News @ M-Media

Blog

  • မဘသအဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို မဟနက စောင့်ကြည့်နေ

    မဘသအဖွဲ့ဝင်များ၏ လှုပ်ရှားမှုကို မဟနက စောင့်ကြည့်နေ

    ဇွန် ၄၊ ၂၀၁၆
    M-Media

    mahana

    – မဘသဟုသိကြသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးကော်မတီတွင် ပါဝင်နေသည့် သဘောထားတင်းမာသော အမျိုးသားရေးဝါဒီ ဘုန်းကြီးများ၏ လှုပ်ရှားမှုများအတွက် မိမိတို့က စောင့်ကြည့်ထိန်းညှိပေးသွားမည်ဟု နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ပြောကြားလိုက်သည်။

    “ဘုန်းကြီးတို့ရဲ့လမ်းညွှန်းမှုအောက်မှာ ရှိနေတာကြောင့် မဘသရဲ့ အယူအဆတစ်ချို့ဟာ မဟနရဲ့အယူအဆတွေနဲ့ တစ်စိတ်တစ်ပိုင်း ကိုက်ညီတာတွေ ရှိပါတယ်။ ဒါပေမယ့် အချို့သော မဘသအဖွဲ့ဝင်တွေဟာ အမျိုးဘာသာကိစ္စမှာ တင်းမာပြီး ကော်မတီရဲ့ရပ်တည်ချက်နဲ့ ဆန့်ကျင်တာတွေ ရှိနေပါတယ်” ဟု နိုင်ငံတော် သံဃမဟာနာယကကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဆရာတော် ဦးစန္ဒိမာဘိဝံသက မိန့်ကြားခဲ့သည်။

    ထို့ပြင် မဘသအဖွဲ့အနေဖြင့် မဟနမှ ချမှတ်ထားသည့် လမ်းညွှန်ချက်များကို လိုက်နာသင့်သည်ဟုလည်း ဆရာတော်က ထည့်သွင်းမိန့်ကြားခဲ့သည်။

    “မဘသအဖွဲ့ဝင်အချို့ဟာ မွတ်စလင်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြပြီး ခေါင်းဆောင်ဟောင်း ဆရာတော်ကြီးရဲ့ လမ်းညွှန်မှုကို မလိုက်နာကြပါဘူး။ တကယ်တော့ သူတို့တွေဟာ ကော်မတီတစ်ခုလုံးကို ကိုယ်စားမပြုပါဘူး”

    သို့သော်လည်း စည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်မှု အားးနည်းသောကြောင့် မဘသအဖွဲ့ဝင်များအပေါ် အရေးယူမှုမပြုလုပ်နိုင်သေးဘဲ၊ ဥပဒေချိုးဖောက်သော ဘုန်းကြီးများကို အာဏာပိုင်များက အရေးယူနိုင်သည်ဟု အတွင်းရေးမှူး ဆရာတော်ကြီးက ထပ်လောင်း မိန့်ကြားခဲ့သည်။

    Ref: mmtimes

  • ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်

    ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း မိုဟာမက်အလီ (၇၄)နှစ် ကွယ်လွန်

    ဇွန် ၄၊ ၂၀၁၆
    M-Media
    . maxresdefault

    ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ၃ ကြိမ် ဖြစ်ခဲ့တဲ့ အမေရိကန် လက်ဝှေ့ကျော် မိုဟာမက်အလီဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် အမေရိကန်နိုင်ငံ ဖီးနစ်မြို့ ဆေးရုံတွင် ကုသမှု ခံနေရမှ ဒီကနေ့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။
    .
    ၂၀၁၄ ခုနှစ်မှာတော့ သူဟာ အဆုတ်ယောင်ရောဂါ ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်မှာတော့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဆေးရုံတက်ရောက် ကုသမှုတွေ ခံယူခဲ့ရပါတယ်။
    .
    အမည်ပြောင် The Greatest နဲ့ ကျော်ကြားတဲ့ မိုဟာမက်အလီဟာ ၎င်းရဲ့ လက်ဝှေ့သက်တမ်းမှာ ကမ္ဘာ့ချန်ပီယံ ၃ ကြိမ်ဖြစ်ခဲ့ပြီး ၅၆ ပွဲ အနိုင်ရကာ ၅ ပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ လက်ဝှေ့လောကကနေ အနားယူခဲ့ပါတယ်။ အလီဟာ ၎င်းရဲ့ လက်ဝှေ့စွမ်းရည်ကြောင့်သာမက နိုင်ငံသားအခွင့်အရေး လှုပ်ရှားမှုအတွက်လည်း ကျော်ကြားသူဖြစ်ပါတယ်။

    လက်ဝှေ့သမားများမှာ အဖြစ်များတဲ့ ပါကင်ဆန်ရောဂါကို အလီဟာ နှစ်ပေါင်း ၃၀ ကြာခံစားခဲ့ရပြီး အဲဒီရောဂါ ခံစားနေရသူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့ Muhammad Ali Parkinson စင်တာကို ဖွင့်လှစ်ခဲ့ပါတယ်

    ကိုယ်ရေးအကျဉ်း
    —————–
    ငယ်နာမည်မှာ ကက်စီးယက်စ်ကလေး ဖြစ်ပြီး ၁၉၄၂ ခုနှစ် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ ကန်တာကီ ပြည်နယ်၊ လူဝီဗေးလ်မြို့တွင် မွေးဖွားခဲ့ပါသည်။
    .
    ကက်စီးယက်စ်ကလေး၏ အပျော်တမ်းလက်ဝှေ့သမားဘ၀တွင် ကန်တာကီ ရွှေလက်အိတ် ချန်ပီယံ (၆)ကြိမ်၊ အမေရိကန် ရွှေလက်အိတ် ချန်ပီယံ (၂) ကြိမ်၊ အပျော်တမ်းလက်ဝှေ့ချန်ပီယံ တစ်ကြိမ်၊ ၁၉၆၀ ခုနှစ် အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပပြုလုပ်သည့် နွေရာသီ အိုလံပစ်တွင် လိုက်ဟဲဗီးဝိတ်တန်း လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ကြိမ်၊ စသဖြင့် ဆုတံဆိပ်ပေါင်း မြောက်များစွာရရှိခဲ့သည်။
    .
    ဟဲဗီးဝိတ်ချန်ပီယံ ဆန်နီ လစ်စတန်(Sonny Liston)ကို  ၁၉၆၄ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စိန်ခေါ်ထိုးသတ်အနိုင်ရပြီး ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့သည်။ ထိုစဉ် ကက်စီးယက်စ်ကလေးမှာ အသက်(၂၂)နှစ်သာ ရှိသေးသည်။
    .Muhammad-Ali-Converted-to-Islam-Religion
    ဟဲဗီးဝိတ်ချန်ပီယံဖြစ်ပြီးနောက် ကလေးသည် အစ္စလာမ်သာသနာသို့ ကူးပြောင်းခဲ့ပြိး သူ၏ အမည်ကိုလည်း မိုဟာမက်အလီ အဖြစ် ပြောင်းလဲခဲ့သည်။
    .
    ၁၉၆၇ ခုနှစ်တွင် အမေရိကန်စစ်တပ်သို့ ၀င်ရောက်အမှုထမ်းရန် ငြင်းဆိုမှုကြောင့် ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ရုပ်သိမ်းခံခဲ့ရသည်။ လက်ဝှေ့ထိုးသတ်ခွင် လိုင်စင်ပိတ်သိမ်းခံရပြီး လက်ဝှေ့ထိုးသတ်ခွင့်ကို ၅နှစ် ရပ်နားခံခဲ့ရသည်။
    .
    လက်ဝှေ့ထိုးခွင့်လိုင်စင်ပြ၇ပြိး ၁၉၇၀ခုနှစ် တွင် လက်ဝှေ့ ထိုးသတ်ခွင့်လိုင်စင် ပြန်လည်ရရှိသည်။
    .
    ၁၉၇၄ အောက်တိုဘာ ၃၀ ရက်နေ့တွင် ထိုစဉ်က ဟဲဗီးဝိတ်ချန်ပီယံ ဂျော့ဂ်ျ ဖိုမန်(George Foreman)ကို အလဲထိုး အနိုင်ယူနိုင်ခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို ဒုတိယအကြိမ် ပြန်လည် ဆွတ်ခူးနိုင်ခဲ့သည်။
    .
    ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလတွင် လက်ဝှေ့ကျော် လီယွန် စပင့်(Leon Spinks) နှင့် ထိုးသတ်ရာတွင် ရှုံးနိမ့်ခဲ့ပြီး ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို လက်လွှတ်ခဲ့ရသော်လည်း ထိုနှစ် စက်တင်ဘာလတွင် လီယွန်စပင့်နှင့် မကြေပွဲ ပြန်လည်ထိုးသတ်ခဲ့ရာ အလီမှ အနိုင်ရရှိခဲ့ကာ ဟဲဗီးဝိတ်ချန်ပီယံဘွဲ့ကို သုံးကြိမ်ဆွတ်ခူးနိုင်သည့် ပထမဦးဆုံး လက်ဝှေ့သမား ဖြစ်လာခဲ့သည်။
    Mohammad ali
    ၁၉၇၉ ခုနှစ် ဇူလိုင်လတွင် အလီသည် လက်ဝှေ့လောကမှ အနားယူလိုက်ပြီဟု ကြေညာခဲ့သည်။ သို့သော်လည်း မကြာမီပင် လက်ဝှေ့ကြိုးဝိုင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကာ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင်မှ လက်ဝှေ့လောကမှ အပြီးတိုင် အနားယူခဲ့သည်။
    .portland-press-herald_3672761
    မိုဟာမက်အလီ သည် ဟဲဗီးဝိတ်လက်ဝှေ့သမိုင်း၏ ရွှေခေတ်ဟု ခေါ်ဝေါ်သည့် သူ့ခေတ်သူ့အခါက ထိပ်တန်းဟဲဗီးဝိတ်ချန်ပီယံများကို အနိုင်ယူနိုင်ခဲ့သည်။ ရင်းမဂ္ဂဇင်း(Ring Magazine) ၏ “တစ်နှစ်တာအကောင်းဆုံးလက်ဝှေ့သမား” (Fighter of the Year) အဖြစ် အခြားလက်ဝှေ့သမားများထက် အကြိမ်များစွာ ရွေးချယ်ခံခဲ့ရသည်။  ထို မဂ္ဂဇင်းကပင် ရွေးချယ်သော “တစ်နှစ်တာ အကောင်းဆုံးလက်ဝှေ့ပွဲ” (Fight of the Year) တွင်လည်း အလီမှာ အခြားသူများထက် အကြိမ်များစွာ ဖော်ပြခံခဲ့ရသည်။ ၎င်းအပြင် အလီမှာ နိုင်ငံတကာလက်ဝှေ့အကျော်အမော်များ Hall of fame တွင် ပါဝင်ပြီး Sports Illustrated  မဂ္ဂဇင်း၏ “တစ်နှစ်တာအကောင်းဆုံး အားကစားသမား” စာရင်းတွင်ပါဝင်သည့် လက်ဝှေ့သမားသုံးဦးအနက်မှ တစ်ဦးဖြစ်သည်။

     

    မုဟမ္မဒ် အလီ (ခ) ကက်စီးယက်စ် ကလေး အကြောင်း အသေးစိတ်ဖတ်ရန်
    http://www.m-mediagroup.com/news/13732

  • မလေးရှားက မြန်မာသံရုံး လူမျိုး/ဘာသာ ခွဲခြားပြီး ဆက်ဆံနေပြီလား?

    မလေးရှားက မြန်မာသံရုံး လူမျိုး/ဘာသာ ခွဲခြားပြီး ဆက်ဆံနေပြီလား?

    ဇွန် ၄၊ ၂၀၁၆
    M-Media
    မြတ်သူရ
    13331073_1024761880953193_2614554473106368766_n
    မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများ စောင့်ရှောက်ရေး ကော်မတီ တရပ် ဖွဲ့စည်းဖို့အတွက် မလေးရှားနိုင်ငံ တဝှမ်းရှိ မြန်မာ ပရဟိတ လူမှုရေး အသင်းများနှင့် ညှိနှိုင်းအစည်းအဝေး တရပ်ကို ဇွန်လ ၅ ရက်နေ့မှာ ကျင်းပမည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ၄င်းတို့၏ တရားဝင် Facebook စာမျက်နှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
    .
    ထိုသို့ ကျင်းပမည့် အစည်းအဝေးကို လူမှုရေး အသင်းအဖွဲ့တဖွဲလျင် ကိုယ်စားလှယ်(၂) ဦး တက်ရောက်နိုင်ကြောင်း အသင်းအဖွဲ့ ၃၉ ဖွဲ့ကို နာမည်စာရင်း နှင့် တကွ ထုတ်ပြန်ပြီး ဖိတ်ကြားခဲ့တာကိုတွေ့ရှိပါတယ်။
    .
    ထိုသို့ ဖိတ်ကြားရာတွင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ဖွဲ့စည်းဆောင်ရွက်နေတဲ့ လူမှုရေး အဖွဲ့အစည်းများကို ထည့်သွင်းဖိတ်ကြားထားခြင်း မရှိတာကိုတွေ့ရပါတယ်။
    .
    စာရင်းမှာ မပါသည့် အဖွဲ့လည်း တက်ရောက်နိုင်ကြောင်း ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

