News @ M-Media

Blog

  • ကာဘွန်ထုတ်လွှတ်မှု နှစ်ပေါင်း ၆၆ သန်းတွင် အမြင့်ဆုံးဖြစ်လာပြီး သဘာဝအန္တရာယ်များ ပိုမိုရင်ဆိုင်ရနိုင်

    ကာဘွန်ထုတ်လွှတ်မှု နှစ်ပေါင်း ၆၆ သန်းတွင် အမြင့်ဆုံးဖြစ်လာပြီး သဘာဝအန္တရာယ်များ ပိုမိုရင်ဆိုင်ရနိုင်

    မတ် ၂၇၊ ၂၀၁၆
    M-Media

    carbon

    – လူသားတွေရဲ့ ပယောဂကြောင့် ထွက်ရှိတဲ့ ကာဘွန်ပမာဏက နှစ်ပေါင်း ၆၆ သန်းအတွင်း ကမ္ဘာကြီးက သဘာဝအတိုင်းထွက်ရှိတဲ့ ကာဘွန်ပမာဏထက် ၁၀ ဆ ပိုများနေတယ်လို့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ သိရပါတယ်။

    သိပ္ပံပညာရှင်တွေကတော့ ဒီလို ကာဘွန်ထုတ်လွှတ်မှု အရှိန်မြင့်လာခြင်းက ကမ္ဘာကြီးရဲ့ အပူချိန်ကို ၅ ဒီဂရီလောက် တက်လာစေခဲ့ပြီး သမုဒ္ဒရာရေတွေကိုလည်း အက်စစ်ဓာတ်ပေါက်စေကာ ရေနေသတ္တ၀ါတွေကို ထိခိုက်ပျက်ဆီးစေတယ်လို့ ဆိုပါတယ်။

    “ဒိုင်နိုဆောတွေကို သေဆုံးစေခဲ့တဲ့ ကြီးမားတဲ့ ရာသီဥတုပြောင်းလဲမှု အခြေအနေတွေကို ထည့်မတွက်ရင် အခုတွေ့မြင်နေရတဲ့ ရာသီဥတုဖောက်ပြန်မှုဟာ နှစ်သန်းပေါင်း ၆၆ နှစ်အတွင်းမှာ အမြန်ဆုံးနှုန်းတစ်ခု ဖြစ်နေပါတယ်” လို့ အင်္ဂလန်နိုင်ငံ ဘရစ်စတိုလ်တက္ကသိုလ်က ဇလဗေဒပညာရှင် အန်ဒီ ရစ်ဒ်ဝဲလ်က ပြောကြားခဲ့ပါတယ်။

    ကာဗွန်ထုတ်လွှတ်မှု အရမ်းများတာကြောင့် ကမ္ဘာကြီးပူနွေးမှုဟာ အလျင်အမြန် မြင့်တက်လာပြီး တိရစ္ဆာန်မျိုးစိတ် တော်တော်တော်များများ ပျောက်ဆုံးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆ သန်းအရင်ကတော့ အဲဒီလို မျိုးသုဉ်းပျောက်ကွယ်မှုက သမုဒ္ဒရာအတွင်းမှာသာ ဖြစ်ပွားပေမယ့် လက်ရှိအချိန်မှာတော့ ၆ ကြိမ်မြောက် မျိုးသုဉ်းမှု အခြေအနေကြီးဟာ မြေပြင်ပေါ်နဲ့ ရေထုအတွင်းမှာ ဖြစ်ပေါ်နေပါတယ်။

    ကာဘွန်ထုတ်လွှတ်မှုကို မလျှော့ချဘူးဆိုရင်တော့ ယခုရာစုအတွင်းမှာ အပူချိန်ဟာ ၄.၈ ဆဲလ်စီးယက်စ်လောက်အထိ မြင့်တက်လာနိုင်ပြီး ရေကြီးတာ၊ မိုးခေါင်တာနဲ့ အင်အားကြီးမားတဲ့ မုန်တိုင်းတွေလို သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလိမ့်မယ်လို့လည်း ကုလသမဂ္ဂရဲ့ လေ့လာမှုအရ သိရပါတယ်။

