News @ M-Media

Blog

  • IS အားထောက်ခံသည့် အစွန်းရောက်တစ်ဦးကို စင်ကာပူ ဖမ်းဆီးထိန်းသိမ်း

    IS အားထောက်ခံသည့် အစွန်းရောက်တစ်ဦးကို စင်ကာပူ ဖမ်းဆီးထိန်းသိမ်း

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    sing

    – IS အကြမ်းဖက်အဖွဲ့အား လူသိရှင်ကြားထောက်ခံကာ အခြားသူများအား အစွန်းရောက်စေရန် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားတစ်ဦးကို ဖမ်းဆီးကာ ပြည်တွင်းလုံခြုံရေး အက်ဥပဒေဖြင့် ထိန်းသိမ်းထားသည်ဟု စင်ကာပူနိုင်ငံက ကြေငြာလိုက်သည်။

    အသက် ၄၄ နှစ်အရွယ်ရှိ ဇူဖီကာရ် မိုဟာမက် ရှရစ်ဖ်ဆိုသူဖြစ်ပြီး ၂ နှစ်ထိန်းသိမ်းထားရန် ဇူလိုင်လအတွင်းက အမိန့်ချမှတ်ခဲ့သည်ဟု စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက ယမန်နေ့တွင်ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ရရှစ်ဖ်မှာ အစွန်းရောက်များက ရေးသားသော ဂျီဟတ်ဝါဒနှင့်စက်ဆက်သည့် စာအုပ်များကို ဖတ်ရှုပြီးနောက် ၂၀၀၁ ခုနှစ်အစောပိုင်းကတည်းက အစွန်းရောက်ခဲ့ခြင်းဖြစ်ပြီး အလ်ကိုင်းဒါးနှင့် ဂျာမေအာ အစ္စလာမ်မီယာတို့ကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းများကိုလည်း ထောက်ခံသူတစ်ဦးဖြစ်သည်ဟု ၀န်ကြီးဌာနက ဆိုသည်။

    ထို့ပြင် ၂၀၀၁ ခုနှစ် စက်တင်ဘာ တိုက်ခိုက်မှုပြီးနောက် မွတ်စလင်များအနေဖြင့် အာဖဂန်သို့သွားရန် လက်နက်ကိုင်ကြရန်လည်း လှုံ့ဆော်ခဲ့သူဖြစ်သည်။

    ၂၀၀၂ ခုနှစ်တွင် ရရှစ်ဖ်မှာ မိသားစုနှင့်အတူ သြစတေးလျသို့ ပြောင်းရွှေ့ခဲ့ပြီး သဘောထားတင်းမာသည့် Hizbu Tahirr အဖွဲ့နှင့် ဆက်သွယ်ခဲ့သည်။ ၎င်း၏ Facebook စာမျက်နှာအရ ၎င်းမှ မဲလ်ဘုန်းရှိ La Trobe တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရသူ တစ်ဦးဖြစ်သည်ဟု သိရပြီး အန်ဝါရ် အလ်-အ၀ါလ်ကီကဲ့သို့ အစွန်းရောက် တရားဟောဆရာများ၏ လွှမ်းမိုးမှုကိုလည်း ခံရသူ
    ဖြစ်သည်။

    ထို့ပြင် သြစတေးလျနှင့် နိုင်ငံရပ်ခြားရှိ အစွန်းရောက် တရားဟောဆရာများနှင့်လည်း အဆက်အသွယ်ရှိသူဖြစ်သည်။

    ၂၀၀၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အကြားတွင် စင်ကာပူနိုင်ငံသို့ အလည်အပတ် ခရီးစဉ်အဖြစ် ပြန်လာခဲ့ပြီး ယခုနှစ်ဇူလိုင် ၁ ရက်နေ့ စင်ကာပူသို့ပြန်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

    ရှရှစ်ဖ်မှာ သြစတေးလျနှင့် စင်ကာပူ နိုင်ငံနှစ်ခုစလုံး၏ နိုင်ငံသားခံယူထားသူဖြစ်သည်ဟု စင်ကာပူအာဏာပိုင်များက ပြောကြားခဲ့သည်။

    ဖမ်းဆီးမခံရမီ ရှရစ်ဖ်မှာ IS အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံသည့် ပို့စ်များစွာကို Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့ပြီး၊ ဘာသာတရားကို အလွဲသုံးစားပြုကာ IS အား တရားဝင်သည့်ပုံစံဖြစ်အောင် ရေးသားမှုများ ပြုလုပ်ခဲ့သည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ထို့ပြင် အရှေ့အလယ်ပိုင်း၊ ပါလက်စတိုင်း၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံများမှ မွတ်စလင်များအနေဖြင့် လက်နက်စွဲကိုင်ကြရန် ရရှစ်ဖ်က တိုက်တွန်းခဲ့ပြီး၊ ထိုလုပ်ရပ်တွင် ပါဝင်ရန် မွတ်စလင်များအား သွေးဆောင်သည့်အနေဖြင့် ၎င်းတို့၏ မိသားစုများနှင့် တိုက်ခိုက်ရေးသမားများအား ထောက်ပံ့ရေး စနစ်တစ်ခု ဖော်ဆောင်ရန်လည်း အဆိုပြုခဲ့သည်။

