News @ M-Media

Blog

  • မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ မနက်ဖြန် စမည်

    မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ မနက်ဖြန် စမည်

    ဇွန် ၆၊ ၂၀၁၆
    M-Media

    ramadan 4

    – နက္ခတဗေဒဆိုင်ရာ ကြည့်ရှုတွက်ချက်မှုတွေအရ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၇ ရက်နေ့ (မနက်ဖြန်) မှာ စတင်မယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ယနေ့ညနေမှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

    ဒါ့ကြောင့် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေဟာ မနက်ဖြန်မှာ ဥပုသ်သီလ စတင်ဆောက်တည်ရမှာဖြစ်ပါတယ်။ တစ်လတိတိကြာမြင့်မယ့် အဲဒီရမ်ဇာန်ဥပုသ်လဟာ အီဒွလ်ဖိသစ်ရ် ၀ါကျွတ်အီးဒ်ပွဲတော်နဲ့ အဆုံးသတ်မှာပါ။

    ဥပုသ်လအတွင်း သာရာဝီအထူးဝတ်ပြုမှုကိုတော့ ယနေ့ည ပုံမှန် အေရှာဝတ်ပြုမှု (ညဥ့်ဦးယံဝတ်ပြုမှု) အပြီး ဗလီဝတ်ကျောင်းတော်တွေမှာ စတင်မှာဖြစ်ပါတယ်။

     

  • အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ဇွန် ၆ ရက်နေ့ စတင်မည်

    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ဇွန် ၆ ရက်နေ့ စတင်မည်

    ဇွန် ၅၊ ၂၀၁၆
    M-Media

    ra

    – အရှေ့တောင်အာရှ နိုင်ငံတစ်ချို့အပါအ၀င် ကမ္ဘာတစ်ဝှမ်းက နိုင်ငံတော်တော်များများမှာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၆ ရက် (တနင်္လာနေ့) မှာ စတင်မယ်လို့ သိရပါတယ်။

    အစ္စလာမ့်ပြက္ခဒိန်စနစ်ဟာ လကို အခြေပြုတွက်ချက်တာဖြစ်ပြီး ပြီးခဲ့ ရက်ပိုင်းအတွင်း ပြုလုပ်ခဲ့တဲ့ ဘရူနိုင်း အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့က သာသာနာရေးဆိုင်ရာ ၀န်ကြီးတွေရဲ့ တွေ့ဆုံမှုမှာ နက္ခတဗေဒတွက်ချက်မှုတွေအရ ဇွန်လ ၆ ရက်နေ့ဟာ အစ္စလာမ့်ပြက္ခဒိန်ရဲ့ န၀မမြောက်လဖြစ်တဲ့ ရမ်ဇာန်လရဲ့ လဆန်း ၁ ရက်ဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ကြကာ၊ အဲဒီနိုင်ငံတွေက အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့တွေကလည်း ပြည်သူတွေကို အသိပေးကြေငြာချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။

    သြစတေးလျနိုင်ငံက မွဖ်သီချုပ်ကလည်း ဇွန်လ ၆ ရက်နေ့ဟာ ရမ်ဇာန်ဥပုသ်လရဲ့ လဆန်း ၁ ရက်နေ့ဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

    ဆော်ဒီအပါအ၀င် အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အာဖရိက နိုင်ငံတွေကတော့ ရမ်ဇာန်လ လဆန်း ၁ ရက်နေ့ကို ဇွန်လ ၅ ရက်နေ့ညမှာ ဆုံးဖြတ်မှာဖြစ်ပြီး ဇွန်လ ၆ ရက်နေ့မှာ စတင်ဖို့ ရှိနေပါတယ်။ အမေရိကနဲ့ ဥရောပ နိုင်ငံတွေမှာလည်း ဇွန်လ ၆ ရက်နေ့မှာ ရမ်ဇာန်ဥပုသ်လ စတင်မှာဖြစ်ပါတယ်။

    မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာတော့ ရမ်ဇာန်ဥပုသ်လဟာ ဇွန်လ ၇ ရက် (အင်္ဂါနေ့) မှာ စတင်ကျရောက်မယ်လို့ တွက်ချက်ထားပါတယ်။

  • လူမျိုး/ဘာသာမရွေး အခမဲ့ ကုသပေးမယ့် “ကျိုလီယာအထူးကုဆေးခန်း” ဖွင့်လှစ်

    လူမျိုး/ဘာသာမရွေး အခမဲ့ ကုသပေးမယ့် “ကျိုလီယာအထူးကုဆေးခန်း” ဖွင့်လှစ်

     

