by Artist Lagoon Eain
Blog
-
တရားမ၀င်ဘူးတဲ့လား ဒေါက်တာ ဖေမြင့်
ဇူလိုင် ၁ ၊ ၂၀၁၆.ဦးဖေမြင့်ကို ကျနော် စာပေသမားတယောက်အနေနဲ့ လေးစားပါတယ်။ ဦးဖေမြင့်ကလည်း အသိပညာရှင်တယောက်ပီပီ လွတ်လပ်စွာကိုးကွယ်ခွင့်ကို အပြန်အလှန် လေးစားသင့်ပါတယ်။–ငြိမ်းချမ်း ဘာကိုးကွယ်လည်း မေးရင် ကျနော့် မိန်းမက လွှဲပြီး ဘာမှ မကိုးကွယ်ပါဘူး။ (ရှင်းအောင် ပြောထားတာပါ။)–သမိုင်းတွေ ကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ သခင်စိုးကြီးကို အင်္ဂလိပ်အစိုးရက ဖမ်းချင်ပေမဲ့ ရွှေတိဂုံ ဘုရားပေါ်ကို တက်ပြေးတော့ ဘုရားပေါ်မှာ တက် မဖမ်းခဲ့ပါဘူး။ နောက်ဆုံး ဗမာ့ခေတ် ဦးအုံးခင်တို့က လော်ဘီလုပ်ပြီး မိန်းမအနေနဲ့ ရုပ်ဖျက်ပြီး ဘုရားပေါ်က ဆင်းသွားပြီ ၀ါဒဖြန့်တော့မှ အင်္ဂလိပ်က လက်လျှော့ သခင်စိုးကြီး အေးအေးဆေးဆေးနဲ့ ရွှေတိဂုံဘုရားက ပြန်ဆင်းလာနိုင်ပါတယ်။ ဒါဟာ အင်္ဂလိပ်အစိုးရရဲ့ ဘာသာတရားအပေါ်မှာ ထားတဲ့ လေးစားမှု့ပါ။ နောက်တချက်က တရားဥပဒေ အရပါ။ ဒေါက်တာဖေမြင့် တယောက် ဒီိလို စာတွေနဲ့ ယဉ်ပါး ပြီးသားပါ။–ဒီလိုပဲ အခု ထိုင်းနိုင်ငံရဲ့ အကြောင်းကို ကျနော်မသိပါ။ လွန်ခဲ့သော ၁၅ နှစ် ၁၆နှစ်က တရားမ၀င် ဗမာနိုင်ငံသားတွေ မြဘုရား တို့ ထိုင်းနိုင်ငံက ဘုရားတွေပေါ်မှာ တက်နေရင် တရားမ၀င်မှန်း သိတာတောင် ထိုင်းရဲက မဖမ်းပါဘူး။ ဗုဒ္ဓဘာသာ အချင်းချင်းမို့ မဟုတ်ပါ၊ မွတ်စလင် ဘာသာဝင် သူငယ်ချင်း ကျောင်းသားတပ်မတော်သားတွေကိုလည်း ဘုရားကုန်းတော်ပေါ်မှာတော့ ရဲက တက်မဖမ်းပါဘူး။–ဒီလ ဘာလ လည်း မေးကြည့်လိုက်ပါ။ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ် သီလ ယူတဲ့ လပါ။ အစ္စလာမ်ဘာသာဝင်တွေဆိုတာ ဗမာနိုင်ငံသားတွေပါ။ သူတို့အနေနဲ့ အခြေခံဥပဒေအရ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အရ အေးအေးချမ်းချမ်း ယုံကြည်ရာကို ကိုးကွယ်ကြတာပါ။ နောက် တချက်က ဇူလိုင်လ တရက်နေ့ဟာ တကမ္ဘာလုံးဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဠ်အမြတ် ကဒရ်ညမြတ်လို့ ခေါ်တဲ့ နေ့ထူးနေ့မြတ်ပါ။–ဒီလိုလ ဒီလိုနေ့ ကိုမှ ဗလီ တလုံး မီးလောင်တယ်ဆိုတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရင်ထဲမှာ ဘယ်လောက်များ ကြေကွဲလိမ့်မလဲ စဉ်းစားကြည့်ပေါ့ဗျာ။–အစိုးရမင်းများ လုပ်ပြီး၊ ငါတို့ မသိလိုက်ဘူးဆိုရင်တော့ ခင်ဗျားတို့ သေလို့ရတဲ့ အထဲမှာ အစောကြီးကတည်းက ပါသင့်တဲ့သူတွေ ဖြစ်ကုန်မှာပေါ့။–နောက်တချက်က ဘာသာရေးအဆောက်အဦးတွေ ဖျက်ဆီးမယ်ဆိုရင် အစိုးရမင်းများ ကိုယ်တိုင် လုပ်ရမှာပါ။ အရပ်သား မဆိုင်တဲ့သူတွေ ဖျက်ဆီးရင် ဘာသာရေး ပြဿ နာတွေ ပိုကြီးလာနိုင်တယ်၊ ဘာသာနှစ်ခုကြားမှာ အကြမ်းဖက်မှု့တွေ၊ အမုန်းတရားတွေ ကြီးထွားလာမယ်ဆိုတာကို အစိုးရမင်းများအနေနဲ့ သိရမှာပါ။ ကြိုတင်ကာကွယ်ရမှာပါ။–ဖျက်ဆီးခံလိုက်ရတဲ့ ဗလီ တရားဝင်ခြင်း၊ တရားမ၀င်ခြင်းက အခု ပြောရမဲ့ ကိစ္စမဟုတ်ပါဘူး။ ဖျက်ဆီးသူတွေကို တရားဥပဒေအရ ဘယ်လို အရေးယူမလည်း၊ ဘယ်လို အပြစ်ပေးမလည်း၊ နစ်နာသူတွေကို ကျေနပ်အောင် ဘယ်လို ဆောင်ရွက်ပေး မလည်း။ နိုင်ငံတကာ အမြင်ရှင်းအောင် ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ နောက်ဆက် တွဲတွေကိုပဲ ပြောရတော့မှာပါ။–ဦးဖေမြင့် တဖြစ်လည်း ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့် ဟိုးတုန်းက လေးစားသလို၊ အာဏာရတဲ့အချိန်မှာလည်း ကျနော် လေးစားချင်ပါတယ်။ ပြဿ နာတခုကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါစေလို့ ဆုတောင်းရင်းဖြင့်သာ–စာရေးသူ၏ FB စာမျက်နှာမှ ရယူဖော်ပြပါသည်။ဆက်စပ်သတင်းဖတ်ရန်————————-MOI- ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာဖြစ်စဉ်တွင် နောက်ကွယ်မှ သွေးထိုး လှုံ့ဆော်သူများ ရှိ၊ မရှိ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိ -
အကြောက်တရား နဲ့ နှုတ်ဆိတ်နေတာ NLD အတွက်ရော တိုင်းပြည်အတွက်ရော မကောင်းပါ။
လိုင် ၁၊ ၂၀၁၆လင်းသက်ဆွေ ရေးသည်။NLD ကို ကျွန်တော်တို့ ပြည်သူတွေ မဲပေးခဲ့ကြတာ အန်တီစု တစ်ယောက်ထဲ ကို ချစ်လို့ ယုံကြည်လို့ အားကိုးလို့ မဲပေးခဲ့ကြတာပါ။ ဒါ တကယ့်အမှန်တရား ဆိုတာ ဘယ်သူုငြင်းနိုင်မလဲ။.ဒါပေမဲ့ NLD ရဲ့ ပြည်သူ့ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော်ထဲမှာ အစ္စလာမ် ဘာသာဝင် တစ်ယောက် တောင်မပါဝင်ခဲ့ သလို အစိုးရအဖွဲ့အစည်း အဆင့်ဆင့်မှာလဲ ပါဝင်ခွင့်မရခဲ့ဘူး ဆိုတာ တွေ့ရတယ်။.