News @ M-Media

Blog

  • ထောပတ်စားသုံးခြင်းက နှလုံးရောဂါ အန္တရာယ်ကို မြင့်တက်စေနိုင်

    ထောပတ်စားသုံးခြင်းက နှလုံးရောဂါ အန္တရာယ်ကို မြင့်တက်စေနိုင်

    ဇူလိုင် ၁၀၊ ၂၀၁၆
    M-Media
    6824358a-0cee-41a5-bb0d-37f9167dc7e8
    – ထောပတ်စားသုံးခြင်းဟာ နှလုံးရောဂါကြောင့် သေဆုံးနိုင်တဲ့ အန္တရာယ် ပိုများလာနိုင်တယ်လို့ အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုကြီး တစ်ရပ်မှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

    လူ ၁၂၀၀၀ ပါဝင်ခဲ့တဲ့ အဲဒီလေ့လာမှုကို ဟားဗတ် တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပြည့်ဝဆီ (ထောပတ်) ကို စားသုံးသူများဟာ သေဆုံးနိုင်ချေ ၈ ရာခိုင်နှုန်း မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။

    ထောပတ် လ္ဘက်ရည်ဇွန်းတစ်ဇွန်း စားသုံးခြင်းဟာ သေဆုံးမှု၊ နှလုံးရောဂါနဲ့ လေဖြတ်ဝေဒနာအပေါ် ဘာသက်ရောက်မှုမှ မရှိကြောင်း တွေ့ရှိပြီး ရက်သတ္တပတ်မပြည့်မီမှာ အခုလို တွေ့ရှိချက်အသစ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဒီ တွေ့ရှိချက်ဟောင်းမှာ ဦးဆောင်လေ့လာသူ နှလုံးအထူးကုတစ်ဦးက ထောပတ်နဲ့ အခြားပြည့်ဝဆီတွေ စားသုံးခြင်းက အန္တရာယ်မဖြစ်စေတဲ့အပြင် ကိုယ်အလေးချိန်ကျဆင်းဖို့ပါ အကူအညီပေးတယ်လို့ ပြောခဲ့ပါတယ်။

    ဒါပေမယ့် ယခုနောက်ဆုံး ပေါ်ထွက်လာတဲ့ တွေ့ရှိချက်မှာတော့ ပြည့်ဝဆီစားသုံးမှု ငါးရာခိုင်နှုန်းလောက် လျှော့ချလိုက်တာက အသက်သေဆုံးနိုင်မှု အန္တရာယ်ကို လေးပုံတစ်ပုံထက်ပိုပြီး လျှော့ချပေးတယ်လို့ ဖော်ပြနေပြန်ပါတယ်။ ပြည့်ဝဆီတွေဟာ များသောအားဖြင့် ထောပတ်၊ ခရင်မ်၊ ချီးစ်၊ အနီရောင်အသားတွေ၊ ဘီစကစ်၊ ကိတ်မုန့်နဲ့ ပဲမုန့်တွေမှာ ပါဝင်လေ့ရှိပြီး နှလုံးရောဂါနဲ့ လေဖြတ်မှုတွေကို ဖြစ်စေနိုင်တဲ့ အဆီခဲတွေကို သွေးကြောထဲမှာ ဖြစ်လာစေနိုင်ပါတယ်။

    ဒါပေမယ့် အဆီနည်းတဲ့ အသီးအရွက်တွေ၊ ငါးတွေ၊ အခွံမာသီးနဲ့ အစေ့တွေကို စားသုံးခြင်းကတော့ နှလုံးရောဂါ၊ ကင်ဆာ၊ ပါကင်ဆန်၊ အလ်ဇိုင်းမား စတဲ့ ရောဂါတွေနဲ့ သေဆုံးမှုကို လျှော့ချပေးနိုင်တယ်လို့ ဟားဗတ်တက္ကသိုလ်ရဲ့ အဲဒီလေ့လာမှုမှာ တွေ့ရှိခဲ့ရပါတယ်။

    Ref; SM/IINA

  • ၂၀၁၆ အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲ (ဓါတ်ပုံ)

    ၂၀၁၆ အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲ (ဓါတ်ပုံ)

    _________________ _____________ _______________ (5)

    မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်း(ယာယီ)မှ ဦးစီးကျင်းပသည့် သတ္တအကြိမ်မြောက် အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲကို ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ဇူလိုင်လ (၉) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာ ကျင်းပခဲ့ပါတယ်။

    အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ယဉ်ကျေးမှု နှင့် သာသနာရေး ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သံတမန်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

    [Best_Wordpress_Gallery id=”1″ gal_title=”2016 Eid Gathering”]

    (ဓါတ်ပုံ မိုးစက်/M-Media)

  • လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော


    မြန်မာနိုင်ငံမှာ အမုန်းတရား တားဆီးဖို၊ ဘာသာပေါင်းစုံ စည်းလုံး ညီညွတ်စွာ နေထိုင်နိုင်ဖို့အတွက် ရှေ့ဆက် လုပ်ငန်းစဉ်များ အကြောင်း အစိုးရသစ်ရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၏ ဖြေကြားမှုဖြစ်ပါတယ်။

