News @ M-Media

Blog

  • ကမ္ဘာ့ လက်နက်တပ်ဒရုန်းစျေးကွက်ကို ၀င်လာတော့မယ့် အီရန်

    ကမ္ဘာ့ လက်နက်တပ်ဒရုန်းစျေးကွက်ကို ၀င်လာတော့မယ့် အီရန်

    ဇူလိုင် ၂၉၊ ၂၀၂၂
    M-Media

    -နိုင်ငံတကာရဲ့ ဆယ်စုနှစ်ချီ ပိတ်ဆို့မှုတွေကြားထဲက ကာကွယ်ရေးစွမ်းအား ကောင်းမွန်အောင် ကြိုးစားနေတဲ့ အီရန်နိုင်ငံဟာ အခုအချိန်မှာတော့ နည်းပညာမြင့် ဒရုန်းတွေကို တင်ပို့ရောင်းချနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာပြီလို့ ပညာရှင်တွေက သုံးသပ်ပါတယ်။

    အီရန်ဒရုန်းတွေကို များသောအားဖြင့် ပဋိပက္ခဖြစ်နေတဲ့ အရှေ့အလယ်ပိုင်းက လက်နက်ကိုင်တွေဆီမှာ တွေ့ရလေ့ရှိပေမယ့်၊ တစ်ခြားနိုင်ငံတွေကို တင်ပို့ရောင်းချမှုတွေ ရှိနေတာပါ။

    အထူးသဖြင့် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုဒဏ် ခံနေရတဲ့ ဗင်နီဇွဲလား၊ ဆူဒန်လို နိုင်ငံမျိုး၊ အီသီယိုးပီးယား၊ ယီမင်နဲ့ တာဂျစ်ကစ္စတန် နိုင်ငံတွေကို တင်ပို့နေသလို့ ရုရှားကလည်း ဒရုန်းရာချီ ၀ယ်ယူမယ်လို့ သိပ်မကြာခင်က သတင်းထွက်ခဲ့ပါတယ်။

    “ဒရုန်းတွေကို တင်ပို့ရောင်းချတဲ့နေရာမှာ အီရန်ဟာ အဓိကနိုင်ငံတစ်ခု ဖြစ်လာနေပါတယ်။ Mohajer-6 လို ဒရုန်းအသစ်တွေကို အာဖရိကဒေသမှာ တွေ့လာရတာကိုကြည့်ရင် နိုင်ငံတွေက ဒီဒရုန်းတွေကို ပွဲအဖြေပြောင်းလဲနိုင်မယ့် လက်နက်တွေအဖြစ် ယူဆနေတာကို တွေ့ရပါတယ်” လို့ ပါလက်စတိုင်းအခြေစိုက် ကာကွယ်ရေးနဲ့ ဒရုန်းရေးရာကျွမ်းကျင်သူ ဆက်သ် ဖရန့်ဇ်မန်က ပြောပါတယ်။

    အီရန်ဟာ ၁၉၈၀ ပြည့်နှစ်တွေကဖြစ်ပွားခဲ့တဲ့ အီရန်-အီရတ်စစ်ပွဲကနေ စတင်ပြီး ဒရုန်းတွေကို ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ နျူကိစ္စ၊ ဒုံးကျည်ထုတ်လုပ်မှု ကိစ္စတွေကြောင့် နိုင်ငံတကာရဲ့ ပိတ်ဆို့မှုတွေ ခံခဲ့ရပေမယ့် စစ်တပ်သုံးနဲ့ အရပ်ဖက်သုံး ဒရုန်းတွေကို ပုံမှန် ထုတ်လုပ်လာနိုင်ပါတယ်။

    အမေရိကန်က အီရန်ရဲ့ ဒရုန်းထုတ်လုပ်မှုကဏ္ဍကို နည်းမျိုးစုံနဲ့ ဟန့်တားဖို့ ကြိုးစားနေသလို၊ အစ္စရေးကလည်း အီရန်က ဒရုန်းထုတ်လုပ်မှုနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ခိုးကြောင်ခိုး၀ှက် တိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။

