News @ M-Media
Blog
  • ကယ်လီဖိုးနီးယား တောမီးရှို့သူကို ထောင်ဒဏ်နှစ် ၂၀ နှင့် ဒဏ်ငွေချမှတ်
    ကယ်လီဖိုးနီးယား တောမီးရှို့သူကို ထောင်ဒဏ်နှစ် ၂၀ နှင့် ဒဏ်ငွေချမှတ်
    ဧပြီ ၉၊ ၂၀၁၆
    M-Media
    wildfire
    – ကယ်လီဖိုးနီးယားရှိ တောတစ်ခုကို မီးရှို့ကာ ထိုမီးလောင်မှုအား နောက်ခံထား၍ ၎င်းကိုယ်ကို ဗီဒီယို ရိုက်ကူးခဲ့သူ အမျိုးသားကို အမေရိကန်တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် နှစ် ၂၀ နှင့် ဒဏ်ငွေ ကန်ဒေါ်လာ သန်း ၆၀ ချမှတ်လိုက်သည်ဟု သိရသည်။
    အဆိုပါတောမီးမှာ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းတွင် အဆိုးဝါးဆုံး တောမီးများထဲမှ တစ်ခုဖြစ်ခဲ့ပြီး မြေဧက တစ်သိန်းနီးပါး လောင်ကျွမ်းခဲ့ကာ အိမ်ပေါင်း ဒါဇင်နှင့်ချီ၍ ပျက်ဆီးခဲ့သည်။ ထို့ပြင် ပြည်နယ်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင် နေထိုင်သူ ပြည်သူ ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
    Ref: Channelnewsasia
  • ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၀မ်းနည်းခြင်းအခမ်းအနား ပါလက်စတိုင်းကျင်းပ
    ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု ၀မ်းနည်းခြင်းအခမ်းအနား ပါလက်စတိုင်းကျင်းပ
    ဧပြီ ၉၊ ၂၀၁၆
    M-Media
    masscare
    ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွင်း ထွက်ပြေးရသူ ပါလက်စတိုင်းများ၏ ပုံရိပ်
    – ပါလက်စတိုင်းပိုင် အနာက်ဖက်ကမ်းရှိ ရွာငယ်လေးတစ်ခုတွင် ဇီယွန်ပြည်သူ့စစ်များ၏ ပါလက်စတိုင်းများအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၈ နှစ်ပြည့်အခမ်းအနားကို ပါလက်စတိုင်းပြည်သူများက ယနေ့တွင် ကျင်းပခဲ့သည်ဟု သိရသည်။
    ဂျေရုစလင်အနောက်ခြမ်းရှိ ဒီအာရ် ယက်စင်ဆိုသည့် ရွာလေးတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်များကို လုယူကာ အစ္စရေးနိုင်ငံထူထောင်ရန် ကြိုးစားစဉ် ၁၉၄၈ ခုနှစ် ဧပြီလ၌ ဇီယွန်ဝါဒီ ဂျူးအုပ်စုများက ထိုရွာလေးရှိ ပါလက်စတိုင်းပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
    အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေးပါမကျန် သတ်ဖြတ်ခံရခြင်းဖြစ်ပြီး Plan Dalet ခေါ်ဆိုသည့် ပါလက်စတိုင်းရွာများကို အစ္စရေးက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မောင်းထုတ်သော ဖြစ်ရပ်များ၏ မူလအစများထဲမှ တစ်ခုလည်းဖြစ်သည်။
    အဆိုပါ ဒီအာရ် ယက်စင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၇၅၀၀၀၀ ခန့်မှာ ဒုက္ခသည်ဘ၀သို့ ရောက်ခဲ့ရသည်။