    ဒါဟာ ဝိနည်းလွတ် ရေးသားတာဖြစ်ကြောင်း မြန်မာသံရုံးအနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသား မွတ်စလင်မ် အဖွဲ့အစည်း တခုတလေရဲ့ အမည်စာရင်း မသိဘူးဆိုတာ လက်ခံနိုင်စရာ မရှိဘူးလို့ မလေးရှားတွင် နှစ်ပေါင်းများစွာ ရောက်ရှိ အလုပ်လုပ်ကိုင်နေပြီး လူမှုရေး လုပ်ငန်းများ တက်ကြွစွာ ဆောင်ရွက်ခဲ့သူ အစ္စလာမ်ဘာသာဝင်တဦးက သူအမြင်ကို ပြောပါတယ်။
    .
    ဒါကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံရေး/လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ယခင်မန္တလေးမြို့တွင် နေထိုင်ခဲ့ပြီး ယခု မလေးရှားနိုင်ငံသို့ ရောက်ရှိနေတဲ့ ဦးမောင်မောင်(ရွှေကရဝိတ်) က သူရဲ့Facebook စာမျက်နှာမှာ

    ” မလေးရှားမြန်မာသံရုံးက ခွဲခြားဆက်ဆံပုံကို ထင်ထင်ရှားရှားမြင်ရလိမ့်မယ်…

    ဖိတ်ထားတဲ့ စာရင်းထဲမှာ…မွတ်စလင်အဖွဲ့အစည်း / မွတ်စလင်လုပ်ငန်းရှင် တယောက်မှမပါဘူး……

    ကျန်တဲ့ ပွဲလမ်းတွေ သံရုံးက လုပ်ပြီဆိုရင်…အလှူခံတဲ့အထဲမှာ…မွတ်စလင်တွေ မလွတ်စေရဘူး……

    မလေးရှားသံရုံးက အလုပ်လုပ်နေတဲ့အထဲမှာ….မြန်မာနိုင်ငံသား မွတ်စလင်တွေရဲ့ အကျိုး/ မြန်မာနိုင်ငံသား မွတ်စလင်တွေကို ကာကွယ်စောင့်ရှောက်ခြင်း…လုံးဝမပါ ဘူး.”
    .
    ဆိုပြီး သူအမြင်ကို မှတ်ချက်ပေးရေးသားထားတာကို တွေ့ရပါတယ်။
    .
    ဒါအပြင် မလေးရှားနိုင်ငံ အတွင်း တရားမဝင် လာရောက် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားများ မလေးရှားနိုင်ငံမှ တာဝန်ရှိသူများရဲ့ ဖမ်းဆီးခြင်းခံရ၍ ထိန်းသိမ်းရေးစခန်းများသို့ ရောက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန် သံရုံးမှ အသိအမှတ်ပြု အထောက်အထား စာရွက်စာတန်းများ ပြုလုပ်ပေးရာတွင်လည်း မြန်မာနိုင်ငံသား မွတ်စလင်မ် နှင့် ဟိန္ဒူ ဘာသာဝင်များဖြစ်ပါက အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး ခွဲခြားဆက်ဆံ ခံနေရကြောင်း ဝေဖန်ချက်များ ထွက်ပေါ်လျက်ရှိပါတယ်။

  • ဟဂ်ျကိစ္စတွင် မသမာမှုအတွက် သာသနာရေးဝန်ကြီးဌာန အရာရှိဟောင်းများကို ပါကစ္စတန်က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ဟဂ်ျကိစ္စတွင် မသမာမှုအတွက် သာသနာရေးဝန်ကြီးဌာန အရာရှိဟောင်းများကို ပါကစ္စတန်က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

