News @ M-Media

Blog

  • ၂၀၁၆ အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲ (ဓါတ်ပုံ)

    ၂၀၁၆ အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲ (ဓါတ်ပုံ)

    _________________ _____________ _______________ (5)

    မြန်မာမွတ်စလင် စီးပွားရေး လုပ်ငန်းရှင်များအသင်း(ယာယီ)မှ ဦးစီးကျင်းပသည့် သတ္တအကြိမ်မြောက် အီးဒ်နေ့ အထိမ်းအမှတ် ညစာ မိတ်ဆုံ စားပွဲကို ရန်ကုန်မြို့ စီဒိုးနား ဟိုတယ်တွင် ဇူလိုင်လ (၉) ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ဆီဒိုးနားဟော်တယ်မှာ ကျင်းပခဲ့ပါတယ်။

    အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး၊ ယဉ်ကျေးမှု နှင့် သာသနာရေး ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၊ သံတမန်များ၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်များ၊ ဘာသာပေါင်းစုံ အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။

    [Best_Wordpress_Gallery id=”1″ gal_title=”2016 Eid Gathering”]

    (ဓါတ်ပုံ မိုးစက်/M-Media)

  • လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော

    လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ဥပဒေ တစ်ရပ်ပြဌာန်းဖို့ ရှိတယ်လို့ သူရဦးအောင်ကိုပြော


    မြန်မာနိုင်ငံမှာ အမုန်းတရား တားဆီးဖို၊ ဘာသာပေါင်းစုံ စည်းလုံး ညီညွတ်စွာ နေထိုင်နိုင်ဖို့အတွက် ရှေ့ဆက် လုပ်ငန်းစဉ်များ အကြောင်း အစိုးရသစ်ရဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ၏ ဖြေကြားမှုဖြစ်ပါတယ်။

    ၉-၇-၂၀၁၆ နေ့တွင် မြန်မာမွတ်စလင် စီးပွားရေးလုပ်ငန်းရှင်များအသင်း(ယာယီ) မှ ကြီးမှူးသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထေင်စု ဝန်ကြိး သူရဦးအောင်ကို အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ရိုက်ကူး- မိုးစက်

  • တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသေးကြောင်း ဝန်ကြီး သူရ ဦးအောင်ကို ပြောကြား

    တရားဥပဒေ စိုးမိုးမှု လွန်စွာ အားနည်းနေသေးကြောင်း ဝန်ကြီး သူရ ဦးအောင်ကို ပြောကြား

    မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး အကြမ်းဖက်မှုတွေနှင့် ပတ်သက်ပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကို၏ ဖြေကြားမှုဖြစ်ပါတယ်။

    ၉-၇-၂၀၁၆ နေ့တွင် ကျင်းပသော အီးဒ်မိတ်ဆုံညစာ စားပွဲ သို့ တက်ရောက်လာတဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြိး သူရဦးအောင်ကို အား မီဒီယာများမှ မေးမြန်းခဲ့မှု အစီအစဉ်တွင် ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ရိုက်ကူး- မိုးစက်

  • ပြည်တွင်း/ပြည်ပ ကလောင်ရှင်တွေ စုစည်းရေးသားထားတဲ့ Islam and the State in Myanmar  စာအုပ် (စာအုပ်အညွှန်း)

    ပြည်တွင်း/ပြည်ပ ကလောင်ရှင်တွေ စုစည်းရေးသားထားတဲ့ Islam and the State in Myanmar စာအုပ် (စာအုပ်အညွှန်း)

    ဇူလိုင် ၁၀ ၊ ၂၀၁၆
    M-Media
    တင်ဆက်သူ-စတီဗင်
    Islam and the State in MyanmarM.Media စာဖတ်ပရိသတ်တွေအတွက် အင်္ဂလိပ်ဘာသာနဲ့ရေးထား ထုတ်ဝေထားတဲ့ အကျိုးရှိစေမယ့် စာအုပ်ကောင်းလေးတစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။
    .
    စာအုပ်နာမည်ကတော့ Islam and the State in Myanmar ပါ။ မြန်မာနဲ့ ပြည်ပက ကလောင်ရှင်တွေ စုစည်းရေးသားထားတာဖြစ်ပြီး သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ နယူးဆောက်ဝေးလ် တက္ကသိုလ်က ဥပဒေပညာရှင် Melissa Crouch က တည်းဖြတ်ပေးထားသလို ကိုယ်တိုင်လည်း ၀င်ရေးထားပါသေးတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လကမှ စတင်ဖြန့်ချိထားတာပါ။
    .
    စာအုပ်ဟာ လက်တွေ့ကိုအခြေခံထားပြီး နှိုင်းယှဉ်ပြတဲ့ ရှုထောင့်ကနေလည်း ရေးသားထားတာတွေ့ရပါတယ်။ အတိတ်ကာလကနေ လက်ရှိအချိန်ထိ အစိုးရအဖွဲ့အစည်း၊ အစိုးရမူဝါနဲ့ မွတ်စလင် အသိုင်းအ၀ိုင်းအကြား ဘယ်လို ထိတွေ့ခဲ့ကြသလဲ ဆိုတာကိုလည်း ဖတ်ရှုနိုင်မှာပါ။ ဒ့ါအပြင် မြန်မာမွတ်စလင်တွေရဲ့ နေ့စဉ်ကြုံတွေ့ရတဲ့ ဘ၀ဖြစ်စဉ်၊ အကြမ်းဖက်ခံရခြင်းနဲ့ လုံခြုံရေးအတွက် စိန်ခေါ်မှုတွေရင်ဆိုင်နေရပုံကိုလည်း အာရုံစိုက်ထားတာတွေ့ရပါတယ်။
    .
    အရင်က ဒီစာအုပ်နဲ့ အလား သဏ္ဍာန်တူတဲ့ စာအုပ်ကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ဟောင်း မိုရှေးယေဂါက The Muslims of Burma ဆိုတဲ့ နာမည်နဲ့ ၁၉၇၂ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ အခု Melissa Crouch စီစဉ်တည်းဖြတ်တဲ့ Islam and the State in Myanmar စာအုပ်မှာတော့ မြန်မာမွတ်စလင်တွေရဲ့ အတိတ်သမိုင်းကြောင်း၊ နိုင်ငံရေး၊ လူမှုရေး မတူကွဲပြားမှု အပြင် လက်တလော အဖြစ်အပျက်တွေကို ထင်ဟပ်နေအောင် ဖော်ပြထားပါတယ်။
    .
    ပညာရှင်ရှု့ထောင့်ကရေးပြီး Oxford University Press က ပုံနှိပ်ထုတ်ဝေထားတာဖြစ်တာကြောင့် မြန်မာနိုင်ငံမှာ မွတ်စလင်တွေနဲ့ နိုင်ငံတော်အကြား ထိတွေ့ဆက်ဆံမှုကို နားလည် သဘောပေါက်အောင် လေ့လာ လိုသူ ကျောင်းသူ၊ ကျောင်းသားတွေ၊ ပညာရှင်တွေအတွက် မဖတ်မဖြစ် ဖတ်ကိုဖတ်ရမယ့် စာအုပ် တစ်အုပ်လို့ ညွှန်းချင်ပါတယ်။
    .
    စာအုပ်ကိုတော့ Amazon အွန်လိုင်းစာအုပ် စတိုးမှာလဲ ဝယ်ယူနိုင်ပြီး စာအုပ်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၇.၀၇ ဖြစ်ပါတယ်။