    Ref: Press TV
  • နောက်ဆုံးဘိတ် အိတ်နှင့်လွယ်ရန် အသင်းအား လက်စတာနည်းပြ တိုက်တွန်း
    နောက်ဆုံးဘိတ် အိတ်နှင့်လွယ်ရန် အသင်းအား လက်စတာနည်းပြ တိုက်တွန်း
    ဧပြီ ၉၊ ၂၀၁၆
    M-Media
    lec
    – ထိပ်ဆုံး၌ရှိနေသော်လည်း နောက်ဆုံးအနေဖြင့် ယခုထက်ပို၍ ပိုမိုအားထုတ်ကြရန် လက်စတာနည်းပြ ရာနီယေးရီက အသင်းအား တိုက်တွန်းပြောကြားလိုက်သည်။
    ရာသီကုန်ရန် ၆ ပွဲသာလိုတော့သည့်အချိန်တွင် လက်စတာမှာ ဒုတိယနေရာမှ စပါးအား ၇ မှတ်ဖြတ်ကာ ထိပ်ဆုံး၌ ဦးဆောင်နေပြီး နောက်ထပ် ၄ ပွဲ အနိုင်ရရှိလျှင်ပင် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကို ဆွတ်ခူးနိုင်မည်ဖြစ်သည်။
    ရာနီယေးရီကမူ ပြေးနိုင်သမျှ မြန်မြန်ပြေးရန် မျှော်လင့်နေသည်။
    “ကျွန်တော်တို့က ရှေ့ရောက်နေပေမယ့် အခုအချိန်မှာ တော်တော်လေးထပ်ပြေးထားဖို့ လိုပါတယ်။ တောင့်တောင့်တင်းတင်းဆက်ရှိနေဖို့လိုပါတယ်။ တကယ်လို့ ဒီလိုလုပ်ဖို့ဆိုရင် ဘယ်သူမှ ကျော်တက်မသွားအောင် ကျွန်တော်တို့ရဲ့လက်တွေကို တွဲထားရပါမယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။
    ထို့ပြင် ရီးယဲလ်ကဲ့သို့ ထိပ်တန်းအသင်းများနှင့် ချန်ပီယံလိဂ်တွင် တွေ့ဆုံခွင့်ကိုလည်း ရရှိချင်နေသည်။
    “ချန်ပီယံလိဂ်ဟာ တစ်မူထူးခြားမှာ အမှန်ပါပဲ။ ဘိုင်ယန်၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်တို့ နောက်ရာသီမှာ ကျွန်တ်ာတို့အိမ်ကွင်းကို လာကစားမယ်ဆိုတာကို စဉ်းစားကြည့်စမ်းပါ။ ဒါဟာ ကျွန်တော်တို့ ပရိတ်သတ်တွေနဲ့ လူတိုင်းအတွက် မယုံနိုင်စရာဖြစ်မှာပါ”
    Ref: Goal
  • အာကာသခရီးစဉ်သမိုင်းတွင် သမိုင်းမှတ်တိုက်သစ်တစ်ခုကို Space X စိုက်ထူ
    အာကာသခရီးစဉ်သမိုင်းတွင် သမိုင်းမှတ်တိုက်သစ်တစ်ခုကို Space X စိုက်ထူ
    ဧပြီ ၉၊ ၂၀၁၆
    M-Media
    a
    – အမေရိကန် အာကာသကုမ္ပဏီတစ်ခုဖြစ်သည့် Space X မှာ ၎င်းတို့၏ ဒုံးပျံကို ယမန်နေ့က ပင်လယ်ပြင်ရှိ အဝေးထိန်းသင်္ဘောတွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်ဟု သိရသည်။
    ဖလော်ရီဒါပြည်နယ် ကာနာဗီရဲလ်အငူရှိ လေတပ်စခန်းမှ ကုန်ပစ္စည်းများတင်ဆောင်ကာ နိုင်ငံတကာအာကာသစခန်းသို့ သွားရောက်ပို့ဆောင်ပြီးနောက် ပစိဖိတ်သမုဒ္ဒရာထဲတွင် ရှိနေသည့် အဝေးသိန်းသင်္ဘောပေါ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။
    ထိုကဲ့သို့ ဆင်းသက်နိုင်ခြင်းက ဒုံးပျံကိုပြန်လည်အသုံးပြုနိုင်မည် ဖြစ်သောကြောင့် အနာဂတ် ဂြိုဟ်တုလွှတ်တင်မှုများတွင် ကုန်ကျစားရိတ်ကို အများအပြား လျှော့ချနိုင်မည်ဖြစ်သည်။
