News @ M-Media

Blog

  • ရဲတပ်ဖွဲ့အမည် အသုံးပြုထားသည့် ဆိုရှယ်မီဒီယာစာမျက်နှာမှ  ပြစ်မှုသတင်း၌ ကိုးကွယ်ရာဘာသာ ထည့်သွင်းရေးသား

    ရဲတပ်ဖွဲ့အမည် အသုံးပြုထားသည့် ဆိုရှယ်မီဒီယာစာမျက်နှာမှ ပြစ်မှုသတင်း၌ ကိုးကွယ်ရာဘာသာ ထည့်သွင်းရေးသား

    ဇူလိုင် ၆ ၊ ၂၀၁၆
    M-Media
    သတင်း-မျိုးကျော်စိုး
    .13617359_1119711041434924_1637941796_n.png
    People And Police Media Group ဖြင့် ပြုလုပ်ထားသော Facebook Page တခုတွင် ပြစ်မှုသတင်း တခုကို ဖော်ပြရာ၌ ပြစ်မှု ကျူးလွန်သူဟု ယူဆရသူ၏ ကိုးကွယ်ရာ ဘာသာတရားများကို ထည့်သွင်းရေး ဖော်ပြခဲ့သည့်ကို တွေ့ရှိရပါတယ်။
    .
    အဆိုပါစာမျက်နှာမှာ ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်သည့်  ပြစ်မှုရေးရာ သတင်းများကို အများဆုံးဖော်ပြလေ့ရှိပြီး ရဲဇာနည် ကဲ့သို့ တရားဝင် FB စာမျက်နှာများ၌ မထုတ်ပြန်သည့် ပြစ်မှု ဆိုင်ရာ သတင်းများကိုပါ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။
    .
    ယခင် အစိုးရ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့  ပြစ်မှုဆိုင်ရာ သတင်း ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်မှု မရှိရင် ကျူးလွန်သူရဲ့ လူမျိုး၊ ဘာသာ အလုပ်အကိုင်တွေကို ဖော်ပြဖို့ မလိုဘူးလို့ သူကိုယ်ပိုင် ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ဘူးပါတယ်။
    .
    ရဲတပ်ဖွဲ့ ၊ အစိုးရပြန်ကြားရေး နှင့် နာမည်ကြီးပုဂ္ဂလိက သတင်းစာများ၌ ပြစ်မှုဆိုင်ရာ သတင်းများထုတ်ပြန်ရာတွင် ပြစ်မှုကျူးလွန်သူမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ပါက သိသာ ထင်ရှားအောင် မှတ်ပုံတင်၌ မပါရှိသည့် ဘာသာရေး ဆိုင်ရာ အမည်များကိုပါ  ထည့်သွင်းပြီး သတင်းထုတ်ပြန်လေ့ရှိတာကို မကြာခဏ တွေ့ရှိရပါတယ်။
    .
    ၂၀၁၂ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံအတွင်း လူမျိုးရေး/ဘာသာရေး အခြေခံသည့် မုန်းတီးရေး ပြောဆိုမှုများ၊ အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး အစိုးရသစ် တက်လာပြီးသည့် တိုင်အောင် ဖြစ်ပွားနေစဲဖြစ်ပါတယ်။

  • ဘာသာရေး အဆောက်အဦး ဖျက်ဆီးမှု အရေးယူရေး လူထုအခြေပြုအဖွဲ့တွေ တောင်းဆို

    ဘာသာရေး အဆောက်အဦး ဖျက်ဆီးမှု အရေးယူရေး လူထုအခြေပြုအဖွဲ့တွေ တောင်းဆို

    ဇူလိုင် ၆ ၊ ၂၀၁၆
    VOA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။ )

    C3DE0CFE-AF36-4ACD-8E32-5868D47ADFD6_cx0_cy8_cw0_w987_r1_s_r1
    သူရဲသမိန်ကျေးရွာက ဗလီ ဖျက်စီးခံရခဲ့စဉ် (ဇွန်လ ၂၃ ရက်)

