မတ် ၁၉၊ ၂၀၁၆
M-Media
ကေသီ
.
ရန်ကုန်။ ။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဗုံအိုးကျေးရွာ အပ်ချုပ်တန်းရပ် ရက်ကန်းလွန်မြောက် ဗလီတွင် မတ်လ ၁၉ ရက်နေ့က ဗလီဂေါပကရွေးချယ်ရင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုထိ ဖြစ်ပွားခဲ့သည်ဟု The Voice Weekly မှ မှားယွင်းစွာဖော်ပြခဲ့ပါတယ်။
.
အဆိုပါဖြစ်ရပ်မှန်မှာ ဗလီမြေနေရာ အစိတ်အပိုင်းအချို့ကို ပိုင်ဆိုင်ကြောင်း အမွေဆိုင်များ နှစ်ဦးနှစ်ဖက် အငြင်းပွားရာမှ စကားများရန်ဖြစ်ခဲ့ကြပြီး လူနှစ်ဦးသေဆုံးပြီး လူ (၇) ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
.
The Voice Weekly မှ ဖော်ပြထားသည့် ဗလီဂေါပက ရွေးချယ်ရင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုဆိုသည်မှာ မှားယွင်းနေကြောင်း ဒေသခံတစ်ဦးကဆိုပါတယ်။
.
“သူတို့တွေ မြေနေရာလုရင်း ရန်ဖြစ်ကြတာပါ။ အရင်ကတည်းက ဖြစ်နေတာကြာပြီ။ ဒီနေ့မှ တရားရုံးမှာ အနိုင်အရှုံးပေါ် သွားပြီး နိုင်တဲ့ဘက် နဲ့ ရှုံးတဲ့ဘက် ရန်ဖြစ်ကြတာပါ။ ဂေါပက နေရာလုတာ မဟုတ်ပါဘူး။ ဗလီနဲ့လည်း ဘာမှမဆိုင်ပါဘူး” ဟု ဗုံအိုးကျေးရွာမှ နယ်ခံ တစ်ဦးက M-Media ကိုပြောပါတယ်။
.
ဒဏ်ရာရှိခဲ့တဲ့သူများကိုတော့ မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရှိရပါတယ်။
Blog
-
ဗုံးအိုးကျေးရွာတွင် မြေနေရာ အမွေကိစ္စ အငြင်းပွား ရန်ဖြစ်ရာမှ မှ လူသတ်မှုဖြစ်ပွား၊ The Voice Weekly ဖော်ပြသည့် ဗလီဂေါပက ရွေးရင်းဖြစ်ပွားသည်မှာ မဟုတ်ကြောင်း သိရ
-
တူရကီရှိ အစ္စတန်ဘူလ်မြို့တွင် အသေခံဗုံးပေါက်ကွဲမှု ဖြစ်ပွား
မတ် ၁၉၊ ၂၀၁၆
M-Media– တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့လယ်ကောင် တက်ဆင်မ်ရင်ပြင်ရှိ အစ်တစ်က်လာလ် လမ်းမအနီးတွင် အသေခံဗုံးဖောက်ခွဲမှုဟု ယုံကြည်ရသည့် ပေါက်ကွဲမှုတစ်ခု ယနေ့မနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တူရကီအစိုးရအဖွဲ့ကမူ ထိုပေါက်ကွဲမှုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၇ ယောက်မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု ပြောကြားခဲ့သည်။ ဒဏ်ရာရသူများတွင် အစ္စရေးနိုင်ငံသားများ အပါအ၀င် နိုင်ငံခြားသား ၇ ဦး ပါဝင်ကာ အသေခံဗုံးခွဲသူမှာလည်း တစ်ပါတည်း သေဆုံးခဲ့သည်ဟု ယုံကြည်ရသည်။
ပေါက်ကွဲသည့်အချိန်တွင် အစ်တစ်က်လာလ် လမ်းမ၌ လူစည်ကားသည့်အချိန်ဖြစ်ပြီး ထိုပေါက်ကွဲမှုအတွက် မည်သူကမှ တာဝန်ယူခြင်း မရှိသေးပေ။ ပြီးခဲ့သည့်ရက်ပိုင်းကလည်း မြို့တော်အန်ကာရာတွင် အသေခံဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ပွားခဲ့ပြီး ထိုတိုက်ခိုက်မှုကို ကာ့ဒ်အုပ်စုက ၎င်းတို့ပြုလုပ်သည်ဟု ကြေငြာခဲ့သည်။