    Space X မှာ ထိုကဲ့သို့ ဒုံးပျံကို ရေပြင်ပေါ်၌ ပြန်လည်ဆင်းသက်ရန် ကြိုးစားမှုမှာ ၅ ကြိမ်ရှိခဲ့ပြီဖြစ်ပြီး ယခုတစ်ကြိမ်မှ အောင်မြင်ခြင်းဖြစ်ကာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခြင်းလည်းဖြစ်သည်။
    ပြီးခဲ့သည့်ဒီဇင်ဘာကလည်း ဂြိုဟ်တုလွှတ်သည့် ဒုံးပျံကို ကုန်းမြေပေါ်တွင် ပြန်လည်ဆင်းသက်ကာ Space X က သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူခဲ့ဖူးသည်။
    Ref: latimes
  • ရူနီမှာ အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ ပြော
    ရူနီမှာ အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ ပြော
    ဧပြီ ၉၊ ၂၀၁၆
    M-Media
    rooney
    – စပါးတိုက်စစ်မှူး ဟယ်ရီကိန်းနှင့် လက်စတာတိုက်စစ်မှူး ဂျာမိန်းဗာဒီတို့မှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ ပြသနေသော်လည်း မိမိတို့ တိုက်စစ်မှူး ရူနီမှာ ၎င်းတို့ထက် ပိုသာပြီး အင်္ဂလန်၏ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်နေဆဲဟု မန်ယူနည်းပြ လူးဝစ် ဗန်ဂါးလ်က ပြောကြားလိုက်သည်။
    စပါးနှင့် လက်စတာတို့ ပရီးမီးယားလိဂ်ဇယားကို ဦးဆောင်ထားမှုနှင့်အတူ ဟယ်ရီကိန်းမှာ သွင်းဂိုး ၂၂ ဖြင့်လည်းကောင်း၊ ဗာဒီမှာ ၁၉ ဂိုးဖြင့်လည်းကောင်း ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ဦးဆောင်ထားနိုင်သည်။ ဒူးဒဏ်ရာကြောင့် ၂ လခန့် အနားယူနေရသည့် ရူနီမှာ ပရီးမီးယားလိဂ်တွင် ၁၁ ဂိုးသာ သွင်းယူထားနိုင်ပြီး နိုင်ငံအသင်းအတွက် ဦးစားပေးမှုတွင်လည်း ၎င်းတို့ ၂ ဦး၏နောက်တွင်သာ ရှိနေသည်။
    ဗန်ဂါးလ်ကမူ အသက် ၃၀ အရွယ်ရှိ ၎င်းတို့တိုက်စစ်မှူးမှာ အင်္ဂလန်၏ ထိပ်တန်း တိုက်စစ်မှူးစာရင်းတွင် ပါဝင်နေဆဲဖြစ်သည်ဟု ဆိုသည်။
    “လူတိုင်းက ကစားပုံကိုလိုက်ပြီး အတက်အကျရှိတာကြောင့် သူတို့ရဲ့ ပုံစံကောင်းအပေါ်မူတည်ပြီး သတ်မှတ်ရပါတယ်။ အမြဲတမ်း ဒီလိုပါပဲ။ ၀ိန်းဟာ သာမန်အားဖြင့် အကောင်းဆုံး တိုက်စစ်မှူးပါ။ ဒါပေမယ့် ဟယ်ရီကိန်း ဘယ်လောက်ဂိုးသွင်းလဲဆိုတာ ကြည့်ရင် ရူနီကိုလည်း ဒီလို ကြည့်ရမှာပါ။ ဒါက အသင်း ဘယ်လောက် ကောင်းကောင်းကစားနိုင်လဲဆိုတာအပါ် မူတည်ပါတယ်။ ရူနီကောင်းလား မကောင်းဘူးဆိုတာကို လွယ်လွယ်ဆုံးဖြတ်လို့တော့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့မှတ်တမ်းတွေကို ကြည့်မယ်ဆိုရင်တော့ သူဟာ အကောင်းဆုံးတိုက်စစ်မှူးဖြစ်တယ်ဆိုတာ တွေ့ရမှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။
    Ref: Goal