News @ M-Media

Blog

  • ရွေးလက်ယာ အင်စတီကျုမှ ပြုလုပ်သော သဟဇာတကမ်ပိန်း/ရမသွာန်ဝါဖြေပွဲ (ရုပ်သံ)

    ရွေးလက်ယာ အင်စတီကျုမှ ပြုလုပ်သော သဟဇာတကမ်ပိန်း/ရမသွာန်ဝါဖြေပွဲ (ရုပ်သံ)

     

    ရွေးလက်ယာ အင်စတီကျူ့ရဲ့ သဟဇာတ ကမ်ပိန် လှုပ်ရှားမှု အနေနဲ့ဘာသာပေါင်းစုံ ၀ါဖြေပွဲလေးတခုကို ဇွန် ၂၅ ရက်နေ့က ဇဖရ်ရှား ဗလီဝတ် ကျောင်း တော်မှာ ပြုလုပ်ခဲ့ပါတယ်။

    ဘာသာတခု နဲ့တခုအကြား ယုံကြည် မှု မြင့်တင်ပြီး အပြန်အလှန်နားလည်ဖေးမမှု နဲ့အတူ ရေးရာကိစ္စတွေမှာ စုပေါင်းလက်တွဲ လုပ်ကိုင်နိုင်ဖို့ ရည် ရွယ် လုပ် ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

    မြန်မာနိုင်ငံနှစ်ချင်း ခရစ်ယာန်တက္ကသိုလ် Myanmar Institute of Theology (MIT) BA (Religion) Final သင်တန်းနှင့် ရန်ကုန်နိုင်ငံရေးသိပံ္ပမှ ခရစ်ယာန် ၊ဗုဒ္ဓဘာသာ ကျောင်းသူ/ကျောင်းသား၊ ဆရာ ၁၅ ဦးပါဝင်ခဲ့ပါတယ်။

    ရိုက်ကူး-မိုးစက်
    M-Media

  • ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ဂျော်ဒန်နှင့်အီးယူတို့ ပူးပေါင်းဆောင်ရွက်

    ပြည့်ဖြိုးမြဲစွမ်းအင်အတွက် ဂျော်ဒန်နှင့်အီးယူတို့ ပူးပေါင်းဆောင်ရွက်

    ဇွန် ၂၆၊ ၂၀၁၆
    M-Media

    renew

    – ဒုတိအကြိမ်မြောက် ပြန်ပြည့်ဖြိုးမြဲစွမ်းနဲ့ စွမ်းအင်လုံလောက်မှုဆိုင်ရာ စီမံကိန်းအတွက် ဥရောပသမဂ္ဂနဲ့ သဘောတူညီချက်တစ်ခုကို ဂျော်ဒန်နိုင်ငံက မကြာခင် လက်မှတ်ရေးထိုးတော့မှာဖြစ်ပြီး အဲဒီအစဉ်အတွက် ထပ်တိုးဘက်ဂျက် ယူရို သန်း ၉၀ ကိုလည်း ထည့်ဝင်သွားမယ်လို့ ဂျော်ဒန် စွမ်းအင်နဲ့ တွင်းထွက်ရေးရာဝန်ကြီး အီဘရာဟင် ဆအစ်ဖ်က ပြောကြားလိုက်ပါတယ်။

    အီးယူက ငွေကြေး မ,တည်ပေးထားတဲ့ ပြန်ပြည့်ဖြိုးမြဲစွမ်းအင်နဲ့ စွမ်းအင်လုံလောက်မှုဆိုင်ရာ အစီအစဉ်အတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးရေး နောက်ဆုံး သုံးသပ်ဆွေးနွေးပွဲဖြစ်တဲ့ ကြာသာပတေးနေ့မှာပြုလုပ်တဲ့ အမ်းအနားမှာ ၀န်ကြီးက ဒီလိုပြောကြားလိုက်တာပါ။

    နောက်ပြီး ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်စီမံကိန်းဟာ နိုင်ငံစွမ်းအင်ကဏ္ဍရဲ့ မဟာဗျူဟာချမှတ်ထားမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့လည်း ဆအစ်ဖ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံရဲ့ ဒေသတွင်းစွမ်းအင်ရင်းမြစ်များ အထူးသဖြင့် စွမ်းအင်ကုန်ကျစရိတ်သက်သာစေမယ့် ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ကို တောင့်တင်းခိုင်မာအောင် ပံ့ပိုးပေးတဲ့အတွက် ၀န်ကြီးက ဥရောပသမဂ္ဂကိုလည်း ချီးကျူးခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံဆိုင်ရာ အီးယူသံအမတ်ကြီး အန်ဒရီယာ မတ်တီယို ဖွန်တာနာကလည်း ပြန်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးအတွက် အရေးပါတဲ့ ထောက်ပံ့မှုကိုဖြစ်စေတဲ့ ဒီစီမံကိန်းတွေရဲ့ အရေးပါမှုကို အဓိကထား ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • နိုင်ငံလွတ်မြောက်ရေး ဆက်လက်ဆောင်ရွက်ရန် စိတ်ပိုင်ဖြတ်ထားကြောင်း ပါလက်စတိုင်း သမ္မတပြော