    ရရှစ်ဖ်ကဲ့သို့ အခြားသော အစွန်းရောက်အတွေးအခေါ်လွှမ်းမိုးသူများကိုလည်း ပြည်တွင်းလုံခြုံရေး အက်ဥပဒေအရ ထိန်းသိမ်းထားသည်ဟု ၀န်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Channelnewasisa

  • ကန်-အစ္စရေး လျှို့ဝှက်စစ်ရေးလေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့

    ကန်-အစ္စရေး လျှို့ဝှက်စစ်ရေးလေ့ကျင်မှုတစ်ခု ပြုလုပ်ခဲ့

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    us-is

    – နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတဲ့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ မကြာသေးမီက အစ္စရေးတောင်ပိုင်းမှာ လျှို့ဝှက်စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    Noble Shirley လို့အမည်ပေးထားတဲ့ အဲဒီ လေ့ကျင့်မှုကို နီဂျစ်ဗ် သဲကန္တာရမှာ ပြီးခဲ့တဲ့တစ်ပတ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်မှုကို နေ့အချိန်မှာရော ညအချိန်မှာပါ ဆောင်ရွက်ခဲ့တာ ဖြစ်ကာ အမေရိကန်ရေတပ်နဲ့ အစ္စရေး ကြည်း၊ ရေ၊ လေမှ အထူးတပ်ဖွဲ့များ ပါဝင်ခဲ့ပါတယ်။

    လေ့ကျင့်မှုထဲမှာ စစ်သားတွေနဲ့ အထူးတပ်ဖွဲ့တွေက မြေပေါ်မြေအောက် မြို့ပြစစ်ဆင်ရေးများ၊ ရန်သူစည်းနောက်ဘက်နေရဟတ်ယာဉ်ဆင်းသက်ခြင်းလုပ်ငန်းများ၊ အနီးကပ်တိုက်ခိုက်မှုနဲ့ စစ်ရေးအားသုံးအနိုင်ယူခြင်းနည်းလမ်းတွေကို လေ့ကျင့်ခဲ့ပါတယ်။

    David’s Sling လို့ခေါ်ပြီး တာလတ်နဲ့ တာဝေးအထိ ပစ်လို့ရတဲ့ အစ္စရေးရဲ့ ဒုံးကျည်စနစ်ကိုလည်း အဲဒီလေ့ကျင့်မှုမှာ အသုံးပြုခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၃ ပတ်ကလည်း အစ္စရေးနဲ့ အမေရိကန်တို့ဟာ ဒုံးကျည်စနစ်တွေ အလုပ်လုပ်မှုနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။

    Ref: Presstv

  • အကြမ်းဖက်မှုနှင့် စစ်ပွဲများက ဘာသာတရားကြောင့်မဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟများကြောင့်ဟု ပုပ်ရဟန်းမင်းကြီးပြော

    အကြမ်းဖက်မှုနှင့် စစ်ပွဲများက ဘာသာတရားကြောင့်မဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟများကြောင့်ဟု ပုပ်ရဟန်းမင်းကြီးပြော

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    pope 2

    – ကမ္ဘာကြီးတွင် အကြမ်းဖက်မှုနှင့် စစ်ပွဲများ ဖြစ်ပွားနေသော်လည်း ၎င်းတို့မှာ ဘာသာတရားများအကြား ဖြစ်ပွားနေသည့် စစ်ပွဲများမဟုတ်ဘဲ လောဘ၊ ဒေါသ၊ မောဟများကြောင့် ဖြစ်ပွားနေသည့် စစ်ပွဲများဖြစ်ကြောင်း ဘာသာတရားများမှာ စစ်ပွဲကို မလိုချင်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြောကြားလိုက်သည်။

    ၅ ရက်ကြာခရီးစဉ်အဖြစ် ပိုလန်နိုင်ငံသို့ မထွက်ခွာခင် ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ခြင်းဖြစ်ပြီး ယခုတစ်ပတ်အတွင်း ပြင်သစ်နိုင်ငံ နော်မန်ဒီဒေသရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့ပြီး အသက် ၈၀ ကျော် ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး သေဆုံးခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုအတွက် ၀န်းနည်းမိသည်ဟု ဖရန်စစ်က ဆိုသည်။