    အီရန်ဟာ ဒီလိုအခက်အခဲတွေကြားကနေ ဒရုန်းထုတ်လုပ်မှုကို အရှိန်မြှင့်လာနိုင်ခဲ့တာပါ။ နိုင်ငံခြားကို တင်ပို့တဲ့ အီရန်ထုတ် ဒရုန်းတွေက Mohajer-2 (M2-N)၊ Mohajer-6 (M6) နဲ့ Ababil (AB-2) ဖြစ်ပြီး ဒုံးကျည်တွေ တပ်ဆင်နိုင်ကာ တိုက်ခိုက်ရေးနဲ့ ထောက်လှမ်းရေး ၂ မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။

    ရုရှားကို ဒရုန်းရောင်းမယ်ဆိုတဲ့သတင်းအတွက် အီရန်က အတည်မပြုသလို၊ ငြင်းဆိုခြင်းလည်း မပြုပါဘူ။ အီရန်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြောငြာချက်မှာ ရုရှားနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဟာ ယူကရိန်းကို တိုက်ခိုက်မှုမတိုင်ခင်ကတည်းက ရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

    အီရန်ကြည်းတပ်တပ်မှူး ဗိုလ်မှူးချုပ် ကီယိုမာရ် ဟေဒါရီက အီရန်ဟာ မိတ်ဖက်နိုင်ငံတွေထံ စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

    အီရန်ဟာ တာဂျစ်ကစ္စတန်မှာ ဒရုန်းထုတ်လုပ်ရေးစက်ရုံကို တည်ဆောက်ထားပြီး ဒါဟာ အီရန်ရဲ့ ပြည်ပ ပထမဆုံး ဒရုန်းစက်ရုံလည်း ဖြစ်ပါတယ်။

    Ref: New York Time

  • အရပ်သားများကိုသတ်ခဲ့သည့် စစ်သားဟောင်းများကို စစ်ရာဇ၀တ်မှုဖြင့် ကိုလံဘီယာ တရားစွဲ

    အရပ်သားများကိုသတ်ခဲ့သည့် စစ်သားဟောင်းများကို စစ်ရာဇ၀တ်မှုဖြင့် ကိုလံဘီယာ တရားစွဲ

    ဇူလိုင် ၂၆၊ ၂၀၂၂
    M-Media


    -တိုင်းပြည် မငြိမ်ဖြစ်နေတဲ့ ကာလအတွင်းမှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် စစ်သားဟောင်း ၁၉ ဦးကို ကိုလံဘီယာက စစ်ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

    ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးကြီးနှစ်ဦးတို့ ပါ၀င်ပြီး နိုင်ငံအလယ်ပိုင်းက ကာဆာနာရီဒေသမှာ လူပေါင်း ၃၀၃ ဦး သတ်ဖြတ်မှုနဲ့ ပတ်သတ်နေတာပါ။ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီသတ်ဖြတ်မှုကို ငြိမ်းချမ်းရေးဆိုင်ရာ အထူးခုံရုံး (JEP) က စုံစမ်းစစ်ဆေးပြီးတဲ့နောက် ကျူးလွန်မှုအထောက်အထားတွေ တွေ့ရတဲ့အတွက် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

    ကိုလံဘီယာမှာ ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာ မတည်မငြိမ် ဖြစ်ခဲ့ပြီး အဲဒီကာလအတွင်း စစ်သားတွေက အခွင့်ထူး ခံစားရဖို့နဲ့ ရာထူးတက်ဖို့အတွက် အရပ်သားတွေကို သတ်ဖြတ်ကာ လက်နက်ကိုင်တွေအဖြစ် လိမ်လည်ပုံဖော်ကြပါတယ်။

    လက်ယာသမား အလ်ဗာရို အူရိုက် သမ္မတလုပ်တဲ့ ၂၀၀၅ ခုနှစ် ၂၀၀၈ ခုနှစ်အတွင်း ကိုလံဘီယာ စစ်သားတွေဟာ သတ်ဖြတ်မှုပေါင်း ၆၄၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ သတင်းထွက်ပါတယ်။

    စစ်တပ်နဲ့ သူပုန်တွေရဲ့ ကျူးလွန်မှုတွေကို စုံစမ်းဖော်ထုတ် ဖြေရှင်းဖို့အတွက် ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးရတဲ့အခါ JEP ကို ဖွဲ့စည်းခဲ့ပါတယ်။

