News @ M-Media

Blog

  • လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့တွင် ပြုလုပ်မည်

    လက်ဝှေ့ကျော် မိုဟာမက်အလီ၏ ဈာပနကို ၎င်း၏ ဇာတိမြို့တွင် ပြုလုပ်မည်

    ဇွန် ၅၊ ၂၀၁၆
    M-Media

    Ali 2

    – သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း လက်ဝှေ့ကျော် မိုဟာမက်အလီရဲ့ ဈာပနအခမ်အနားကို သူမွေးဖွားရာ ကန်တာကီပြည်နယ် လူးဝစ်ဗီလီမြို့မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်ကမ္ဘာလုံးက သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေအားလုံးကို ဖိတ်ကြားတယ်လို့ ကျန်ရစ်သူ မိသားစုက ပြောကြားလိုက်ပါတယ်။

    လှည့်လည်မှုတွေပါဝင်မယ့် အဲဒီအခမ်းအနားကို လာမယ့်တစ်ပတ် သောကြာနေ့မှာ ပြုလုပ်မှာဖြစ်ပြီး အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်က လက်ဝှေ့ကျော်ကြီးရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူစကားပြောသွားမှာဖြစ်ပါတယ်။

    အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဟာမက်အလီဟာ ဟဲဗီးဝိတ်ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့ဖူးသူဖြစ်ပြီး နှစ်ပေါင်း ၃၀ ကြာ ခံစားခဲ့ရတဲ့ ပါကင်ဆန်ရောဂါရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကို ခံစားရပြီးတဲ့နောက် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့က ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်ကလပ်ကို လာမယ့် ၂ ရက်အတွင်း ကန်တာကီကို ယူဆောင်သွားမှာဖြစ်ပါတယ်။

    မိသားစုနဲ့ ဆွေမျိုးတွေပါဝင်မယ့် သီးသန့် ဈာပနအခမ်းအနားကိုတော့ ကြာသာပတေးနေ့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး သောကြာနေ့မှာလည်း မိုဟာမက်အလီရဲ့အိမ်မှာ မိသားစုတွေက စုပေါင်းကာ ၀တ်ပြု ဆုတောင်းမှာဖြစ်ပါတယ်။ အဲဒီနောက်မှာ ရုပ်ကလပ်ကို မြို့ရဲ့ အဓိကလမ်းမတွေမှာ လှည့်လည်သွားဖို့ အစီအစဉ် ရှိနေပါတယ်။

    နောက်ဆုံး ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းမှုကို လူ ၂၀၀၀၀ ကျော်ဆန့်မယ့် KFC Yum စင်တာမှာ ပြုလုပ်သွားမှာဖြစ်ပြီး အလီရဲ့ သက်ဝင်ယုံကြည်မှုအတိုင်း အဲဒီ ၀တ်ပြုဆုတောင်းမှုကို ရှေ့ဆောင်အီမာမ်တစ်ပါးက ဦးဆောင်သွားမှာဖြစ်တယ်လို့ ကျန်ရစ်သူ မိသားစုက ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ရုပ်ကလပ်ကို ၁၉၄၂ ခုနှစ်မှာ သူမွေးဖွားခဲ့တဲ့ လူးဝစ်ဗီလီမြို့က Cave Hill သုဿာန်မှာ အစ္စလာမ့်ဓလေ့ထုံးတမ်းနဲ့အညီ မြှုပ်နှံသွားမှာပါ။

    လက်ဝှေ့သမိုင်းမှာ အကြီးအကျယ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပြီး၊ နိုင်ငံရေးနယ်ပယ်မှာလည်း မှန်ရာကို မကြောက်မရွံ့ပြောဆိုတတ်မှုကြောင့် တစ်ကမ္ဘာလုံးက လေးစားရတဲ့ မိုဟာမက်အလီ ကွယ်လွန်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက်မှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ ထင်ရှားကျော်ကြားသူတွေ အပါအ၀င် ကမ္ဘာတစ်ဝှမ်းလုံးက ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပြီး ချီးကျူးဂုဏ်ပြုမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

    လူးဝစ်ဗီလီမြို့ မြို့တော်ခန်းမမှာတော့ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အလံတိုင်တွေကို တစ်ဝက်စီ လွှင့်ထူထားခဲ့ကြပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ထောင်သောင်းချီတဲ့ ပြည်သူတွေကလည်း မိုဟာမက်အလီစင်တာအဖြစ် ပြုလုပ်ထားတဲ့ သူ့ရဲ့ ငယ်ဘ၀အိမ်ကိုသွားရောက် ဂါရ၀ပြုခဲ့ကြပါတယ်။

    Ref: BBC

  • လူမျိုး/ဘာသာ မခွဲဘဲ ကူညီပေးသွားမယ်လို့ မြန်မာသံအမတ်ကြီး(မလေးရှား) ပြော

    လူမျိုး/ဘာသာ မခွဲဘဲ ကူညီပေးသွားမယ်လို့ မြန်မာသံအမတ်ကြီး(မလေးရှား) ပြော

    ဇွန် ၅ ၊ ၂၀၁၆
    M-Media
    အောင်သူရ
    ဓါတ်ပုံ- KL CJ
    0.02.01.2e1b7cb398a6f02470a63b52d3190a586c90b30ef4d9b6aad3d13f253f67ee58_full
    မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအကျိုး ကာကွယ်စောင့်ရှောက်သည့်လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားများ စောင့်ရှောက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းမည့်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၅-၆-၂၀၁၆ ရက်၊ တနင်္ဂနွေနေ့၊ နေ့လည် ၁း၀၀ နာရီအချိန်တွင် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    .
    အဆိုပါ ညှိုနှိုင်းအစည်းအဝေးသို့ ဖိတ်ကြားထားသော မလေးရှားနိုင်ငံတဝှမ်း ရှိ ပရဟိတ အသင်းအဖွဲ့ ပေါင်းစုံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
    .
    ညှိနှိုင်းအစည်းအဝေးတွင် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်မြင့်မှ အလုပ်သမားများ စောင့်ရှောက်ရေးကော်မတီ တစ်ရပ် ဖွဲ့စည်းမည့် ကိစ္စ အတွက် ပရဟိတ လူမှုအဖွဲ့အစည်းများ ထံမှာ အကြံဥာဏ်များရရှိလို၍ ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါကော်မတီတွင် သံအမတ်ကြီးမှ နာယက အဖြစ်ဆောင်ရွက်ပြီး နယ်မြေဒေသအလိုက် ပရဟိတ အဖွဲ့အစည်းများကိုလည်း ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
    .0.02.01.841afa7d29fd824839d6ec93d2a55b7cdffde3b43d44b77b6f06d6c4862499dc_full
    တွေ့ဆုံပွဲ အတွက် မူလဖိတ်ကြားသည့် စာရင်းတွင် မပါရှိ၍ ဝေဖန်မှုများ ထွက်ပေါ်လာပြီး နောက်ပိုင်း ဖိတ်ကြားခံရသည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် လူမှုရေး အဖွဲ့အစည်းများအနက်မှ စလရန်း နာရေး ကူညီမှုအသင်း ကိုယ်စားပြု တင်ရောက်လာသည့် ဦးမောင်မောင် (ရွှေကရဝိတ်)အား ဖိတ်ခေါ်ပြီး အကြံပြု စကားပြောခွင့်ပြုခဲ့တာကို တွေ့ရပါသည်။
    .
    ဦးမောင်မောင်(ရွှေကရဝိတ်)မှ မြန်မာနိုင်ငံတွင် ယခုအခါ အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်နေတဲ့အချိန်မှာ မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အကြား မြန်မာသံအမတ်ကြီး၏ ဦးဆောင်မှုဖြင့် စံပြအနေဖြင့် ဆောင်ရွက်ဖို့ အကြံပြုပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်ကို ပြည်တွင်းအထိ သယ်ဆောင်သွားဖို့ ၊ ယခုအချိန်အခါတွင် မြန်မာနိုင်ငံသား မွတ်စလင်မ်များကိ မြန်မာသံရုံး (မလေးရှား) မှ ပစ်ပယ်ထားသည့်ဟု ခံစားရပါကြောင်း၊ မြန်မာသံရုံး(မလေးရှား) မှ လိုအပ်သည်များရှိလျှင် မြန်မာနိုင်ငံသား မွတ်စလင်မ်များကို ခေါ်ယူတာဝန်ပေးနိုင်ကြောင်း၊ မြန်မာနိုင်ငံသား မွတ်စလင်မ်များ အနေဖြင့်လည်း မိမိတို့ လိုအပ်ချက်များအတွက် မြန်မာသံရုံး(မလေးရှား) ကို အကူအညီ တောင်းခံခွင့်ပေးဖို့ ဆွေးနွေးတင်ပြခဲ့ကြောင်း သိရပါသည်။
    .
    တက်ရောက်လာတဲ့ အခြားသော တိုင်းရင်းသား ကိုယ်စားပြု အဖွဲ့အသီးသီး၊ ပရဟိတ အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များမှ ၄င်းတို့ အမြင်များကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရပါသည်။
    .0.02.01.34109ab9aab588dc2e582a461ac53063ffc19f5183833654d3f7200bd700fe98_full
    ဆွေးနွေးချက်များကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဇော်မြင့်မှ ပြန်လည်ဆွေးနွေးပြောကြားရာတွင် ၄င်းနှင့်အတူ မြန်မာသံရုံး (မလေးရှား)မှ သံရုံးအဖွဲ့ဝင်များအနေဖြင့် လူမျိုး/ဘာသာ ခွဲခြားမှုမရှိပါကြောင်း၊  ဝန်ထမ်း အင်အားနည်းပါးပြီး လုပ်ငန်း အများအပြားဆောင်ရွက်ရ၍ အားနည်းချက်များကို ခွင့်လွှတ်နားလည်ပေးဖို့ ပြောကြားပြိး ယခုဖွဲ့စည်းဆောင်ရွက်မည့်  မြန်မာ အလုပ်သမားများ စောင့်ရှောက်ရေးကော်မတီ ၏ လုပ်ငန်းဖြစ်သော အကူအညီပေးရေးကိစ္စ များတွင် လူမျိုး/ဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံသားအားလုံး ပူးပေါင်းပါဝင်ဖို့၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်လည်း သီးခြားတွေ့ဆုံသွားဖို့ ရှိကြောင်း ၊ လိုအပ်သည့် အကူအညီများအတွက် မြန်မာသံရုံး(မလေးရှား) သို့ ဆက်သွယ် အကူအညီတောင်းနိုင်ကြောင်း၊ နိုင်ငံကူး လက်မှတ်များကိုလည်း အမြန်ဆုံး ထုတ်ပေးနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြပေးသွားမယ်လို့ ပြောကြားခဲ့ပါသည်။

  • အီရတ်ကို အမေရိကန်၏ ကျူးကျော်မှုက IS အကြမ်းဖက်အဖွဲ့ကို လမ်းဖွင့်ပေးခြင်း ဖြစ်ခဲ့ 

    ဇွန် ၅၊ ၂၀၁၆
    M-Media

    jeniffer

    – အီရတ်နိုင်ငံကို အမေရိကန်က ကျူးကျော်တိုက်ခိုက်ခဲ့ခြင်းဟာ IS လို အကြမ်းဖက်အဖွဲ့တွေ အရှေ့အလယ်ပိုင်းဒေသမှာ ပျံ့နှံ့စေဖို့ လမ်းဖွင့်ပေးရာရောက်ခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု ပင်ဆဲလ်ဗေးနီးယားက နိုင်ငံရေးလှုပ်ရှားသူ ဂျာနယ်လစ် ဂျနီဖာ လိုဝင်စတိန်းက ပြောကြားလိုက်ပါတယ်။

    “၂၀၀၃ ခုနှစ်တုန်းက အမေရိကန်သာ အီရတ်နိုင်ငံကို ကျူးကျော်သိမ်းပိုက်တာမျိုး မလုပ်ခဲ့ဘူးဆိုရင် ဆီးရီးယားနဲ့ အီရတ်မှာ အခုလိုမျိုး ဖြစ်ပျက်နေမှာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်” လို့ သူက ဆိုပါတယ်။ လိုဝင်စတိန်းဟာ Pennsylvania တက္ကသိုလ်က အရှေ့အလယ်ပိုင်းရေးရာလေ့လာမှုဘာသာရပ်ကို သင်ကြားပို့ချပေးနေတဲ့ ဆရာမတစ်ဦးလည်း ဖြစ်ပါတယ်။

