News @ M-Media
Blog
  • ဂျာမနီတွင် လက်ယာစွန်းရောက်များ၏ ညီလာခံကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
    ဂျာမနီတွင် လက်ယာစွန်းရောက်များ၏ ညီလာခံကို တက်ကြွလှုပ်ရှားသူများ ဆန္ဒပြ
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    germany 3
    – ဂျာမနီနိုင်ငံ စတုဂတ်မြို့တွင် လက်ယာစွန်းရောက် Alternative for Germany (AfD) ပါတီ၏ ညီလာခံကျင်းပပြုလုပ်မှုကို လက်ဝဲ၀ါဒီ တက်ကြွလှုပ်ရှားသူများက တားဆီးမှုကြောင့် ရုန်းရင်းဆန်ခန်မှု ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ၀င်ရောက် ထိန်းသိမ်းခဲ့ရသည်ဟု သိရသည်။
    ယနေ့တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အဖြစ်အပျက်အတွင်း လက်ဝဲယိမ်းဆန္ဒပြသူများမှာ AfD ကိုယ်စားလှယ်များ အစည်းအဝေးခန်းမထဲသို့ ၀င်ရောက်ခွင့်မရရန် တားဆီးမှုများ ပြုလုပ်ခဲ့ပြီး တာယာများမီးရှို့ခြင်း၊ ဂျာနယ်လစ်များ၊ ရဲတပ်ဖွဲ့များထံသို့ မီးရှူးမီးပန်းများ ပစ်လွှတ်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် “နာဇီ ၀ါဒဖြန့်ခွင့်မရှိ” ဟု လည်း ကျွေးကြော်ခဲ့ကြသည်။
    ထိုကဲ့သို့ ထိပ်တိုက်တွေ့ဆုံမှုတွင် ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရမှုများ မရှိခဲ့ဘဲ လူပေါင်း ၄၀၀ ၀န်းကျင်ခန့်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ထို့ပြင် လက်ယာစွန်းရောက်များ၏ ညီလာခံကိုလည်း စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့ကြသည်။
    လွန်ခဲ့သည့် ၃ နှစ်က ဖွဲ့စည်းခဲ့သည့် AfD ပါတီမှာ နောက်ပိုင်းတွင် အစ္စလာမ်ဆန့်ကျင်ရေပါတီအသွင် ဆောင်လာခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်က ပါတီ၏ လက်ထောက်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဥရောပပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘီယာထရစ် ဗွန် စတော့ခ်ျက အစ္စလာမ်သာသနာမှာ ဂျာမနီဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိဟု ပြောဆိုခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
    ပါတီ၏ အခြားသောပေါ်လစီများတွင် ရာဇ၀တ်မှုကျူးလွန်သော နိုင်ငံခြာသားများအား နိုင်ငံမှ နှင်ထုတ်ရေး၊ လူငယ်များ စစ်မှုထမ်းမှုစနစ်ကို ပြန်လည်ပြဌာန်းရေးတို့ဖြစ်ကြပြီး နိုင်ငံခြားရေးမူဝါဒမှာ ရုရှားနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်ဖြစ်သည်။
    Ref : Aljazeera
  • ကိုရီးယားတွင် အမေရိကန်က ဒုံးခွင်းစနစ်ထားမည့်အစီအစဉ် တရုတ်နှင့် ရုရှား သတိပေး
    ကိုရီးယားတွင် အမေရိကန်က ဒုံးခွင်းစနစ်ထားမည့်အစီအစဉ် တရုတ်နှင့် ရုရှား သတိပေး
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    china 6