    .
    ပြီးခဲ့တဲ့ ရက်သတင်းပတ်တွေအတွင်း ဘာသာရေးအဆောက်အအုံတွေကို လူအစုအဝေးနဲ့ ဖျက်ဆီးခဲ့တဲ့ဖြစ်ရပ်နှစ်ခုနဲ့ပတ်သက်လို့ လက်ရှိအစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးဖို့ အရပ်ဖက်လူ့အဖွဲ့အစည်း ၁၉ ခုကျော်က တောင်းဆိုလိုက်ပါတယ်။ ဇွန်လကုန်ပိုင်းက ပဲခူးမြို့နယ် သူရဲသမိန်ရွာမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးအဆောက်အအုံတခု ဖျက်ဆီးခံရသလို၊ ဇူလှိုင် ၁ ရက်နေ့မှာလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်း လုံခင်းကျေးရွာက ဗလီဝတ်ပြုကျောင်းတခု မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင် သတင်းပေးပို့ထားပါတယ်။
    .
    ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က ပဲခူးတိုင်းဒေသကြီး သရဲသမိန်ကျေးရွာမှာ ဗလီဝတ်ပြုကျောင်းတစ်ခု ဖျက်စီးခံခဲ့ရပြီး ဒီလ ဇူလိုင်လ ၁ ရက်နေ့မှာလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင်းက လုံခင်းကျေးရွာမှာ ဗလီ ၀တ်ပြူကျောင်းတစ်ခု မီးရှို့ဖျက်စီးခံခဲ့ရပေမယ့်လို့ လက်ရှိအစိုးရသစ်အနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်နိုင်ခြင်း မရှိသေးဘူးလို့ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ က ထောက်ပြကြပါတယ်။
    .
    ဒါကြောင့်လည်း အခုလို ဘာသာရေး အဆောက်အအုံတွေ ဖျက်စီး ခံရတာနဲ့ ပတ်သက်လို့ အစိုးရအနေနဲ ပြတ်ပြတ်သားသား ဖြေရှင်းပေးဖို့ အရပ်ဖက် လူ့အဖွဲ့အစည်း ၁၉ ခုက လက်မှတ်ထိုး တောင်းဆိုလိုက်ကြပါတယ်။ အစိုးရသစ်အနေနဲ့ ဘာသာပေါင်းစုံ တန်းတူ ညီမျှရရှိအောင် ဥပဒေ မူဘောင်အတွင်းကနေ ဆောင်ရွက်သင့်တယ်လို့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က မခွန်ဂျာက ပြောပါတယ်။
    .
    “ဒီလိုမျိုး ဘာသာရေးနဲ့ဆိုင်ရာမှာ ပဋိပက္ခဖြစ်ပွားတဲ့အခါမှာ အမှန်တကယ် ၀င်ရောက်ဖြေရှင်းပေးရမယ့်ဟာက အစိုးရနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနဖြစ်ရ ပါမယ်ရှင့်။ အဲဒီတော့ အစိုးရလို့ပြောတဲ့အခါမှာ မူဝါဒကောင်းကောင်း ရှိရမယ်။ နောက်ပြီးအခြေခံဥပဒေကနေ စတဲ့မူတွေတိုင်းမှာ ဒီဟာမျိုးကို ဘာသာတိုင်းကို အကာအကွယ်ပေးထားဖို့လိုအပ်တယ်ရှင့်။ တရားဥပဒေနဲ့ နည်းဥပဒေတွေမှာ ထိထိရောက်ရောက် ပြဌာန်းပြီးတော့မှ အဲဒါနဲ့ ပတ်သက်ပြီး တရားဥပဒေစိုးမိုးမှုရှိအောင်လိုအပ်ပါတယ်ရှင့်။ အဲဒါမျိုး တရားဥပဒေစိုးမိုးမှု မလုပ်ထားတဲ့အခါမှာ ကျန်တဲ့သူတွေက ၀င်ပြီးတော့မှ တရားဥပဒေစိုးမိုးမှုကို အစားထိုးတဲ့အခါ ပြဿနာဖြစ်လာပါတယ်ရှင့်။ အဲဒါကြောင့်ဒီလိုမျိုးကိစ္စမဖြစ်အောင် ကျမတို့ ဒီနိုင်ငံတော်အစိုးရက ထိထိရောက်ရောက်တာဝန်ယူပေးဖို့ လိုအပ်ပါတယ်ရှင့်။ တည်ရှိစဲ ဥပဒေမူဘောင်ထဲမှာ အားလုံးကို တန်းတူညီမျှ စီရင်ရမှာပါရှင့်။”
    .
