News @ M-Media

Blog

  • ၂၀၁၆ ကျွန်ပြုခံရမှု အညွှန်းကိန်းတွင် ကမ္ဘောဒီးယားနှင့် မြန်မာတို့ အဆိုးဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ

    ၂၀၁၆ ကျွန်ပြုခံရမှု အညွှန်းကိန်းတွင် ကမ္ဘောဒီးယားနှင့် မြန်မာတို့ အဆိုးဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ

    ဇွန် ၃၊ ၂၀၁၆
    M-Media

    slave

    – အရှေ့တောင်အာရှအတွင်း ကျွန်ပြုခံရသူ အရေအတွက်မှာ ၂.၅ သန်း ရှိနေသည်ဟု ပြီးခဲ့သည့်လနှောင်းပိုင်းက ထုတ်ပြန်ခဲ့သည့် ၂၀၁၆ ကမ္ဘာ့ ကျွန်ပြုခံရမှုအညွှန်းကိန်း (Global Slavery Index 2016 ) အရ သိရပြီး ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့မှာ ကမ္ဘာပေါ်တွင် ကျွန်ပြုခံရမှု အဆိုးဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်သည်ဟု သိရသည်။

    အဆိုပါအညွှန်းကိန်းကို Walk Free Foundation က စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှာ ခေတ်သစ်ကျွန်ပြုခံရမှု အခံစားရဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီယားမှာ မြောက်ကိုရီးယားနှင့် ဥဇဘက်ကစ္စတန်တို့၏နောက် ဒုတိယနေရာတွင် ရှိနေပြီး မြန်မာနိုင်ငံမှာ နံပါတ် ၉ နေရာတွင် ရှိနေသည်။

    ကမ္ဘောဒီးယားနိုင်ငံမှ ကျွန်ပြုခံရသူ အရေအတွက်မှာ ၂၅၆၀၀၀ ရှိကာ မြန်မာနိုင်ငံမှ ကျွန်ပြုခံရသူ အရေအတွက်မှာ ၅၁၅၀၀၀ ရှိနေသည်။ အာရှပစိဖိတ်ဒေသတွင်မူ အိန္ဒိယဒေသမှာ ကျွန်ပြုခံရမှုအန္တရာယ်ကို အဆိုးရွားဆုံး ခံစားရသည့် နိုင်ငံဖြစ်နေပြီး ကျွန်ပြုခံရသူအရေအတွက်မှာ ၁၈.၃ သန်းရှိနေသည်။ တရုတ်နိုင်ငံက ၃.၃ သန်းရှိသည်။

    အရှေ့တောင်အာရှတွင် ကျွန်ပြုခံရသူအရေအတွက်မှာ စုစုပေါင်းလူဦးရေ၏ ၀.၅ ရာခိုင်နှုန်း ၂.၅ သန်းရှိနေကာ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့ပြီးနောက် ဘရူးနိုင်၊ ထိုင်း၊ မလေးရှားတို့က အစဉ်လိုက်ရှိနေသည်။ ဗီယက်နမ်၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့မှာ ဒေသအတွင်း ကျွန်ပြုခံရသူအရေအတွက် အနိမ့်ဆုံးနိုင်ငံများဖြစ်သည်။

    Ref: Sea-globe

  • ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် UAE က အကျဉ်းသား တစ်ထောင်ကျော် လွှတ်ပေး

    ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် UAE က အကျဉ်းသား တစ်ထောင်ကျော် လွှတ်ပေး

    ဇွန် ၃၊ ၂၀၁၆
    M-Media

    uae 3

    – မကြာမီကျရောက်တော့မည့် ရမ်ဇာန်ဥပုသ်လ အထိမ်းအမှတ်အဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံက အကျဉ်းသား ၁၀၀၀ ကျော် လွှတ်ပေးခဲ့သည်ဟု သိရသည်။

    သမ္မတ ရှိခ် ခါလီဇာ အလ်-နဟ်ယန်၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွှတ်ပေးခဲ့ခြင်းဖြစ်ပြီး အကျဉ်းသားများ ဘ၀သစ်ပြန်စနိုင်ရန်နှင့် ၎င်းတို့၏မိသားစုအတွင်း တည်ငြိမ်မှု ရရှိစေရန် အခွင့်အလမ်း ဖော်ဆောင်ပေးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဆိုသည်။