ဒါတွေ ဟာ တိုက်ဆိုင်တာမဟုတ်ပဲ တမင် ချန်လှပ်ခဲ့တာ ဆိုတာ သိသာတယ်။ ပါတီ ရဲ့ ရွေးချယ်မှု ပေါ်လစီလဲ ဖြစ်ချင်ဖြစ်မယ်။ ဒီအထိက ပြသနာမရှိဘူး။ အစ္စလာမ်ဘာသာ နဲ့ ပတ်သက်လို့ မဘသ ဘက်က အကဲဆတ်နေတဲ့ အချိန်မှာ ကိုယ့်ဘက်က ကာလံဒေသကြည့်ပြီး အားနည်းချက်နည်းအောင် လုပ်တဲ့ သဘော ဆိုတာ နားလည်ပေးလို့ ရတယ်။.လူထုရဲ့ မဲဆန္ဒ ကိုပဲ အားကိုး နေရတဲ့ အခါမှာ လူပိန်းကြိုက်တွေ ပြောရတယ် လုပ်ရတယ်ဆိုတာ ခွင့်လွှတ်နိုင်တယ်။ အများရဲ့ ဆန္ဒ ကို မဆန့်ကျင်ဘူးဆိုတဲ့ မူနဲ့ သွားတာ ကို လက်ခံပါတယ်။.ရိုဟင်ဂျာ ပြသနာ ပေါ်လာတဲ့ အခါ ရခိုင်ပြည်နေမွတ်စလင် ဆိုပြီး အာပတ်လွတ်အောင် လုပ်ခဲ့တယ်။ ဒီအထိလဲ ပြသနာ မရှိသေးဘူး။ ရခိုင်မျိုးချစ်တွေ ရဲ့ ဆန့်ကျင်မှု ကို တော့ ခံနေရတာ အမှန်ပဲ။ ခိုးဝင်ဘင်္ဂလီတွေ မို့ ရပ်တည်မပေးနိုင်ဘူး ဆိုတာမျိုး နဲ့ လူထုကို ချွေးသိပ် နိုင်တယ်။.ဒါပေမဲ့ အခု ပြည်တွင်းနေ နိုင်ငံသား ဘာသာဝင် လူနည်းစုတွေ တိုက်ခိုက် ခံလာရတဲ့ အပေါ် မှာ NLD အနေနဲ့ သိပ်ပြီး နုတ်ဆိတ်မနေသင့်ဘူးလို့ ထင်တယ်။ အထူးသဖြင့် အန်တီစု အနေနဲ့ ပြတ်သားတဲ့ ရပ်တည်ချက် တစ်ခုခု ကို ဖော်ဆောင်ရမဲ့ အချိန်လို့ မြင်တယ်။ လူများစု က မှားတဲ့ အသိ မှားတဲ့ အမြင်ဖြစ်နေရင်လဲ ဦးဆောင်တဲ့ အစိုးရအနေနဲ့ လူထု ကို အသိပေး ဆုံးမဖို့ လိုပါလိမ့်မယ်။ တကယ်တန်း လစ်ဘရယ်ကျကျ ရပ်တည်တဲ့ အခါမှာ လူအများရဲ့ ငြိုငြင်မှု ကို ခံချင်ခံရနိုင်တယ်။ ထောက်ခံမှု နည်းနည်း ကျချင်ကျနိုင်တယ်။ လူကြိုက်များအောင်လုပ်ချင်ရင် ဇာတ်ကမှာပေါ့လို့ တစ်ခါက ပြောဖူးတာ မှတ်မိတယ်။.ဒီအကွက်တွေဟာ အာဏာပြုတ်တွေ နဲ့ ဘာသာရေးလူမျိုး အစွန်းရောက်တွေ က ချောက်တွန်းဖန်တီးနေတယ် ဆိုတာ အားလုံးသိတယ်။ ဒါပေမဲ့ လုံးလုံးကြီး အကြောက်တရား နဲ့ နှုတ်ဆိတ်နေရတာဟာ ကိုယ့်အတွက်ရော တိုင်းပြည်အတွက်ပါ မကောင်းဘူးလို့ မြင်ပါတယ်။ လူထုအကြိုက် ကို လိုက်တာ မဟုတ်ပဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်း ကို လူထု ကို လိုက်လျှောက်နိုင်အောင် လမ်းပြပေးဖို့လိုပါတယ်။.