    ပဲခူးတိုင်းဒေသတွင်းက သူရဲသမိန်ကျေးရွာနဲ့ ကချင်ပြည်နယ် လုံခင်းကျေးရွာတွင်းက ဖြစ်ရပ် နှစ်ခုကိုကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတွင်း ဘာသာရေးတင်းမာမှုတွေရှိနေတယ်ဆိုတာကို ထင်ဟပ်ပေါ်လွင်စေတယ်လို့ အရပ်ဖက်လူအဖွဲ့အစည်းတွေက ရှု့မြင်ပါတယ်။
    .
    အစိုးရသစ်အနေနနဲ့ လက်ရှိအချိန်ထိ ဒီဖြစ်စဉ်တွေမှာ ကျုးလွန်သူတွေကို ထိရောက်စွာ စုံစမ်းစစ်ဆေးခြင်း ဒါမှမဟုတ် တရားစွဲဆိုခြင်းမပြုသေးပါဘူး။ ပဲခူးတိုင်း ၀န်ကြီးချုပ် ဦးဝင်းသိန်းကတော့ ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်မယ်ဆိုရင် အခြေအနေတွေဟာ ပိုဆိုးဝါးလာနိုင်တယ်လို့ မြန်မာတိုင်စ်း သတင်းဂျာနယ်ကို ပြောဆိုထားပါတယ်။ ဘာသာရေးနဲ့ ပတ်သတ်တဲ့ အခုလို ကိစ္စရပ်တွေကို မှန်ကန်စွာ ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးဆိုရင်တော့ အလားတူ ပြဿနာတွေ ဆက်တိုက် ဆိုသလို ဖြစ်ပွား လာနိုင်ကြောင်း မခွန်ဂျာက ဆိုပါတယ်။
    .
    “ဒါ ကချင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စဆိုရင် ကျမတို့အားလုံး ကချင်ပြည်နယ်က လူအားလုံးအတွက် အင်မတန်မှ စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တိုက်ပွဲကြောင့်မို့လို့ ခြေကုန်လက်ပန်းကျနေတဲ့နေရာမှာ ဒါဟာ ဘာသာရေး ပဋိပက္ခ အနေနဲ့ ပထမဆုံး ၀င်လာတာဖြစ်တယ်ရှင့်။ တနေရာမှာ ဒီလိုပဲဖြေရှင်းမှုမရှိဘူး ဆိုရင် နောက်နေရာမှာလည်း အလားတူ ပုံစံမျိုးပြီးလို့ရှိရင် ဆင်တူရိုးမှားပုံစံမျိုး များစွာဖြစ်နိုင်ပါသေးတယ်။ ပြီးရင် အခေါက်တိုင်းအခေါက်တိုင်းမှာ အင်အားကြီးတဲ့အဖွဲ့ကို အင်အားငယ်တဲ့အဖွဲ့ အလျှော့ပေးရတဲ့အခါမှာ မလိုလားအပ်သော အခြားသောအကြမ်းဖက်မှုတွေပေါ်ပေါက်လာမှာကို စိုးရိမ်ပါတယ်ရှင့်။”
    .
    အွန်လိုင်း စာမျက်နှာတွေပေါ်မှာ ဘာသာရေး အစွန်းရောက်သူ တစ်ချို့ရဲ့ ပြောဆိုရေးသားချက်တွေကြောင့် သူရဲသမိန်ကျေးရွာတွင်းက ဗလီအဆောက်အအုံကို ဖျက်စီးခံခဲ့ရပြီး ဘာသာရေး စာသင်ကျောင်းနဲ့ မွတ်စလင်ပိုင် အိမ်အဆောက်အအုံ တစ်လုံးတို့နဲ့ မွတ်စလင် သချိုင်းတို့ ပျက်စီးသွားခဲ့ပါတယ်။ ဒါ့အပြင် အရင် အစိုးရလက်ထက်မှာလည်း ဘာသာရေးကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင် အသိုင်းအ၀ိုင်းကြား အဓိကရုဏ်းတွေ မန္တလေးမြို့နဲ့ မိတ္ထီလာမြို့တို့မှာလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒါ့ကြောင့်လည်း Fortify Rights ၊Burma Campaign UK ၊Equality Myanmar၊ All Kachin Youth Union စတဲ့ ပြည်တွင်း ကော နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်း ၁၉ ခုက ဘာသာရေး အဆောက်အအုံတွေ ဖျက်စီးတာတွေနဲ့ပတ်သက်လို့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ အစိုးရသစ်ကို တောင်းဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