    “ဒီတိုက်ခိုက်မှုဟာ စစ်ပွဲတစ်ခုပါ။ ဒါမျိုးပြောဖို့ ကျွန်တော်တို့ ကြောက်နေစရာ မလိုပါဘူး” ဟု ပုပ်ရဟန်းမင်းကြီးက ရောမမှ မထွက်ခွာခင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းဆိုလိုသည့် စစ်ပွဲ၏အဓိပ္ပါယ်ကို နားလည်မှုမလွဲရန်လည်း ထပ်မံရှင်းပြခဲ့သည်။

    “ဒီစကားလုံးကို ကျွန်တော် ရှင်းပြချင်ပါတယ်။ ကျွန်တော် ‘စစ်ပွဲ’ ဆိုတဲ့စကားလုံးကိုသုံးတဲ့အခါ တကယ့်စစ်ပွဲအကြောင်းကိုရည်ညွှန်းတာပါ။ အကျိုးစီးပွားအတွက်၊ ငွေအတွက်၊ အရင်းအမြစ်တွေအတွက်၊ လူတွေအပေါ်မှာ စိုးမိုးနိုင်ဖို့အတွက် တိုက်နေကြတဲ့ စစ်ပွဲတွေပေါ့ဗျာ။ ဒါတွေဟာ ဘာသာတွေအကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေ မဟုတ်ပါဘူး။ ဘာသာတရားတွေကလည်း စစ်ပွဲတွေကို မလိုချင်ပါဘူး။ လူတွေကသာ စစ်ပွဲတွေကို လိုချင်ကြတာပါ”

    ထို့ပြင် စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှု၊ ဘာသာရေးဖိနှိပ်ချုပ်ချယ်မှုတို့ကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာရသည့် ဒုက္ခသည်များကို ကြိုဆိုရန်၊ ထိုကိစ္စအတွက် သတ္တိရှိကြရန် မေတ္တတရား ထားရှိကြရန်လည်း ပုပ်ရဟန်းမင်းကြီး တိုက်တွန်းခဲ့သည်။

    ကွန်ဆာဗေးတစ်အစိုးရဖြစ်သော ပိုလန်အစိုးရမှာ ဒုက္ခသည်များကို ၀င်ခွင့်ပိတ်ပင်ထားပြီး ပိုလန်သမ္မတ၊ သံတမန်များ၊ အခြားသော တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်အခါတွင်လည်း ပုပ်ရဟန်းမင်းကြီးက ဥရောပက လိုအပ်နေသည့် အရာတစ်ခုမှာ ဒုက္ခသည်များအား ကြိုဆိုလိုသည့်၊ ၎င်းတို့နှင့်အတူ ရပ်တည်ပေးလိုသည့် စိတ်ဓာတ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Yahoo

  • အီလက်ထရောနစ်အခြေပြု ဘဏ္ဍာရေးဝန်ဆောင်မှုစီမံကိန်း လာမည့်နှစ်ဆန်းတွင် စမည်

    အီလက်ထရောနစ်အခြေပြု ဘဏ္ဍာရေးဝန်ဆောင်မှုစီမံကိန်း လာမည့်နှစ်ဆန်းတွင် စမည်

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    ATm

    – နိုင်ငံလုံးအဆင့် အီလက်ထရောနစ် ဘဏ္ဍာရေးဝန်ဆောင်မှုစီမံကိန်း ဖော်ဆောင်ရန်အတွက် Myanmar Payment Union (MPU) နှင့် ဗီယက်နမ်နိုင်ငံမှ ထိပ်တန်း နည်းပညာကော်ပိုရေးရှင်တစ်ခုဖြစ်သာ FPT၊ National Payment Corporation of Vietnam (NAPAS) တို့မှာ ရန်ကုန်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    သဘောတူညီချက်တွင် FPT မှာ ဆောဖ့်ဝဲ၊ ပစ္စည်းကိရိယာများ၊ လုပ်ငန်းလုပ်ဆောင်မှုများ၊ စီမံကိန်းနှင့်ပတ်သက်သည့် အခြားသော နည်းပညာဆိုင်ရာ ကူညီထောက်ပံ့မှုများကို အကောင်အထည်ဖော်ရေး ရင်းနှီးမြှုပ်နှံသူတစ်ဦးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး NAPAS ကမူ ပူးတွဲ ရင်းနှီးမြှုပ်နှံသူ ဖြစ်မည်ဖြစ်သည်။

    MPU က အခြေခံအဆောက်အဦးများတွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကာ ရှိပြီးသားဈေးကွက်အတွင်း စီးပွားရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။

    စီမံကိန်း၏ ပထအဆင့်ကို ၂၀၁၇ ခုနှစ် အစောပိုင်းတွင် စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ လက်ရှိတွင် ATM ပေါင်း ၂၀၀၀ ကျော်၊ POS ၆၀၀၀ နီးပါး၊ ဘဏ်ကဒ်အသုံးပြုသူပေါင်း ၁.၈ သန်း ရှိနေပြီး ငွေကြေးလွှဲပြောင်းမှု အများစုကို ငွေသားဖြင့် ပြုလုပ်နေရဆဲ ဖြစ်သည်။