နိုင်ငံသားမှန်ရင် လူမျိုး ဘာသာ မခွဲခြားဘဲ တန်းတူ အကာအကွယ် ပေးဖို့ လိုပါ။ ဟုတ်ကဲ့ ပြည်ထဲရေး က ကိုယ့်လက်ထဲ မှာ မဟုတ်လို့ ဆင်ခြေပေးနိုင်တယ်။ ဒါကို လက်ခံတယ်။ ဒါပေမဲ့ ပြည်ထဲရေး ကိုလဲ NLD ကပဲ တာဝန်ခံရတာမို့ နောက်ဆုံးတော့ ကိုယ့် ခေါင်းပေါ် ချေးစုမှာ ပါပဲ။ ဒါကြောင့် ကမ္ဘာသိအောင် လစ်ဘရယ်ဒီမိုက်ရက်တစ် ဖြစ်တဲ့ ရပ်တည်မှုတစ်ခု အသံတစ်ခု ကို ခိုင်ခိုင်မာမာ ကြားချင်ပါတယ်။.ယုံကြည်ခဲ့တဲ့ အတိုင်းဖြစ်မလာရင် လူနည်းစုတွေ က စိတ်ပျက်သွားမှာ အမှန်ပါ။ လူနည်းစုတွေ ပေါင်းလိုက်ရင်လဲ မနည်းလှတာမို့ ဒီလူတွေ ရဲ့ မျှော်လင့်ချက် ယုံကြည်ချက်လေးတွေ ကို တန်ဖိုးထားလေးစားပေးဖို့ လဲ တောင်းဆိုလိုက်ပါတယ်။.စာရေးဆရာ လင်းသက်ဆွေ မှာ ဗုဒ်ဓဘာသာဝင်တဦးဖြစ်သည်။.စာရေးသူ၏ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။ -
ယနေ့ အကြမ်းဖက် မီးရှို့ဖျက်ဆီးခံလိုက်ရသည့် လုံးခင်းမှ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင်၏ မှတ်တမ်းနေ့စွဲများ
ဇူလိုင် ၁၊ ၂၀၁၆
M-Media
သီဟ- စုစည်းတင်ပြပါသည်။
.
၁၉၉၀ ခုနှစ်
——————-
ကချင်ပြည်နယ်-ဖားကန့် မြို့နယ် ၊ လုံးခင်းကျေးရွာအုပ်စု ၊ လယ်ပြင်ကျေးရွာတွင် ဒေသခံဖြစ်သူဦးရဲမောင် လှူဒါန်းသည့် မြေနေရာတွင်၊ အစ္စလာမ်ဘာသာရေး ဝတ်ပြုဆောင် တထပ်အဆောက်အဦး အားဆောက်လုပ်၍ နေ့စဉ် (၅) ကြိမ် ဝတ်ပြုခဲ့၊
.
၁၉၉၁ ခုနှစ်
—————–
၁၂.၉.၁၉၉၁ တွင် ဝတ်ပြုဆောင်တည်ရှိရာ မြေပုံနှင့် မြေကွက်လှူဒါန်းသည့် စာချူပ်ဖြင့် မြိုနယ် အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာနသို့ အခွန်လွတ် အစ္စလာမ် ဝတ်ကျောင်းမြေအဖြစ် လျောက်ထားခဲ့
.
၂၀၁၃ ခုနှစ်ထိ
—————
တံတား မဆောက်ခင် ထိ ဒေသခံများနှင့် မည့်သည့် ပြသနာ မှ ဖြစ်ပွားခြင်း မရှိဘဲ အစဉ်အဆက် အေးချမ်းစွာ ရှိခဲ့
.
၂၀၁၄ ခုနှစ်
————–
ဥရုချောင်း တံတား တည်ဆောက်ရန် ကုန်ကြမ်းပစ္စည်းများထားဖို့ ဝတ်ပြုဆောင် ခြံစည်းရိုး ဖျက်ပေးခဲ့၊ ဂိုဒေါင်နှင့် ဝန်ထမ်းများနေထိုင်ဖို့ အဆောက်အဦးများကို ဝတ်ပြုဆောင် ဧရိယာအတွင်း ဆောက်လုပ်ခွင့်ပေးခဲ့၊
တံတားဆောက်လုပ်ရေးဘက်မှ တံတားဆောက်လုပ်ပြီးစီးသည့်အခါ အဆိုပါ အဆောက်အအုံများကို ဝတ်ပြုဆောင် သုံးရန် ပေးအပ်ခဲ့၊
.