    ယခုလက်ရှိရွေးကောက်ခံနေတဲ့ အမေရိကန်သမ္မတလောင်းတွေဟာ ISIS ရဲ့ ခြိမ်းခြောက်မှုတွေအပေါ် စစ်ရေးတုံ့ပြန်မှုတွေလုပ်ဖို့ အဆိုပြုနေကြပေမယ့်လည်း ဒီလိုအကြမ်းဖက်အဖွဲ့မျိုးကို ဖန်တီးလိုက်တဲ့ အဓိကလက်သည်ဟာ အမေရိကန်ဖြစ်တယ်ဆိုတာကိုတော့ ပြောဆိုခြင်းမရှိကြဘူးလို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    IS အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင်အများစုဟာ ဆီးရီးယားအစိုးရက တိုက်ခိုက်ဖို့အတွက် စီအိုင်အေက လေ့ကျင့်ပေးထားသူတွေဖြစ်ပြီး ၂၀၁၄ နှောင်းပိုင်းမှာ အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ အီရတ်နဲ့ ဆီးရီးယားက အဲဒီအကြမ်းဖက်အဖွဲ့ကို လေကြောင်း တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

    ဒါပေမယ့် လေ့လာသူတွေကတော့ အမေရိကန်က IS တွေကို နှိမ်နင်းနေတယ်လို့ ပြောနေပေမယ့်လည်း သူတို့ရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်သမားတွေကို အနည်းငယ်သာ ထိခိုက်စေပြီး အဓိကကတော့ နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေကိုသာ ပစ်မှတ်ထားနေတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • မွတ်စ်လင်မ်တို့၏ဥပုသ်လ (ရမဿွာန်လ) မှ သိမှတ်စရာအချို့

    မွတ်စ်လင်မ်တို့၏ဥပုသ်လ (ရမဿွာန်လ) မှ သိမှတ်စရာအချို့

    ဇွန် ၅၊ ၂၀၁၆

    M-Media

    ရမဿွာန်သည် မွတ်စ်လင်မ်အမြောက်အများ ဥပုသ်သီလဆောက်တည်ကြသော လတစ်လဖြစ်သည်။ အစ္စလာမ့်သမိုင်းအရ တမန်တော်မုဟမ္မဒ်ထံ ဤလအတွင်း ပထမဆုံး ကုရ်အာန်ဗျာဒိတ်တော် ကျရောက်လာခဲ့သည်။

    ရမဿွာန် လ၏နေ့ရက်များ

    စန္ဒမာသ(လ လမ်းကြောင်းအခြေပြု)ပြက္ခဒိန်သည် သူရိယမာသ(နေလမ်းကြောင်းအခြေပြု)ပြက္ခဒိန်နှင့် မကိုက်ညီသောကြောင့် နှစ်စဉ် ရမဿွာန်လ၏ နေ့ရက်များသည် ၁၁ ရက်ဝန်းကျင်ခန့် အရွေ့အပြောင်း ရှိသည်။ ၂၀၁၆ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု၏ ရမဿွာန်လမှာ ဇွန်လ ၆ ရက် တနင်္လာနေ့၌ စတင်မည်ဟု ခန့်မှန်းထားသည်။ သို့သော် ရက်အတိအကျကို လမြင်တွေ့ခြင်းအပေါ်၌ သတ်မှတ်လေ့ရှိသည်။

    ၎င်းစတင်ရက်မှ ၂၉ သို့မဟုတ် ၃၀ ရက်မြောက်တွင် ရမဿွာန်လ အဆုံးသတ်ပြီး အီးဒုလ်ဖစ်သွိရ် အထိမ်းအမှတ်နေ့ကို ကျင်းပကြသည်။ ထိုနေ့နံနက် ၀တ်ပြုမှုပြီးလျှင် မိသားစုနှင့် မိတ်ဆွေများအကြား ကျွေးမွေးခြင်းနှင့် အထိမ်းအမှတ်ပွဲများ ပြုလုပ်ကြသည်။

    အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် ဥပုသ်လတစ်လလုံး အခမဲ့ကျွေးမွေးသည့် စေတနာ့ဒါန၀ါဖြေစားပွဲဝိုင်းများ၌ အိဖ်သာရ် (၀ါဖြေ၀ါလွှတ်)အစားအသောက်များ စားသုံးနေကြသူများ

