News @ M-Media

Blog

  • ရီးယဲလ်နှင့်ပွဲတွင် ထင်သလိုမဖြစ်ခဲ့ဟု မန်စီးတီးဂိုးသမားပြော

    ရီးယဲလ်နှင့်ပွဲတွင် ထင်သလိုမဖြစ်ခဲ့ဟု မန်စီးတီးဂိုးသမားပြော

    ဧပြီ ၂၇၊ ၂၀၁၆
    M-Media

    hart

    – ရီးယဲလ်မက်ဒရစ်မှာ မိမိတို့အသင်းအား တိုက်စစ်အားကောင်းကောင်းဖြင့် ရင်ဆိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း အခွင့်အရေးများ ဖန်တီးနိုင်ခြင်းမရှိခဲ့ဟု မန်စီးတီးဂိုးသမား ဂျိုးဟတ်က ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထအကျော့အဖြစ် ယနေ့မနက်က အီတီဟတ်ကွင်းတွင် ကစားခဲ့သည့် မန်စီးတီးတီးနှင့် ရီးယဲလ်တို့မှာ ဂိုးမရှိသရေကျခဲ့ပြီး ဂျိုးဟတ်မှာ ရီးယဲလ်၏ အပိုင်ဂိုးသွင့်ခွင့် အချို့ကို ပြောင်မြောက်စွာ ကာကွယ်နိုင်ခဲ့သည်။ ၎င်းကမူ အသင်း၏ နောက်တန်းကို ချီးကျူးခဲ့သည်။

    “ဂိုးမရှိသရေကျခဲ့ပြီး ကောင်းမွန်တဲ့အခြေအနေတစ်ခုပါပဲ။ ကျွန်တော်တို့ ဒုတိယအကျော့မှာ လိုချင်တဲ့ရလဒ်ကို ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။ သူတို့ ဒီပွဲမှာ ဂိုးသွင်းခွင့် သိပ်မဖန်တီးနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်ဦးချင်းစွမ်းရည်နဲ့ ထိုးဖောက်ခဲ့ပြီး ကျွန်တော်တို့ကို စိတ်ပျက်စေခဲ့ပါတယ်။ ရီးယဲလ်လိုအသင်းမျိုးနဲ့ ရင်ဆိုင်ရရင် တိုက်စစ်ဖွင့်ကစားမယ်လို့ မျှော်လင့်ကြတာပါ။ ဒါပေမယ့် သူတို့ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော့်အလုပ်ကို အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ကျွန်တော်တို့ဟာ လမ်းကြောင်းပေါ်မှာ ရှိနေဆဲပါပဲ” ဟု ဂျိုးဟတ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဒုက္ခသည်များကို ကယ်ဆယ်ရန် ဥရောပက ပျက်ကွက်ခဲ့သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ပြော

    ဒုက္ခသည်များကို ကယ်ဆယ်ရန် ဥရောပက ပျက်ကွက်ခဲ့သည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့ပြော

    ဧပြီ ၂၇၊ ၂၀၁၆
    M-Media

    MSF

    – အန္တရာယ်များတဲ့ ပင်လယ်ပြင်ခရီးကို ဖြတ်သန်းပြီး ဥရောပရောက်ဖို့ကြိုးစားနေတဲ့ ဒုက္ခသည်တွေကို ဥရောပအစိုးရတွေက သင့်လျော်တဲ့အကူအညီပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က ပြောကြားလိုက်ပါတယ်။

    တနင်္လာနေ့က ပြောကြားခဲ့တာဖြစ်ပြီး ဥရောပဘက်က ဒုက္ခသည်ကူညီရေးအစီအစဉ်တွေဟာ ဇန်န၀ါရီလကတည်းက ရပ်တန့်ခဲ့ကာ ပြန်လည်စတင်ခြင်းမရှိတဲ့အတွက် MSF အဖွဲ့ကနေ မြေထဲပင်လယ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒုက္ခသည်တွေအနေနဲ့ နွေရာသီမှာ မြောက်အာဖရိကနဲ့ ဥရောပကြားက အန္တရာယ်များတဲ့ရေပြင်ကျယ်ကြီးကို ဖြတ်သန်းဖို့ကြိုးစားနေရတဲ့အတွက် ရေနစ်မယ့် အန္တရာယ်နဲ့လည်း ကြုံတွေ့နေရတာပါ။

    “လက်ရှိဒုက္ခသည်အရေးကို ဖြေရှင်းနိုင်တဲ့ ကမ္ဘာလုံးဆိုင်ရာ အဖြေတစ်ခု မရှိတာနဲ့ ဥရောပနိုင်ငံတွေရဲ့ တားဆီးရေးမူဝါဒတွေအရ ပင်လယ်ဖြတ်ဒုက္ခသည်တွေကို ကူညီဖို့ငြင်းဆန်ထားတာတွေကြောင့် အသက်ထောင်ပေါင်းများစွာ သေဆုံးရဦးမှာ ဖြစ်ပါတယ်” လို့ MSF နိုင်ငံတကာအဖွဲ့ခေါင်းဆောင် ဂျိုအန်နီ လျူက ပြောကြားခဲ့ပါတယ်။