တူရကီမှာ အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့ဖြင့် အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို တိုက်ခိုက်နေရပြီး၊ နိုင်ငံအရှေ့တောင်ပိုင်းတွင်လည်း ကာ့ဒ်အဖွဲ့ကို တိုက်ခိုက်နေသည်။
Ref: Aljazeera
-
ရုရှားတွင်ပျက်ကျသည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသူအားလုံး သေဆုံး
မတ် ၁၉၊ ၂၀၁၆
M-Media– ယနေ့မနက်ပိုင်းက ရုရှားနိုင်ငံ ရို့စ်တော့ဗ် အွန် ဒွန်မြို့သို့ ဆင်းသက်ရန်ကြိုးစားစဉ် ပျက်ကျသွားခဲ့သည့် ဒူဘိုင်းလေယာဉ်တွင် လိုက်ပါသွားသူအားလုံး သေဆုံးခဲ့သည်ဟု ရုရှားအားဏာပိုင်များက ပြောကြားလိုက်သည်။
လိုက်ပါသွားသူများမှာ ခရီးသည် ၅၅ ဦးနှင့် လေယာဉ်အမှုထမ်း ၇ ဦး အနည်းဆုံး ၆၂ ဦးရှိပြီး၊ လေယာဉ်မှာ တစ်စစီ ကျိုးပဲ့ပျက်ဆီးသွားခဲ့သည်။
ဒူဘိုင်းမီဒီယာရုံးမှ Twitter စာမျက်နှာ၌ ထုတ်ပြန်မှုတွင် ခရီးသည်များ၏ ၄၄ ဦးမှာ ရုရှားနိုင်ငံသားများဖြစ်ကြပြီး၊ ယူကရိန်းနိုင်ငံသား ၈ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် ဥဇဘက်ကစ္စတန်မှ ၁ ဦးတို့ ဖြစ်ကြသည်ဟု ဖော်ပြထားသည်။ ဘိုးအင်း ၇၃၇ အမျိုးအစားဟု ယူဆရသည့် အဆိုပါ လေယာဉ်မှာ ၂၀၀၉ ခုနှစ်က စတင်ပြေးဆွဲခဲ့သည့် ဒူဘိုင်း လေကြောင်းလိုင်း FlyDubai မှ ဖြစ်သည်။
လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းကို မသိရှိရသေးသော်လည်း ရာသီဥတုဆိုးဝါးမှုက ပျက်ကြရသည့် အကြောင်းအရင်းတစ်ခု ဖြစ်နိုင်သည်ဟု သတင်းဌာနအချို့က ဖော်ပြကြသည်။
Ref: Aljazeera
-
နာရွက်နှင့် နှာခေါင်းများထုတ်လုပ်နိုင်သည့် ဇီဝပရင်တာကို ဆွီဒင်ပညာရှင်များ တီထွင်
မတ် ၁၉၊ ၂၀၁၆
M-Media– လူသား၏ တစ်ရှူးပါဝင်သော မင်ရည်ကို အသုံးပြု၍ အရိုးနုလေးများကို ထုတ်လုပ်ပေးနိုင်သည့် ဇီဝါ 3D ပရင်တာတစ်လုံးကို တီထွင်နိုင်ခဲ့ပြီဟု ဆွီဒင်နိုင်ငံရှိ Wallenberg Wood သိပ္ပံစင်တာမှ သိပ္ပံပညာရှင်များက ယခုတစ်ပတ်အတွင်း ကြေငြာလိုက်သည်။
နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များတွင် တွေ့ရလေ့ရှိသည့် အဆိုပါ အရိုးနုများမှာ ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိ၍ ပျက်ဆီးပါက ဒဏ်ရာမပျောက်တော့ဘဲ အစားထိုးလဲလှယ်ရသည့် အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် ယခုတီထွင်လိုက်သည့် ဇီဝ 3D ပရင်တာမှာ အဆိုပါ အင်္ဂါအစိတ်အပိုင်းများကို မြန်မြန်ဆန်ဆန် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