    – ကိုးရီးယားကျွန်းဆွယ်မှာ အမေရိကန်စစ်တပ်ထားရှိမှု တိုးမြှင့်လာတဲ့အပေါ် ပြန်လည်တုန့်ပြန်သွားမယ်လို့ တရုတ်နဲ့ ရုရှားတို့က သတိပေးပြောကြားလိုက်ပြီး အဲဒီဒေသမှာ ဒုံးခွင်းစနစ်သစ်တစ်ခု တပ်ဆင်ရေးကိစ္စကို စွန့်လွှတ်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
    ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီတို့ ဘေဂျင်းမှာ သောကြာနေ့က တွေ့ဆုံစဉ်အတွင်းမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး တောင်ကိုးရီးယားမှာ THAAD ဒုံးခွင်းစနစ် ထားရှိမယ့် အစီအစဉ်ကိုလည်း ဆန့်ကျင်ခဲ့ကြပါတယ်။
    တောင်ကိုရီးယားနဲ့ အမေရိကန်တို့က မြောက်ကိုးရီးယားဟာ နျူထိပ်ဖူး သယ်ဆောင်နိုင်တဲ့ ဒုံးကျည်စီမံကိန်းတွေကို ပြုလုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပြီး၊ ဒီအကြောင်းရင်းကြောင့်ပဲ THAAD ဒုံးခွင်းစနစ်ချထားဖို့အတွက် အခုနှစ်အစပိုင်းကတည်းက တရားဝင်ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။
    တရုတ်က ဒေသတွင်းမှာ ဒုံးခွင်းစနစ် ဖြန့်ကျက်ချထားတာမျိုး မလုပ်ဖို့ အမေရိကန်ကို တောင်းဆိုထားပြီး အဲ့ဒါဟာ တရုတ်နဲ့ ရုရှားရဲ့ မဟာဗျူဟာ လုံခြုံရေးကို တိုက်ရိုက်သက်ရောက်မှုရှိတယ်လို့ ၀မ်က ပြောကြားခဲ့ပါတယ်။ ဒီလိုထားရှိတဲ့အတွက်ကြောင့် လက်ရှိ တင်းမာနေတဲ့အခြေအနေကို လောင်စာထည့်ပေးနေတာဖြစ်ပြီး ဒေသဆိုင်ရာ မဟာဗျူဟာ ညီမျှကို ပျက်ဆီးစေတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
    Ref: Presstv
  • ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် အာဆင်နယ်မှာ ပြောင်းလဲမှုလုပ်ရမည်ဟု ကာဇိုလာပြော
    ဖလားလက်မဲ့ဖြစ်မှုကို အဆုံးသတ်ရန် အာဆင်နယ်မှာ ပြောင်းလဲမှုလုပ်ရမည်ဟု ကာဇိုလာပြော
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    carzola
    – ဖလားမိုးခေါင်မှုကို အဆုံးသတ်ရန်အတွက် အာဆင်နယ်အသင်းမှာ ပြုပြင်ပြောင်းလဲမှု မဖြစ်မနေ ပြုလုပ်ရမည်ဟု တိုက်စစ်မှူး ကာဇိုလာက ပြောကြားလိုက်သည်။
    ၂၀၀၃-၀၄ နောက်ပိုင်း အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်ဖလားရနိုင်ခြေ အခွင့်အလမ်းမှာ ယခုနှစ်အတွင် အကောင်းဆုံးဖြစ်သော်လည်း ထိုအခွင့်အရေးကို ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။ စပိန်တိုက်စစ်မှူး ကာဇိုလာကမူ အာဆင်နယ်တွင် ချို့ယွင်းချက်များ ရှိနေသည်ဟု ၀န်ခံခဲ့ပြီး အနာဂတ်အတွင် ကံကောင်းရန်အတွက် ပြောင်းလဲရန် လိုအပ်နေသည်ဟု ဆိုသည်။
    “တစ်ခုခုတော့ ကျွန်တော်တို့ ကျိန်းသေ ပြောင်းလဲရပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ ဖလားရချင်ရင်တော့ ကျွန်တော်တို့ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဘာလုပ်ရမလဲဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ ဒါပေမယ့် တည်ငြိမ်မှုကို ပိုပြီး လိုအပ်နေတာပါ။ ဒီနှစ်မှာ ကျွန်တော်တို့ ဆွမ်ဆီးကို အိမ်ကွင်းမှာရှုံးတယ်၊ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ သရေကျတယ်။ ပရီးမီးယားလိဂ်ကိုရချင်ရင် ဒါတွေက ဖြစ်လို့မရတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့မှာရှိတာက နိုင်လိုစိတ်နဲ့ ကောင်းမွန်တဲ့ ကစားပုံပါပဲ။ ကျွန်တော်တို့ အမြဲတမ်း တိုက်စစ်ဆင်ချင်ပြီး ဂိုးတွေသွင်းချင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ကျွန်တော်တို့က ပါးနပ်ဖို့လိုပါတယ်။ ၁ ဂိုး ဂိုးမရှိနဲ့နိုင်ရင် ဒီရလဒ်ကို ထိန်းပြီး ၃ မှတ်ရဖို့ လုပ်တာမျိုးပေါ့ဗျာ” ဟု ကာဇိုလာက ပြောကြားခဲ့သည်။
    Ref: Goal
  • ကာတာတွင် တူရကီကစစ်သားများ ထပ်တိုးချထားမည်
    ကာတာတွင် တူရကီကစစ်သားများ ထပ်တိုးချထားမည်
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    turkey 2
    – တူရကီဝန်ကြီးချုပ် အဟ်မဒ် ဒါဗူတော့ဂ်လူ ကာတာသို့ တရားဝင် နှစ်ရက်တာလည်ပတ်စဉ်အတွင်း စစ်ရေးသဘောတူညီမှုတစ်ခုကို ရရှိခဲ့ပြီး အဲဒီ သဘောတူညီမှုမှာ တူရကီစစ်တပ်အား ကာတာနိုင်ငံတွင် တပ်ဖြန့်ချထားရေးလည်း ပါဝင်ပါတယ်။
    စာချုပ်ကို တူရကီကာကွယ်ရေးဝန်ကြီး အစ်မတ် ယီလ်မက်ဇ်နဲ့ ကာတာကာကွယ်ရေးဝန်ကြီး ခါလစ် ဘင် မိုဟာမက် အလ်-အက်တီယာတို့ တူရကီဝန်ကြီးချုပ်နဲ့ ကာတာပြည်ထဲရေးဝန်ကြီးတို့ရဲ့ ရှေ့မှောက်မှာ ကြာသာပတေးနေ့က လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
    ပြည်ပစီးပွားရေးဆိုင်ရာ ဆက်ဆံရေးဘုတ်အဖွဲ့ (DEIK) က ဦးစီးကျင်းပတဲ့ တူရကီ-ကာတာ စီးပွားရေးဖိုရမ်မှာ ဒါဗူတော့ဂ်လူက ပြီးခဲ့တဲ့ ၁၀ နှစ်ကနေ ၁၂ နှစ်အတွင်း နှစ်နိုင်ငံကြားဆက်ဆံရေးကို တော်တော်လေးကောင်းမွန်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။
    “တူရကီနဲ့ ကာတာကြားက ကုန်သွယ်မှုတန်ဖိုးပမာဏဟာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဒေါ်လာ ၁.၃ ဘီလီယံထိရောက်ရှိပြီး ၃ ဆလောက်ခုန်တက်သွားခဲ့ပါတယ်” လို့ ဒါဗူတော့ဂ်လူက ဆိုပြီး ၅ ဘီလီယံထိ ရောက်ရှိဖို့ မျှော်လင့်ထားတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ကာတာပြည်ထဲရေးဝန်ကြီး အဘ်ဒူလ်ာ ဘင် နာဆီရ် ဘင် ခါလီော အလ်-သာနီက ကမ္ဘာကြီးမှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှုဒုက္ခတွေ အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်တာတွေကို တားဆီးဖို့ ကာတာနဲ့ တူရကီတို့ ထပ်မံပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: IINA
  • ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် Burma Campaign တောင်းဆို
    ဘာသာပေါင်းစုံချစ်ကြည်ရေး လှုပ်ရှားသူများကို ချက်ခြင်းလွှတ်ပေးရန် Burma Campaign တောင်းဆို
    ဧပြီ ၃၀၊ ၂၀၁၆
    M-Media
