည်း အဓိက အဆီးအတား ဖြစ်နေသည်။

    ထိုကဲ့သို့ ကျူးကျော်ဆောက်လုပ်မှုများကို ကုလအပါအ၀င် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများက ရှုတ်ချထားပြီး ယခုလ အစောပိုင်းကလည်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ထို အခြေချအိမ်ယာများမှာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera