News @ M-Media

Blog

  • ကာဂျစ္စတန်နှင့် ယီမင်သို့ ဆော်ဒီက အကူအညီများ ပေးပို့

    ကာဂျစ္စတန်နှင့် ယီမင်သို့ ဆော်ဒီက အကူအညီများ ပေးပို့

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    saudi

    – ကာဂျက်ကစ္စတန်နိုင်ငံက ငလျင်ဒဏ်ခံစားခဲ့ရသူတွေနဲ့ ယီမင်က စစ်ဘေးသင့်ပြည်သူတွေအတွက် ဆော်ဒီက ဘုရင်ဆလ်မန်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး စင်တာ (KSRELIEF) က ကူညီထောက်ပံ့မှုတွေ ပြု လုပ်ခဲ့တယ်လို့ သိရပါတယ်။

    ကာဂျစ်စ္စတန်နိုင်ငံကို ထောက်ပံ့ရေးလေယာဉ် ၃ စီး ပေးပို့ခဲ့တာဖြစ်ပြီး ယီမင်ကိုတော့ စားနပ်ရိက္ခာခြင်းပေါင်း ၅၀၀၀ နဲ့ စွန်ပလွန်သီး ၈.၅ တန် ပေးပို့ခဲ့တာပါ။ အဲဒီအကူအညီတွေဟာ လိုအပ်နေတဲ့သူတွေကို ကူညီထောက်ပံ့ဖို့အတွက် ရည်ရွယ်တာဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက် ပေးဝေသွားမှာ ဖြစ်တယ်လို့ ၎င်းစင်တာကနေ ပြောကြားခဲ့ပါတယ်။

    “အို့ရှ်ဒေသက ငလျင်ဒဏ်ခံစားရသူတွေအတွက် လူသားချင်းစာနာမှုအကူအညီ တန် ၁၀၀ ကို ဆော်ဒီက ပေးပို့ကူညီခဲ့ပါတယ်” လို့ ကာဂျစ္စတန် စီးပွားရေးဝန်ကြီးဌာန က အတည်ပြုခဲ့ပါတယ်။

    ယီမင်ကို ပေးပို့တဲ့ အကူအညီတွေကတော့ တာအစ်ဇ်မြို့ကို ရောက်ရှိတာဖြစ်ပြီး ဒေသတွင်းက ဒုက္ခရောက်နေသူတွေကို ပေးဝေသွားမှာဖြစ်ပါတယ်။ နောက်ထပ် စားနပ်ရိက္ခာခြင်းပေါင်း ၅၀၀၀ နဲ့ စွန်ပလွံသီး တန် ၁၉၀ ကျော်ကိုလည်း ဆော်ဒီက ထပ်မံပေးပို့သွားဖို့ ရှိနေပါတယ်။

    ယီမင်က ပညာရေးစနစ်ကို အထောက်အပံ့ဖြစ်စေဖို့အတွက် အသံလွှင့်ခြင်းနဲ့ လေ့ကျင့်သင်ကြားပေးခြင်းအပါအ၀င် ဆော့ဖ်ဝဲ စီမံကိန်းတစ်ခုကို အဲဒီစင်တာက ဆောင်ရွက်ခဲ့ပါသေးတယ်။ လာမယ့်နှစ် ပညာသင်နှစ်မှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ယီမင်ကျောင်းသားတွေကို အွန်လိုင်းကနေတစ်ဆင့် ပညာသင်ကြားရေး အစီအစဉ်ကိုလည်း ဆော်ဒီက ဆောင်ရွက်ဖို့ ရှိနေပါတယ်။

    Ref : IINA

  • သူရဲသမိန်ကျေးရွာ မှ ပျက်ဆီးသွားသော ဗလီ သန့်ရှင်းရေးလုပ်ခွင့်ရ၊ ဝေါမြို့ရောက် မွတ်စလင်မ် ကျောင်းသား/ကျောင်းသူ တချို့ ပြန်လာမည်။

    သူရဲသမိန်ကျေးရွာ မှ ပျက်ဆီးသွားသော ဗလီ သန့်ရှင်းရေးလုပ်ခွင့်ရ၊ ဝေါမြို့ရောက် မွတ်စလင်မ် ကျောင်းသား/ကျောင်းသူ တချို့ ပြန်လာမည်။

    ဇွန် ၃၀ ၊ ၂၀၁၆
    M-Media
    သီဟ
    .13501796_634191880062316_7317360997247516856_n
    (၂၉-၆-၂၀၁၆)ရက်နေ့တွင် ဝေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာ ကျေးရွာ တည်ငြိမ်မှု ထိန်းသိမ်းရေးပူးပေါင်းအဖွဲ့အား အလွှာပေါင်းစုံမှ ရွာသူရွာသားများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ ပါဝင်သော (၄၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပါတယ်။  အဆိုပါအဖွဲ့တွင် ဒေသခံ အစ္စလာမ်ဘာသာဝင်များ နှင့် ဗုဒ္ဓဘာသာဝင်  များပါဝင်ဖွဲ့စည်းခဲ့ခြင်းကြောင်းသိရပါတယ်။
    .
    ယနေ့ ၃၀-၆-၂၀၁၆ ခုနှစ် မနက် ၁၀ နာရီခွဲတွင် အဆိုပါ ကျေးရွာတည်ငြိမ်မှုထိန်းသိမ်းရေးပူးပေါင်းအဖွဲ့မှ  သူရဲသမိန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်  အစည်းအဝေးပြုလုပ်ကာ ဝေါမြို့မှာ ပြန်လာမည့် အစ္စလာမ်ဘာသာဝင် ကျောင်းသား/သူ များအား သွားရောက် ကြိုဆိုခေါ်ဆောင်လာရန်နှင့် ပျက်စီးသွားခဲ့သော အစ္စလာမ်ဘာသာရေးအဆောက်အဦအား သန့်ရှင်းပြုလုပ်ဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့၏ FB စာမျက်နှာမှ သတင်းထုတ်ပြန်ထားပါတယ်။
    .
    Info and Photo-Bago Regional Police Force

    13267825_634191886728982_8834871207767475334_n 13438825_634192236728947_2365846336280212444_n 13438888_634192193395618_949331169430499375_n 13501627_634191916728979_8418274843203923397_n 13511035_634192210062283_670848533893368124_n 13524489_634192213395616_8433781704823565346_n 13532879_634191900062314_5594421402376463265_n 13557937_634192160062288_1539939327345232138_n 13567095_634192170062287_1892852492007045179_n 13567250_634191936728977_1140706869794771883_n

  • မြန်မာ-ထိုင်းကုန်သွယ်မှု လာမည့်နှစ်တွင် ၂ ဆတိုးမည်

    မြန်မာ-ထိုင်းကုန်သွယ်မှု လာမည့်နှစ်တွင် ၂ ဆတိုးမည်

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    thai

    – အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုကို ၂ ဆတိုးရန် သဘောတူညီချက် ရရှိခဲ့သည်ဟု မြန်မာအစိုးရက ယမန်နေ့တွင် ကြေငြာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာရန် ဆောက်ရွက်မှုအတွင်း နောက်ဆုံးပေါ်ထွက်လာသည့် ရလဒ်လည်းဖြစ်သည်။

    ထိုင်းဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝစ် ၀ွန်ဆူဝမ် နေပြည်တော်သို့ လာရောက်လည်ပတ်စဉ်အတွင်း ၂၀၁၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်ရေး ကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရောက်ရှိရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

    “၂၀၁၇ ခုနှစ်မှာ မြန်မာနဲ့ ထိုင်းအကြား ကုန်သွယ်မှုပမာဏဟာ ဒေါ်လာ ၂၀ ဘီလီယံအထိ မြှင့်တင်သွားဖို့ ထိုင်းဒုတိယ၀န်ကြီးချုပ်နဲ့ ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါတယ်”

    ထို့ပြင် လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်ရေးပမာဏမှာ ၁၀ ဘီလီယံရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ မြန်မာနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးမှာ တစ်ဖြည်းဖြည်း တိုးတက်ခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ သန်း ၈၀၀ အထိ ရောက်ရှိကာ ထိုပမာဏမှာ ဒေါ်လာ သန်း ၆၀၀ ရှိခဲ့သည့် ၂၀၁၂-၁၄ ဘဏ္ဍာရေးနှစ်နှင့် နှိုင်းယှဉ်ပါက ၃ ပုံ ၁ ပုံ တက်လာခြင်း ဖြစ်သည်။

    သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်တို့နှင့် တွေ့ဆုံခဲ့သည့် ထိုင်းဒုတိယ၀န်ကြီးချုပ်မှာ နှစ်နိုင်ငံနယ်စပ်အရေးကိစ္စများ အဖြေရှာရေး ပြန်လည်လုပ်ဆောင်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

    ပြီးခဲသည့် တစ်ပတ်က ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ သွားရောက်စဉ်က သူမနှင့် ထိုင်းဝန်ကြီးချုပ်တို့မှာ ကျန်ရှိနေသည့် နယ်စပ်ပြဿနာများ ဖြေရှင်းရေး ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။

    Ref: mmtimes

  • လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်မှုများအား ပယ်ဖျက်ရန် မြန်မာအစိုးအရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်မှုများအား ပယ်ဖျက်ရန် မြန်မာအစိုးအရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    expression

    – ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီဦးဆောင်သည့် မြန်မာအစိုးရအနေဖြင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ခြိမ်းခြောက်နေသည့် ဥပဒေများအား ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ပြုလုပ်ရမည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ပြောကြားလိုက်သည်။

    ယမန်နေ့ကထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးမှ အသရေဖျက်မှုအထိ နယ်ပယ်များအတွက် ပြဌာန်းထားသော ဥပဒေများဖြင့် ယခုလအတွင်း ဖမ်းဆီးခဲ့သူများမှာ အနည်းဆုံး ၇၀ ရှိသည်ဟု အစီရင်ခံစာရေးသားသူ လင်ဒါ လက်ခ်ဒီရ်က ပြောကြားခဲ့သည်။

