News @ M-Media

Blog

  • ယမန်နှစ်ဘောလုံးရာသီတွင် ဘာစီလိုနာ၏ အမြတ်ငွေ စံချိန်တင်

    ယမန်နှစ်ဘောလုံးရာသီတွင် ဘာစီလိုနာ၏ အမြတ်ငွေ စံချိန်တင်

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    barcar

    – ပြီးခဲ့သည့် ၂၀၁၅-၁၆ ဘောလုံးရာသီအတွင်း ဘာစီလိုနာအသင်း၏ အမြတ်ငွေဟာ ယူရို ၆၉၇ သန်းရှိခဲ့ပြီး စံချိန်တင်အမြတ်ငွေဖြစ်သည်ဟု အသင်း၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းအရ သိရသည်။

    အဆိုပါရှင်းတမ်းကို ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အခွန်ဆောင်ပြီးနောက် အသင်း၏ အသားတင်အမြတ်ငွေမှာ ယူရို ၂၉ သန်းရှိခဲ့သည်။ ဘာစီလိုနာကမူ လာမည့် ၂၀၂၁ ခုနှစ်တွင် အမြတ်ငွေ ယူရို ၁ ဘီလီယံအထိ ရရှိရန် ခန့်မှန်းထားသည့် မဟာဗျူဟာ အစီအစဉ်လည်း ရှိနေသည်။

    ထိုအစီအစဉ်တွင် အသင်း၏ နျူးကမ့်ကွင်းနှင့် ပတ်ဝန်းကျင်အား ပြင်ဆင်ရေးလုပ်ငန်းဖြစ်သော Espai Barca စီမံကိန်းလည်း ပါဝင်သည်။

    ယမန်နေ့ စာရင်းရှင်းတမ်းထုတ်ပြန်မှုတွင် အသင်း၏ စပွန်စာဖြစ်သော Qatar Airways နှင့် တစ်နှစ်သက်တမ်း တိုးသွားမည်ဟု ဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ကြေငြာခဲ့သည်။

    Ref: Goal

  • ဂျပန်ရှိ မသန်းစွမ်းသူများဂေဟာတွင် လူတစ်ဦး ဓားဖြင့်တိုက်ခိုက်မှုကြောင့် ၁၉ ဦးသေဆုံး

    ဂျပန်ရှိ မသန်းစွမ်းသူများဂေဟာတွင် လူတစ်ဦး ဓားဖြင့်တိုက်ခိုက်မှုကြောင့် ၁၉ ဦးသေဆုံး

    ဇူလိုင် ၂၆၊ ၂၀၁၆
    M-Media

    japan

    – ဂျပန်နိုင်ငံ တိုကျိုမြို့နောက်တောင်ပိုင်းမှ မသန်စွမ်းသူများ ဂေဟာအတွင်း လူတစ်ဦးက ဓားဖြင့် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများမှာလည်း ၂၀ ခန့်ရှိနေသည်ဟု သိရသည်။

    ကာနာဂါဝါပြည်နယ်၊ ဆာဂါမိဟာရမြို့ရှိ Tsukui Yamayuri-En ဂေဟာဖြစ်ပြီး ယနေ့မနက် ၂ နာရီခွဲခန့်တွင် တိုက်ခိုက်မှုဖြစ်ပွားကြောင်း မိမိတို့ဌာနသို့ ဖုန်းခေါ်ဆိုခဲ့သည့်အတွက် မိမိတို့က သွားရောက်ရင်ဆိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ဓားဖြင့်တိုက်ခိုက်သူမှာ အသက် ၂၆ နှစ်အရွယ်ရှိ အမျိုးသားဖြစ်ပြီး ထိုဂေဟာတွင် ယခင်က ၀န်ထမ်းအဖြစ် ၀င်ရောက်အလုပ်လုပ်ဖူးသူဖြစ်ကာ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ရဲတပ်ဖွဲ့သို့ သွားရောက် အဖမ်းခံခဲ့သည်။ ရဲတပ်ဖွဲ့ကမူ တိုက်ခိုက်သူမှာ မသန်စွမ်းသူများကို ဤလောကမှ ဖယ်ရှားချင်ကြောင်း ဟစ်အော်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဆာဂါမိဟာရမြို့ မီးသတ်ဌာနကမူ တိုက်ခိုက်မှုအတွင်း လူ ၁၉ ဦးသေဆုံးခဲ့သည်ဟု AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ အဆိုပါ မသန်စွမ်းသူများဂေဟာတွင် ၀န်ထမ်းများအပါအ၀င် အများဆုံး လူပေါင်း ၁၆၀ ခန့်နေထိုင်ပြီး ညဘက်တွင် တံခါးပိတ်ထားသော်လည်း တိုက်ခိုက်သူမှာ ပြတင်းပေါက်အားခွဲကာ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

    သေနတ်ကိုင်ဆောင်မှုအား တင်းကျပ်စွာ ထိန်းချုပ်ထားသည့် ဂျပန်နိုင်ငံတွင် ထိုကဲ့သို့ အစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှုမှာ အဖြစ်နည်းပြီး၊ ၂၀၀၈ ခုနှစ်က လူတစ်ဦး လူအုပ်ကြီးထဲသို့ ထရပ်ကားဖြင့် ၀င်ရောက်တိုက်ခြင်းကြောင့် လူ ၇ ဦးသေဆုံးခဲ့မှုမှာ ထင်ရှားသည့်အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။

    Ref: Aljazeera

  • ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၂)

    ဇူလိုင်၂၅ ၊ ၂၀၁၆
    M-Media
    မိုးစက် ဆက်သွယ်မေးမြန်းသည်။
    .religion_MM-page-016
    ၂၀၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ ကိုးကွယ်သည့် ဘာသာဆိုင်ရာ အချက်လက်များ ထုတ်ပြန်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့ရာ ပြည်ထောင်စု ဝန်ကြိး ဦးသိန်းဆွေမှ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာသွားပါတယ်။
    .
    ဗုဒ္ဓဘာသာ-၈၇.၉ %
    ခရစ်ယာန်ဘာသာ- ၆.၂ %
    အစ္စလာမ်- ၄.၃ %
    ဟိန္ဒူ- ၀.၅ %
    နတ်ကိုးကွယ်သူ- ၀.၈%
    အခြား- ၀.၂ %
    ဘာသာမဲ့- ၀.၁ %
    (စာရင်းကောက်ယူနိုင်ခြင်းမရှိသည့် ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာဝင်များ ထည့်သွင်းတွက်ချက်ထားသည့် စာရင်းဖြစ်သည်။)
    .
    အဆိုပါ စာရင်း ထုတ်ပြန်မှုနှင့် ပတ်သက်ပြီး အစ္စလာမ်ဘာသာ အဖွဲ့အစည်းတချို့ မှ ခေါင်းဆောင်များကို M-Media မှ ဆက်သွယ်ပြီး ၄င်းတို့ရဲ့ အမြင်များကို မေးမြန်းခဲ့ပါတယ်။ ဇူလိုင်လ (၂၄) ရက်နေ့ က အပိုင်း(၁) အဖြစ် ဖော်ပြခဲ့ပြီး ယခု ကျန်ရှိနေတဲ့ အပိုင်းကို ထပ်မံ၍ ဖော်ပြလိုက်ပါတယ်။
    .
    အလ်ဟဂ်ျ ဦးအေးလွင် (အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး)
    (ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ကို ထူထောင်သူတွေထဲမှာ ပါဝင်သူတဦး)
    ————————————————————————-

    DSCN5664-1
    အခု ထုတ်ပြန်လိုက်တဲ့ လူဦးရေစာရင်းက တိကျမှန်ကန်မှု မရှိပါဘူး။ အစ္စလာမ် ဘာသာဝင် လူဦးရေ ဒီထက်များတယ်ဆိုတာ အသိအသာကြီးပါ။ ဒါတွေဟာ ဘာကြောင့်လည်း ဆိုရင်တော့ Technical Error လို့ ခေါ်တဲ့ နည်းပညာဆိုင်ရာ ချွတ်ချော်မှုတွေပဲလို့တော့ ထင်ပါတယ်။ တချို့ဟာတွေလည်း ရှိမှာပါ။ သူများတွေကိုတော့ မစွပ်စွဲချင်တော့ပါဘူး။
    .
    အရှိတရားတွေကို အရှိတရားအတိုင်းပဲ ထားစေချင်တယ်။ မဟုတ်ရင် တိုင်းပြည်က ချွတ်ခြုံ ကျနေဦးမှာပဲ။ နိုင်ငံတော်သစ် တည်ထောင်တော့မယ်ဆိုရင် စီမံခန့်ခွဲမှုအပိုင်းတွေလိုတယ်။ တိကျမှုမရှိတဲ့ ကိန်းဂဏန်းတွေနဲ့ ရှေ့ဆက်ပြီး သွားမယ်ဆိုရင်တော့ တိုးတက်ထူးခြားမှုတွေဆိုတာလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

    ..xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

    အလ်ဟဂ်ျ  ဦးမြင့်ထွန်း (ဥက္ကဌ၊ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့)
    (သမ္မတဦးသိန်းစိန် လက်ထက်ဖွဲစည်းခဲ့သည့် ရခိုင် ပဋိပက္ခအရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်)
    ——————————————————

    U Myint Tun
    ထွက်လာတဲ့ ရာခိုင်နှုန်းက အပြည့်မှန်တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ အားနည်းချက်တွေ ရှိနေတယ်လို့ပဲ ထင်ပါတယ်။ နှစ်ဦးနှစ်ဖက် အားနည်းချက်တွေပေါ့။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဘက်ကည်း သန်းခေါင်းစာရင်း လာကောက်တဲ့အချိန်မှာ နိုင်ငံရပ်ခြားမှာသွားပြီး အလုပ်လုပ်နေတဲ့သူတွေကို ထည့်မပြောတာမျိုးတို့၊ မှတ်ပုံတင်လုပ်ရတာ မလွယ်လို့ လွယ်အောင် အဆင်ပြေတဲ့ ဘာသာနာမည်ပဲ ရေးပြီး လုပ်ထားတာမျိုးတွေ အဲ့ဒါမျိုးတွေတော့ ရှိပါတယ်။ စာရင်းကောက်တဲ့ လူတွေဘက်ကလည်း ရေးမှတ်တာတွေမှားတာ၊ နားလည်မှုတွေ လွဲတာတွေလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သဟဇာတဖြစ်မှုတွေက အားနည်းနေတာပါ။
    .
    ကျွန်တော်ထင်တာကတော့ လူဦးရေက ခုထုတ်ပြန်တာထက် တော်တော်ပိုမယ် ထင်ပါတယ်။ ၅ နဲ့ ၆ ကြားလောက် ရှိနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကောက်တဲ့စာရင်းကလည်း လ.ဝ.က က ကိုင်ထားတော့ တိတိကျကျ မသိရဘူး။
    .
    ခုလိုမျိုး သန်းခေါင်းစာရင်းကောက်တာတွေကိုသာ (၁၀) နှစ် တစ်ကြိမ်လောက် အစိုးရဘက်က လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဒါမှပဲ စာရင်းကောက်တဲ့လူတွေလည်း အသားကျပြီးတော့ မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်မယ်။
    .
    ကျွန်တော်တို့ ဘာသာရေးအဖွဲ့အစည်းတွေကလည်း မြေပြင်စာရင်းကောက်ဖို့ကို လုပ်ထားသင့်တယ်ပေါ့။ တခြားအဖွဲ့တွေနဲ့ ဝိုင်းဝန်းတိုင်ပင်ပြီး ဆောင်ရွက်ထားသင့်တယ်လို့ ထင်ပါတယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
    ဘာသာအလိုက် လူဦးရေစာရင်းအပေါ် မွတ်စလင်မ် ခေါင်းဆောင်များ၏ သုံးသပ်ချက် (၁) ဖတ်ရန်
    http://www.m-mediagroup.com/news/58261

  • ရေကြီးမှုတွင် တာဝန်ပျက်ကွက်သူ အစိုးရအရာရှိများကို တရုတ် အရေးယူမည်

    ရေကြီးမှုတွင် တာဝန်ပျက်ကွက်သူ အစိုးရအရာရှိများကို တရုတ် အရေးယူမည်

    ဇူလိုင် ၂၅၊ ၂၀၁၆
    M-Media

    china 6

    – လူအယောက် ၂၀၀ ကျော် သေကျေပျောက်ဆုံးမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့ ရေကြီးမှုအပြီးမှာ တာဝန်ရှိသူ အရာရှိ ၄ ဦးကို တရုတ်အစိုးရက ရာထူးကနေ ရပ်နားလိုက်ပြီး၊ အဲဒီ အာဏာပိုင်တွေဟာ ရေကြီးမယ့်သတင်းကို ဖုံးကွယ်ထားတယ်လို့ လူထုက သံသယရှိတာကြောင့် ဖြစ်ပါတယ်။

    ယခုရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ မိုးအကြီးအကျယ်ရွာသွန်းမှုကြောင့် လူဦးရေ သုံးသိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး၊ ရေအလွန်တက်နေတာကြောင့် ရာထောင်ချီသောလူတွေကလည်း ပိတ်မိနေခဲ့ပါတယ်။

    ရေဘေးသင့်ဒေသတစ်ခုဖြစ်တဲ့ ဟီဘေးပြည်နယ် ဇင်တိုင်းမြို့က ဒေသခံတွေကတော့ မိုးအကြီးအကျယ်ရွာသွန်းမယ့်ကိစ္စကို သတိပေးဖို့၊ ဘေးအန္တရာယ်နဲ့ပက်သက်ပြီးကာကွယ်ပေးဖို့ တာဝန်ရှိသူတွေက ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

    အဲဒီလို ပေါ့လျော့မှုကြောင့်ပဲ ဇင်တိုင်းမြို့မှာ လူ ၂၅ ဦးသေဆုံးပြီး ၁၃ ယောက်ပျောက်နေကာ၊ ရေကြီးမှုထဲမှာ နှစ်မြှုပ်သေဆုံးသွားတဲ့ ကလေးငယ် အလောင်းဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာပြီးနောက် အာဏာပိုင်တွေအပေါ် ပြည်သူတွေရဲ့ ဒေါသက ပိုကြီးသွားခဲ့ပါတယ်။

    ဒီနောက်ပိုင်းမှာ ဒီလို ရုတ်တရတ်ရေကြီးမှုဟာ ဒေသတွင်းက ရေလှောင်ကန်ကြီးတစ်ခုကို မြို့ခံတွေအိပ်နေတဲ့အချိန် ဖောက်ချလိုက်တဲ့အတွက် ဖြစ်တယ်ဆိုတဲ့ သံသယတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

    ဟီဘေးပြည်နယ် ကွန်မြူနစ်ပါတီ ကော်မတီက မိမိတို့အနေနဲ့ ဇင်တိုင်းမြို့က တာဝန်ရှိသူ ၂ ဦး၊ အင်ဂျင်နီယာချုပ်တစ်ဦးနဲ့ ခရိုင်လက်ထောက်အကြီးအကဲတို့ကို တာဝန်မှ ရပ်စဲလိုက်ကာ၊ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး အပြစ်ပေးသွားမယ်လို့ ကြေငြာခဲ့ပါတယ်။

    ဇင်တိုင်းမြို့တော်ဝန်ကလည်း ရေကြီးမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ မကျေနပ်မှုအတွက် တောင်းပန်ခဲ့ပါတယ်။

    Ref; channelnewsasia

  • ဆီးရီးယားရှိ အမေရိကန်မှ ပံ့ပိုးနေသောအဖွဲ့များ၏ တည်နေရာကို ပြောရန် ရုရှားတောင်းဆို

    ဆီးရီးယားရှိ အမေရိကန်မှ ပံ့ပိုးနေသောအဖွဲ့များ၏ တည်နေရာကို ပြောရန် ရုရှားတောင်းဆို

    ဇူလိုင် ၂၅၊ ၂၀၁၆
    M-Media

    syria 5

    – ဂျော်ဒန်နယ်စပ်အနီး အမေရိကန်က ထောက်ပံ့မှုတွေ ပြုလုပ်နေတဲ့ ဆီးရီးယားသူပုန်တွေကို ရုရှားတိုက်လေယာဉ်တွေက ဗုံးကြဲခဲ့တယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာ ဆီးရီးယားက အမေရိကန်ကျောထောက်နောက်ခံပြု အဖွဲ့တွေရဲ့ တည်နေရာကို ပြောပြဖို့ ရုရှားက တောင်းဆိုလိုက်ပါတယ်။

    တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ စစ်စခန်းဟာ အလမ်-တန့်ဖ်လို့ခေါ်တဲ့ စခန်းဖြစ်ပြီး IS အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ အမေရိကန်ကပံ့ပိုးတဲ့ အဖွဲ့တွေက စီစဉ်နေတဲ့အချိန် ရုရှားက ဗုံးကြဲခဲ့တာဖြစ်တယ်လို့ အမေရိကန်က ပြောထားပါတယ်။ အဆိုပါ စစ်စခန်းကို အမေရိကန်နဲ့ ဗြိတိန်စစ်သားတွေက အသုံးပြုခဲ့တာဖြစ်ပြီး ရုရှားဘက်က လျှပ်တပြက်ဝင်မတိုက်ခင် တစ်ရက်အလိုမှာ စွန့်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

    ဒီလိုစွပ်စွဲမှုအတွက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး Igor Konashenkov က အမေရိကန်အာဏာပိုင်တွေအနေနဲ့ သူတို့ထောက်ပံ့ပေးတဲ့ အုပ်စုတွေရဲ့ တည်နေရာအမှတ်အသားနဲ့ ဘယ်မှာအခြေစိုက်လဲဆိုတာကို ပြောဖို့ ငြင်းဆန်ခဲ့တဲ့အပေါ် အပြစ်တင်ခဲ့ပါတယ်။

    “IS ဆန့်ကျင်ရေး မဟာမိတ်နိုင်ငံတွေရဲ့ အထူးတပ်ဖွဲ့ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့စစ်သားတွေဟာ ရုရှားလေကြောင်းတပ်ဖွဲ့ရဲ့ ပစ်မှတ်ထားတဲ့အန္တရာယ်စက်ကွင်းထဲမှာ ၀င်နေတာကို အသိပေးဖို့ သူတို့မှာ လုံးဝတာဝန်ရှိပါတယ်”လို့ Konashenkov က ပြောကြားခဲ့ပါတယ်။

    Konashenkov က အခုလို မတော်တဆမှုမျိုး တကျော့ပြန်မဖြစ်ဖို့ဆိုတာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှသာ ကာကွယ်နိုင်မှာဖြစ်ကြောင်း ထပ်လောင်းပြောဆိုခဲ့ပါတယ်။

    Ref : Presstv