၂၀၁၆ ခုနှစ်
————
မတ်လ။ ။ တံတားဖွင့်ပွဲလုပ်၊ မြေနေရာဈေးများ အဆမတန် ထိုးတက်ခဲ့၊
လုံခင်းဘက်မှ ရပ်မိရပ်ဖများမှ မွတ်စလင်မ်များ လှူထားသည် ဝတ်ပြုဆောင်ပိုင် ဝန်းကျင်ရှိ မြေများကို ၄င်းတို့အားပေးရန်ပြော၊ မွတ်စလင်မ်များဘက်မှ လက်မခံခဲ့
.
ဇွန် ၁၇။ ။ အပိုဆောင် ၃ ခုဖျက်ဖို့ ရပ်/ကျေးမှ စာထွက်
.
ဇွန် ၁၈ ။ ။အပိုဆောင် ၃ ခု ( ဗလီဆရာ အိမ်အပါအ၀င်) ဖျက်ပေးခဲ့၊
.
ဇွန် ၂၀။ ။ လူအင်အာ ၅၀၀ ခန့် ၀တ်ပြုဆောင်ကိုဖျက်ရန်လာ၊ ရဲ နှင့်ရွာသား ၅၀ တားဆီးထိမ်းသိမ်းပေး
.
ဇွန် ၂၁။ ။ မြို့နယ်ထွေအုပ် မှ ၀တ်ပြုဆောင်ကို ဖျက်ရန် လက်မှတ်ထိုးခိုင်း၊
.
ဇွန် ၂၂ ။ ။ ၂၂ ၇က်နေမှ စ၍ နေ့စဉ် ဗလီမှတာဝန်ရှိသူများကို ဖိအားပေးဖျက်ခိုင်း၊
.
ဇွန် ၂၃/၂၄။ ။ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ထံ အသနားခံစာ လက်ရောက်ပေး
.
ဇွန် ၂၅/၂၆။ ။ သမ္မတ၊ နိုင်ငံတော်၏အကြံပေး၊ သာ/ယဉ်၊ ပြည်ထဲရေးကို မိတ္တူပို့
.
ဇွန် ၂၇။ ။ အဖွဲ့ကြီး ၅ ဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ် ထံသို့ မေတ္တာရပ်ခံလွှာပေးပို့
.
ဇွန် ၂၉။ ။ မြို့နယ်ထွေအုပ်မှ အတတ်နိုင်ဆုံး တားပေးမည်ဟုပြောကြား၊ ညနေပိုင်းမှစတင်ပြီး လုံခြုံရေးပေး၊
.
ဇူလိုင် ၁(မနက်)။ ။ ညနေ ၆ နာရီထားပြီး ဝတ်ပြုဆောင်အား ချိတ်ပိတ်ပေးရန်၊ သော့အား အာဏာပိုင်များပေးရန် ထပ်ပြော ၊မွတ်စလင်မ်များဘက်မှ ရပ်ရွာတည်ငြိမ်ရေးကို ရှေးရှုပြီး လက်မှတ်ထိုးပေး လိုက်လျောခဲ့၊
.
ဇူလိုင် ၁ (ညနေ ၄ နာရီခွဲ)။ ။ ဗုဒ်ဓဘာသာ သာသနာ့အလံများ လွှင်ထူထားသော ၊သံဃာတော် များအပါဝင် ၊ လူအင်အားအများအပြားဖြင့် ဝတ်ပြုဆောင်အားဖျက်ဆီးခဲ့၊ ရဲအင်အား ၁၀၀ ကျော်ရှိသော်လည်း မတားဆီး၊
.
ဇူလိုင် ၁ (ညနေ ၆ နာရီ)။ ။ ဝတ်ပြုဆောင် တခုလုံးအားမီးရှို့၊ သတင်းထောက်များ ဓါတ်ပုံ၊ ဗီဒီယို မှတ်တမ်းယူခွင့်မရ