News @ M-Media
Blog
  • လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်
    လူတစ်ဦးအား အသက် ကယ်တင်ပေးခဲ့သည့် နိုင်ငံခြားသား အလုပ်သမားကို ဆော်ဒီက ဂုဏ်ပြုဆုငွေ ချီးမြှင့်
    ဧပြီ ၁၈၊ ၂၀၁၆
    M-Media
    apki
    – အဆီးရ်ဒေသတောင်ကြားတစ်ခုမှာ ရေနစ်နေတဲ့ ဆော်ဒီနိုင်ငံသားတစ်ဦးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ပါကစ္စတန် အလုပ်သမားတစ်ဦးကို ဆုငွေချီးမြှင့်ဖို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် နအီးဖ်က သောကြာနေ့မှာ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
    အဲဒီ ပါကစ္စတန်အလုပ်သမားဟာ ရှောင်ကသ် အေမင်ဆိုသူ ဖြစ်ပါတယ်။ ဆော်ဒီနိုင်ငံသား ဖာ့ဟ်ဒ် အလ်-ကာတာနီဟာ သဒ်လိဒ်တောင်ကြားမှာ မိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် သူမောင်းနှင်လာတဲ့ ကားနဲ့အတူ ရေနစ်သေဆုံးမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရတာပါ။
    အလ်ကာတာနီက ၎င်းရဲ့ကားထိပ်ပိုင်းမှာ မတ်တပ်ရပ်ကာ အကူအညီတောင်းခံခဲ့ပြီး မျက်မြင်သက်သေတွေက အေမင်ရဲ့ သူရဲကောင်းဆန်ဆန်အပြုအမူကြောင့် ကာတာနီတစ်ယောက် အသက်ရှင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ဆော်ဒီ ပြည်သူ့ကာကွယ်ရေးအာဏာပိုင်တွေကတော့ အေမင်ရဲ့ရဲစွမ်းသတ္တိကို ချီးကျူးဂုဏ်ပြုခဲ့ပြီး အိမ်ရှေ့မင်းသားရဲ့အမိန့်နဲ့ ချီးမြင့်ခဲ့တဲ့ ဆုငွေပမာဏကိုတော့ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါဘူး။
    ဆော်ဒီနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မန်ဇူလ် အူလ် ဟက်ကတော့ မိမိတို့နိုင်ငံသားတစ်ယောက်ဟာ သေအံဆဲဆဲလူတစ်ယောက်ကို ဒီလိုကယ်တင်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိတယ်လို့ ပြောကြားခဲ့ပြီး အေမင်ရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခဲ့တဲ့ အိမ်ရှေ့မင်းသားကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
    Ref; Arab News
  • လက်စတာ၊ အာဆင်နယ်တို့ အမှတ်ဆုံးရှုံးခဲ့ရပြီး အက်စတွန်ဗီလာ တန်းဆင်းသွားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄
    လက်စတာ၊ အာဆင်နယ်တို့ အမှတ်ဆုံးရှုံးခဲ့ရပြီး အက်စတွန်ဗီလာ တန်းဆင်းသွားရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၄
    ဧပြီ ၁၈၊ ၂၀၁၆
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ ထိပ်ဆုံးကလက်စတာ၊ တတိယနေရာက အာဆင်နယ်တို့ အမှတ်တွေ ဆုံးရှုံးခဲ့ရပြီး မန်စီးတီးက ချယ်ဆီးကို ဂိုးပြတ်နှိပ်ကွပ်နိုင်ခဲ့ကာ မန်ယူကိုရှုံးတဲ့ အက်စတွန်ဗီလာကတော့ တန်းဆင်းသွားရပြီ ဖြစ်ပါတယ်။
