News @ M-Media

Blog

  • အမေရိကန်ရှိ လိင်တူချစ်သူများနိုက်ကလပ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    အမေရိကန်ရှိ လိင်တူချစ်သူများနိုက်ကလပ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    florida

    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လိင်တူချစ်သများစုဝေးရာ နိုက်ကလပ်တစ်ခုတွင် ယနေ့မနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၂၀ ၀န်းကျင်ခန့် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    သေနတ်သမားမှာ ချေမှုန်းရေးရိုင်ဖယ်၊ ပစ္စတိုနှင့် အခြေား တိုက်ခိုက်ရေးပစ္စည်းများကို ယူဆောင်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုအတွင်း အဆိုပါ သေနတ်သမား သေဆုံးခဲ့သည်။ ထိုအဖြစ်အပျက်အတွင်း ဒဏ်ရာရသူ ၄၂ ဦးရှိခဲ့ကာ အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးထားပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက် အတိအကျကို အတည်မပြုနိုင်သေးပေ။

    ဖလော်ရီဒါ အာဏာပိုင်များကမူ အဆိုပါတိုက်ခိုက်မှုကို ပြည်တွင်းအကြမ်းဖက်မှု သို့မဟုတ် နိုင်ငံတကာ အကြမ်းဖက်မှုအဖြစ် သတ်မှတ်ကာ ချဉ်းကပ်လှုပ်ရှားနေသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ဒါကို အကြမ်းဖက်မှုလုပ်ရပ်အဖြစ် ရှုထောင့်ပေါင်းစုံကနေ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ပြည်တွင်းအကြမ်းဖက်မှုပဲဖြစ်ဖြစ်၊ နိုင်ငံတကာ အကြမ်းဖက်မှုပဲဖြစ်ဖြစ် ရေဆုံးမြေဆုံးလိုက်သွားမှာပါ” ဟု ဖလော်ရီဒါ ဥပဒေ စိုးမိုးရေးဌာနကို တာဝန်ယူထားသည့် အထူးအေးဂျင့်ဖြစ်သူ ဒန်နီ ဘန့်က ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းကလည်း အော်လန်ဒိုမြို့ရှိ ဂီတဖျော်ဖြေပွဲတစ်ခုတွင် နာမည်ကြီးအဆိုတော် ခရစ္စတီးနယား ဂရင်မီမှာ အနီးကပ် ပစ်သတ်ခြင်းခံခဲ့ရသည်။

    Ref: Aljazeera

  • ၂၀၁၆ ရမဿွာန်ဥပုတ်လ ပန်းသေးမိသားစု များ၏ ဝါထွက်ချိန် ပုံရိပ်များ (ဓါတ်ပုံ သတင်း)

    ၂၀၁၆ ရမဿွာန်ဥပုတ်လ ပန်းသေးမိသားစု များ၏ ဝါထွက်ချိန် ပုံရိပ်များ (ဓါတ်ပုံ သတင်း)

    ဇွန် ၁၂ ၊ ၂၀၁၆
    M-Media
    .
     13419187_1085022831557263_6137709214884993992_n
    ဇွန် ၁၁ ရက်၊ ၂၀၁၆ ခုနှစ် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တို့ရဲ့ ရမဿွာန်ဥပုတ်လ (၅) ရက်မြောက်နေ့ ဥပုတ်ထွက်ဖို့ ပြင်ဆင်နေကြတဲ့ မန္တလေးမြို့မှ ပန်းသေးမိသားစု၏ မြင်ကွင်းပဲ ဖြစ်ပါတယ်။
    .
    ဥပုတ် ဝါထွက်ချိန် စုပေါင်း စားသောက်တဲ့ နေရာကတော့ ၁၈၆၈ ခုနှစ် က တည်ဆောက်ခဲ့တဲ့ သမို်င်းဝင် ပန်းသေးဗလီ(မန္တလေး) မှာပဲဖြစ်ပါတယ်။
    .
    ဓါတ်ပုံ(ဦးဝင်းအောင်)
    .13417484_1085022901557256_8658997975996544900_n13435428_1085022691557277_9126952796420411891_nPanthay-Masjid-in-Mandalay
    ပန်းလုံ ပန်းသေးတို့၏ သမိုင်းဆောင်းပါးများဖတ်ရှုလိုလျှင်
    .
  • အင်္ဂလန်နှင့်ပွဲမှာ အမှတ်ရစရာဖြစ်မည်ဟု ဂါရက်ဘေးလ်ပြော