    နိုင်ငံတကာ ပြောင်းရွှေ့အခြေချသူများဆိုင်ရာအဖွဲ့ (IOM) က ရေလမ်းခရီးကနေ ဥရောပကိုရောက်ဖို့ ကြိုးစားနေတဲ့အတွက် ၂၀၁၆ နှစ်စပိုင်းမှာပဲ လူ ၁၂၀၀ ခန့် သေဆုံးခဲ့ပြီးဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲကတစ်ဝက်က မြေထဲပင်လယ်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

    Ref: Presstv

  • ဖလော်ရီဒါတွင် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာအတွက် ဒေသခံများ ဆန္ဒပြ

    ဖလော်ရီဒါတွင် အစ္စလာမ်ဆန့်ကျင်ရေး ပိုစတာအတွက် ဒေသခံများ ဆန္ဒပြ

    ဧပြီ ၂၆၊ ၂၀၁၆
    M-Media

    florida

    – အစ္စလာမ်ဆန့်ကျင်ရေး လမ်းဘေးပိုစတာကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အေနက်စ်တာစီယာကျွန်းက ပြည်သူတွေဟာ အဲဒီပိုစတာအောက်မှာ ငြိမ်းချမ်းရေးသတင်းစကားတွေကို ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

    တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွတ်ခြင်းအကြောင်းတွေကိုလည်း မျှဝေခဲ့ကြပါတယ်။

    “ဒီဆိုင်းဘုတ်ကို ထားရှိတာ ဘယ်သူပဲဖြစ်ပါစေ၊ ဘယ်သူကမှ ကျွန်တော်တို့အကြားမှာ အမုန်းတရား မဖြန့်နိုင်ဘဲ၊ ကျွန်တော်တို့အားလုံးဟာ စည်းလုံးညီညွှတ်နေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ဒီလုပ်ရပ်က ပြသနေပါတယ်” လို့ ကျွန်းက အစ္စလာမ်မစ်စင်တာ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက် ၅၁ နှစ်အရွယ်ရှိ အေမန် အလ်-ဆာဝါက ပြောကြားခဲ့ပါတယ်။

    အဲဒီလှုပ်ရှားမှုမှာ ဒေသခံပေါင်းများစွာ တက်ရာက်ခဲ့ကြပြီး တောက်ပတဲ့ ငြိမ်းချမ်းရေးအမှတ်တံဆိပ် တီရှပ်တွေ ၀တ်ဆင်ထားတဲ့ အဖွဲ့ဝင်များက စုပေါင်းဓာတ်ပုံတစ်ပုံ အတူတကွ ရိုက်ခဲ့ကြပါတယ်။

    “ဒီဓာတ်ပုံထဲမှာပါတဲ့လူအားလုံးဟာ ကြော်ငြာဘုတ်ပေါ်က အမုန်းတရားအပေါ် ဆန့်ကျင်တယ်လို့ ဆိုလိုပါတယ်။ ဒီကိစ္စဟာ သိပ်မုန်းစရာကောင်းပါတယ်။ ဒါဟာ ကျွန်တော်တို့မြို့ရဲ့ ကြောက်စရာကောင်းတဲ့ ပုံရိပ်တစ်ခုပဲ ဖြစ်ပါတယ်” လို့ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ အီဗရာဟင်မ် ဇိုရီက ပြောကြားခဲ့ပါတယ်။

    အဲဒီအစ္စလာမ်ဆန့်ကျင်ရေး ပိုစတာကို ဆန့်ကျင်ဖို့ ဒေသခံအမျိုးသမီးဖြစ်သူ ဘက်ကီဝီလီယံက အွန်လိုင်းလက်မှတ်ရေးထိုးဖို့ လှုံ့ဆော်ခဲ့ရာကနေ တစ်ဟုန်ထိုးပြန့်နှံ့သွားပြီး နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်း ခံလာရတာ ဖြစ်ပါတယ်။ အဲဒီ အွန်လိုင်းလက်မှတ်ရေးထိုးခြင်းကနေ ကမ္ဘာတစ်ဝှမ်းက ထောက်ခံတဲ့ လက်မှတ်ပေါင်း ၅၄၀၀၀ နီးပါးထိ ရရှိခဲ့ပါတယ်။

    Ref: IINA

  • ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ် မန်ယူနှင့်ပွဲတွင် လက်စတာဂိုးသွင်းစက် ဗာဒီ မပါနိုင်

    ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ် မန်ယူနှင့်ပွဲတွင် လက်စတာဂိုးသွင်းစက် ဗာဒီ မပါနိုင်