    နောက်ဆုံး ၅ ပွဲဆက်တိုက် ပေးဂိုးမရှိဘဲ အနိုင်ရခဲ့တဲ့ လက်စတာ မနေ့က အိမ်ကွင်း ၀က်စ်ဟမ်းကို ရင်ဆိုင်ရာမှာ ဟန်ချက်မပျက်ခဲ့ဘဲ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် ၁၈ မိနစ်မှာ ဗာဒီရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၅၅ မိနစ်မှာ ဗာဒီ နှစ်ဝါတစ်နဲ့ အထုတ်ခံရပြီးမှာတော့ လက်စတာတို့ သတိထားကစားခဲ့ရပြီး ၀က်စ်ဟမ်းကလည်း တင်ကစားခဲ့တာကြောင့် ၈၄ မိနစ်မှာ ပင်နယ်တီကနေ ချေပဂိုး၊ ၈၆ မိနစ်မှာ ဦးဆောင်းဂိုတွေကို ပေးလိုက်ရပါတယ်။ လက်စတာအတွက် ကံကောင်းတာက နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့တာဖြစ်ပြီး လီယိုနာဒို အူလိုအာက အမှားအယွင်းမရှိကန်သွင်းကာ အဖိုးတန်တစ်မှတ် ရယူပေးနိုင်ခဲ့ပါတယ်။
    epl 2
    အာဆင်နယ်ကလည်း အိမ်ကွင်းမှာ အခွင့်အရေးပေါင်းများစွာ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် ခရစ္စတယ်ပဲလေ့စ်ကို ၁ မှတ်ခွဲပေးလိုက်ရပါတယ်။ ပွဲအစကတည်းက စိုးမိုးထားတဲ့ အာဆင်နယ်တို့ ဦးဆောင်ဂိုးကိုတော့ ပထမပိုင်း နာကျင်အချိန်ပိုမှာမှ ရရှိခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်က သွင်းယူပေးခဲ့တာပါ။ နောက်ပိုင်း ဂိုးသွင်းခွင့်တော်တော်များများ ရခဲ့ပေမယ့် ဂိုးပေါက်ပျောက်ခဲ့ရပြီး ဘိုလာစီရဲ့ ၈၁ မိနစ်ဂိုးကိုလည်း ခွင့်ပြုခဲ့ရတာကြောင့် အာဆင်နယ် သရေတစ်မှတ်သာ ရရှိကာ ထိပ်ဆုံး ၃ သင်းစာရင်းဝင်ရေး မျှော်လင့်ချက် အားနည်းလာခဲ့ရပါတယ်။
    epl 3
    စတမ်းဖို့ဒ်ဘရစ်ခ်ျက ချယ်ဆီးနဲ့ မန်စီးတီးတို့ပွဲမှာတော့ မန်စီးတီးက အဂူရိုရဲ့ ဟက်ထရစ်နဲ့ ပြတ်ပြတ်သားသား ၃ မှတ်ယူနိုင်ခဲ့ပါတယ်။ မန်ယူကလည်း အက်စတွန်ဗီလာကို အိမ်ကွင်းမှာ လူငယ်ကစားသမား မားကက်စ် ရက်ရှ်ဖို့ဒ်ရဲ့ ပထမပိုင်းသွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲအရှုံးကြောင့် အက်စတွန်ဗီလာက ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပါတယ်။
    တန်းဆင်းဇုန်က နယူးကာဆယ်က အိမ်ကွင်းမှာ ဆွမ်ဆီးကို ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ တင်ကျန်ရေးမျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲဟာ ဘင်နီတက်ဇ် နယူးကာဆယ်ကို ကိုင်တွယ်ပြီးနောက်ပိုင်း ပထမဆုံးနိုင်ပွဲလည်းဖြစ်ပါတယ်။
    epl 4ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    နော်ဝစ်ခ်ျ ၀-၃ ဆန်းဒါးလန်း
    အဲဗာတန် ၁-၁ ဆောက်သက်တမ်
    မန်ယူ ၁-၀ အက်စတွန်ဗီလာ
    နယူးကာဆယ် ၃-၀ ဆွမ်ဆီး
    ချယ်ဆီး ၀-၃ မန်စီးတီး
    ဘုန်းမောက် ၁-၂ လီဗာပူးလ်
    လက်စတာ ၂-၂ ၀က်စ်ဟမ်း
    အာဆင်နယ် ၁-၁ ခရစ်တယ်ပဲလေ့စ်
  • စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး အီရန်နဲ့ အီးယူ အဆင်သင့်ဖြစ်နေ
    စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး အီရန်နဲ့ အီးယူ အဆင်သင့်ဖြစ်နေ
    ဧပြီ ၁၇၊ ၂၀၁၆
    M-Media
    iran 9
    – မိမိတို့ဟာ ကဏ္ဍအသီးသီးမှာ အထူးသဖြင့် စီးပွားရေးနဲ့ နိုင်ငံတကာအရေးကြီးကိစ္စတွေမှာ နှစ်နိုင်ငံပူးတွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ချက် ချထားပြီးဖြစ်တယ်လို့ အီရန်နဲ့ ဥရောပသမဂ္ဂတို့က ပြောကြားလိုက်ပါတယ်။