    zaw zaw lat
    – ဗြိတိန်အခြေစိုက် လူ့အခွင့်အရးအဖွဲ့တစ်ခုဖြစ်သည့် Burma Campaign က ဘာသာပေါင်းစုံ ညီညွတ်ရေး တက်ကြွလှုပ်ရှားသူများဖြစ်သော ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နှင့် ကိုဇော်ဝင်းဘိုတို့အား ခြွင်းချက်မရှိ ချက်ခြင်းလွှတ်ပေးရန် တောင်းဆိုလိုက်သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ၎င်းတို့ ၃ ဦးနှင့် ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် နိုင်ငံရေး အကျဉ်းသားများဆိုင်ရာ ကော်မတီကိုလည်း ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။
    အစ္စလာမ်ဘာသာဝင်များဖြစ်သည့် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်၊ ဟိန္ဒူဘာသာဝင်ဖြစ်သည့် ကိုဇော်ဝင်းဘိုတို့မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ဦး တည်ထောင်ထားသည့် ‘သင့်မြတ်လိုသူများ’ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့၏ အဖွဲ့ဝင်များလည်းဖြစ်သည်။
    ကိုဇော်ဇော်လတ်မှာ ဗုဒ္ဓ၀ါဒနှင့် သွေဖည်နေသော ဘုန်းကြီးတစ်ပါးနှင့် လက်တွဲကာ ဘာသာပေါင်းစုံချစ်ကြည်ရေး ဆောင်ရွက်ခြင်းဖြင့် ဗုဒ္ဓဘာသာအား စော်ကားနေသည်ဟု အမျိုးသားရေးအစွန်းရောက်များက အွန်လိုင်းတွင် လှုံ့ဆော်ပြီးနောက် ၂၀၁၅ ခုနှစ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အဖွဲ့အစည်းဖြင့် ဆက်သွယ်မှုပုဒ်မများဖြင့် တရားစွဲဆိုခံခဲ့ရသည်။ ထို့နောက်ပိုင်းတွင် မပွင့်ဖြူလတ်နှင့် ကိုဇော်ဝင်းဘိုတို့ကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြသည်။
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကတွင် ၎င်းတို့ ၃ ဦးအား တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမျတ်ခဲ့ပြီး ဧပြီလ ၈ ရက်နေ့တွင် ကိုဇော်ဇော်လတ်နှင့် မပွင့်ဖြူလတ်တို့မှာ တရားမ၀င်အဖွဲ့အစည်းဆိုင်ရာ အက်ဥပဒေဖြင့် ထောင်ဒဏ် ၂ နှစ် ထပ်မံ ချမှတ်ခြင်းခံခဲ့ရကာ လက်ရှိတွင် မန္တလေးရှိ အိုးဘိုထောင်၌ ပြစ်ဒဏ်ကျခံနေရသည်။
    “အခြားသော တက်ကြွလှုပ်ရှားသူတွေ ထောင်ကလွတ်လာတဲ့အချိန်မှာ ဒီဘာသာပေါင်းစုံ ချစ်ကျည်ရေး တက်ကြွလှုပ်ရှားသူတွေ ထောင်ထပ်ကျတာကိုမြင်ရတဲ့အတွက် ကျွန်မ တော်တော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ကို မြှင့်ပေးဖို့ဟာ တော်တော်အရေးကြီးတဲ့ ကိစ္စပါ။ ဇော်ဇော်လတ်၊ ပွင့်ဖြူလတ်နဲ့ ဇော်ဝင်းဘိုတို့လို တက်ကြွလှုပ်ရှားသူတွေ အများကြီး ကျွန်မတို့လိုပါတယ်။ သူတို့ကို ချက်ခြင်းလွှတ်ပေးမှ နိုင်ငံအတွင်းမှာ ဘာသာရေး သဟဇာတဖြစ်ဖို့အတွက် သူတို့ရဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်နိုင်မှာပါ” ဟု Burma Campaign UK မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်ဝေနှင်းက ပြောကြားခဲ့သည်။
    Ref: Mizzima