    Human Rights Watch မှ အကြီးတန်း သုတေသနပညာရှင်ဖြစ်သူ ဒေးစ် မက်သီဆန်ကမူ လွတ်လပ်စွာဖော်ပြခွင့်ကို ကန့်သတ်ထားသည့် ဥပဒေများကို ဖြေလျော့ပေးရန် NLD အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ၊ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးမှုများအတွက် ချီးကျူးခဲ့သော်လည်း နိုင်ငံရေးကျဉ်းသားများကို ထောင်ကျစေခဲ့သည့် ဥပဒေအများအပြားမှာ ဆက်ရှိနေသေးသည်ဟု ထောက်ပြခဲ့သည်။

    NLD အစိုးရမှာ ကန်သန့်ချုပ်ချယ်ထားသည့် ဥပဒေအချို့ကို ဖျက်သိမ်းခဲ့ပြီး၊ စစ်အာဏာရှင်လက်ထက်က ပိတ်ပင်ထားသည့် ဆန္ဒပြခွင့်ကို ခွင့်ပြုပေးထားသော ငြိမ်းချမ်းစွာ စီတန်းလှည်လည်ရေးဥဒေကဲ့သို့ ဥပဒေများကို ပြင်ဆင်ရန် အဆိုပြုထားသည်။ သို့သော်လည်း အဆိုပါ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရေး ဥပဒေတွင် ကန့်သတ်ချက်များ ရှိနေသေးပြီး ဆန္ဒပြသူအများအပြားကိုလည်း ထိုဥပဒေအသုံးပြု၍ ဖမ်းဆီးထောင်ချမှုများ ရှိနေသည်။

    NLD က ထိုဥပဒေကို ပြင်ဆင်ရန် အဆိုပြုထားမှုမှာ တိုးတက်မှုတစ်ခု ဖြစ်သော်လည်း လုံလောက်မှုမရှိသေးဟု Human Rights Watch က ပြောကြားခဲ့သည်။

    ထို့ပြင် ဆက်သွယ်ရေးကွန်ယက်များကို “ငွေညှစ်ရန်၊ ခြိမ်းခြောက်ရန်၊ နှောက်ယှက်ရန်၊ အသရေဖျက်ရန်၊ စိတ်ဒုက္ခရောက်စေရန်၊ မသမာသြဇာ လွှမ်းမိုးစေရန် သို့မဟုတ် လှုံ့ဆော်ရန်” သုံးစွဲခြင်းမပြုရဟူသည့် ဆက်သွယ်ရေးဥပဒေတွင် ပြဌာန်းထားမှုကိုလည်း အစီရင်ခံစာတွင် ထောက်ပြခဲ့သည်။

    Ref: Reuters

  • ဘေးလ်က ဟာဇာ့ဒ်ထက်သာသည်ဟု ဘယ်လ်ဂျီယံနောက်ခံလူ ပြော

    ဘေးလ်က ဟာဇာ့ဒ်ထက်သာသည်ဟု ဘယ်လ်ဂျီယံနောက်ခံလူ ပြော

    ဇွန် ၃၀၊ ၂၀၁၆
    M-Media

    bel

    – ယူရိုကွာတားဖိုင်နယ်တွင် တွေ့ရမည့် ဝေးလ်အသင်း၏ တိုက်စစ်မှူး ဂါရက်ဘေးလ်မှာ မိမိအသင်းဖော် အေဒင်ဟာဇာ့ဒ်ထက် အနည်းငယ်သာသည်ဟု ဘယ်လ်ဂျီယံနောက်ခံလူ ဂျော်ဒန် လူကာကူက ပြောကြားလိုက်သည်။

    သောကြာနေ့ညတွင် ကစားမည့် အဆိုပါပွဲအတွက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး ဘေးလ်နှင့် ရမ်ဆေးတို့မှာ မိမိတို့အသင်းအတွက် အန္တရာယ်ရှိသော ကစားသမား ၂ ဦး ဖြစ်သည်ဟု ဆိုသည်။

    “ဘေးလ်ဟာ ဟာဇာ့ဒ်ထက် နည်းနည်းပိုပြီး သာနိုင်ပါတယ်။ သူက ထိပ်တန်းအဆင့်မှာ ပိုကြာကြာ ကစားနိုင်နေတယ်လေ။ ကလပ်အသင်းအဆင့် အရေးပါတဲ့အချိန်တွေမှာလည်း ဘေးလ်က ခြေစွမ်းပြခဲ့ပါတယ်။ ဟဇာ့ဒ်ကတော့ ခြေစွမ်း ဒီလောက် မတည်ငြိမ်ပါဘူး” ဟု လူကာကူက ပြာကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ ဘေးလ်နှင့် ရမ်ဆေးတို့အား တားဆီးနိုင်မည့် အစီအစဉ်တစ်ခုကို ဆွဲမည်ဖြစ်ပြီး၊ အသင်းလိုက်အနေအထားဖြင့် ပြန်လည် တုန့်ပြန်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal