News @ M-Media

Blog

  • လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအား ကာကွယ်ပေးရန် ထိုင်းနိုင်ငံအား မြန်မာ တောင်းဆို

    လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအား ကာကွယ်ပေးရန် ထိုင်းနိုင်ငံအား မြန်မာ တောင်းဆို

    ဇွန် ၉၊ ၂၀၁၆
    M-Media

    ksw
    သံသယဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦးမှ တစ်ဦးဖြစ်သူ ကိုကျော်စိုးဝင်း

    – ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပြီးခဲ့သည့် စက်တင်ဘာက ဖြစ်ပွားခဲ့သည့် လူသတ်မှုတစ်ခုအတွက် စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးအား ကူညီရန်နှင့် ထိုင်းရဲများ၏ နှိပ်စက်မှုမှ ကာကွယ်ပေးရန်အတွက် ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကို မြန်မာ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထားသည်ဟု သိရသည်။

    ယနောင်းမြို့တွင် စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်မှာ အသက် ၁၈ နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦး အသတ်ခံခဲ့ရခြင်းဖြစ်သည်။

    မြန်မာအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ ဦးစစ်မြိုင်က ထိုအမှုအတွက် မြင်မျက်သက်သေများကို ထိုင်းရဲတပ်ဖွဲ့က ကိုင်တွယ်ဆောင်ရွက်မှုမှာ သံသယဖြစ်စရာကောင်းနေပြီး၊ CCTV မှတ်တမ်းများအရလည်း လူသတ်မှုဖြစ်ပွားချိန်တွင် ဖမ်ဆီးခံထားရသည့် မြန်မာလုပ်သားများမှာ အလုပ်၌ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက်ပိုင်း ထိုကိစ္စအတွက် ကူညီဆောင်ရွက်ပေးရန် ထိုင်း လူ့အခွင့်အရး ကော်မရှင်ထံ မိမိတို့က တောင်းဆိုထားသည်ဟု ပြောကြားခဲ့သည်။

    “ဒီကိစ္စကို စုံစမ်းစစ်ဆေးရာမှာ မျှမျှတတရှိဖို့နဲ့ ထိုင်းဥပဒေအရ ဆောင်ရွက်ဖို့အတွက် ရဲတပ်ဖွဲ့ကို မေတ္တာရပ်ခံပေးဖို့ ထိုင်းကော်မရှင်ကို ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ သူတို့ရဲ့အခွင့်အရေးတွေကို ရရှိခံစားရလားဆိုတာကို သိရဖို့ စွပ်စွဲခံရသူတွေကို သူတို့ရဲ့ မိဘတွေ၊ မြန်မာတာဝန်ရှိသူတွေနဲ့ တွေ့ခွင့်ပေးဖို့လည်း ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ကတစ်ဆင့် ရဲတပ်ဖွဲ့နဲ့ တရားရုံးကို ဒီလိုတောင်းဆိုမှုဟာ ထိရောက်မှုအချို့ ရှိလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဦးစစ်မြိုင်က ဆိုသည်။

    ဇွန်လ ၂ ရက်နေ့က ထိုင်းကော်မရှင်ထံ ပေးပို့ခဲ့သော အဆိုပါမေတ္တာရပ်ခံစာတွင် သံသယရှိသူ မြန်မာနိုင်ငံသားများကို နှိပ်စက်ခြင်းမပြုရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုကိုခွင့်ပြုပေးရန် ထိုင်းရဲတပ်ဖွဲ့အား တောင်းဆိုထားသည်။

    “ထိုင်းအစိုးရအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး၊ တရားမျှတရေး လုပ်ဆောင်ပေးဖို့နဲ့ သူတို့ကို တရားဥပဒေဘောင်အတွင်းက ဆက်ဆံဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဦးစစ်မြိုင်က ထပ်လောင်းပြောကြားခဲ့သည်။

    ထိုင်းအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ ဒါရိုက်တာဖြစ်သူ ဦးထူးချစ်ကမူ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၄ ဦးမှာ လူသတ်မှုနှင့် မည်သို့မှ ဆက်စပ်ခြင်းမရှိဘဲ ၎င်းတို့၏ အလုပ်ရှင်နှင့် မျက်မြင်သက်သေ ၄၅ ဦးမှာ ဖမ်းဆီးခံထားရသူများဘက်မှ ခုခံထွက်ဆိုပေးမည်ဟု ပြောကြားခဲ့သည်။

    Ref : mmtimes

  • အီရန်၊ ရုရှား၊ ဆီးရီးယားမှ ကာကွယ်ရေးဝန်ကြီးများ တီဟီရန်တွင် တွေ့ဆုံမည်

    အီရန်၊ ရုရှား၊ ဆီးရီးယားမှ ကာကွယ်ရေးဝန်ကြီးများ တီဟီရန်တွင် တွေ့ဆုံမည်

    ဇွန် ၉၊ ၂၀၁၆
    M-Media

    iran russia

    – အရှေ့အလယ်ပိုင်းမှာ မကြာသေးခင်က တွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အကြောင်းတွေကို ဆွေးနွေးဖို့အတွက် အီရန်၊ ရုရှားနဲ့ ဆီးရီးယားတို့က ကာကွယ်ရေးဝန်ကြီးတွေဟာ ကြာသာပတေးနေ့မှာ တွေ့ဆုံဖို့ ရှိနေတယ်လို့ သိရပါတယ်။

    တီဟီရန်မှာပြုလုပ်မယ့် အဲဒီဆွေးနွေးပွဲအတွက် အီရန်ကာကွယ်ရေးဝန်ကြီး ဟူစိန်ဒေကန်က တရားဝင် ဖိတ်ကြားခဲ့တာဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူနဲ့ ဆီးရီးယားကာကွယ်ရေးဝန်ကြီး ဖာဟက် ဂျက်ဆင် အလ်-ဖရီဂျီတို့ တက်ရောက်မှာဖြစ်ပါတယ်။

    အဲဒီ သုံးပွင့်ဆိုင်တွေ့ဆုံမှုမှာ ဒေသအတွင်း နောက်ဆုံးဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အမြင်တွေ ဖလှယ်ကြမှာဖြစ်ကာ အကြမ်းဖက်ဝါဒအပေါ် အရှိန်အဟုန်နဲ့ တိုက်ခိုက်နှိမ်နင်းရေး နည်းလမ်းတွေကိုလည်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

    အသစ်ဖွဲ့စည်းထားတဲ့ ပါလီမန်မှာ အင်္ဂါနေ့က မိန့်ခွန်းပြောကြားစဉ်အတွင်း ဆီးရီးယားသမ္မတက မိမိတို့အစိုးရကို ပေးအပ်ခဲ့တဲ့ ထောက်ပံ့ကူညီမှုတွေအတွက် ရုရှား၊ တရုတ်နဲ့ အီရန်တို့ကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • မြန်မာစစ်တပ်ကို တိုက်လေယာဉ်မရောင်းရန် ပါကစ္စတန်အား ကချင်အမျိုးသားအစည်းအရုံး တိုက်တွန်း

    မြန်မာစစ်တပ်ကို တိုက်လေယာဉ်မရောင်းရန် ပါကစ္စတန်အား ကချင်အမျိုးသားအစည်းအရုံး တိုက်တွန်း

    ဇွန် ၉၊ ၂၀၁၆
    M-Media

    jet

    – တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရာတွက် အသုံးပြုနိုင်သောကြောင့် ပါကစ္စတန်အနေဖြင့် မြန်မာစစ်တပ်အား တိုက်လေယာဉ်များ မရောင်းရန် ကချင်အမျိုးသားအစည်းအရုံး KNO က တိုက်တွန်းဆော်သြလိုက်သည်ဟု သိရသည်။

    ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ကချင်ပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားအခွင့်အရေး တောင်းဆိုမှုကို ပါကစ္စတန်အနေဖြင့် အားပေးထောက်ခံရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ လိုအပ်နေသူများထံသို့ ထောက်ပံ့ပေးပို့မှုများ တိုးမြှင့်ပြုလုပ်ပေးရန်လည်း တောင်းဆိုခဲ့သည်။

    ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် ဆက်နွယ်နေသည့် KNO အဖွဲ့ဥက္ကဌ ဦး ဒူဝါ ဘွန်ဝမ် လာရော က မြန်မာစစ်တပ်အား စစ်ရေးလှုပ်ရှားမှု ဆက်လက်မပြုလုပ်ရေး ဖိအားပေးမှုတွင် ပါကစ္စတန်အစိုးရအနေဖြင့် ထိရောက်သည့် အခန်းကဏ္ဍမှ ပါဝင်သင့်သည်ဟု ပြောကြားခဲ့ပြီး အဆိုပါ စစ်ရေးလှုပ်ရှားမှုများမှာ နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်စေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “တိုက်ပွဲအတွင်းမှာ စစ်တပ်က တိုက်လေယာဉ်တွေကို အသုံးပြုနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတွေနဲ့ တိုက်ခိုက်ရာမှာ စစ်တပ်က ပါကစ္စတန်တိုက်လေယာဉ်တွေကို အသုံးပြုမှာ ကျွန်တော်တို့ စိုးရိမ်ပါတယ်။ သူတို့က အဲဒီလို အမြဲတမ်း တိုက်ခိုက်နေကြပါ” ဟု ဦး ဒူဝါ ဘန်ဝမ် လာရောက မှတ်ချက်ပေးခဲ့သည်။

    KNO ၏ အဆိုပါကြေငြာချက်တွင် အစိုးရစစ်တပ်မှာ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ တိုင်းရင်းသားအုပ်စုများနှင့် အရပ်သားများကို ရှင်းလင်းဖယ်ရှားရေးအတွက် မြေပြင်ထိုးစစ်များ၊ လေကြောင်းတိုက်ခိုက်မှုများကို လက်လွတ်စပယ် ပြုလုပ်နေသည်ဟုလည်း စွပ်စွဲပြောဆိုထားသည်။

    တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ပြီးခဲ့သည့်နှစ်အတွင်း ပါကစ္စတန်နှင့် ဆားဘီးယားနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်း အစိုးရစစ်တပ်မှာ တိုက်လေယာဉ် ၂၄ စင်းကို မှာယူခဲ့ကာ ကာကွယ်ရေးဦးစီးချုပ်၏ ထိုခရီးစဉ်အပြီးတွင် ၁၆ စင်းအတွက် ငွေပေးချေခဲ့သည်။

    ပါကစ္စတန်မီဒီယာများကမူ မြန်မာနိုင်ငံမှာ တစ်စင်းလျှင် ကန်ဒေါ်လာ ၃၅ သန်း တန်ဖိုးရှိ အဆိုပါတိုက်လေယာဉ်များကို ပထမဆုံးဝယ်ယူသည့် နိုင်ငံခြားတိုင်းပြည်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    Ref: mmtimes

  • တရုတ်နိုင်ငံ၏ လေတပ်အင်အား တိုးမြှင့်မည်

    တရုတ်နိုင်ငံ၏ လေတပ်အင်အား တိုးမြှင့်မည်

    ဇွန် ၉၊ ၂၀၁၆
    M-Media

    china plane

    – အမေရိကန်နဲ့ ရုရှားတို့ပြီးတဲ့နောက် လေတပ်အင်အားမှာ ထိပ်တန်းဖြစ်လာဖို့ ဆောက်ရွက်မှုအဖြစ် တရုတ်နိုင်ငံဟာ စစ်တပ် လေကြောင်းပို့ဆောင်ရေးတပ်ဖွဲ့အတွက် မဟာဗျူဟာမြောက် လေယာဉ် ၁၀၀၀ အထိ ထပ်မံဖြည့်တင်းသွားမယ်လို့ သိရပါတယ်။

    အဲဒီ ထပ်မံဖြည့်တင်းမယ့် လေယာဉ်တွေဟာ Y-20 လေယာဉ်တွေဖြစ်ပြီး တရုတ်ရဲ့ Xi’an လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ဆောက်လုပ်နေတာပါ။

    အဆိုပါလေယာဉ်ကို Chubby Girl လို့လည်း ခေါ်ဝေါ်ပြီး ၆၆ တန် ၀န်တင်နိုင်စွမ်းနဲ့အတူ မိုင် ၂၇၀၀ အထိ ပျံသန်းနိုင်အောင် ဒီဇိုင်းဆွဲထားတာ ဖြစ်ပါတယ်။ အတောင်ပံတွေက တစ်ဖက်ကို ၅၀ မီတာအထိ ရှည်လျားပြီး အရွယ်အစားကတော့ တရုတ်က ရှိရှိသမျှ လေယာဉ်ပျံတွေထက် ပိုမိုကြီးမားပါတယ်။

    တရုတ်ပြည်သူ့နေ့စဉ်သတင်းစာကတော့ အဆိုပါလေယာဉ်ဟာ မြောက်အာဖရိက၊ သြစတေးလျ၊ အမေရိကန်ပြည်ထောင်စုရဲ့ အလာစကာပြည်နယ်၊ ဥရောပနဲ့ အာရှ မည်သည့်နေရာကိုမဆို ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ တန် ၃၀၀၊ ၄၀၀ နဲ့ ၆၀၀ ၀န်တင်နိုင်စွမ်းရှိတဲ့ လေယာဉ်တွေကို ထုတ်လုပ်ဖို့ အစီအစဉ်ရှိနေပါတယ်။

    တရုတ်လေတပ်ကလည်း ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ် J-20 တွေကို ထုတ်လုပ်နေပြီလို့ ကြေငြာထားပါတယ်။ အမေရိကန်စစ်တပ်က အမည်မဖော်လိုသူ အရာရှိတစ်ဦးကတော့ တရုတ်ရဲ့ အဲဒီတိုက်လေယာဉ်တစ်စဉ်းဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ အမေရိကန်လေယာဉ်တစ်စင်းကို အန္တရာယ်ရှိတဲ့အနေအထားနဲ့ ကြားဖြတ်တားဆီးခဲ့တယ်လို့ ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Presstv

  • “တက္ကသိုလ် ဝင်တန်း အောင်စာရင်း ဒီနှစ် ဘာကြောင့် နောက်ကျရတာလဲ”

    “တက္ကသိုလ် ဝင်တန်း အောင်စာရင်း ဒီနှစ် ဘာကြောင့် နောက်ကျရတာလဲ”

    ဇွန် ၉ ၊ ၂၀၁၆
    M-Media
    ဆောင်းပါးရှင်-ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ် R.I.T)

    10 exam
    .
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း(၁၀)တန်း စာမေးပွဲသည် ကျောင်းသား၊ မိဘ၊ ဆရာသမားများ စိတ်အဝင်စားဆုံး စာမေးပွဲ တခုဖြစ်သလို ၊ ထွက်ပေါ်လာသော အောင်စာရင်း ရလဒ်သည်လည်း ရင်ခုံဖွယ်ရာ ကောင်းလှသည်။ “ကံ၊ ဥာဏ်၊ ဝိရိယ” ၃ ခု

    တို့၏ အောင်ပွဲရလာဒ်ဖြစ်၍ ၅ ဘာသာဂုဏ်ထူးရခဲ့သော စာရေးသူကိုယ်တိုင် အထင်နှင့် အမြင် လွှဲခဲ့ဖူးသော အတွေ့အကြုံလေးကို ကိုယ်တိုင် ခံစားခဲ့ဖူးပါသည်။
    .
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသူတိုင်း ရင်တမမနဲ့ မျှော်လင့် စောင့်စားရသည့် အချိန်ကာလ (၃) ခုရှိပါသည်။ ” ပထမဆုံး အချိန်” သည် အောင်စာရင်းထွက်သည့် နေ့ဖြစ်ပြီး ၊ “ဒုတိယ အချိန်” သည် အမှတ်စာရင်း ထုတ်သည့် နေ့ဖြစ်သည်။ ထိုအမှတ်စာရင်းကို ကြည့်၍ ယခင်နှစ်များက သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ပြုခဲ့သည့် အမှတ်စာရင်းကို မူတည်ကာ မိမိတက်နိုင်မည့် တက္ကသိုလ်ဝင်ခွင့်ကို အကြမ်းဖျင်း၊ မှန်းဆ နိုင်ပေသည်။  “တတိယအချိန်” သည် တက္ကသိုလ် ဝင်ခွင့်လျောက်ထားသူများ၏ တက္ကသိုလ်ဝင်ခွင့်များကို ကြေညာသောနေ့ဖြစ်ပါသည်။
    .
    ၂၀၁၅-၂၀၁၆ ပညာသင်နှစ် က မြန်မာနိုင်ငံတဝှမ်းတွင် အခြေခံပညာကျောင်းပေါင်း ၄၅၀၀၀ ကျော် ရှိခဲ့သည်။ ကျောင်းသား/ကျောင်းသူ ၈ သန်းခန့် ပညာသင်ယူခဲ့သည်။ ထိုကျောင်းသား/ကျောင်းသူများကို ဆရာ/ဆရာမ ပေါင်း ၄ သိန်းခန့်က