    ဧပြီ ၂၆၊ ၂၀၁၆
    M-Media

    vardy

    – ပြီးခဲ့သည့်တစ်ပတ်ကျော်က ၀က်စ်ဟမ်းအသင်းနှင့်ပွဲတွင် ကစားသမားတစ်ဦးအနေဖြင့် မသင့်လျော်သည့် အပြုအမူ ပြုလုပ်ခဲ့သည့်အတွက် လက်စတာတိုက်စစ်မှူး ဂျာမီ ဗာဒီမှာ ထပ်တိုး တစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ပရီးမီးယားလိဂ်ဖလား အဆုံးအဖြတ်ဖြစ်သည့် မန်ယူနှင့်ပွဲတွင် ပါဝင်နိုင်မည်ဟုတ်ဟု သိရသည်။

    ထိုပွဲတွင် နှစ်ဝါတစ်နီဖြင့် ဗာဒီမှာ အထုတ်ခံခဲ့ရပြီး ပြီးခဲ့သည့်ဆွမ်ဆီးနှင့်ပွဲတွင်လည်း ပါဝင်ခွင့်မရရှိခဲ့ပေ။ ထို့ပြင် ကစားသမားတစ်ဦးအနေဖြင့် မသင့်လျော်သည့် ၎င်း၏ အပြုအမူအတွက် စွဲချက်ကို ၎င်းက ၀န်ခံခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်တိုးပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဒဏ်ငွေ ပေါင် တစ်သောင်းလည်း ပေးဆောင်ရမည်ဖြစ်သည်။

    ရာသီပြီးဆုံးရန် ၃ ပွဲအလိုတွင် ဒုတိယနေရာမှ စပါးအား ၇ မှတ်ဖြတ်ထားနိုင်သည့် လက်စတာမှာ ယခုတစ်ပတ်တွင် အိုးထရက်ဖို့ဒ်၌ မန်ယူအသင်းနှင့် ကစားရမည်ဖြစ်ပြီး အနိုင်ရရှိပါက အသင်းသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်မည်ဖြစ်သည်။

    သို့သော်လည်း အသင်းဂိုးသွင်းစက်ဖြစ်ပြီး ယခုရာသီတွင် ၂၃ ဂိုး သွင်းယူပေးထားနိုင်သည့် ဗာဒီမှာ ယခု ထပ်တိုးပွဲပယ်ပြစ်ဒဏ်ကြောင့် ထိုပွဲတွင် ပါဝင်နိုင်မည်မဟုတ်ပေ။ ဗာဒီမပါဝင်သည့် လက်စတာမှာ ဆွမ်ဆီးအား ၄ ဂိုးပြတ်ဖြင့် အနိုင်ကစားနိုင်ခဲ့သည်။

    Ref: Goal

  • ဗြိတိန်တွင် ဆရာဝန်များ သပိတ်မှောက်မှုကြောင့် ဆေးရုံများ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရ

    ဗြိတိန်တွင် ဆရာဝန်များ သပိတ်မှောက်မှုကြောင့် ဆေးရုံများ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရ

    ဧပြီ ၂၆၊ ၂၀၁၆
    M-Media

    uk

    – ယူကေ၏ ပြည်သူ့ကျန်းမာရေးကဏ္ဍ သမိုင်းတွင် ပထမဆုံးနှင့် အကြီးဆုံးဖြစ်သော အငယ်တန်းဆရာဝန်များ သပိတ်မှောက်မှုကြောင့် နိုင်ငံအတွင်းရှိ ဆေးရုံများကို ‘စစ်ဖက်ဆိုင်ရာ အခြေအနေ’ သတ်မှတ်ကာ အရေးပေါ်အစီအစဉ်များ ပြုလုပ်ထားရသည်ဟု သိရသည်။

    ၂ ရက်တာကြာမြင့်မည့် အဆိုပါ သပိတ်မှောက်မှုကို ဗြိတိန်ဆေးဘက်ဆိုင်ရာအသင်း BMA က ဦးစည်းကာ ယနေ့မှစတင်၍ ပြုလုပ်ခြင်းဖြစ်ပြီး အရေးပေါ်ကုသရေး၊ အထူးကြပ်မတ်ကုသရေး၊ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များကုသရေး တို့အပါအ၀င် ဗြိတိန်တစ်ဝှမ်းရှိ ကျန်းမာရေးဝန်ဆောင်မှုများအားလုံးကို ထိခိုက်မည်ဖြစ်သည်။

    အစိုးရမှာ အငယ်တန်းဆရာဝန်များ၏ အလုပ်ချိန်ကို တစ်ပတ်လျှင် ၇ ရက်သို့ တိုးမြှင့်ခဲ့ပြီး လုပ်ခလစာကိုမူ စနေ၊ တနင်္ဂနွေအတွက် မပေးသည့်ကိစ္စမှ အစပြုကာ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ယခကဲ့သို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    အစိုးရနှင့် BMA တို့အကြား နောက်ဆုံးညှိနှိုင်းမှုမှာ ဇန်န၀ါရီလအတွင်းက အဆုံးသတ်သွားခဲ့ပြီး ထိုကဲ့သို့ သတ်မှတ်ထားမှုမှာ လာမည့်နွေရာသီတွင် အသက်ဝင်မည်ဟု အစိုးရက ကြေငြာခဲ့သည်။

    Ref: Press TV