    အစ္စလာမ့်ပြက္ခဒိန်၏ ၉ လမြောက်ဖြစ်သော ရမ်ဇာန်ဥပုသ်လမှာ လာမည့် သီတင်းပတ်အတွင်း ကျရောက်မည်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သော အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း ဥပုသ်သီလ ဆောက်တည်ရမည်ဖြစ်သည်။

    Ref: IINA

  • ယူရိုတွင် အီတလီကို အထင်မသေးရန် ဒီရော့စီ သတိပေး

    ယူရိုတွင် အီတလီကို အထင်မသေးရန် ဒီရော့စီ သတိပေး

    ဇွန် ၃၊ ၂၀၁၆
    M-Media

    rossi

    – ယူရို ၂၀၁၆ တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် အီတလီအသင်းအား အထင်မသေးရန် ရိုးမားတိုက်စစ်မှူး ဒီရော့စီက သတိပေးလိုက်ပြီး မိမိတို့တွင် ပါရမီရှိသည့်ကစားသမား အများအပြားရှိနေသည်ဟု ပြောကြားလိုက်သည်။

    ယခုလအတွင်း ပြင်သစ်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အိမ်ရှင် ပြင်သစ်၊ ကမ္ဘာ့ချန်ပီယံ ဂျာမနီနှင့် ၂ ကြိမ်ဆက်ချန်ပီယံ စပိန်တို့က ရေပန်းစားနေပြီး အီတလီမှာမူ ချန်ပီယံဘွဲ့အား ခြိမ်းခြောက်နိုင်သည့် အသင်းများစာရင်းတွင် မပါဝင်ပေ။

    ဒီရော့စီက မိမိတို့အသင်းမှာ အံ့အားသင့်ဖွယ်ဖြစ်အောင် ဆောင်ရွက်နိုင်စွမ်းရှိသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ရေပန်းစားတဲ့အသင်းတွေမှာတော့ မပါဝင်ပါဘူး။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဂုဏ်ယူစရာကောင်းတဲ့ ကစားသမားတွေ ကျွန်တော်တို့မှာရှိနေပြီး ဘယ်သူ့ကိုမဆို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ ရိုးမားမှာကစားခဲ့တဲ့ နှစ်ပေါင်းများစွာမှာ ကျွန်တော် ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ဖူးပါတယ်” ဟု ရော့စီက ပြောကြားခဲ့သည်။

    Ref: Goal

  • ၂၀၀၂ ပဋိပက္ခတွင် မွတ်စလင်များအား သတ်ဖြတ်သူများကို အပြစ်ရှိကြောင်း အိန္ဒိယဆုံးဖြတ်

    ၂၀၀၂ ပဋိပက္ခတွင် မွတ်စလင်များအား သတ်ဖြတ်သူများကို အပြစ်ရှိကြောင်း အိန္ဒိယဆုံးဖြတ်

    ဇွန် ၃၊ ၂၀၁၆
    M-Media

    india 2

    – ၂၀၀၂ ခုနှစ်က ဂူဂျာရတ်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခတွင် မွတ်စလင် ၆၉ ဦးအား သတ်ဖြတ်မှုအတွက် လူ ၂၄ ဦးကို အိန္ဒိယတရားရုံးက ယမန်နေ့တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ထိုပဋိပက္ခအတွင်း အဟ်မဒ်ဒါဘတ်မြို့ရှိ Gulbarg Society လူနေအိမ်ယာတွင် ခိုလှုံနေသည့် မွတ်စလင်များအား ဟိန္ဒူလူအုပ်စုကြီးက ၀င်ရောက်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင် ၆၉ ဦးကို မီးရှို့၍လည်းကောင်း၊ ခေါင်းဖြတ်၍လည်းကောင်း သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထိုအမှုတွင် ပါဝင်သူ ၂၄ ဦးကို ထိုကဲ့သို့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သော်လည်း အခြား ၃၆ ဦးကိုမူ သက်သေမခိုင်မာဟုဆိုကာ တရားသူကြီး ပီဘီ ဒီဆိုင်းက တရားသေလွှတ်ပေးခဲ့သည်။ အပြစ်ရှိသူများအား ဇွန်လ ၆ ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