    တာဝန်ယူသင်ကြားပေးခဲ့သော်လည်း ၊ ပြည်နယ်နှင့်တိုင်းဒေသမျးတွင် ဆရာ/ဆရာမ အင်အားများ မလုံမလောက် ဖြစ်ခဲ့သည်။ သို့သော ၂၀၁၅-၂၀၁၆ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူပေါင်းမှာ ၅ သိန်း ကျော်ရှိခဲ့သည်မှာ နှစ်စဉ် လိုလိုပင်ဖြစ်သည်။
    .
    စာရေးသူသည် စာသင်ကြားရေး လောကထကို ၁၉၈၈ ခုနှစ်တွင် ခြေစုံ ပစ်ဝင်ခဲ့ပါသည်။ ထိအချိန်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န.၀.တ) ၊ နိုင်ငံတော်အေးချမ်းသာယာရေး နှင့် တည်ဆောက်ရေးအဖွဲ့ (န.အ.ဖ) များလက်ထက် ထုတ်ပြန်ရာတွင် ဇူလိုင်(၁၉) ရက် အာဇာနည်နေ့ နောက်ပိုင်း အစိုးရ ရုံးပိတ်ရက် စနေ(သို့) တနင်္ဂနွေနေ့များတွင် ထုတ်ပြန်လေ့ရှိခဲ့သည်။ ၁၉၉၆-၁၉၉၇ ပညာသင်နှစ်တွင်မူ သြဂုတ်လ ကုန်လောက်မှ ထုတ်ပြန်ကြေညာခဲ့ဖူးသည်။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဇွန်လ ပထမပတ်တိုင်းအစိုးရ ရုံးပိတ်ရက်တွေင် ထုတ်ပြန်ခဲ့သည်။ သို့သော ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်လက်ထက် ဇွန်လ ပထမအပတ်တွင် မထုတ်ပြန်နိုင်ခဲ့ခြင်းမှာ အကြောင်းအရင်း အနည်းငယ်ရှိခဲ့ပါသည်။
    .
    မြန်မာနိုင်ငံတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို စာစစ်ဆရာ/ဆရာမ များက စစ်ဆေးပြီးသောအခါ မောဒီရေးရှင်း ဘုတ်အဖွဲ့က တနိုင်ငံလုံး အတိုင်းအတာဖြင့် စာမေးပွဲ ကျရှုံးနေသော ဘာသာရပ်နှင့် ရမှတ်ကို ချင့်ချိန်ကာ စာမေးပွဲအောင်ပေးရသည့် အစဉ်အလာသည့် ၁၉၈၇ မှ စ၍ ၂၀၁၆ ယခုတိုင် ရှိနေသည်ကို သတိထားမိသည် ။ ဥပမာပြောရလျှင် ၂၀၁၅-၂၀၁၆ တက္ကသိုလ်ဝင်တန်း အဖြေလွှားများကို သင်္ကြန်မတိုင်မီ ဧပြီလ ၁၀ ရက်နေ့ အထိ နားရက်မရှိ ဆက်တိုက် စစ်ဆေးခဲ့သောကြောင့် စစ်ဆေးပြီးစီးပြိးဖြစ်သည်။ သို့သော် သင်္ချာဘာသာရပ်၌ နှစ်စဉ် ပုံမှန် မေးနေကျ ပုံစံထက် တစ်ဆင့်တက်၍ ဥာဏ်စမ်းမေးခွန်းပုံစံမျိုး လှည့်မေးလိုက်သောအခါ ကျောင်းသားအများစု စာမေးပွဲကျတော့သည်။ ထိုအခါ မော်ဒီရေးရှင်း(Moderation) လုပ်ရတော့သည်။ ရမှတ် ၃၆ မှတ်ရသူကို အောင်ပေးရတော့သည်။ တနိုင်ငံလုံး အတိုင်းအတာဖြင့် ထို မော်ဒီရေးရှင်းကို  လုပ်ရသောအခါ အချိန်တွေပိုယူရတော့သည်။ အထက်အဆင့်ဆင့်ကို တင်ပြရေတော့သည်။ နောက်ဆုံး ပြည်ထောင်စုအဆင့်၊ ဝန်ကြီးရဲ့ အတည်ပြုချက်ကို စောင့်စားရတော့သည်။
    .
    ၂၀၁၄-၂၀၁၅ ခု ပညာသင်နှစ်တွင် ထုတ်ပြန်ခဲ့သော တက္ကသိုလ်ဝင်တန်းအောင်စာရင်းနှင့် ပတ်သက်၍ စာရေးသူ သတိထားမိသော အချက် တစ်ချက်ရှိသည်။ ၄င်းမှာ နိုင်ငံပိုင်သတင်းစာများတွင် တိုင်းနှင့် ပြည်နယ်အလိုက် ဝင်ရောက်ဖြေဆိုသူ အရေအတွက်များ၊ ဂုဏ်ထူးရ စာရင်းများ၊ အောင်ချက်ရာခိုင်နှုန်းများကို စနစ်တကျ ဖော်ပြခဲ့ခြင်းပင်ဖြစ်သည်။
    .
    ယခု ၂၀၁၆ ခု ဇွန်လ (၁၁) ရက် နေ့တွင် ကျောင်းသား၊ မိဘ၊ ဆရာသမားများ မျှော်လင့်ထားသလို ပြည်သူချစ်သည့် အရပ်သားအစိုးရ လက်ထက်တွင် တက္ကသိုလ်ဝင်စာမေးပွဲကြီးကို  မည်သို့ မည်ပုံ ထုတ်ပြန်မည်ကို ရင်တမမနှင့် မျှော်လင့်စောင့်စားရင်း စာဖြေသူအပေါင်းရဲ့ မျှော်လင့်ချက် အိပ်မက်လေးတွေ ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    .
    Photo-Internet

    ဆရာ ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု တက္ကသိုလ် R.I.T)