    ရမဿွာန်၏သမိုင်း

    အစ္စလာမ့်ပြက္ခဒိန်၏ န၀မမြောက်လမှာ ရမဿွာန် ဖြစ်သည်။ အရဗီဝေါဟာရ ရမဿွာန်သည် လောင်မြိုက်ခြင်း ဟု အဓိပ္ပာယ်ရသည်။ အေဒီ ၆၁၀ ခုနှစ်တွင် တမန်တော် မုဟမ္မဒ်(ငြိမ်းချမ်းမင်္ဂလာသက်ရောက်ပါစေ)ထံ ကုရ်အာန်ကျမ်းမြတ်ထုတ်ပြန်ပို့ချခံရပြီးနောက် မွတ်စ်လင်မ်များအတွက် ဤရမဿွာန်လမြတ်အား စတင်သတ်မှတ်ခဲ့သည်။ ကုရ်အာန်ကျရောက်လာသည့် ၎င်းညဥ့်ကို လိုင်းလသုလ်ကဒရ်(သြဇာတည်သောညဥ့်) ဟု ခေါ်ဆိုသည်။

    ရမဿွာန်လ၏ပြဋ္ဌာန်းချက်ကို ကုရ်အာန်ကျမ်း၊ စူရဟ်(ကဏ္ဍ) ၂၊ အာယဟ်(ပါဒစဉ်) ၁၈၅ ၌ တွေ့ကြရသည်။

    “ရမဿွာန်လ ပင်တည်း။ ထိုလ၌ ကုရ်အာန်(ကျမ်းတော်) ထုတ်ပြန်ပို့ချခံရသည်။ ယင်းကျမ်းမြတ်သည် လူသားခပ်သိမ်းအတွက် တရားဓမ္မအဖြစ်လည်းကောင်း၊ တရားလမ်းမှန်နှင့်မှတ်ကျောက်အလို့ငှာ ထင်ရှားလှစွာသည့် သက်သေခံလက္ခဏာများအဖြစ်လည်းကောင်း (ကျရောက်လာခြင်း)ဖြစ်သည်။ သို့ဖြစ်ရာ (ထို)လမြတ်နှင့်ကြုံကြိုက်ပါလျှင် (တစ်လတာလုံး) ဥပုသ်သီတင်းဆောက်တည်ရမည်။ သို့ရာတွင် (ရောဂါဝေဒနာကြောင့်) မကျန်းမာသော် သို့တည်းမဟုတ် လမ်းခရီး၌ရှိနေခဲ့သော် ထိုသူသည် အခြားသောနေ့ရက်များတွင် (ပျက်ကွက်ရက်နှင့်)ညီမျှစွာ (ပြန်လည်ဖြည့်စွက်)ဆောက်တည်ရန် တာဝန်ရှိသည်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ လွယ်ကူသက်သာမှုကိုလိုလားတော်မူပြီး၊ အသင်တို့အဖို့ ခက်ခဲမှုကို လိုလားတော်မူသည်မဟုတ်ချေ။ ထို့ပြင် အသင်တို့သည် (ပျက်ကွက်သောနေ့ရက်) အရေအတွက်ကို ပြည့်စုံပြုရန်၊ ထိုအရှင်မြတ် ညွှန်ပြတော်မူသောနည်းလမ်းအတိုင်း အလ္လာဟ်အရှင်မြတ် ကြီးကျယ်မြင့်မြတ်တော်မူကြောင်း ရွတ်ဆိုသတိရကြရန် (လိုလားတော်မူသည်)။ သို့မှသာလျှင် အသင်တို့သည် ကျေးဇူးတရား သိတတ်ကောင်းပေမည်”။

    ဥပုသ်ဆောက်တည်ခြင်း၏ နေ့စဉ်လိုအပ်ချက်များ

    မွတ်စ်လင်မ်များသည် ရမဿွာန်တစ်လတာလုံး နံနက်အရုဏ်ချိန်မှ နေ၀င်ချိန်အထိ အစာရေစာ မစားသောက်ဘဲ ဥပုသ်ဆောက်တည်ကြ၏။ နေမထွက်မီအချိန်တွင် စုဟူးရ် (ခေါ်) အရုဏ်မတိုင်မီနံနက်စာကို စားသောက်ကြ၏။ နေ၀င်ချိန်တွင် မိသားစုများနှင့် မိတ်ဆွေများ စုပေါင်း၍ အိဖ်သာရ်(ခေါ်) ၀ါလွှတ်စာကို စားသောက်ကြ၏။ တမန်တော်၏ဓလေ့အဖြစ် ယုံကြည်မှုအတိုင်း စွန်ပလွံသီးဖြင့် ၀ါဖြေကြသည့် မွတ်စ်လင်မ်များစွာ ရှိသည်။

    ဥပုသ်သည်များ ၀ါဖြေစားသောက်နိုင်ရန် ပြင်ဆင်ပေးနေကြသည့် ပါကစ္စတန်နိုင်ငံသားလုပ်အားပေးများ

    ဤဥပုသ်သီလဆောက်တည်ခြင်းကို ဆွောင်မ် ဟုခေါ်ဆိုပြီး အစ္စလာမ့်မဏ္ဍိုင်ငါးရပ်အနက် အပါအ၀င်တစ်ခု ဖြစ်သည်။ ဥပုသ်ဆောက်တည်သူတိုင်းက (ဥပုသ်စောင့်ထိန်းနေစဉ်) စားခြင်း၊ သောက်ခြင်း၊ ဆေးလိပ်နှင့် လိင်ဆက်ဆံမှုတို့ကို ရှောင်ကြဉ်ကြရသည်။

    မိမိတို့၏ မြို့/ဒေသဆိုင်ရာ ရမဿွာန်ဥပုသ်ချိန်များကို IslamCity ၀က်ဘ်ဆိုက်တွင် သက်ဆိုင်ရာ မြို့အမည် သို့မဟုတ် သတ်မှတ်ကုဒ်နံပါတ်များ ထည့်သွင်း၍ ရှာဖွေနိုင်ပါသည်။ ထိုအချိန်များအပြင် ၀တ်ပြုချိန်များ၊ နေ၀င်ချိန်နှင့်နေထွက်ချိန်များကိုပါ ရရှိနိုင်သည်။

    အလှူဒါနဆိုင်ရာ မျှော်လင့်ချက်များ

    လှူဒါန်းပေးကမ်းခြင်းသည် ရမဿွာန်လ၏ အရေးကြီးသောအစိပ်အပိုင်းတစ်ရပ်ဖြစ်၏။ ဥပုသ်ဆောက်တည်ခြင်းအမှုသည် ကိုယ်ကျိုးစွန့်ခြင်းကိုလည်းကောင်း၊ ဆာလောင်သောအလေ့အထဖြင့် ငတ်မွတ်သူများအပေါ် ပိုပြီး မျှဝေခံစားတတ်လာရန်ကိုလည်းကောင်း အလေးထားစေသည်။ ရမဿွာန်ကာလအတွင်း မွတ်စ်လင်မ်လူ့အဖွဲ့အစည်းများသည် ဆင်းရဲနွမ်းပါးသူတို့အတွက် ငွေပင်ငွေရင်း မတည်ပေးခြင်း၊ အ၀တ်အထည်နှင့် အစားအသောက်များကို လှူဒါန်းခြင်း ပြုလုပ်ကြလေ့ရှိပြီး အခက်အခဲရှိသူများအတွက် ၀ါဖြေညစာများကို စီစဉ်ပေးကြပေသည်။

    ရမဿွာန်လ၌ မွတ်စ်လင်မ်နှင့်ကုရ်အာန် နီးကပ်မှုများ

    ရမဿွာန်လအတွင်း များစွာသောမွတ်စ်လင်မ်တို့သည် ကုရ်အာန်ကျမ်းမြတ် တစ်စောင်လုံးကိုလည်းကောင်း၊ နေ့စဉ်ဖတ်ရွတ်သရဇ္ဈာယ်နိုင်ရန်လည်းကောင်း ကြိုးစားလေ့ရှိသည်။ ကုရ်အာန်ကို အပိုင်းအခြားအလိုက် နေ့စဉ်ဖတ်ရွတ်သွားပြီး ရမဿွာန်လအကုန် အီးဒုလ်ဖစ်သွိရ်နေ့တွင် အဆုံးသတ်ကြသော အသိုင်းအ၀ိုင်းလည်း အများအပြားရှိပါသည်။

    မွတ်စ်လင်မ် မဟုတ်သူများလည်း ပါဝင်နိုင်သလော ?