    Ref: IINA

  • နျူကလီးယားအကြမ်းဖက်မှု ဖြစ်လာနိုင်သည့်အန္တရာယ် ရှိသည်ဟု IAEA သတိပေး

    နျူကလီးယားအကြမ်းဖက်မှု ဖြစ်လာနိုင်သည့်အန္တရာယ် ရှိသည်ဟု IAEA သတိပေး

    မတ် ၂၇၊ ၂၀၁၆
    M-Media

    is
    နီဂျစ်ဗ် သဲကန္တရာရရှိ အစ္စရေး၏ နျူစက်ရုံ

    – အကြမ်းဖက်သမားတွေအနေနဲ့ ကမ္ဘာတစ်ဝှမ်းတိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ နျူးကလီးယားလက်နက်တွေ အသုံးပြုလာနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ နျူစောင့်ကြည့်ရေးအဖွဲ့ IAEA က သတိပေးလိုက်ပါတယ်။

    “အကြမ်းဝါဒဟာ ပြန့်နှံ့နေပြီး နျူးကလီးယားလက်နက်တွေကို အသုံးမပြုနိုင်ဘူးလို့ မဆိုနိုင်ပါဘူး။ နျူနည်းပညာဟာ အခုဆိုရင် နည်းပညာအဟောင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒီနေ့အကြမ်းဖက်သမားတွေရဲ့ အသိပညာတွေနဲ့ သတင်းအချက်အလက်တွေလည်း မြင့်မားလာပါပြီ” လို့ IAEA ရဲ့ အမှုဆောင်ဒါရိုက်တာ ယူကီယာ အမာနိုက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး အကြမ်းဖက်သမားတွေအနေနဲ့ ဒီလို ပေါက်ကွဲအားပြင်းထန်တဲ့လက်နက်တွေကို စီမံခန့်ခွဲနိုင်ကြပြီလို့လည်း သူက ဆိုပါတယ်။

    “IAEA အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း နျူကလီးယားဆိုင်ရာလုံခြုံရေး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားဖို့ လိုပါပြီ”

    ၁၉၉၀ အလယ်လောက်ကတည်းက နျူလက်နက်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ ပျောက်ဆုံးမှု သို့မဟုတ် တရားမ၀င်လက်ဝယ်ထားရှိမှုတွေအပါအ၀င် ဥပဒေမဲ့ ကုန်သွယ်မှုပေါင်း ၂၈၀၀ နီးပါးလောက်ကို IAEA က မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

    ဆက်လက်ပြီး အမာနိုက အကြမ်းဖက်သမားတွေဟာ ယူရေနီယမ် ဒါမှမဟုတ် ပလူတိုနီယမ်တို့ထက် ရေဒီယိုသတ္တိကြွပစ္စည်းတွေကို ပေါင်းစပ်ကာ ‘ညစ်ညမ်းဗုံး’ (dirty bomb) တွေ ပြုလုပ်နိုင်တဲ့ အလားအလာ ရှိတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ညစ်ညမ်းဗုံးတွေဟာ ဘယ်လို မြို့ကြီးပြကြီးကိုမဆို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်၊ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ၊ စီးပွားရေးနဲ့ နိုင်ငံရေးဂယက်တွေလည်း အလွန်ကြီးထွားလာပါမယ်”

    နျူကလီးယားဗုံးကို အသုံးပြုထားတဲ့ တစ်ခုတည်းသော နိုင်ငံကတော့ အမေရိကန်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံ ဟီရိုရှိးမားနဲ့ နာဂါဆာကီမြို့တို့ကို ကြဲချခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အမေရိကန်ဟာ အသင့်ပစ်လွှတ်လို့ရတဲ့ နျူလက်နက် ၂၀၀၀ ခန့်ကို ပိုင်ဆိုင်ပြီး ကမ္ဘာပေါ်မှာ နျူလက်နက်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။

    Ref: Presstv

  • အင်္ဂလန်မှာ ထူးထူးခြားခြားဆောင်ရွက်နိုင်မည့် အခြေအနေ ရှိနေသည်ဟု နည်းပြ ဟဒ်ဆန်ပြော

    အင်္ဂလန်မှာ ထူးထူးခြားခြားဆောင်ရွက်နိုင်မည့် အခြေအနေ ရှိနေသည်ဟု နည်းပြ ဟဒ်ဆန်ပြော