    http://burmese.voanews.com/a/religious-inter-violence-cso-/3404668.html

  • ပါလက်စတိုင်းတွင် အစ္စရေးက ကျူးကျော်အိမ်ယာ ထပ်ဆောက်မည့်အစီအစဉ်ကို ဘန်ကီမွန် ရှုတ်ချ

    ပါလက်စတိုင်းတွင် အစ္စရေးက ကျူးကျော်အိမ်ယာ ထပ်ဆောက်မည့်အစီအစဉ်ကို ဘန်ကီမွန် ရှုတ်ချ

    ဇူလိုင် ၆၊ ၂၀၁၆
    M-Media

    ki mon

    – ပါလက်စတိုင်းရဲ့ ပိုင်နက်ဖြစ်တယ်လို့ နိုင်ငံတကာက သတ်မှတ်ပေးထားတဲ့ အနောက်ဖက်ကမ်းမှာ တရားမ၀င်အခြေအဆောက်အအုံတွေ တိုးချဲ့ဆောင်ရွက်မယ့် အစ္စရေးရဲ့ဆုံးဖြတ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရှုတ်ချလိုက်ပါတယ်။

    ပြီးခဲ့တဲ့ တစ်ပတ်က အမေရိကန်၊ ဥရောပသမဂ္ဂ၊ ရုရှားနဲ့ ကုလသမဂ္ဂတို့ပါဝင်တဲ့ အရှေ့အလယ်ပိုင်းသံတမန်ဆိုင်ရာလေးပွင့်ဆိုင်အဖွဲ့ကနေ အစ္စရေးအနေနဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ တရားမ၀င်အခြေချအိမ်ရာတွေ ဆောက်လုပ်နေတာကို ရပ်တန့်ဖို့ တိုက်တွန်းတဲ့ အထူးအစီရင်ခံစာ ထုတ်ပြန်ပြီးနောက်မှာ အစ္စရေးရဲ့ ဒီ ကျူးကျော်သိမ်းပိုက်လိုတဲ့ လုပ်ရပ် ပေါ်ထွက်လာတာဖြစ်ပြီး ဘန်ကီမွန်ကတော့ ဒီကိစ္စအတွက် အလွန်အမင်း စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

    “အနောက်ဖက်ကမ်းကို ထပ်မံကျူးကျော်သိမ်းပိုက်ဖို့ တိုက်တွန်းတဲ့ အစ္စရေးဝန်ကြီးတွေရဲ့ ကြေငြာချက်တွေက အစ္စရေးရဲ့ ရေရှည်သဘောထားကို မွေးခွန်းထုတ်စရာဖြစ်လာပါတယ်” လို့ ဘန်ကီမွန်က ပြောကြားခဲ့ပြီး အဲဒီလိုဆောက်လုပ်မှုဟာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ကြောင်း၊ ငြိမ်းချမ်းရေးအကျိုးမျှော်ပြီး ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့လည်း ဘန်က တိုက်တွန်းခဲ့ပါတယ်။

    အနောက်ဘက်ကမ်း မာလီ အဒူမင်ဒေသမှာ အိမ်ယာသစ် ၅၆၀ ဆောက်လုပ်ဖို့နဲ့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်တစ်လျှောက်မှာ နောက်ထပ် အိမ်ယာ ၂၄၀ ထပ်ဆောက်ဖို့ အစ္စရေးက ပြီးခဲ့တဲ့ရက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

    Ref : IINA

  • တရုတ်ရေကြီးမှု လူ ၁၀၀ ကျော် ပျောက်ဆုံး

    တရုတ်ရေကြီးမှု လူ ၁၀၀ ကျော် ပျောက်ဆုံး

    ဇူလိုင် ၆၊ ၂၀၁၆
    M-Media

    chi

    – လာမယ့်ရက်ပိုင်းအတွင်း ကုန်းတွင်းပိုင်းကို ၀င်ရောက်လာတော့မယ့် တိုဖွန်းမုန်တိုင်းကြောင့် တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ တောင်ပိုင်းတွေမှာ ပြင်းထန်ထဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နေပြီး သေဆုံး၊ ပျောက်ဆုံးသူဦးရေဟာ ၁၁၂ ဦး ရှိတယ်လို့ သိရပါတယ်။