    ရမဿွာန်လ၏အစီအစဉ်မှန်သမျှ၌ မွတ်စ်လင်မ်မဟုတ်သူများလည်း လွတ်လပ်စွာ ပါဝင်နိုင်သည်။ မွတ်စ်လင်မ်မဟုတ်သူများစွာတို့သည် သူတို့၏မွတ်စ်လင်မ်မိတ်ဆွေများ၊ မိသားစုဝင်များနှင့် အတူတစ်ကွ ဥပုသ်စောင့်ထိန်းကြသည့်အပြင် ၀တ်ပြုမှုများ၌ပါ ပါဝင်တတ်ကြ၏။ ၀ါဖြေညစာစားပွဲများ၊ ၀တ်ပြုမှုများ တက်ရောက်ပါဝင်ဖို့လည်း မွတ်စ်လင်မ်မဟုတ်သူများကို မကြာခဏ ဖိတ်ကြားလေ့ရှိနေပေသည်။

    တူရကီရိုးရာ ၀ါဖြေညစာစားပွဲတစ်ခုတွင် တွေ့ကြရသော ဘာသာပေါင်းစုံ ဧည့်သည်တော်များ

    ရမဿွာန် ဥပုသ်သီလဆောက်တည်ထားသူတို့ကို ဂုဏ်ပေးလေးစားသောအားဖြင့် ရမဿွာန်မုဘာရပ်(မင်္ဂလာရှိသော ရမဿွာန်ဖြစ်ပါစေ)ဟုလည်းကောင်း၊ ရမဿွာန်ကရီးမ်(မြင့်မြတ်သော ရမဿွာန်ဖြစ်ပါစေ) ဟုလည်းကောင်း နှုတ်ခွန်းဆက်သလေ့ရှိကြောင်း တွေ့ကြရပေမည်။

    ဆီးချို/သွေးချိုဝေဒနာရှင်မွတ်စ်လင်မ်များ ဥပုသ်ဆောက်တည်သင့်သလော ?

    အမေရိကန် ဆီးချို/သွေးချိုရောဂါအဖွဲ့အစည်းက ဆီးချို/သွေးချိုဝေဒနာရှင်များ ရမဿွာန်လအတွင်း ဥပုသ်သီလစောင့်ထိန်းခြင်းကို အားမပေးကြပါ။

    “အစ္စလာမ်နိုင်ငံ ၁၃ ခုထဲက ရမဿွာန်လအတွင်း ဥပုသ်စောင့်တဲ့ ဆီးချို/သွေးချိုဝေဒနာရှင် ၁၂၂၄၃ ဦးအပေါ် အကျယ်တ၀င့် လေ့လာချက်များအရ ရောဂါပျောက်ကင်းအောင်ကုသဖို့ ပိုမိုခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်လာကြောင်း ပြသနေပါတယ်”။

    သို့သော်လည်း ယင်းလေ့လာမှုက အဆုံးသတ်အဖြေ မထွက်သေးကြောင်း ဆိုထားသည်။ ဥပုသ်စောင့်ကြသည့် ဆီးချို/သွေးချို ဝေဒနာသည်များစွာတို့မှာ အဆိုပါလက္ခဏာမျိုး မပြသခဲ့ပေ။ မည်သို့ဆိုစေ ဝေဒနာသည်များအဖို့ ဥပုသ်စောင့်လိုပါက မိမိတို့၏ဆရာဝန်များနှင့် တိုင်ပင်စီမံသင့်ပေသည်။

    ရမဿွာန်၏ ပန်းတိုင်

    ရမဿွာန်လအတွင်းကျင့်ကြံမှုများသည် ယေဘူယျအားဖြင့် အစ္စလာမ်နှင့်ဆန့်ကျင်နေသော အတွေးအမြင်နှင့် လုပ်ရပ်များမှ မိမိ၏စိတ်ရိုင်းကို သန့်စင်စေကြောင်း ဖွင့်ဆိုဖော်ပြကြသည်။ လောကီဆန္ဒများကို ဖယ်ရှားလိုက်ခြင်းဖြင့် သာသနာ့ကျင့်ဝတ်နှင့် တာဝန်များအပေါ် အပြည့်အ၀ အာရုံစူးစိုက်လာနိုင်သည်။ မွတ်စ်လင်မ်များစွာတို့သည် ဥပုသ်ဆောက်တည်ခြင်း၏ ရုပ်ပိုင်းဆိုင်ရာဓလေ့အစဉ်အလာများထက် မသန့်စင်သော အတွေးအမြင်နှင့် စိတ်ရိုင်းများကို အရောင်ချွတ်ဆေးကြောသန့်စင်ခြင်း၌ ပို၍ အားထုတ်လေ့ရှိသည်။

    မွတ်စ်လင်မ်မှန်သမျှ ရမဿွာန်ဥပုသ်ကို ဆောက်တည်ကြပါသလား ?