    13394198_1733453900255752_8232211882510538519_n
    ဇွန် ၅ ၊ ၂၀၁၆(M-Media)။ ။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကျိုလီယာ မွတ်စလင်မ် သာသနာရေး အဖွဲ့ က ဖွင့်လှစ်တဲ့ လူမျိုး/ဘာသာမရွေး အခမဲ့ ကုသပေးမယ့် ” ကျိုလီယာ အထူးကု ဆေးခန်း ” ဖွင့်ပွဲကို ဇွန်လ ၄ ရက် မနက် ၉း၃၀ တွင် ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်း(အလယ်) အမှတ် ၁၁၄ တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
    .
    ဆေးခန်း ဖွင့်ပွဲ အခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦမြင့်ဌေး၊ ပန်းဘဲတန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကျသော ဦးနေဖူးဗဆွေ၊ ဦးဘမျိုးသိန်း၊ ဦးသန်းနိင်ဦး၊ ဒေါ်စိုးပပလှိုင် မြို့နယ်အလုပ်အမှုဆောင်များ ပါတီဝင်များ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်မြို့နယ်အဆင့်ဋ္ဌာနဆိုင်ရာများ ဆရာဝန်များ “ကျိုလီယာ အထူးကုဆေးခန်း ” ၏ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဧည့်သည်တော်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။
    .
    အဆိုပါ ကျိုလီယာ အထူးကုဆေးခန်းတွင် လူမျိုးဘာသာမရွေး အခမဲ့ ကုသနိုင်ကြောင်းသိရှိရပါတယ်။
    13321691_1733452983589177_7580397205271584198_n
    .13307321_672774386221726_972654152345700785_n 13307346_672774539555044_980806349621449727_n  13333017_672774332888398_8245319433722774807_n
    သတင်း-သီဟ
    ဓါတ်ပုံ Credit– nld Pabedan FB,Ko Tin Shwe
  • ကင်ဆာဆေးဝါးများ ထိရောက်မှုရှိသည်ကို အမေရိကန်ရှိ လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ကင်ဆာဆေးဝါးများ ထိရောက်မှုရှိသည်ကို အမေရိကန်ရှိ လေ့လာမှုတစ်ခုတွင် တွေ့ရှိ

    ဇွန် ၅၊ ၂၀၁၆
    M-Media

    cancer 2

    – ကင်ဆာကို မူလတွေ့ရှိခဲ့တဲ့ အင်္ဂါအစိတ်အပိုင်းမှာထက် လူနာရဲ့အကြိတ်မှာ တွေ့ရတဲ့ ပုံပျက်ယွင်းမှုပေါ် အခြေခံတဲ့ ကုသမှုတွေဟာ ပိုပြီး ထိရောက်ဖွယ်ရှိတယ်လို့ ကင်ဆာဆေးဝါးထုတ်လုပ်ရေးအုပ်စု Roche Holding ရဲ့ ဓာတ်ခွဲစမ်းသပ်မှုတစ်ခုကနေ တွေ့ရှိခဲ့ပါတယ်။

    ချီကာဂိုမြို့ရှိ အမေရိကန်ကင်ဆာအကြိတ် ဓာတ်ခွဲစမ်းသပ်မှုအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့တဲ့ ယင်းရှာဖွေတွေ့ရှိချက်မှာ အဆင့်မြင့်ကင်ဆာ အမျိုးအစား ၁၂ မျိုး ရှိကြတဲ့ လူနာ ၁၂၉ ယောက်အနက်က ၂၉ ယောက်ရဲ့ ကင်ဆာရောဂါဟာ မျိုးရိုဗီဇကြောင့် ဖြစ်ပွားတဲ့ ပုံမှန်မဟုတ်မှုတွေကို ပစ်မှတ်ထားတဲ့ ဆေးတွေကို တုန့်ပြန်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့ရတာပါ။

    အဆိုပါဆေးဝါးများကို အမေရိကန် စားသောက်ကုန်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) ရဲ့ အတည်ပြုချက်ယူဖို့ ပေးပို့ထားပါတယ်။ FDA ကနေတဆင့် ကင်ဆာတွေ့ရှိတဲ့ အင်္ဂါအစိတ်အပိုင်းကို အခြေခံတဲ့ လေ့လာမှုတွေအသုံးပြုပြီး အထွေထွေသုံးသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

    Roche’s Genetech အုပ်စုမှ ငွေကြေးစိုက်ထုတ်ထားပေးတဲ့ အဆိုပါစမ်းသပ်လေ့လာမှုကို လူနာ အယောက် ၅၀၀ ထိ တဖြည်းဖြည်း တိုးမြင့်လေ့လာသွားဖို့ စီစဉ်ထားပါတယ်။

    Ref: Reuters

  • CAR ပြည်သူများကို မိမိတို့စစ်သားများက ရုပ်ပိုင်းဆိုင်ရာစော်ကားမှုရှိသည်ဟု ပြင်သစ် ၀န်ခံ

    CAR ပြည်သူများကို မိမိတို့စစ်သားများက ရုပ်ပိုင်းဆိုင်ရာစော်ကားမှုရှိသည်ဟု ပြင်သစ် ၀န်ခံ

    ဇွန် ၅၊ ၂၀၁၆
    M-Media

    france 2

    – ဂိုဏ်းဂနအခြေပြု အကြမ်းဖက်တိုက်ခိုက်မှုတွေကို တားဆီးဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR) မှာ ရောက်ရှိနေတဲ့ မိမိတို့စစ်သားတွေဟာ အရပ်သားတွေအပေါ် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်နိုင်ငံ ၀န်ခံလိုက်ပါတယ်။

    ပြင်သစ်ကာကွယ်ရေးဝန်ကြီးကလည်း CAR မှာ စစ်သားတွေချထားပြီးနောက် ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေအပါအ၀င် ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စစ်သား ၅ ဦးကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့လို့လည်း ယမန်နေ့က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီ ၅ ယောက်ဟာ ၂၀၁၄ခုနှစ်က မြို့တော်ဘန်ဂွီမှာရှိတဲ့ စစ်စခန်းတစ်ခုမှာ အရပ်သားနှစ်ဦးကို ရုပ်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။

    CAR မှာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေပြုလုပ်တယ်လို့ စွပ်စွဲခံရတဲ့ ပြင်သားစစ်သားတွေကို လက်ရှိမှာတော့ တရားဝင်စစ်ဆေးမေးမြန်းနေတဲ့ အဖွဲ့သုံးဖွဲ့ ရှိနေပါတယ်၊

    Ref: Presstv