    ဇွန် ၃၊ ၂၀၁၆
    M-Media

    paki 3

    – ဟဂ်ျဘုရားဖူးခရီးစဉ် ကိစ္စတွင် ခြစားမှုနှင့် မသမာမှုများအတွက် သာသနာရေးရာ ပြည်ထောင်စုဝန်ကြီးဟောင်းကို ပါကစ္စတန်က ယနေ့တွင် ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့သည်ဟု သိရသည်။

    ဟာမစ် စအီးဒ် ကာဇ်မီဖြစ်ပြီး အထူးခုံရုံးက ချမှတ်ခဲ့ခြင်းဖြစ်ကာ သာသနာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ရာအို ရှကီးလ်နှင့် တွဲဘက်အတွင်းရေးမှူး အက်ဖ်တဘ် အက်စလာမ်တို့မှာလည်း ထိုကိစ္စအတွက် ထောင်ဒဏ် အနှစ် ၄၀ နှင့် ၁၆ နှစ် အသီးသီး ချမှတ်ခံခဲ့ရသည်။

    စီရင်ချက်ချမှတ်ပြီးနောက် ကာဇ်မီနှင့် အက်ဖ်တဘ်တို့ကို တရားရုံးဝင်းအတွင်း ဖမ်းဆီးခဲ့ပြီး ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အေဂျင်စီ FIA မှ တာဝန်ရှိသူများက အဒီယာလာထောင်သို့ ခေါ်ဆောင်သွားကြသည်။ ညွှန်ကြားရေးမှူးချုပ် ရှကီးလ်ကိုမူ လာဟိုးရ်မြို့တွင် ထိန်းသိမ်းထားပြီဖြစ်သည်။

    တရားလိုရှေ့နေများက တင်ပြသော သက်သေ ၆၀ ကို ပြီးခဲ့သည့်သီတင်းပတ်က စစ်ဆေးခဲ့ပြီးနောက် စီရင်ချက်ကို ယနေ့တွင် ချမှတ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်မာဘတ်ဗဟိုတရားရုံးသို့ အယူခံဝင်နိုင်မည်ဖြစ်သည်။

    ဟဂ်ျဘုရားဖူးခရီးစဉ်တွင် မသမာမှုကိစ္စမှာ ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်အကြား ပါကစ္စတန်နိုင်ငံရေးလောကတွင် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ပြီး ဟာမစ် စအီးဒ် ကာဇ်မီနှင့် အဇမ် ဆွာတီတို့မှာ ကက်ဘိနတ်အဖွဲ့မှ ထွက်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။ ကာဇ်မီမှာ ၂၀၀၉ ခုနှစ်က ဟဂ်ျစေလွှတ်ရေး ကိစ္စများတွင် မသမာမှုများ ပြုလုပ်ခဲ့သောကြောင့် ထောင်ဒဏ် ၂ နှစ်နီးပါး ကျခံရဖူးသူဖြစ်သည်။

    Ref: Dawn

  • ပြင်သစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးအားထုတ်မှု ပါလက်စတိုင်းများအတွက် မမျှတနိုင်

    ပြင်သစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးအားထုတ်မှု ပါလက်စတိုင်းများအတွက် မမျှတနိုင်

    ဇွန် ၃၊ ၂၀၁၆
    M-Media

    palestine

    – ပါလက်စတိုင်းနှင့် အစ္စရေးအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်ဖြစ်မြောက်လာရေး ပြင်သစ်နိုင်ငံ၏ အားထုတ်မှုတွင် ပါလက်စတိုင်းများအတွက် မျှတပြီး ထိရောက်သည့် ဆုံးဖြတ်ချက် ထွက်ပေါ်လာနိုင်မည်မဟုတ်ဟု တက်ကြွလှုပ်ရှားသူများနှင့် လေ့လာဆန်းစစ်သူများက ပြောကြားလိုက်သည်။

    ၂ နှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်ဖြစ်ပေါ်လာစေရေး ပထမဆုံး ကြိုးပမ်းမှုအဖြစ် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ထိပ်တန်းကိုယ်စားလှယ်များ၊ ကုလနှင့် ဥရောပသမဂ္ဂတို့မှ ကိုယ်စားလှယ်များမှာ ယနေ့တွင် ပဲရစ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

