News @ M-Media

Blog

  • ဧရာဝတီတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်ယာ ဧက ၆၀၀၀ ကျော် ပြန်ပေး

    ဧရာဝတီတိုင်းဒေသကြီးတွင် သိမ်းဆည်းခံလယ်ယာ ဧက ၆၀၀၀ ကျော် ပြန်ပေး

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    farm land

    – သိမ်းဆည်းထားသော လယ်ယာမြေများ ပြန်လည်ပေးအပ်နိုင်ရေးအတွက် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ ကြီးကြပ် ဆောင်ရွက်သော ရှေ့ပြေး စီမံကိန်းတွင် ဧရာဝတီတိုင်းဒေသကြီး၌ မြေဧကပေါင်း ၆၀၀၀ ကျော်ကို ပြန်လည် ပေးအပ်နိုင်ခဲ့သည်ဟု သိရသည်။

    ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားတွင် စက်မှုလက်မှုဝန်ကြီးဌာနမှာ ဖျာပုံမြို့တွင် လယ်မြေ ၃၁၆၈ ဧကကို လယ်သမား ၇၂ ဦးထံသို့လည်းကောင်း၊ ယခင်အာဏာရ ကြံ့ခိုင်ရေးပါတီမှ အမတ်တစ်ဦးဖြစ်သူ ဦးဌေးမြင့်ပိုင်ဆိုင်သော ယုဇနကုမ္ပဏီက ပန်းတနော်မြို့နယ်တွင် လယ်မြေ ၃၂၆၆ ဧကကို လယ်သမား ၂၅၂ ဦးထံသို့ လည်းကောင်း အသီးသီး ပေးအပ်နိုင်ခဲ့သည်။

    အဆိုပါ လယ်ယာမြေများမှာ ၁၉၈၀ ပြည့်နှစ်များက သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေများဖြစ်သည်။

    ပြန်လည်ပေးအပ်ခဲ့သည့် လယ်ယာမြေများကို ယာယီပိုင်ဆိုင်ခွင့်နှင့် စီးပွားရေးရည်ရွယ်ချက်အတွက် အသုံးချနိုင်ခွင့် ရရှိရန်အတွက် အစိုးရမှာ လယ်သမားတစ်ဦးချင်းစီကို ပုံစံ ၃ ထုတ်ပေးထားသည်ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင်က ပြောကြားခဲ့သည်။ အကယ်၍ လယ်သမားများမှာ အစိုးရနှင့် အငြင်းပွားဖွယ်ပြဿနာများ မရှိပါက မိမိတို့အနေဖြင့် ထိုမြေယာများကို ရောင်းချနိုင်ခွင့်ရှိမည့် ပုံစံ ၇ ကို ထုတ်ပေးသွားမည်ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။

    “သိမ်းဆည်းခံ လယ်ယာမြေများနှင့် အခြားမြေယာများဆိုင်ရာ ကော်မတီကလည်း မြေယာတွေကို သုံးသပ်မှုတွေပြုလုပ်နေပြီး ဒါဟာ အစိုးရသစ်လက်ထက်မှာ သိမ်းဆည်းခံမြေယာတွေကို ပိုင်ရှင်တွေထံ ပထမဆုံး ပြန်ပေးတာဖြစ်ပါတယ်။ နောက်ထပ်ပြန်ပေးဖို့အစီအစဉ် ရှိနေပေမယ့် လက်ရှိမှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သုံးသပ်နေဆဲ ဖြစ်ပါတယ်”

    အဆိုပါ ကော်မတီကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဥက္ကဌအဖြစ်တာဝန်ယူထားပြီး အစိုးအနေဖြင့် သိမ်းဆည်းခံ လယ်ယာမြေများကို လယ်သမားများအား ပြန်လည်ပေးအပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် စနစ်တကျ ဆောင်ရွက်နေသည်ဟု ဦးဆောင်ကျော်ခိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: mmtimes

  • စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း သင်တန်းသားသစ်များခေါ်ယူ

    စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း သင်တန်းသားသစ်များခေါ်ယူ

    ဇွန် ၂၉ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    .11391146_472536609579055_3291547817223016647_n
    စင်္ကာပူ-မြန်မာ အသက်မွေးဝမ်း ပညာသင်ကျောင်း (Singapore-Myanmar Vocational Training Institute) ရဲ့ ဝင်ခွင့်များ စတင်ခေါ်ယူနေပြီး နိုဝင်ဘာလ ၇ ရက်နေ့ တွင် စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