ယခင်က ထိုကဲ့သို့ ဇီဝ ပရင်တာများကို ထုတ်လုပ်ရန် ကြိုးစားခဲ့သော်လည်း ထွက်လာသည့် ပစ္စည်းများ၏ တည်ဆောက်ပုံမှာ ကြာကြာမခံခဲ့ပေ။ သို့သော်လည်း ယခု ပရင်တာတွင် အသုံးပြုသည့် ဇီဝမင်ရည်က လူ့အရိုးနုတွင်ပါဝင်သော ဆဲလ်ဖြစ်သည့် chondrocytes နှင့် ပေါင်းစပ် ထုတ်လုပ်ထားခြင်းဖြစ်ပြီး နှာခေါင်း၊ နားရွက်နှင့် အဆစ်အမြစ်များကို ထုတ်လုပ်ပြီးပါက ပုံပန်းသဏ္ဍာန်မှာ တာရှည်ခံမည်ဖြစ်သည်။
“သုံးဖက်မြင် ဇီဝ ပရင်တာနည်းပညာဟာ အင်မတန်အကျိုးများတဲ့ နည်းပညာပါပဲ။ ပြီးတော့ တစ်ရှူးထုတ်လုပ်မှု နည်းပညာနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ပြန်လည်ရှင်သန်စေမှု ဆေးပညာကို တော်လှန်ပြောင်းလဲပစ်လိုက်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်က ထိခိုက်မှုတွေ၊ ကင်ဆာတွေကြောင့် ဖျက်ဆီးသွားတဲ့ အစိတ်အပိုင်းတွေကို ပလက်စတစ် ဆာဂျရီနည်းပညာထက် အရိုးနုကိုအသုံးပြုပြီး ဖန်တီးနိုင်ရေးအတွက်ပါပဲ” ဟု ထိုတီထွင်မှုကို ဦးဆောင်ခဲ့သည့် သုတေသနပညာရှင် ပေါလ် ဂါတန်ဟုမ်းက ပြောကြားခဲ့သည်။
အဆိုပါ ဇီဝပရင်တာမှ ထုတ်လုပ်ပေးသော အစိတ်အပိုင်းအချို့ကို ကြွက်များတွင် အောင်မြင်စွာ အစားထိုးနိုင်ခဲ့ပြီး၊ ထပ်မံစမ်းသပ်မှုများ ပြုလုပ်ပြီးပါက လူသားတွင် အစားထိုးရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
Ref: IINA
-
ဗန်ဂါးလ်မှာ ကြုံနေရသည့် အခြေအနေဆိုးကို ကျော်လွှားနိုင်မည်ဟု ပယ်လီဂရီနီပြော
မတ် ၁၉၊ ၂၀၁၆
M-Media– မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်မှာ လက်ရှိတွင် အခြေအနေဆိုးကို ရင်ဆိုင်နေရသော်လည်း ၎င်း၏အတွေ့အကြုံဖြင့် ကျာ်လွှားနိုင်လိမ့်မည်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်သည်။
ပြီးခဲ့သည့် ကြာသာပတေးနေ့က ယူရိုပါလိဂ်တွင် လီဗာပူးလ်အား ရှုံးနိမ့်ကာ ထွက်ခွာခဲ့ရပြီးနောက် ဗန်ဂါးလ်အား အသင်းမှနှုတ်ထွက်ရန် ဆော်သြမှုများမှာ မြင့်တက်လာခဲ့သည်။ ဗန်ဂါးလ်ကလည်း ၎င်း၏စိတ်ပျက်မှုကို ယခင်က ၎င်း၏ မိတ်ဆွေများ၊ မိသားစုများကို ဖွင့်ဟပြောကြားခဲ့ဖူးပြီး ပယ်လီဂရီနီကမူ ထိပ်တန်းအသင်းများမှ နည်းပြများမှာ ရလဒ်ဆိုးများအတွက် ဝေဖန်မှုဒဏ်ကို ခံနိုင်ရမည်ဟု ဆိုသည်။
“လူးဝစ်ဗန်ဂါးလ်ဟာ အတွေ့အကြုံ တော်တော်များများရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အသင်းကြီးတွေကို နည်းပြတဲ့အခါ ပွဲမနိုင်တဲ့အချိန် ဝေဖန်မှုခံရမှာကို ကြိုတွက်ထားရမှာပါ။ ဒီအခြေအနေကို စီမံနိုင်ဖို့ သူ့မှာ အတွေ့အကြုံရှိပါတယ်” ဟု ပယ်လီဂရီနီက သတင်းထောက်များအား ပြောကြားခဲ့သည်။
မန်စီးတီးနှင့် မန်ယူတို့မှာ မနက်ဖြန်တွင် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
Ref: Goal