    သတ်ဖြတ်ခံရသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ တီစတာ စတာလ်ဗဒ်ကမူ ဆုံးဖြတ်ချက်တွင် ရှုပ်ထွေးမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ထွက်လာတဲ့ ရလဒ်အတွက် ကျွန်မတို့ အပြည့်အ၀ မကျေနပ်ပါဘူး။ တိုက်ခိုက်သတ်ဖြတ်မှုမှာ အဓိကပါဝင်သူတွေကို တရားမစွဲခဲ့တဲ့အပြင် ရဲအရာရှိ ကေဂျီ အာရ်ဒါကိုလည်း တရားသေလွှတ်ပေးလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် ကျွန်မတို့ သေချာပေါက် အယူခံဝင်သွားမှာပါ” ဟု စတာလ်ဗဒ်က ပြောကြားခဲ့သည်။

    ရဲအရာရှိ ကေဂျီ အာရ်ဒါမှာ ဟိန္ဒူလူအုပ်စုကြီး လူနေအိမ်ယာထဲသို့ ၀င်ရောက်မှုအား တားမြစ်ခဲ့ခြင်းမရှိဟု လွတ်မြောက်လာသူများက စွပ်စွဲထားပြီး တရားရုံးချုပ်မှ ဖွဲ့စည်းပေးခဲ့သည့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ၎င်းအား ၂၀၀၂ ခုနှစ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    တရားသေလွတ်မြောက်သွားသူများတွင် ထိုသတ်ဖြတ်မှုအတွင်း အဓိက ပါဝင်သူတစ်ဦးဖြစ်သူဟု ယူဆခံရသော BJP ပါတီဝင် စည်ပင်သာယာရေးအရာရှိ ဘီပင် ပါတေးလ်လည်း ပါဝင်သည်။ တရားလိုရှေ့နေများကမူ အပြစ်ရှိသူအားလုံးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ရန် တောင်းဆိုထားသည်။

    Ref: Aljazeera

  • ပင်လုံစာချူပ် ချူပ်ဖို့ ဗိုလ်ချူပ်ကို ကားမောင်းပို့ပေးခဲ့သူ တောင်ကြီးမြို့တော်ဝန်ဟောင်း ဦးခန်း ကွယ်လွန်

    ပင်လုံစာချူပ် ချူပ်ဖို့ ဗိုလ်ချူပ်ကို ကားမောင်းပို့ပေးခဲ့သူ တောင်ကြီးမြို့တော်ဝန်ဟောင်း ဦးခန်း ကွယ်လွန်

