News @ M-Media

Blog

  • တတ်သိညာရှင်များကို အကျဥ်းချမှုတွင် မြန်မာက တတိယချိတ်

    တတ်သိညာရှင်များကို အကျဥ်းချမှုတွင် မြန်မာက တတိယချိတ်

    ဧပြီ ၁၄၊ ၂၀၂၂

    M-Media 


    -တစ်ကျော့ပြန် စစ်အာဏာရှင်လက်အောက်မှာ မြန်မာနိုင်ငံဟာ စာရေးဆရာ၊ ဂျာနယ်လစ်နဲ့ တတ်သိပညာရှင်တွေကို ဖမ်းဆီးအကျဥ်းချမှုမှာ တရုတ်နဲ့ ဆော်ဒီအာရေဗျပြီးရင် တတိယအများဆုံး နိုင်ငံအဖြစ် မှတ်တမ်း၀င်လာပါတယ်။ 

    ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ ဂျာနယ်လစ်နဲ့ တတ်သိပညာရှင် အနည်းဆုံး ၂၇၇ ဦး ဖမ်းဆီးအကျဥ်းချခံခဲ့ရတာပါ။ 

    အာဏာသိမ်းမှုဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ဂျာနယ်လစ်တွေ၊ တတ်သိပညာရှင်တွေ ဖမ်းဆီးခံရမှု အများအပြား ဖြစ်ပေါ်ခဲ့ကာ စာရေးဆရာ အနည်းဆုံး ၂၆ ဦး ထောင်ချခံခဲ့ရပါတယ်။ 

    စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေနဲ့ တတ်သိပညာရှင်တွေကို ဖမ်းဆီးအကျဥ်းချကာ လွတ်လပ်စွာ ပြောဆိုမှုကို ပိတ်ပင်ရာမှာ တရုတ်နိုင်ငံက အဆိုးဆုံးဖြစ်ပြီး၊ ဒုတိယက ဆော်ဒီအာရေဗျနိုင်ငံ ဖြစ်ပါတယ်။ 

    မြန်မာက တတိယလိုက်ပြီး ကမ္ဘာတစ်၀ှမ်း တတ်သိပညာရှင်တွေ ဖမ်းဆီးအကျဥ်းချမှု အားလုံးရဲ့ထက်၀က်ကျော်ဟာ ဒီ ၃ နိုင်ငံမှာ ဖြစ်ပွားတာပါ။  

    Ref: PEN 

  • ပူတင်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်းနေသည်ဟု ဘိုင်ဒန်ပြော

    ပူတင်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်းနေသည်ဟု ဘိုင်ဒန်ပြော

    ဧပြီ ၁၃၊ ၂၀၂၂

    M-Media


    – ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်ဟာ ယူကရိန်းမှာ လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်နေတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။

    ရုရှားဟာ လက်ရှိမှာ ယူကရိန်းအရှေ့ပိုင်းကို ထိုးစစ်ဆင်နေပြီး အရပ်သားတွေ သတ်ဖြတ်မှု အများအပြား ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာ ဖြစ်ပါတယ်။ 

    မနေ့က အိုင်အို၀ါမြို့ မိန့်ခွန်းမှာ သမ္မတဘိုင်ဒန်က ကမ္ဘာတစ်ခြမ်းမှာ စစ်တိုက်ကာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သူကြောင့် အမေရိကန် ပြည်သူတွေရဲ့ အသုံးစားရိတ် ထိခိုက်စရာ အကြောင်းမရှိဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဘိုင်ဒန်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ပူတင်ကို စစ်ရာဇ၀တ်ကောင်အဖြစ် ခေါ်၀ေါ်ခဲ့ပြီး၊ အခုတစ်ကြိမ်မှာတော့ ပိုမိုပြင်းထန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှု စကားလုံးကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

    ပူတင်ရဲ့လုပ်ရပ်ဟာ ယူကရိန်းလူမျိုးဆိုတဲ့ အမှတ်သညာကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှု အမှန်တကယ် မြောက်၊ မမြောက် ရှေ့နေတွက ဆုံးဖြတ်မှာဖြစ်ပေမယ့် မိိမိအတွက်ကတော့ ပူတင်ဟာ လူမျိုးတုန်းသတ်ဖြတ်နေတာလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