    ဆယ်တန်းအောင်ပြီး အဝေးသင်တဖက်နဲ့ သက်မွေးပညာတစ်ခုခုကို ဆည်းပူး လုပ်ကိုင်လိုသူများအတွက် အထူးသင့်လျော်တဲ့ လက်တွေ့အသားပေး သင်တန်း ဖြစ်ပါတယ်။ သင်ရိုးနဲ့ သင်ထောက်ကူပစ္စည်းများလည်း ပြည့်စုံကောင်းမွန်ပါတယ်။
    .
    ပဏာမ ရွေးချယ်ခံရသူများ လူတွေ့အင်တာဗျူး ဖြေဆိုကြရမှာ ဖြစ်ပြီး အောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ၆လ သင်တန်း တစ်သုတ်လျှင် သင်တန်းသား ၄၀၀ ခန့် ခေါ်ယူလေ့၇ှိပါတယ်။
    .
    သင်တန်းကာလမှာ ၆ လဖြစ်ဖြစ်ပြီး တနင်္လာ မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တက်ရောက်သင်ယူရမှာ ဖြစ်ပါတယ်။
    .
    သင်တန်းပြီးဆုံးပြီး အောင်မြင်ပါက SMVTI Certificate သ.ပ.န အသိအမှတ်ပြု (accredited by Ministry of Science and Technology (MOST)) ရရှိမှာ ဖြစ်ပါတယ်။

    သင်တန်း အမျိုးအစားများမှာ
    -Hotel & Tourism-
    ——————-
    1-Front Desk Operation
    2-Food and Beverage
    3-House Keeping
    4-Retail Operation
    .
    -Engineering
    ——————
    1.Electronics  (Computer & Networking)
    2.Electrical Technology (Electrical Appliances and Special Installations)
    3-Residental Air Conditioning
    4-Building Fixtures and Equipment
    5-General Welding
    6-Mechatronic (Basic Services)
    .
    အဆိုပါသင်တန်းများကို တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ၁၆နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်ပါတယ်။
    .
    လိုအပ်သောစာရွက်စာတန်းများ>>>
    ၁- တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ
    ၂- တက္ကသိုလ်ဝင်တန်းအမှတ်စာရင်းမိတ္တူ
    ၃- မိဘများ၏ မှတ်ပုံတင်မိတ္တူ
    ၅- ရဲစခန်းထောက်ခံစာ
    ၆- ပါတ်စပို့ဆိုဒ်ဓါတ်ပုံ ၁ပုံ
    .
    အသေးစိတ်သိရှိလိုသူများ https://www.facebook.com/SMVTI.Ygn/ ကိုသွားရောက်ကြည့်ရှုနိုင်ပါတယ်။