  • ရုရှားကို အလျှော့မပေးရန် နေတိုးခေါင်းဆောင်များကို အိုဘားမားတိုက်တွန်း

    ရုရှားကို အလျှော့မပေးရန် နေတိုးခေါင်းဆောင်များကို အိုဘားမားတိုက်တွန်း

    ဇူလိုင် ၉၊ ၂၀၁၆
    M-Media
    5a8fb6d7-8e28-42c8-b95a-b949f6b6e457
    – ယူကရိန်းဆီကနေ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်လိုက်တဲ့ လုပ်ရပ်အပေါ် ရုရှားကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ နေတိုးမဟာမိတ်တပ် ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ ဘာရက်အိုဘားမား တိုက်တွန်းလိုက်ပါတယ်။

    သောကြာနေ့က ပိုလန်နိုင်ငံ ၀ါဆောမြို့မှာ ကျင်းပတဲ့ နေတိုးထိပ်သီးညီလာခံမှာ အိုဘားမားက အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ယင်းအစည်းအဝေးဟာ အိုဘားမားရဲ့ ဇန်န၀ါရီလ သမ္မတသက်တမ်းမကုန်မီ နောက်ဆုံးတက်ရောက်ရတဲ့ နေတိုးအဖွဲ့ ညီလာခံပဲဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်း ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းပိုက်လိုက်ပြီးကတည်းက ရုရှားနဲ့ အနောက်နိုင်ငံတွေရဲ့ ဆက်ဆံရေးဟာ ဆိုးရွားလာခဲ့တာပါ။ ယူကရိန်းကတော့ နိုင်ငံအရှေ့ခြမ်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး တိုက်ခိုက်နေကြတဲ့ ရုရှားလိုလားသူ အုပ်စုကို ချေမှုန်းနေရပါတယ်။

    “နေတိုးအဖွဲ့ဝင်တိုင်းကို ကာကွယ်ပေးရေးဆိုတဲ့ နေတိုးအဖွဲ့ရဲ့ သဘောတူညီချက် အပိုဒ် ၅ မှာပါဝင်တဲ့ ကျွန်တော်တို့ရဲ့ တာဝန်နဲ့ပတ်သက်ပြီး ဒီညီလာခံမှာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် ပြတ်သားမှုကို ပြန်လည်ဖော်ပြရပါမယ်။ ကျွန်တော်တို့ဟာ အလယ်နဲ့ အရှေ့ဥရောပက မဟာမိတ်တွေကို ကာကွယ်ရေး၊ ကာကွယ်ရေးအင်အား ခိုင်မာစေရေးတို့ကို ထပ်တိုး လုပ်ဆောင်သွားရမှာဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေအပါအ၀င် ခြိမ်းခြောက်မှုအသစ်တွေအပေါ် ကျွန်တော်တို့ရဲ့ ခုခံမှုကိုလည်း မြှင့်တင် ဆောင်ရွက်သွားရပါမယ်” လို့ အိုဘားမားက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဗြိတိန်အနေနဲ့ ဥရောပကနေ ခွဲထွက်သွားတာက နေတိုးအဖွဲ့ကို အားနည်းသွားစေမှာမဟုတ်ဘူးလို့လည်း သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ရုရှားကတော့ အမေရိကန်ဦးဆာင်တဲ့ နေတိုးမဟာမိတ်တပ်အနေနဲ့ ရုရှားကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ပြောဆိုနေတာဟာ အဓိပ္ပါယ်မဲ့လွန်းတယ်လို့ ဆိုပါတယ်။

    “မော်စကိုအနေနဲ့ နေတိုးအဖွဲ့နဲ့ စကားပြောဆိုဖို့ လမ်းဖွင့်ပေးထားပါတယ်။ အတူပူးပေါင်းဆောင်ရွက်ဖို့လည်း အသင့်ရှိနေပါတယ်” လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    Ref; Presstv