    နိုင်ငံလွတ်မြောက်ရေး ဆက်လက်ဆောင်ရွက်ရန် စိတ်ပိုင်ဖြတ်ထားကြောင်း ပါလက်စတိုင်း သမ္မတပြော

    ဇွန် ၂၆၊ ၂၀၁၆
    M-Media

    abbas

    – ပါလက်စတိုင်းပြည်သူတွေအနေနဲ့ အစ္စရေးရဲ့ နယ်မြေသိမ်းပိုက်မှုတွေ၊ စိတ်ထင်တိုင်း အနိုင်ကျင့်မှုတွေ၊ လူမျိုးရေး ခွဲခြားစော်ကားမှုတွေအောက်မှာ ဆက်လက်နေထိုင်သွားကာ တိုင်းပြည်လွတ်မြောက်ရေးအတွက် နိုင်ငံရေး၊ သံခင်းတမန်ခင်း၊ အကြမ်းမဖက်တဲ့ နည်းလမ်းတွေနဲ့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်က ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့ဟာ ခရီးရှည်ကြီးကို နှင်ခဲ့ရပြီးတဲ့နောက်မှာ နိုင်ငံတကာအဆင့်ထိ အောင်မြင်ပေါက်မြောက်လာပါပြီ” လို့ ကြာသာပတေးနေ့က ဥရောပပါလီမန်မှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းမှာ အဘတ်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ပြင်သစ်က အဆိုပြုထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ထောက်ခံအားပေးဖို့ ကြိုးစားအားထုတ်မှုတွေကိုလည်း ၎င်းက ချီးကျူးခဲ့ပြီး၊ အဲဒီလိုအားထုတ်မှုတွေကနေ နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံတစ်ခု ကျင်းပဖို့အထိ ဦးတည်သွားဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။

    “နိုင်ငံတကာ ဥပဒေတွေ၊ လုံခြုံရေးကောင်စီရဲ့ သက်ဆိုင်ရာဆုံးဖြတ်ချက်တွေ၊ အာရပ်ငြိမ်းချမ်းရေးအစီအစဉ်နဲ့ မူဝါဒလမ်းစဉ်တွေကို အခြေခံပြီး ပေါ်ထွက်လာတဲ့ ရလဒ်တွေကိုသာ ကျွန်တော်တို့ မြင်ချင်ပါတယ်။ ဆွေးနွေးညှိနှိုင်းဖို့အတွက် အချိန်သတ်မှတ်ချက်တစ်ခုကို လိုချင်သလို အီရန်နဲ့တုန်းက ဆောင်ရွက်ခဲ့နောက် နောက်ဆက်တွဲ လုပ်ငန်းစဉ်လိုမျိုး ပုံစံတစ်ခုကိုလည်း ကျွန်တော်တို့ ရှိချင်ပါတယ်”

    နောက်ပြီး ပါလက်စတိုင်းအနေနဲ့ ၁၉၆၇ ခုနှစ်က နယ်နမိတ်ကို အခြေခံတဲ့ နှစ်နိုင်ငံတည်ရှိရေးပေါ်လစီကို လက်ခံပြီး အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းရဲ့ မြို့တော်အဖြစ် သတ်မှတ်သွားမှာ ဖြစ်ကြောင်း၊ ပါလက်စတိုင်းပိုင်နက်တွေကို သိမ်းပိုက်ထားတာ၊ ပါလက်စတိုင်းဒုက္ခသည်ကိစ္စ စတာတွေအတွက် ကုလက ထုတ်ပြန်ထားတဲ့ ဆုံးဖြတ်ချက် ၁၉၄ ခုနဲ့ အာရပ်ငြိမ်ချမ်းရေးအစီအစဉ်မှာ ဖော်ပြထားတဲ့အတိုင်း အဖြေတစ်ခုရှာဖို့ လိုလားတယ်လို့လည်း အဘတ်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဒုက္ခသည်ကလေးများ ပညာရေးအတွက် ဒူဘိုင်းရှိ လေလံပွဲတွင် ဒေါ်လာ ၁၁ သန်းကျာ် ရရှိ

    ဒုက္ခသည်ကလေးများ ပညာရေးအတွက် ဒူဘိုင်းရှိ လေလံပွဲတွင် ဒေါ်လာ ၁၁ သန်းကျာ် ရရှိ

    ဇွန် ၂၆၊ ၂၀၁၆
    M-Media

    – ဒုက္ခသည်ကလေးငယ်များအတွက် စာအုပ်စာပေများ ၀ယ်ယူပံ့ပိုးပေးနိုင်ရေး ဒူဘိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေလံတင်ပွဲတစ်ခုမှာ ကအ်ဘာကျောင်းတော်ကို လွှမ်းခြုံခဲ့တဲ့ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ ကတ္တီပါရုံလွှာကို ရောင်းချရမှုအပါအ၀င် ကန်ဒေါ်လာ ၁၁ သန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။