    အီရန်နိုင်ငံကိုရောက်ရှိနေတဲ့ အီးယူ နိုင်ငံခြားရေးရာအကြီးအကဲ ဖက်ဒရီကာ မို့ဂ်ဟီရီနီနဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်တို့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ဇာရစ်ဇ်ကတော့ မို့ဂ်ဟီရီနီ လာရောက်လည်ပတ်ခြင်းဟာ အီရန်နဲ့ အီးယူတို့အကြား ဆက်ဆံရေးအတွက် ‘နိဒါန်းသစ်’ ဖြစ်တယ်လို့ ဆိုပါတယ်။
    အီးယူနိုင်ငံခြားရေးရာအကြီးအကဲရဲ့ ဒီခရီးစဉ်မှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အီရန်မှာ အီးယူရဲ့အမြဲတမ်းရုံးခန်းတစ်ခု ဖွင့်လှစ်ရေးတို့ကိုလည်း ဆွေးနွေးကြမှာဖြစ်ပြီး နောက်ပိုင်းမှာ ကြေညာချက်လေးစောင်ကို ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။
    ဇူလိုင်လက အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့အကြား ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်အရ ကျန်ရှိနေတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့အတွက် အီရန်နဲ့ အီးယူတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဇာရစ်ဖ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အီးယူအာဏာပိုင်တွေဟာ အီရန်ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ချုပ် (WTO) နဲ့ ဆယ်သွယ်နိုင်အောင်လည်း ကူညီပေးဖို့ ရှိနေပါတယ်။
    Ref: Presstv
  • အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆော်ဒီဘုရင်နှင့် အိုဘားမားတို့ ဆွေးနွေးမည်
    အကြမ်းဖက်မှုတိုက်ဖျက်ရေး ဆော်ဒီဘုရင်နှင့် အိုဘားမားတို့ ဆွေးနွေးမည်
    ဧပြီ ၁၇၊ ၂၀၁၆
    M-Media
    obama 1
    – အမေရိကန်သမ္မတ ဘာရက် အိုဘားမားအနေနဲ့ ပင်လယ်ကွေ့ခြောက်နိုင်ငံခေါင်းဆောင်တွေနဲ့ မတွေ့မီ တစ်ရက်အလို ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့မှာ ဆော်ဒီဘုရင်ဆလ်မန်နဲ့ ရီယာ့ဒ်မြို့မှာ တွေ့ဆုံဖို့ရှိနေပြီး ဆီးရီးယားနဲ့ တခြားနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်ဝါဒနဲ့ လုံခြုံရေးအခြေအနေတွေကို အလေးထား ဆွေးနွေးသွားဖို့ ရှိနေပါတယ်။
    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန် ကာတာကလည်း ပင်လယ်ကွေ့နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့အဲဒီနေ့မှာပဲ တွေ့ဆုံဖို့ရှိနေတယ်လို့ အိမ်ဖြူတော်ကြေညာချက်ကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
    အိုဘားမားအကြံပေး ရောဘတ်မာလီကတော့ ဒေသတွင်းက IS အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ဖို့၊ ထိပ်ဖူးတပ်ဒုံးကျည်စနစ်အားကောင်းလာရေးအပါအ၀င် ကာကွယ်ရေးစွမ်းအားမြင့်တင်ဖို့ လိုအပ်တဲ့အကူအညီပေးပို့ရေး စသဖြင့် အမေရိကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေကြား သဘောတူညီမှု ရရှိခဲ့တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    အိုဘားမားအနေနဲ့ ရေနံဈေးနှုန်း ရုတ်တရက်ထိုးကျသွားတဲ့အပေါ် ဘုရင်ဆလ်မန်နဲ့ အခြားခေါင်းဆောင်တွေရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင်ချင်တယ်လို့ မာလီက ပြောပါတယ်။ အိုဘားမားက အကြမ်းဖက်အုပ်စုတွေကို နှိမ်နှင်းရေးမှာ ဆော်ဒီအာရေဗျရဲ့ အခန်းကဏ္ဍ အရေးပါပုံကို မကြာသေးမီက ပြောကြားခဲ့ဖူးပါတယ်။