    SMVTI

  • အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု

    အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှု

    2013 Little India riot
    ရေးသူ- Zaw Min Oo
    .
    ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်နေ့က စင်္ကာပူနိုင်ငံ Little India မှာ ယဉ်တိုက်မှုကို အစပြုပြီး လူ ၃၀၀ လောက်ပါဝင်တဲ့ ဆူပူအုံကြွမှု ဖြစ်ခဲ့ပါတယ်။ ရဲကားပါ မီးရှို့ခံလိုက်ရတယ်။ ဖြစ်တဲ့ညမှာ ရဲတွေဟာ ဝိုင်းထားပြီး လူစုခွဲဖို့ကိုဘဲ သတိပေးခဲ့ပါတယ်။
    .
    တိုင်ကြားသူမရှိပေမယ့် ရဲတွေကပဲ တစ်နှစ်ကြာ စနစ်တကျ ဖော်ထုတ်ခဲ့ပါတယ်။ လူတွေဆီမှာ ရှိတဲ့ ဓာတ်ပုံတွေ ဗွီဒီယိုတွေကို တောင်းခံပြီး ဖျက်ဆီးမှု လုပ်သူများကို စနစ်တကျ ဖော်ထုတ်ပြီး တရားရုံး အရောက်ပို့ခဲ့ပါတယ်။ အဲ့ဒီအဖြစ်အပျက်မှာ ၂၇ ယောက် ဒါဏ်ရာရ၊ ၄၀ ယောက် ဖမ်းပြီး ၃၁ ယောက်ကို ပြစ်ဒါဏ်ချမှတ်ခဲ့ပါတယ်။
    .
    ဒီအဖြစ်အပျက်ကို စနစ်တကျ သုတေသနေပြုတဲ့ အဖွဲ့ ဖွဲ့လေ့လာပြီး နောက်နောင် ထပ်မဖြစ်အောင် အစီအမံတွေ လုပ်ခဲ့ပါတယ်။ ည ၁၀:၃၀ နောက်ပိုင်း အရက် ဘီယာ ရောင်းမပေးတော့တာ၊ အများပြည်သူ နားနေရာတွေမှာ ၁၀:၃၀ နောက်ပိုင်း အရက်မသောက်ခိုင်းတော့တာ၊ အလုပ်သမားအဆောင်တွေမှာ အားကစားလုပ်ဖို့ ကစားကွင်း ထောက်ကူပစ္စည်းတွေ ထည့်ပေးတာ၊ ပိတ်ရက်တွေမှာ ရုပ်ရှင်ပြပေးတာတွေအပြင် အများစုက အန္ဒိယတွေ ဖြစ်ခဲ့လို့ အန္ဒိယ သံအမတ်ပါခေါ်ပြီး ကျန်တဲ့ လူတွေကို လိုက်လံ အားပေးမှုတွေ လုပ်ခဲ့ပါတယ်။ တချိန်တည်းမှာ ပြည်သူတွေကိုလည်း နိုင်ငံခြားသားတွေကို မမုန်းဖို့ အစိုးရ မီဒီယာတွေအပြင် လူမှုကွန်ယက်တွေသုံးပြီး ပညာပေးတွေ လုပ်ပါတယ်။
    .
    ဒါဟာ အာဏာရှင်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုပါ…

  • အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်နိုင်ငံအဖြေသာရှိသည်ဟု ဘန်ကီမွန်ပြော

    အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် နှစ်နိုင်ငံအဖြေသာရှိသည်ဟု ဘန်ကီမွန်ပြော

    ဇွန် ၂၉၊ ၂၀၁၆
    M-Media

    ban

    – ပါလက်စတိုင်းပိုင်နက်တွေကို နှစ်ပေါင်း ၅၀ လောက် ကျူးကျော်သိမ်းပိုက်လာတာဟာ အစ္စရေးတွေအတွက် လုံခြုံဘေးကင်းမှုကို မဆောင်ကျဉ်းနိုင်ဘဲ နှစ်နိုင်ငံအဖြေကသာလျှင် အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းစေလိမ့်မယ်လို့ ကုသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ပြောကြားလိုက်ပါတယ်။

    တနင်္လာနေ့က ဂျေရုစလင်မှာ အစ္စရေးသမ္မတ ရူဗင် ရစ်ဗ်လင်နဲ့ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီလို ပြောကြားလိုက်တာပါ။ နောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဟာ အဖြေမဟုတ်တာကြောင့် ဓားနဲ့တိုက်ခိုက်တာ၊ သေနတ်နဲ့ပစ်တာနဲ့ ဗုံးကြဲတာမျိုးတွေဟာ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူးလို့လည်း ဘန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မျှမျှတတနဲ့ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် နှစ်ပေါင်း ၅၀ နီးပါး ကြာညောင်းခဲ့တဲ့ ပါလက်စတိုင်းပိုင်နက်ကို သိမ်းပိုက်မှုဟာ ပါလက်စတိုင်းပြည်သူတွေရဲ့ ဘ၀တွေကို တစ်စထက်တစ်စ ပျက်ဆီးစေပြီး၊ ဒီပဋိပက္ခနဲ့ပတ်သက်လို့ ငြိမ်းချမ်းတဲ့ အဖြေတစ်ခု ထွက်မယ်ဆိုတဲ့ ယုံကြည်ချက်ကိုလည်း ပျက်သုဉ်းစေပါတယ်”

    အဆက်မပြတ်ဖြစ်နေတဲ့ ပဋိပက္ခတွေကိုတားဆီးပြီး ပြည်သူနှစ်ရပ်လုံး အောင်မြင်မှုရရှိဖို့အတွက် နှစ်နိုင်ငံအဖြေကသာ တစ်ခုတည်းသော အလားအလာရှိတဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့လည်း ဘန်ကီမွန်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref : IINA