    ဇွန် ၃၊ ၂၀၁၆
    M-Media
    သီဟ
    .abba0b6cb3ff08d5acbfffde7b63174e24b4869af4d341c5ac75ca7bfbe7fa41
    ပင်လုံစာချုပ်ချုပ်ဆို မှုကို ကိုယ်တိုင်မျက်မြင် ကြုံတွေ့ ခဲ့သူ၊ စာချုပ်ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်းကို ကားမောင်းပို့ပေး ခဲ့သူ၊ ဗိုလ်ချုပ်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ တောင်ကြီးမြို့တော်ဝန်ဟောင်း တောင်စွန္နီ ဂျာမေ့ဗလီ နာယကကြီးဖြစ်သူ ဦးခန်း(ခ)ဦးဖေရွတ်စ်ခါန်း ဒီကနေ့ ဇွန် ၃ ရက်နေ့ မနက် ၄:၃၀ တွင်   ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။
    .
    ဦးခန်းသည် ဗိုလ်ချုပ်အောင် ဆန်း ပင်လုံစာချုပ် လက်မှတ်ထိုး ရန် တောင်ကြီးမှ ပင်လုံသို့အသွား ကိုယ်တိုင် ကားမောင်းကာ လိုက် လံပို့ဆောင်ပေးခဲ့သူတစ်ဦးဖြစ်ပြီး ပင်လုံစာချုပ်ချုပ်ဆိုမှုကို ကိုယ်တိုင် မျက်မြင်ကြုံခဲ့သူတစ်ဦး ဖြစ်ပါတယ်။
    .
    ဗိုလ်ချုပ်နဲ့ တစ်နှစ်တည်း ၁၉၁၅ ခုနှစ်မှာမွေးတဲ့ ဦးခန်းကို တောင်ကြီးမြို့ ယခုမြို့မရပ်ကွက်၊ ယခင်လယ်ကျင်းရပ်ကွက်တွင် မွေးဖွားခဲ့သည့် ဦးခန်းသည် တောင်ကြီး ABM ကျောင်းတွင် ဆယ်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။
    .be034e9fb7591a9f2681b37d3d59dc73f634b70c75cc5ae9d17027fcb8dfdef4
    လွတ်လပ်ရေးရပြီး လေးနှစ်အကြာ ၁၉၅၂ ခုနှစ်မှာ ဦးခန်းဟာ ရှမ်းပြည်နယ်မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ ပထမဆုံးမြို့တော်ဝန်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။ နောက်လေးနှစ်အကြာမှာလည်း မြို့တော်ဝန် ဒုတိယ
    သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဌအဖြစ်လည်း ခန့်အပ်ခြင်းခံရပါတယ်။
    .3(P) a_0
    ၁၉၆၂ ခုနှစ် တော်လှန်ရေးအစိုးရ တက်လာချိန်တွင် ဦးခန်းအား ရှမ်းစော်ဘွားများနှင့် အတူ ဖက်ဒရယ်အရေး ဆောင်ရွက်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရပါတယ်။
    .
    ဦးခန်းဟာ တရားစွဲဆိုခြင်းမခံရဘဲ ထောင်ထဲမှာ ၆ နှစ်ကြာနေခဲ့ရပြီးနောက် ပြန်လွတ်လာခဲ့ပါတယ်။
    .
    ထောင်မှလွတ်ပြီးသော်လည်း ဦးခန်းသည် ဇာတိတောင်ကြီးသို့ ချက်ချင်းပြန်ခွင့်မရသေးဘဲ ရန်ကုန်တွင် ခြောက်နှစ်ခန့် ခြေချုပ်နှင့်နေခဲ့ရပါတယ်။
    .ec10606a7991a6b858c79e23cfaaa7905caa659dad34a6a5515dda8f88ce29bc
    ထောင်ကထွက်လာပြီး ဦးခန်းက နိုင်ငံရေးနဲ့လုံးဝ ကင်းရှင်းအောင် နေခဲ့ပေမယ့်လို့ ၁၉၈၈ ခုနှစ်နိုင်ငံတစ်ဝန်း ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှု ဖြစ်ပွားစဉ်မှာ ရက်အတန်ကြာ ထိန်းသိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
    .
    သားသမီးလေးဦးရှိပြီး  မြေး ၁၁ ဦး၊ မြစ် ၇ ဦးတို့ ကျန်ရစ်ကြောင်းသိရှိရပါတယ်။
    .
    အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့  ကွယ်လွန်သူ ဦးခန်းကို ယနေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့တို်င်းရင်းသားပေါင်းစုံ စွန္နီမွတ်စလင်မ်သုဿန်သို့ ပို့ဆောင် မြှုပ်နှံ သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရှိရပါတယ်။
    .

    Bio ref and photo Credit- ဧရာဝတီ၊ 7Days

    .
    ဆက်စပ်သတင်းများ ဖတ်ရန်
    ——————————
    ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ

    ဦးခန်း သို့မဟုတ် တောင်ကြီးမှ ပင်လုံဆီ ဗိုလ်ချုပ်နှင့်အတူ


    .
    ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသားဦးခန်း အသက်၁၀၀ ပြည့်ပြီ

    ဗိုလ်ချုပ်အောင်ဆန်း သူငယ်ချင်းတစ်ဦးဖြစ်သည့် တောင်ကြီးသားဦးခန်း အသက်၁၀၀ ပြည့်ပြီ


    .
    သက်ရှိ ပင်လုံမှတ်တမ်း

    သက်ရှိ ပင်လုံမှတ်တမ်း