    တရုတ်ပြည်သူ့ရေးရာ ၀န်ကြီးဌာနကတော့ မိုးကြီးမှုကြောင့် နိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်ဇီမြစ်တစ်ဝိုက်မှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ၁၆ သန်းလောက်ကို ထိခိုက်မှု ရှိနေတယ်လို့ ဆိုပါတယ်။ အချို့သတင်းဌာနတွေက ရေကြီးမှုကြောင် ထိခိုက်သူတွေဟာ ၁၈၀ ၀န်းကျင်လောက်ရှိတယ်လို့ ဖော်ပြကြပါတယ်။

    တရုတ်နိုင်ငံကို ဦးတည်နေတဲ့ တိုင်ဖုန်းမုန်တိုင်းဟာ သောကြာနေ့မှာ ကုန်းတွင်းပိုင်းကို ၀င်ရောက်မှာဖြစ်ပြီး ရှန်ဟိုင်းမြို့နဲ့ကပ်နေတဲ့ ထိုင်ဟုရေကန်အနီးမှာ အကြီးအကျယ် ရေလွှမ်းမိုးနိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ အဲဒီဒေသဟာ ၁၉၅၄ ခုနှစ်က စံချိန်တင်ရေကြီးမှု ဖြစ်ခဲ့တဲ့နေရပါတယ်။

    ရေကြီးမှုကြောင့် လယ်ယာ သန်းပေါင်း ၁.၃၄ ဟက်တာဧက ထိခိုက်ပျက်စီးခဲ့ပြီး တနင်္လာနေ့က နောက်ထပ် ၁၅၇၈၀၀ ဟက်တာဧက ထပ်မံ ပျက်စီးဆုံးရှုံးခဲ့ပါကာ၊ စီးပွားရေးအရ ၂၀.၄၃ ဘီလီယံယွမ်ထိ ဆုံးရှုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

    Ref; Presstv

  • အင်္ဂလန်တွင် ကျောင်းဆရာသပိတ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

    အင်္ဂလန်တွင် ကျောင်းဆရာသပိတ်ကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

    ဇူလိုင် ၆၊ ၂၀၁၆
    M-Media

    uk 1

    – ပညာရေး ရန်ပုံငွေ နည်းပါးမှု၊ လုပ်ခလစာနှင့် အလုပ်အကိုင်အခြေအနေများကို မကျေနပ်နပ်မှု စတာတွေကြောင့် အင်္ဂလန်နိုင်ငံက ကျောင်းဆရာတွေဟာ ယမန်နေ့က ၂၄ နာရီ သပိတ်မှောက်ဆန္ဒပြမှုကို ပြုလုပ်ခဲ့ပြီး နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းပေါင်း ရာနဲ့ချီ ပိတ်ပစ်လိုက်ရတယ်လို့ သိရပါတယ်။

    အဲဒီလိုသပိတ်မှောက်ဖို့ကို ကျောင်းဆရာများသမဂ္ဂ NUT က တိုက်တွန်းလှုံ့ဆော်ခဲ့တာဖြစ်ပြီး ၁၀ စုနှစ် တစ်ခုကျော်အတွင်းမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။ ဒီသပိတ်ကြောင့် နိုင်ငံတွင်းရှိ ကျောင်းပေါင်းများစွာပိတ် ပစ်ခဲ့ရပြီး တစ်ချို့ကျောင်းတွေမှာလည်း ကျောင်းဆရာတွေဟာ စာသင်ကြားခြင်း မရှိခဲ့ပါဘူး။

    အစိုးရက စာသင်ကျောင်းတွေကို ဘက်ဂျက်ချပေးမှုနည်းတာ၊ အလုပ်ချိန်များလွန်းတာနဲ့ လုပ်ခလစာနည်းတာတွေက ဒီသပိတ်မှောက်မှုရဲ့ အဓိကအကြောင်းအရင်းတွေဖြစ်ပြီး NUT ကတော့ ကျောင်းဆရာတွေဟာ ဒီကိစ္စနဲ့ပတ်သက်လို့ သတ်မှတ်ပြဌာန်းချက်တွေကို တစ်ပြေးညီ ဖြစ်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်္ဂလန် ပညာရေးဌာနကတော့ ဒီလိုလုပ်ရပ်ဟာ မလိုအပ်တဲ့လုပ်ရပ်ဖြစ်ပြီး ပညာရေးကဏ္ဍကို ထိခိုက်ပျက်ဆီးစေကြောင်း ပြောကြားခဲ့ပါတယ်။

    Ref : Presstv