    ရွှေချည်၊ ငွေချည်နဲ့ ရက်လုပ်ထားတဲ့ အဲဒီကတ္တီပါရုံလွှာဟာ ဒူဘိုင်းအုပ်ချုပ်ရေးမျူး ရှိခ် မိုဟာမက် ဘင် ရာရှစ် အလ် မခ်တွန်ရဲ့ ကိုယ်ပိုင်စုဆောင်းထားမှုထဲက တစ်ခုဖြစ်ပြီး အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လေလံပွဲမှာ ဒေါ်လာ ၅၇၂၀၀၀ နဲ့ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။

    ၁၉ ရာစုအစောပိုင်းက အိန္ဒိယန်-မွန်ဂို လက်ရေးမူ ကုရ်အာန်ကျမ်းတစ်အုပ်နဲ့ ၁၇ ရာစုက ကုရ်အာန်လက်ရေးမူ တစ်အုပ်တို့ကိုလည်း ဒေါ်လာ ၆၈၀၀၀ စီနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ ဒူဘိုင်းက ထူးခြားတဲ့ ကားနံပါတ်ပြားဟောင်း ၅ ခုကိုတော့ စုစုပေါင်း ဒေါ်လာ ၇ သန်းနဲ့ လေလံတင်နိုင်ခဲ့ပါတယ်။

    အဲဒီ လေလံတင်ရောင်းချရမှုက ရရှိခဲ့တဲ့ ငွေကြေးတွေကို ဒူဘိုင်းရဲ့ ပရဟိတလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ Reading Nation Ramadan မှာ သုံးစွဲသွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုဟာ အာရပ်နိုင်ငံတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ စာအုပ်ပေါင်း ၇.၃ သန်း လှူဒါန်းဖို့နဲ့ စာသင်ကျောင်း ၂၀၀၀ ဆောက်လုပ်ပေးသွားဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။

    Ref : IINA

  • ထိုင်ဝမ်၏ ခွဲထွက်လိုသည့် သဘောထားအတွက် တရုတ်က အဆက်အသွယ်ဖြတ်

    ထိုင်ဝမ်၏ ခွဲထွက်လိုသည့် သဘောထားအတွက် တရုတ်က အဆက်အသွယ်ဖြတ်

    ဇွန် ၂၆၊ ၂၀၁၆
    M-Media

    thaiwan

    – ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံရဲ့ သမ္မတအသစ်က ‘တစ်ခုတည်းသော တရုတ်နိုင်ငံ’ ဆိုတဲ့ သဘောထားကို လက်မခံတာကြောင့် တရုတ်နိုင်ငံက နှစ်နိုင်ငံအကြား ရှိနေတဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်တယ်လို့ သိရပါတယ်။

    စနေနေ့က တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်ရေးရာရုံးဝဘ်ဆိုက်မှာ လွှင့်တင်ထားတဲ့ ကြေငြာချက်မှာ ပြောရေးဆိုခွင့်ရှိသူ အန် ဖန်ရှန်က မိမိတို့ဟာ ထိုင်ဝမ်သမ္မတသစ် Tsai Ing-wen အာဏာရတဲ့ မေလ ၂၀ ရက်နေ့ကတည်းက အဆက်အသွယ် ဖြတ်တောက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

    “တစ်ခုတည်းတရုတ်နိုင်ငံဆိုတဲ့ ဘုံနိုင်ငံရေးအုတ်မြစ်မူဝါဒကို ကိုယ်စားပြုတဲ့ ၁၉၉၂ သဘောတူညီချက်ကို ထိုင်ဝမ်ဘက်ကနေ လက်မခံတဲ့အတွက် နှစ်ဖက်ကြား ဆက်ဆံမှုတွေကို ဆိုင်းငံ့ထားလိုက်ပါတယ်” လို့ အန်က ဖြည့်စွက်ပြောကြားပါတယ်။

    အဆိုပါသဘောတူညီချက်ဟာဆိုရင် ထိုင်ဝမ်နဲ့ပြည်မတို့ ပါဝင်ဖွဲ့စည်းထားတဲ့ တစ်ခုတည်းသောတရုတ်နိုင်ငံအဖြစ် တည်ရှိမှုကို နှစ်ဖက်စလုံးက အသိအမှတ်ပြုတဲ့အနေနဲ့ ပေကျင်းနဲ့ ထိုင်ပေတို့အကြား ၁၉၉၂ ခုနှစ် က ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

    ဒီမိုကရက်တစ်တိုးတက်ရေးပါတီဝင်တစ်ဦးဖြစ်တဲ့ ထိုင်ဝမ်သမ္မတဟာ၊ ခွဲထွက်ရေးလိုလားသူ တစ်ဦးဖြစ်ပြီး ဇန်န၀ါရီလ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရရှိပြီးတက်လာတဲ့ ပထမဆုံး အမျိုးသမီးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

    Ref: Presstv