    အခု တရားစွဲဆိုခံရတဲ့ စစ်သားတွေဟာ တပ်မ ၁၆ က ဖြစ်ပြီး အငြိမ်းစားယူထားကြသူတွေပါ။ အပြစ်ကို၀န်ခံပြီး ကျန်ရစ်သူတွေကို တောင်းပန်ရင် ထောင်ဒဏ်သက်သာမှာဖြစ်ကာ ဒါမှမဟုတ်ရင် ထောင်ဒဏ်အနှစ် ၂၀ ကျခံရမှာ ဖြစ်ပါတယ်။
    Ref: Reuters


    ဗိုလ်ချုပ်တစ်ဦး၊ ဗိုလ်မှူးကြီးနှစ်ဦးတို့ ပါ၀င်ပြီး နိုင်ငံအလယ်ပိုင်းက ကာဆာနာရီဒေသမှာ လူပေါင်း ၃၀၃ ဦး သတ်ဖြတ်မှုနဲ့ ပတ်သတ်နေတာပါ။ ၂၀၀၅ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီသတ်ဖြတ်မှုကို ငြိမ်းချမ်းရေးဆိုင်ရာ အထူးခုံရုံး (JEP) က စုံစမ်းစစ်ဆေးပြီးတဲ့နောက် ကျူးလွန်မှုအထောက်အထားတွေ တွေ့ရတဲ့အတွက် တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။

    ကိုလံဘီယာမှာ ပြည်တွင်းစစ်ကြောင့် နှစ်ပေါင်းများစွာ မတည်မငြိမ် ဖြစ်ခဲ့ပြီး အဲဒီကာလအတွင်း စစ်သားတွေက အခွင့်ထူး ခံစားရဖို့နဲ့ ရာထူးတက်ဖို့အတွက် အရပ်သားတွေကို သတ်ဖြတ်ကာ လက်နက်ကိုင်တွေအဖြစ် လိမ်လည်ပုံဖော်ကြပါတယ်။

    လက်ယာသမား အလ်ဗာရို အူရိုက် သမ္မတလုပ်တဲ့ ၂၀၀၅ ခုနှစ် ၂၀၀၈ ခုနှစ်အတွင်း ကိုလံဘီယာ စစ်သားတွေဟာ သတ်ဖြတ်မှုပေါင်း ၆၄၀၀ ကျော် ကျူးလွန်ခဲ့တယ်လို့ သတင်းထွက်ပါတယ်။

    စစ်တပ်နဲ့ သူပုန်တွေရဲ့ ကျူးလွန်မှုတွေကို စုံစမ်းဖော်ထုတ် ဖြေရှင်းဖို့အတွက် ၂၀၁၆ ခုနှစ် ငြိမ်းချမ်းရေးရတဲ့အခါ JEP ကို ဖွဲ့စည်းခဲ့ပါတယ်။

    အခု တရားစွဲဆိုခံရတဲ့ စစ်သားတွေဟာ တပ်မ ၁၆ က ဖြစ်ပြီး အငြိမ်းစားယူထားကြသူတွေပါ။ အပြစ်ကို၀န်ခံပြီး ကျန်ရစ်သူတွေကို တောင်းပန်ရင် ထောင်ဒဏ်သက်သာမှာဖြစ်ကာ ဒါမှမဟုတ်ရင် ထောင်ဒဏ်အနှစ် ၂၀ ကျခံရမှာ ဖြစ်ပါတယ်။

    Ref: Reuters

  • ကိုဗစ်ဇစ်မြစ်ကို ပညာရှင်များ ရှာတွေ့ပြီ

    ကိုဗစ်ဇစ်မြစ်ကို ပညာရှင်များ ရှာတွေ့ပြီ

    ဇူလိုင် ၂၇၊ ၂၀၂၂
    M-Media


    -ကမ္ဘာတစ်၀ှမ်း ပြန့်နှံ့သွားတဲ့ ကိုဗစ်ကပ်ရောဂါဟာ ၀ူဟန်မြို့ လယ်ကောင်က သားရိုင်းတိရစ္ဆာန်စျးကနေ ပြန့်နှံတယ်ဆိုတာ ခိုင်မာတဲ့အထောက်အထား တွေ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    သီးခြားလေ့လာမှု နှစ်ခုကို ပညာရှင်တွေက အပြန်အလှန် ဆက်စပ် သုံးသပ်ခဲ့ကြကြီး ၂၀၁၉ ခုနှစ် နို၀င်ဘာလအတွင်း ဒါမှမဟုတ် ဒီဇင်ဘာအစောပိုင်းမှာ ၀ူဟန်မြို့လယ်ကောင် သားရိုင်းတိရစ္ဆာန်စျေးနား တစ်၀ိုက် ကိုဗစ်မျိုးကွဲနှစ်ခု စတင်ကူးစက်ဖြစ်ပွားတယ်ဆိုတာ ကောက်ချက်ချနိုင်ခဲ့ပါတယ်။

    အချက်အလက်တွေကို လေ့လာဆန်းစစ်မှုအရ Sars-Cov-2 ဗိုင်းရပ်စ်ဟာ Huanan စျေးက တိရစ္ဆာန်တွေမှာ ရှိနေခဲ့ပြီး အဲဒီစျေးမှာ အလုပ်လုပ်တဲ့လူ ဒါမှမဟုတ် စျေးသွား၀ယ်တဲ့သူ နှစ်ဦးကို သီးခြားစီကူးစက်ကာ နောက်ပိုင်းမှာ ပြန့်နှံ့သွားတာဖြစ်တာကို တွေ့ခဲ့ရပါတယ်။

    လေ့လာမှုမှာပါ၀င်တဲ့ ဗိုင်းရပ်စ်ဗေဒပညာရှင် ပရော်ဖက်ဆာ ဒေးဗစ်ရော်ဘတ်ဆန်က ဓာတ်ခွဲခန်းကနေ ပေါက်ထွက်တယ်ဆိုတဲ့ သတင်းမှားကို အခုအချက်အလက်တွေက ချေဖျက်ပေးလိုက်တယ်လို့ ပြောပါတယ်။

    ပညာရှင်တွေဟာ ကိုဗစ်ရဲ့ ဇစ်မြစ်ကို သိရဖို့အတွက် ၂ နှစ်ကြာ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

    အစောပိုင်း ကူးစက်သူတွေထဲက ထက်၀က်ကျော်လောက်ဟာ Huanan စျေးနဲ့ ဆက်စပ်ပတ်သက်မှုမရှိပေမယ့် စျေးနားတစ်၀ိုက်မှာ နေထိုင်သူတွေဖြစ်ပြီး၊ တိုက်ရိုက်ထိတွေ့သူတွေကနေတစ်ဆင့် ဆင့်ပွားကူးစက်လာတာလို့ ပညာရှင်တွေက ကောက်ချက်ချခဲ့ပါတယ်။

    Ref: BBC

  • အာရပ်လေးနိုင်ငံ၏ စက်မှုဖွံ့ဖြိုးရေး စီမံကိန်းကြီးများ စတင်အကောင်အထည်ဖော်

    အာရပ်လေးနိုင်ငံ၏ စက်မှုဖွံ့ဖြိုးရေး စီမံကိန်းကြီးများ စတင်အကောင်အထည်ဖော်

    ဇူလိုင် ၂၈၊ ၂၀၂၂
    M-Media

    -အီဂျစ်၊ ယူအေအီး၊ ဂျော်ဒန်တို့ရဲ့ ဒေသတွင်း စက်မှုလက်မှုနဲ့ နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်မှာ ဘာရိန်းနိုင်ငံပါ ပါ၀င်လာပါတယ်။

    ကနဦးအနေနဲ့ စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာ ထုတ်လုပ်ရေး၊ ဆေး၀ါးထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စီမံကိန်း ၈၇ ခု ဖော်ဆောင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၃.၄ ဘီလီယံ တန်ဖိုးရှိမှာ ဖြစ်ပါတယ်။

    နောက်ပိုင်းမှာတော့ ဓာတုဗေဒပစ္စည်း၊ ပလက်စတစ်၊ ချည်မျှင်နဲ့ အထည်ချုပ်၊ ဆေး၀ါးထုတ်လုပ်ရေးတွေအပြင် အခြားကဏ္ဍတွေမှာပါ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ဖော်ဆောင်သွားဖို့ စီစဥ်ထားပါတယ်။

    ယူအေအီး၊ အီဂျစ်နဲ့ ဂျော်ဒန်တို့ရဲ့ စက်မှုလက်မှု လုပ်ငန်းတွေဟာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက စက်မှုကဏ္ဍရဲ့ ၃၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။