    ရမဿွာန်လ၏ ဥပုသ်ဆောက်တည်ခြင်းမှာ မပြုမနေရတာဝန်တစ်ရပ်ဖြစ်ကြောင်း မွတ်စ်လင်မ်အများစု ယုံကြည်ထားကြသည်။ သို့သော် အချို့လူများအတွက်တော့ ခြွင်းချက်ဖြစ်သည်။ ၎င်းတို့မှာ ပဋိသန္ဓေလွယ်ထားသူ၊ နို့တိုက်ကျွေးနေရသော မိခင်များ၊ ရောဂါပြင်းထန်သည့် ဝေဒနာသည်များ၊ ခရီးသည်များ၊ ဥပုသ်စောင့်ခြင်းကြောင့် ရောဂါဆိုးဝါးလာနိုင်သူများဖြစ်ကြ၏။ အရွယ်မရောက်သေးသော ကလေးသူငယ်တို့မှာလည်း ရမဿွာန်လအတွင်း ဥပုသ်ဆောက်တည်ရန် တာဝန်မရှိကြပေ။

     

    (The Huffington Post မှ ဘာသာရေးကဏ္ဍအယ်ဒီတာများ ရေးသားသော A Quick Lesson About Ramadan, The Muslim Month Of Fasting ဆောင်းပါးကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

  • တောင်တရုတ်ပင်လယ်တွင် တရုတ်က အဆောက်အဦးဆောက်လျှင် အရေးယူမည်ဟု ကန်ပြော

    တောင်တရုတ်ပင်လယ်တွင် တရုတ်က အဆောက်အဦးဆောက်လျှင် အရေးယူမည်ဟု ကန်ပြော

    ဇွန် ၄၊ ၂၀၁၆
    M-Media

    china 3

    – ပိုင်ဆိုင်မှု အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်က အဆောက်အဦးများ ဆောက်လုပ်ပါက မိမိတို့အနေဖြင့် အရေးယူမှု ပြုလုပ်သွားမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာရ်က ပြောကြားလိုက်သည်။

    စင်ကာပူ၌ ယနေ့တွင်ပြုလုပ်သည့် လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတွင် ကာတာရ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အငြင်းပွားနေသည့် ရေပိုင်နက်များတွင် စစ်ရေးဆိုင်ရာ ချဲ့ထွင်မှုမှာ နိုင်ငံကို အထီးကျန်စေရန် ကိုယ်တိုင် တံတိုင်းကာခြင်းသာ ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် မဖြစ်သင့်သည်များ ဖြစ်လာနိုင်သည့်အန္တရာယ်ကို လျှော့ချရေးအတွက် နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ပူးပေါင်းမှုကို ပိုမိုခိုင်မာစေရန် ဆောင်ရွက်ရေးကိုလည်း ကမ်းလှမ်းခဲ့သည်။

    တရုတ်နိုင်ငံ၏ နိုင်ငံတကာ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာရုံးမှ အကြီးအကဲဖြစ်သူ ရေတပ်ဗိုလ်ချုပ် ဂူအန် ယူဖိုင်းက ကာတာရ်၏ ပြောကြားမှုကို ချက်ခြင်းပြန်လည်တုန့်ပြန်ခဲ့ပြီး အမေရိကန်၏ ထိုမှတ်ချက်မှာ စစ်အေးတိုက်ပွဲ သဘောထားကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    တောင်တရုတ်ပင်လယ်အတွင်းရှိ အငြင်းပွားကျွန်းစုများမှ Scarborough Shoal ကျွန်းကို တရုတ်က ၂၀၁၂ ခုနှစ်တွင် လုံးဝ ထိန်းချုပ်ထားပြီး စစ်ရေယာဉ်များဖြင့် ပုံမှန်ကင်းလှည့်မှုများ ပြုလုပ်နေကာ မိမိတို့ ငါးဖမ်းသမားများကို ခြောက်လှန့် ပစ်ခတ်မှုများ ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုမှုကို ရည်ညွှန်း၍ ကာတာရ်က ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

    Ref: Channelnewsasia