    အင်္ဂလန်နှင့်ပွဲမှာ အမှတ်ရစရာဖြစ်မည်ဟု ဂါရက်ဘေးလ်ပြော

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    wale

    – ယခုလာမည့် ကြာသာပတေးနေ့တွင် ကစားမည့် အင်္ဂလန်အသင်းနှင့်ပွဲမှာ မြိုင်ဆိုင်ပြီး အမှတ်ရစရာပွဲမျိုး ဖြစ်လာမည်ဟု ဝေးလ်စ်တိုက်စစ်မှူး ဂါရ်ဘေးလ်က ပြောကြားလိုက်သည်။

    အုပ်စု B တွင် တစ်အုပ်စုတည်းကျရောက်နေသည့် အင်္ဂလန်နှင့် ဝေးလ်စ်တို့မှာ ယနေ့မနက်က အုပ်စုအဖွင့်ပွဲများ အသီးသီး ကစားခဲ့ရပြီး အင်္ဂလန်က ရုရှားနှင့် ၁ ဂိုးစီသရေကျခဲ့ကာ ဝေးလ်စ်ကမူ ဂါရက်ဘေးလ်၊ ဟာလ် ရော့ဘ်ဆင် ကာနူတို့၏ ဂိုးများဖြင့် ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

    ထိုအနိုင်မှာ နိုင်ငံတကာ အဓိကပြိုင်ပွဲများနှင့် ၅၈ နှစ်ကြာ ဝေးကွာခဲ့ရသည့် ဝေးလ်စ်အတွက် သမိုင်းဝင်နိုင်ပွဲလည်းဖြစ်ခဲ့သည်။ ဘေးလ်ကမူ ကြာသာပတေးနေ့တွင်ကစားမည့် အင်္ဂလန်အသင်းနှင့်ပွဲအတွက် စိတ်အားထက်သန်နေသည်။

    “ဒါဘီပွဲဖြစ်မယ်ဆိုတာ ကျွန်တော်တို့ နားလည်းပါတယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတဲ့ ပွဲတစ်ပွဲ ဖြစ်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့ အခုအချိန်မှာ ကောင်းကောင် ပြင်ဆင်ထားပါတယ်။ ကိုယ့်ဟာကိုယ်ပဲ အာရုံစိုက်သွားမှာပါ။ တစ်ခြား ဘယ်သူ့ကိုမှ ထည့်တွက်နေမှာ မဟုတ်ပါဘူး” ဟု ဘေးလ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ ထိုပွဲကို အနိုင်ရချင်ပြီး ဆလိုဗက်ကီးယားနှင့်ပွဲတွင် ကစားခဲ့သည့် စွမ်းဆောင်ရည်အတိုင်း ကစားသွားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • မူးယစ်တိုက်ဖျက်ရေးအတွက် မြန်မာက မဟာမဲခေါင်ဒေသ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    မူးယစ်တိုက်ဖျက်ရေးအတွက် မြန်မာက မဟာမဲခေါင်ဒေသ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    gr

    – မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် မဟာမဲခေါင်ဒေသနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည်ဟု မြန်မာနိုင်ငံက ပြောကြားလိုက်သည်။

    ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဦးကျော်ကျော်မင်းက Xinhua သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မဟာမဲခေါင်ဒေသ နိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်းတို့နှင့်အတူ မြန်မာနိုင်ငံမှာ ပြီးခဲ့သည့်နှစ်များအတွင်း မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများတွင် အောင်မြင်မှုများ ရရှိခဲ့သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

    မဲခေါင်မြစ်တစ်လျှောက် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းများကို ၂၀၁၂-၁၃ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုများလည်း ရရှိနေကာ လက်ရှိတွင် ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ကလည်း ပါဝင်ရန် စိတ်ဝင်စားနေသည်ဟု ဦးကျော်ကျော်မင်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ၏ မှတ်တမ်းများအရ ဒေသတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းမှာ အာဖဂန်နစ္စတန်နိုင်ငံမှဖြစ်ပြီး၊ ကျန် ၂၀ ရာခိုင်နှုန်းကမူ မြန်မာ၊ လာအိုနှင့် ထိုင်း ၃ နိုင်ငံ ထိစပ်လျက်ရှိသည့် ရွှေတြိဂံဒေသမှ ထွက်ရှိခြင်းဖြစ်သည်ဟု သိရသည်။

    Ref: Xhinhua

  • အင်္ဂလန်ပွဲ ရုန်းရင်းဆန်ခတ်မှုများကို FA ရှုတ်ချ

    အင်္ဂလန်ပွဲ ရုန်းရင်းဆန်ခတ်မှုများကို FA ရှုတ်ချ

    ဇွန် ၁၂၊ ၂၀၁၆
    M-Media

    fa

    – ယူရို ၂၀၁၆ အုပ်စု B အဖွင့်ပွဲစဉ် အင်္ဂလန်အသင်းနှင့် ရုရှားတို့၏ ပွဲစဉ်မတိုင်ခင်နှင့် ပွဲစဉ်ပြီးကာနီး ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုများအတွက် စိတ်ပျက်မိသည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြောကြားလိုက်သည်။

    မာဆေးလ်မြို့တွင် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲစဉ်မတိုင်မီ အင်္ဂလန် ပရိတ်သတ်နှင့် ရုရှား ပရိတ်သတ်များအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သောကြာင့် အဓိကရုန်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များသုံးကာ ဖြိုခွဲခဲ့ရသည်။

    ၁ ဂိုးစီသရေကျသည့် အဆိုပါပွဲ ပြီးကာနီးတွင်လည်း နှစ်ဖက်ပရိတ်သတ်များအကြား အချင်းများမှု ဖြစ်ပွားခဲ့ပြီး ထိုအဖြစ်အပျက်များအတွင်း အင်္ဂလန်ပရိတ်သတ် ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။ ယူအီးအက်ဖ်အေကမူ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး FA ကလည်း ကြေငြာချက်ထုတ်ကာ ရှုတ်ချခဲ့သည်။

    “မာဆေးလ်မှာ ဒီနေ့ဖြစ်သွားတဲ့ ပြဿနာအတွက် ကျွန်တော်တို့ စိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။ ဒီလို မငြိမ်မသက်ဖြစ်တဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့လည်း FA က တော်တော်လေး စိတ်ပျက်မိပြီး ရှုတ်လည်းရှုတ်ချပါတယ်။ အခုအချိန်မှာ ဒီပြဿနာမှာ ပါဝင်တဲ့သူတွေကို ဖော်ထုတ်ဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ကိစ္စဖြစ်ပြီး၊ လျင်လျင်မြန်မြန်နဲ့ တိတိကျကျ ဆောင်ရွက်ရပါလိမ့်မယ်” ဟု FA ၏ အဆိုပါကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ဖြင့် အင်္ဂလန်ပရိတ်သတ်များအနေဖြင့် မိမိတို့အပြုအမူကို ထိန်းသိမ်းရန်နှင့် အင်္ဂလန်အသင်းအား မှန်မှန်ကန်ကန် အားပေးရန်လည်း FA က တိုက်တွန်းခဲ့သည်။

    Ref: Goal