    ၉-၇-၂၀၁၆ နေ့တွင် မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်း(ယာယီ) မှ ကြီးမှူးသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထေင်စု ဝန်ကြိး သူရဦးအောင်ကို အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ရိုက်ကူး- မိုးစက်

  • တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသေးကြောင်း ဝန်ကြီး သူရ ဦးအောင်ကို ပြောကြား

    တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသေးကြောင်း ဝန်ကြီး သူရ ဦးအောင်ကို ပြောကြား

    မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၏ ဖြေကြားမှုဖြစ်ပါတယ်။

    ၉-၇-၂၀၁၆ နေ့တွင် ကျင်းပသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြိး သူရဦးအောင်ကို အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ရိုက်ကူး- မိုးစက်

  • ပြည်တွင်း/ပြည်ပ ကလောင်ရှင်တွေ စုစည်းရေးသားထားတဲ့ Islam and the State in Myanmar  စာအုပ် (စာအုပ်အညွှန်း)

    ပြည်တွင်း/ပြည်ပ ကလောင်ရှင်တွေ စုစည်းရေးသားထားတဲ့ Islam and the State in Myanmar စာအုပ် (စာအုပ်အညွှန်း)

    ဇူလိုင် ၁၀ ၊ ၂၀၁၆
    M-Media
    တင်ဆက်သူ-စတီဗင်
    Islam and the State in MyanmarM.Media စာဖတ်ပရိသတ်တွေအတွက် အင်္ဂလိပ်ဘာသာနဲ့ရေးထား ထုတ်ဝေထားတဲ့ အကျိုးရှိစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။
    .
    စာအုပ်နာမည်ကတော့ Islam and the State in Myanmar ပါ။ မြန်မာနဲ့ ပြည်ပက ကလောင်ရှင်တွေ စုစည်းရေးသားထားတာဖြစ်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ နယူးဆောက်ဝေးလ် တက္ကသိုလ်က ဥပဒေပညာရှင် Melissa Crouch က တည်းဖြတ်ပေးထားသလို ကိုယ်တိုင်လည်း ၀င်ရေးထားပါသေးတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လကမှ စတင်ဖြန့်ချိထားတာပါ။
    .
    စာအုပ်ဟာ လက်တွေ့ကိုအခြေခံထားပြီး နှိုင်းယှဉ်ပြတဲ့ ရှုထောင့်ကနေလည်း ရေးသားထားတာတွေ့ရပါတယ်။ အတိတ်ကာလကနေ လက်ရှိအချိန်ထိ အစိုးရအဖွဲ့အစည်း၊ အစိုးရမူဝါနဲ့ မွတ်စလင် အသိုင်းအ၀ိုင်းအကြား ဘယ်လို ထိတွေ့ခဲ့ကြသလဲ ဆိုတာကိုလည်း ဖတ်ရှုနိုင်မှာပါ။ ဒ့ါအပြင် မြန်မာမွတ်စလင်တွေရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ ဘ၀ဖြစ်စဉ်၊ အကြမ်းဖက်ခံရခြင်းနဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေရင်ဆိုင်နေရပုံကိုလည်း အာရုံစိုက်ထားတာတွေ့ရပါတယ်။
    .
    အရင်က ဒီစာအုပ်နဲ့ အလား သဏ္ဍာန်တူတဲ့ စာအုပ်ကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ဟောင်း မိုရှေးယေဂါက The Muslims of Burma ဆိုတဲ့ နာမည်နဲ့ ၁၉၇၂ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အခု Melissa Crouch စီစဉ်တည်းဖြတ်တဲ့ Islam and the State in Myanmar စာအုပ်မှာတော့ မြန်မာမွတ်စလင်တွေရဲ့ အတိတ်သမိုင်းကြောင်း၊ နိုင်ငံရေး၊ လူမှုရေး မတူကွဲပြားမှု အပြင် လက်တလော အဖြစ်အပျက်တွေကို ထင်ဟပ်နေအောင် ဖော်ပြထားပါတယ်။
    .
    ပညာရှင်ရှု့ထောင့်ကရေးပြီး Oxford University Press က ပုံနှိပ်ထုတ်ဝေထားတာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ မွတ်စလင်တွေနဲ့ နိုင်ငံတော်အကြား ထိတွေ့ဆက်ဆံမှုကို နားလည် သဘောပေါက်အောင် လေ့လာ လိုသူ ကျောင်းသူ၊ ကျောင်းသားတွေ၊ ပညာရှင်တွေအတွက် မဖတ်မဖြစ် ဖတ်ကိုဖတ်ရမယ့် စာအုပ် တစ်အုပ်လို့ ညွှန်းချင်ပါတယ်။
    .
    စာအုပ်ကိုတော့ Amazon အွန်လိုင်းစာအုပ် စတိုးမှာလဲ ဝယ်ယူနိုင်ပြီး စာအုပ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၇.၀၇ ဖြစ်ပါတယ်။