    ဘာရိန်းကတော့ အလူမီနံနဲ့ သံရိုင်း အဓိကထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပါတယ်။

    ဒီလေးနိုင်ငံရဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဟာ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်း ပိုမို ဖန်တီးပေးနိုင်ဖို့၊ ဒေသရဲ့ စီးပွားရေး ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

    စီးပွားရေး ကဏ္ဍပေါင်းစုံမှာ အဆင့်မြင့်နည်းပညာတွေ သွတ်သွင်း သုံးစွဲနိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ပေးရေး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးရေး စတာတွေကိုပါ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

    Ref: Zawya

  • စစ်ကောင်စီကို အာဆီယံမှ လုံး၀ဖယ်ထုတ်ရန် မလေးရှားအဆိုပြု

    စစ်ကောင်စီကို အာဆီယံမှ လုံး၀ဖယ်ထုတ်ရန် မလေးရှားအဆိုပြု

    ဇူလိုင် ၂၇၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်ဟာ အာဆီယံအဖွဲ့ကို မထိလေးစားပြုတဲ့ သဘောမျိုးဖြစ်ပြီး၊ အာဆီယံအစည်းအ၀ေးတွေမှာ စစ်ကောင်စီပါ၀င်မှုကို လုံး၀ ပိတ်ပင်ရမယ်လို့ မလေးရှားက ပြောကြားလိုက်ပါတယ်။

    နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဇေယျာသော်တို့ကို စစ်ကောင်စီက တိတ်တဆိတ် ကွပ်မျက်သတ်ဖြတ်ခဲ့ပြီးတဲ့နောက် မလေးရှားရဲ့ ဒီလို ပြင်းပြင်းထန်ထန် ပြောကြားမှု ပေါ်ထွက်လာတာပါ။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာက အာဆီယံအစည်းအ၀ေးမတိုင်မီ တစ်ပတ်အလိုမှာ လုပ်ဆောင်လိုက်တဲ့ စစ်ကောင်စီရဲ့ ဒီကွပ်မျက်မှုဟာ အာဆီယံနဲ့ သဘောတူထားချက်ကို မထိလေးစားလုပ်တာဖြစ်ပြီး၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

    ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေးအတွက် အာဆီယံက မူ ၅ ချက် သတ်မှတ်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကလည်း သဘောတူခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီချက်တွေကို အခုအချိန်အထိ စစ်ကောင်စီက အကောင်အထည်ဖော်ခြင်း မရှိပါဘူး။

    ဒီကတိမတည်မှုကို တုန့်ပြန်တဲ့အနေနဲ့ ထိပ်သီးအစည်းအ၀ေးတွေမှာ စစ်ခေါင်းဆောင်တွေကို အာဆီယံက တက်ခွင့်မပေးဘဲ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ရောက်ခွင့် ပြုပါတယ်။

    ဆိုက်ဖူဒင်အဘ်ဒူလာက စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ကြည့်ရင် နိုင်ငံရေးဖက်က မဟုတ်တဲ့ ကိုယ်စားလှယ်တောင် တက်ခွင့်မပေးသင့်တော့ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    မလေးရှားက ဒီသဘောထားကို အာဆီယံအဖွဲ့ထံ တင်ပြသွားဖို့ ရှိနေပါတယ်။

    “အာဆီယံ ၀န်ကြီးအဆင့် အစည်းအ၀ေးတွေမှာ စစ်ကောင်စီနိုင်ငံရေးကိုယ်စားလှယ်တွေကိုပါ တက်ရောက်ခွင့် မပေးဖို့ ကျွန်တော်တို့အစိုးရက သဘောထားရှိပါတယ်။ နိုင်ငံရေးဆိုင်ရာ ကိုယ်စားပြုမှုကို ကျွန်တော်တို့ ဘယ်လောက်အလေးထားလဲဆိုတာကို ပြသတာပါ”

    ဆိုက်ဖူဒင်ဟာ ကုလအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံက အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

    စစ်ကောင်စီက လူတွေကို နောက်ထပ် ကွပ်မျက်တာမျိုး မဖြစ်တော့အောင် မလေးရှားက ကြိုးပမ်းသွားမှာဖြစ်ပြီး၊ အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ဆောင်ရွက်သင့်တယ်လို့လည်း မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Reuters