    မတ် ၂၇၊ ၂၀၁၆
    M-Media

    eng

    – ကမ္ဘာ့ချန်ပီယံ ဂျာမနီအသင်းအား နောက်မှလိုက်ကစားကာ အနိုင်ယူပြီးနောက် မိမိတို့ အင်္ဂလန်အသင်းမှာ ထူးထူးခြားခြား ဆောင်ရွက်နိုင်မည့် အနေအထားသို့ ရောက်ရှိနေပြီဟု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရွိုင်ဟဒ်ဆန်က ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် အဆိုပါခြေစမ်းပွဲတွင် ဂျာမနီမှာ တိုနီ ကရုစ်နှင့် မာရီယို ဂိုမက်ဇ်တို့၏ ဂိုးများဖြင့် ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့သော်လည်း၊ အင်္ဂလန်အသင်းက ဟယ်ရီကိန်း၊ ဗာဒီနှင့် အဲရစ် ဒီယရ်တို့က ချေပဂိုးများနှင့် အနိုင်ဂိုးများသွင်းကာ အနိုင်ရရှိခဲ့သည်။

    ဟဒ်ဆန်ကမူ ယူရို ၂၀၁၆ ပြိုင်ပွဲရှိနေသည့် ယခုနှစ်တွင် မိမိတို့ကစားသမားများမှာ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်နေသည်။

    “အကောင်းဆုံးနေ့ရက်တွေ ကျွန်တော့်ရှေ့မှာ ရှိတယ်လို့ အမြဲတမ်း ကျွန်တော် တွေးချင်ပါတယ်။ ဒီညက အကောင်းဆုံးညလားဆိုရင်တော့ – ဟုတ်ပါလို့ ကျွန်တော်ပြောချင်ပါတယ်” ဟု ဟဒ်ဆန်က ပြောကြားခဲ့သည်။

    အင်္ဂလန်အသင်းမှာ ကြီးကျယ်သည့်အခြေအနေသို့ ရောက်ရှိနိုင်မည့်အနေအထားတွင် ရှိနေသလားဟု မေးမြန်းရာတွင် “ရိုရိုးသားသားသားပြောရရင် အခုအချိန်ဟာ ဒီလိုအခြေအနေမျိုး ဖြစ်နေတယ်လို့ ထင်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    Ref: Goal

  • ရုရှားတွင် အစ္စလာမ့်နည်းကျ ဘဏ်တစ်ခု ပထမဆုံး ဖွင့်လှစ်

    ရုရှားတွင် အစ္စလာမ့်နည်းကျ ဘဏ်တစ်ခု ပထမဆုံး ဖွင့်လှစ်

    မတ် ၂၇၊ ၂၀၁၆
    M-Media

    kazan

    – ရုရှားနိုင်ငံတွင် အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းများအတွက် ၀န်ဆောင်မှုပေးမည့် ပထမဆုံး ဘဏ်တစ်ခုကို ကာဇန်မြို့တွင် ကြာသာပတေးနေ့က ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

    အနောက်တိုင်းမှ ငွေကြေးများ ရုရှားသို့ စီးဝင်၍မရအောင် ပိတ်ဆို့မှုများ ပြုလုပ်ထားသောကြောင့် အဆိုပါဘဏ်ကို အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းမှ ရန်ပုံငွေထောက်ပံ့ပေးမှုအောက်တွင် လည်ပတ်မည်ဖြစ်သည်။