    ထိုအားထုတ်မှုမှာ ပြင်သစ်နိုင်ငံက ကမကထပြုလုပ်သည့် ဆောင်ရွက်မှုဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ပါလက်စတိုင်းနှင့် အစ္စရေးတို့မှ ညှိနှိုင်းဆွေးနွေးသူများ ပါဝင်မည့် ငြိမ်းချမ်းရေးညီလာခံတစ်ခုကို အုတ်မြတ်ချပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။ ယနေ့တွင်ပြုလုပ်ခဲ့သည့် ပထမဆုံး အစည်းအဝေးတွင်မူ ပါလက်စတိုင်းနှင့် အစ္စရေး ၂ ဖက်စလုံးမှ တက်ရောက်ခဲ့ခြင်း မရှိပေ။

    “နှစ် ၂၀ လောက်ကြာနေတဲ့ ဆွေးနွေးမှုတွေ မအောင်မမြင်ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းက ဆွေးနွေးပွဲမှာ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ဘက်မညီတဲ့အချိန်မျိုးမှာ ဘက်ညီနေတယ်လို့ သူတို့က ယူဆနေကြတာပါပဲ။ ပြီးတော့ ဒီဟာ (ပြင်သစ်က ဦးဆောင်တဲ့ အားထုတ်မှု) ကလည်း မျှတတဲ့ ဆုံးဖြတ်ချက်မျိုး ထွက်လာနိုင်စရာအကြောင်း မရှိပါဘူး။ ထိရောက်တဲ့ဆုံးဖြတ်ချက်မျိုး မချနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ဖြစ်ခဲ့သလိုမျိုးပဲ ဖြစ်အုံးမှာပါ” ဟု အလ်-ရှာဘာကာ ပါလက်စတိုင်း ပေါ်လစီဆိုင်ရာ ကွန်ယက်အဖွဲ့၏ ပေါ်လစီဆိုင်ရာ ကျွမ်းကျင်သူ တာရက် ဘာကိုနီက ပြောကြားခဲ့သည်။

    နောက်ဆုံးပြုလုပ်ခဲ့သည့် တိုက်ရိုက်ဆွေးနွေးမှုကို ဦးဆောင်ခဲ့သော အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီအပါအ၀င် ကမ္ဘာ့ခေါင်းဆောင်များမှာ ပြင်သစ်ဦးဆောင်သည့် ယခုအားထုတ်မှုတွင် နယ်ခြားကိစ္စ၊ လုံခြုံရေး၊ ဒုက္ခသည်များအရေး၊ ဂျေရုလစလင်အရေး၊ တရားမ၀င်အခြေချအိမ်ယာများအရေး၊ သောက်သုံးရေ ကိစ္စ စသည်တို့နှင့် ပတ်သက်သည့် နောက်ဆုံး သဘောတူညီချက်တစ်ခု ရရှိနိုင်ရန်အတွက် အဓိကပြဿနာများကို ဖြေရှင်းရန် သတ်မှတ်ချက်များကို ဖော်ဆောင်သွားမည်ဖြစ်သည်။

    ယခု ကြိုးပမ်းမှုကို ဟားမက်စ်အဖွဲ့က ဆန့်ကျင်ထားသော်လည်း ပါလက်စတိုင်းခေါင်းဆောင်ပိုင်းမှ အခြားအုပ်စုများကမူ ကြိုဆိုခဲ့သည်။

    “မအောင်မြင်တဲ့ နှစ်နိုင်ငံ တိုက်ရိုက်ဆွေးနွေးမှုကနေ နိုင်ငံတကာအသိုင်းအ၀ိုင်းက တာဝန်ခံရမယ့် အဖွဲ့စုံပါဝင်တဲ့ နည်းလမ်းကို ကျွန်တော်တို့ သွားနေပါတယ်။ လိုအပ်နေတာက လုပ်ငန်းစဉ်တစ်ခုကို သတ်မှတ်ဖော်ဆောင်ဖို့၊ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ ရပ်တန့်ဖို့၊ ဒုက္ခသည်ကိစ္စအပါအ၀င် နောက်ဆုံး အပြီးသတ်ရမယ့် ပြဿနာတွေရဲ့ အဖြေအတွက် နိုင်ငံတကာ ဥပဒေနဲ့ ကုလရဲ့ သက်ဆိုင်ရာဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့မှ အတွင်းရေးမှူးဖြစ်ပြီး ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ စအစ်ဘ် အီရီကတ်က ပြောကြားခဲ့သည်။

    Ref : Aljazeera