    Ref: ArabNews
  • နှစ်ဆန်း ၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာသာပေါင်းစုံမှ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ
    နှစ်ဆန်း ၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာသာပေါင်းစုံမှ ပြည်သူများနှင့် သွားရောက်တွေ့ဆုံ
    ဧပြီ ၁၇၊ ၂၀၁၆
    M-Media
    သီဟ
    tnt 2
    – တနင်္သာတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများမှာ နှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် မြိတ်မြို့ရှိ ဘာသာပေါင်းစုံမှ ၀တ်ပြုရာနေရာများသို့ သွားရောက် လည်ပတ်ကာ ဒေသခံပြည်သူများနှင့် တစ်ရင်းတစ်နှီး တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။
    အဆိုပါအဖွဲ့ကို တိုင်းဒေသကြီး စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိုးပိုင်ဌေး၊ အမျိုးသားလွှတ်တော်အမတ် ဒေါက်တာလင်းဝေဖြိုးလတ်နှင့် ဦးတင့်ဝေတို့က ဦးဆောင်ခဲ့ပြီး မြို့ပေါ်ရှိ ဘုန်တော်ကြီးကျောင်းများ၊ ဗလီဝတ်ကျောင်းတော်များ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဟိန္ဒူဘုရားကျောင်းများသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
    ထုံးဖိုဗလီဝတ်ကျောင်းတော် စန္ဒာခန်းမတွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် ၀န်ကြီး ဦးဖြိုးဝင်းထွန်းနှင့် လွှတ်တော်အမတ်များက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပြီး မိမိတို့ အစိုးရအဖွဲ့မှာ ဘာသာပေါင်းစုံ သဟဇာဖြစ်ရေးကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ဘာသာပေါင်းစုံ အတူယှဉ်တွဲနေထိုင်ခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာညောင်းခဲ့ပြီဖြစ်ကာ ရှေ့ဆက်၍လည်း ဒေသအကျိုးကို အတူတွဲ၍ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ထုံးဖိုဗလီဂေါပကအဖွဲ့ဥက္ကဌ ဦးစိန်းဝင်က ကျေးဇူးတင်စကားပြောကြားရာတွင် ထိုကဲ့သို့ အစိုးရအဖွဲ့ဝင်များ လာရောက်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း မိမိတို့အစ္စလာမ်ဘာသာဝင်များမှာ တိုင်းပြည်အကျိုးကို တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ပေးခဲ့သည်မှာ သမိုင်းအထောက်အထား အခိုင်အမာရှိနေကြောင်း၊ မိမိတို့တွင် နိုင်ငံချစ်စိတ်အပြည့်ရှိပြီး ခေတ်အဆက်ဆက် အလုပ်ဖြင့် သက်သပြခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    tnt
    အဆိုပါ တွေ့ဆုံပွဲအခမ်းအနားတွင် အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကလည်း အမှာစကားပြောကြားခဲ့ကာ ဆုမွန်ကောင်းတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မြိတ်မြို့တွင် သက်ကြီးပူဇော်ပွဲများ၊ ငါးလွှတ်ပွဲများ၊ ဘာသာပေါင်းစုံ တွေ့ဆုံပွဲများ ကျင်းပခဲ့သည်။
    (ဓာတ်ပုံမျာကို ထုံးဖိုဗလီလူငယ်များအဖွဲ့ နာရေးကူညီမှုလုပ်ငန်း ၏ Facebook စာမျက်မှ ရယူဖော်ပြသည်။)