    “ကျွန်တော်တို့ဟာ ခက်ခဲတဲ့အခြေအနေကို ဖြတ်သန်းနေရပါတယ်။ အဲဒီလို မလွယ်ကူတဲ့ စီးပွားရေး အခြေအနေတွေက နည်းသစ်လမ်းသစ်တွေ ရှာဖွေဖို့အတွက် ကျွန်တော်တို့ကို တွန်းအားပေးနေပါတယ်။ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းကို လက်ခံဆောင်ရွက်တာဟာ ဒါက ပထမဆုံးပါ။ ရုရှားရဲ့ ဘဏ်လုပ်ငန်း စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီဖြစ်အောင်၊ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းနဲ့လည်း ဆန့်ကျင်မှုမရှိအောင် ၀န်ဆောင်မှုပေးဖို့ ကျွန်တော်တို့ ဆောင်ရွက်ရပါမယ်” ဟု ကာဇန်မြို့တည်ရှိရာ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သမ္မတဖြစ်သူ ရုစ်တမ် မီနီခါနော့ဗ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းမှာ မိမိတို့နိုင်ငံအတွင်းသို့ ဘဏ္ဍာရေးဈေးကွက်အသစ် ရောက်ရှိလာစေရန် ဆွဲဆောင်နိုင်လိမ့်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ယခုဖွင့်လှစ်လိုက်သည့် အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းမှာ တစ်ဦးချင်း၊ စီးပွားရေးလုပ်ငန်းနှင့် နိုင်ငံရပ်ခြား ရင်းနှီးမြှု ပ်နှံသူများအတွက်ပါ ၀န်ဆောင်မှုပေးမည်ဖြစ်သည်။ တာတာစတန်ဒေသ၏ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ အာရ်တမ် ဇက်ဒူနော့ဗ်က အနောက်နိုင်ငံများမှာ ငွေကြေးဆက်သွယ်မှု မလုပ်ခြင်းကြောင့် ရုရှားမှာ မွတ်စလင်နိုင်ငံများ အပါအ၀င် အခြားသောရင်းမြစ်များမှ ဘဏ္ဍာရေးအထောက်အပံ့များကို ရရှိအောင် ဆောင်ရွက်နေရသည်ဟု ပြောကြားခဲ့သည်။

    အစ္စလာမ့်နည်းကျ ဘဏ္ဍာရေးလုပ်ငန်းမှာ ကမ္ဘာပေါ်တွင် အလျင်အမြန်ကြီးထွားလာသည့် လုပ်ငန်းဖြစ်ပြီး နှစ်စဉ် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် ရုရှား၏ ဘဏ်လုပ်ငန်းဥပဒေအရ အစ္စလာမ့်နည်းကျ ဘဏ်လုပ်ငန်းများ အပြည့်အ၀ဆောင်ရွက်ရန်အတွက် မလွယ်ကူသေးသော်လည်း အဆိုပါဥပဒေများကို ပြင်ဆင်ရန်လည်း ဆွေးနွေးနေကြပြီဖြစ်သည်။

    Ref: IINA

  • ကြက်တောင်ချန်ပီယံ ကိုစိုးမြင့်တင် (ခ) ကိုစိုးမြင့်

    ကြက်တောင်ချန်ပီယံ ကိုစိုးမြင့်တင် (ခ) ကိုစိုးမြင့်

    မတ် ၂၆ ၊ ၂၀၁၆
    M-Media
    U Soe Myint
    ဦးဘဦး+ဒေါ်တင်ဦးတို့၏ သားသမီး(၃)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ မန္တလေးဇာတိ ဖြစ်သည်။

    ဒိုင်အိုစီဇင်ကျောင်း (ယခု အ.ထ.က- ၁၀)တွင် ပညာသင်ကြားခဲ့ပြီး ကြက်တောင်အားကစား၌ ထူးချွန်၍ အောင်ကလပ်တွင် ကြက်တောင်ရိုက် စတင်ဆည်းပူးခဲ့သည်။

    ၁၉၈၂ခု တိုင်းနှင့်ပြည်နယ် အားကစားပြိုင်ပွဲ၊ ၁၉၈၃ခု လူငယ်တံခွန်စိုက် တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင် ပွဲတွင် ပထမဆု ရရှိခဲ့သည်။

    ၁၉၈၄ မှ ၁၉၈၇ အထိ ကြက်တောင်ရိုက်ကစားခဲ့ရာ ၁၉၈၇တွင် မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့သည်။

    ၁၉၈၉တွင် ထိုင်းနိုင်ငံ အာရှအားကစားပြိုင်ပွဲသို့ အရွေးခံရသော်လည်း အကြောင်းကြောင်းကြောင့် မသွားရောက်ခဲ့ရပါ။ ထိုနှစ်မှာပင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ အရှေ့တောင်အာရှအားကစားပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။

    ဇနီးဒေါ်ခင်ညိုလှိုင်နှင့် သားသမီး နှစ်ဦး ထွန်းကားခဲ့သည်။

    *2008 ခုနှစ်ထုတ် မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ စိန်ရတု မဂ္ဂဇင်း မှ ကူးယူဖော်ပြသည်။