    ယခုကဲ့သို့ အီလက်ထရာနစ်အခြေပြု ဘဏ္ဍာရေးနစ်က နိုင်ငံ၏ ငွေသားအသုံးပြု ဘဏ္ဍာရေးစနစ်ကို မြှင့်တင်ရာတွင် အကူအညီ ဖြစ်စေမည်ဖြစ်သည်။

    ယခုစီမံကိန်းအသစ်တွင် ATM၊ POS၊ E-comerce တို့ကဲ့သို့ ပုံမှန် ဘဏ်လုပ်ငန်းဝန်ဆောင်မှုအပြင် မိုဘိုင်းဝန်ဆောင်မှု၊ FMVနှင့် အီလက်ထရောနစ်စနစ်သုံး အခွန်ငွေပေးဆောင်မှုများလည်း ပါဝင်မည်ဖြစ်သည်။ ထိုစီမံကိန်းကို ၁ နှစ်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်မည်ဖြစ်ပြီး FPT ကမူ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့သူနှင့် ရင်းနှီးမြှုပ်နှံသူအဖြစ် ၁၀ နှစ် ဆက်ရှိသွားမည်ဖြစ်သည်။

    Ref: mizzima

  • အိုကီနာဝါကျွန်း၏ ပိုင်နက် ၁၇ ရာခိုင်နှုန်းကို အမေရိကန်က ဂျပန်ကို ပြန်ပေးမည်

    အိုကီနာဝါကျွန်း၏ ပိုင်နက် ၁၇ ရာခိုင်နှုန်းကို အမေရိကန်က ဂျပန်ကို ပြန်ပေးမည်

    ဇူလိုင် ၃၀၊ ၂၀၁၆
    M-Media

    japan 2

    – အမေရိကန်စစ်အခြေစိုက်စခန်းရှိနေတဲ့ အိုကီနာဝါကျွန်းက ဧရိယာ ၁၇ ရာခိုင်နှုန်းလောက်ကို ဂျပန်အစိုးရဆီ ပြန်ပေးသွားမယ်လို့ အမေရိကန်စစ်တပ်က ပြောကြားလိုက်ပြီး ၁၉၇၂ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ပိုင်နက်ပြန်ပေးမှုလည်း ဖြစ်ပါတယ်။

    အိုကီနာဝါမှာ အမေရိကန်စစ်အခြေစိုက်စခန်း ရှိနေမှုအတွက် ဂျပန်ပြည်သူတွေက ဆန္ဒပြမှုတွေ ဆက်တိုက်လုပ်လာပြီး မကြာသေးခင်က အဲဒီစစ်အခြေစိုက်စခန်းက ၀န်ထမ်းတစ်ဦးဟာ ဂျပန်အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုအတွက် ပြည်သူတွေရဲ့ ဒေါသက အမြင့်ဆုံးကို ရောက်ရှိလာတဲ့အချိန်မှာ အမေရိကန်ရဲ့ ဒီလိုကြေငြာမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

    အဲဒီစစ်အခြေစိုက်စခန်းက တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး လော့ရင့် ဒီ နီခိုလ်ဆင်ကတော့ မိမိတို့ထိန်းချုပ်ထားတဲ့ ဧရိယာရဲ့ ၄၀၀၀ ဟက်တာဧက ကို ဂျပန်အစိုးရဆီကို ပြန်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

    အိုကီနာဝါကျွန်းရဲ့ငါးပုံတစ်ပုံလောက်ရှိမယ့် အမေရိကန်စစ်အခြေစိုက်စခန်းမှာ စစ်သား ၃၀၀၀ ခန့်ရှိပါတယ်။ အိုကီနာဝါဟာ ၁၉၇၂ ခုနှစ်အထိ အမေရိကန်ရဲ့ လက်အောက်ခံနေရာအဖြစ် ရှိခဲ့တာပါ။

    ၁၉၉၆ ခုနှစ်က ဂျပန်ကျောင်းသူလေးတစ်ဦးကို အမေရိကန် စစ်သားသုံးယောက်က အဓမ္မပြုကျင့်ပြီးနောက်ပိုင်းမှာ အမေရိကန်စစ်သားတွေကို အိုကီနာဝါအပြင်ဘက် ဒါမှမဟုတ် လူဦးရေနည်းပါးတဲ့ ကျွန်းတွေကို ပြောင်းရွှေ့ဖို့ အမေရိကန်ရဲ့ ဂျပန်တို့က သဘောတူခဲ့ကြပါတယ်။

    Ref : Presstv