    ရုရှားစစ်သားတွေဟာ ယူကရိန်းမှာ အရပ်သားတွေကို အစုလိုက်ပြုံလိုက် သတ်ဖြတ်တာ၊ အမျိုးသမီးတွေကို အဓမ္မကျင့်တာ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း အများအပြား ထွက်ပေါ်နေပါတယ်။ 

    Ref: Aljazeera 

  • ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များ အဓမ္မကျင့်သည့်သတင်းများ ထွက်ပေါ်

    ယူကရိန်းတွင် ရုရှားတပ်ဖွဲ့များ အဓမ္မကျင့်သည့်သတင်းများ ထွက်ပေါ်

    ဧပြီ ၁၂၊ ၂၀၂၂

    M-Media 


    -ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းအမျိုးသမီးတွေအပေါ် အဓမ္မကျင့်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မှတ်တမ်းတွေ အများအပြား ရရှိထားတယ်လို့ ယူကရိန်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ကုလလုံခြုံရေးကောင်စီ အစည်းအ၀ေးမှာ ပြောကြားလိုက်ပါတယ်။  

    La Strada-Ukraine အဖွဲ့  ဥက္ကဌ ကတ်တာရီနာ ချီရီပက်ဟာက ရုရှားစစ်သားတွေရဲ့ အဓမ္မကျင့်မှု ၉ ခုအကြောင်း တိုင်ကြားမှု ရရှိထာပြီး ပြုကျင့်ခံရသူတွေဟာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ် စုစုပေါင်း ၁၂ ယောက်ဖြစ်တယ်လို့ ပြောပါတယ်။ 

    “ဒါဟာ အစပဲရှိသေးပြီး နောက်ထပ် အများကြီး ရှိအုံးမှာပါ။ ကျွန်မတို့ သိနေတယ်၊ မြင်နေရတယ်။ ကျွန်မတို့ရဲ့အသံကိုလည်း ကြားစေချင်ပါတယ်။ ယူကရိန်းမှာ ရုရှားကျူးကျော်သူတွေဟာ အဓမ္မကျင့်မှုကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေပါတယ်”

    ရုရှားတပ်ဖွဲ့တွေဟာ အုပ်စုဖွဲ့အဓမ္မကျင့်မှု၊ ကလေးငယ်တွေအရှေ့မှာ အဓမ္မကျင့်မှုအပါအ၀င် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေအတွက် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

    စုံစမ်းစစ်ဆေးမှုမှာ ယူကရိန်းတပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲမှုတွေလည်း ပါ၀င်ပါတယ်။ 

    ကုလဆိုင်ရာ ရုရှားသံအမတ် ဒီမီထရီ ပိုလီယန်စကီးက ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီး အနောက်နိုင်ငံတွေဟာ ရုရှားစစ်သားတွေကို မုဒိမ်းကောင်တွေအဖြစ် ပုံဖော်နေတယ်လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

    Ref: Reuters  

  • အိန္ဒိယတွင် ပေ ၆၀ ရှည်သည့် တံတားတစ်စင်း ဖြုတ်ခိုးခံရ

    အိန္ဒိယတွင် ပေ ၆၀ ရှည်သည့် တံတားတစ်စင်း ဖြုတ်ခိုးခံရ


    ဧပြီ ၁၂၊ ၂၀၂၂

    M-Media 


    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာ ပေ ၆၀ ရှည်တဲ့ သံတံတားတစ်ခု ပြီးခဲ့တဲ့တစ်ပတ်က ဖြုတ်ခိုးခံလိုက်ရပါတယ်။ 

    ဆာဆာရမ်မြို့နားက ချောင်းတစ်ခုကို ဖြတ်ဆောက်ထားတဲ့ တံတားဟောင်း  ဖြုတ်ခိုးခံရမှုကို အစိုးရ ဆည်မြောင်းဌာနမှာ အချိန်ပိုင်း အလုပ်လုပ်တဲ့ အာရ်ဗင် ကူးမားဆိုသူက ဦးဆောင်တာပါ။ 

    ကူးမားတို့အဖွဲ့ဟာ သံဖြတ်စက်တွေ၊ မြေတူးစက်တွေနဲ့ ၃ ရက်တိုင်တိုင် မနက် ၇ နာရီကနေ ညနေအထိ ထင်ထင်ပေါ်ပေါ်ပဲ တံတားကို တစ်စစီ ဖြုတ်ယူသွားတာ ဖြစ်ပါတယ်။ 

    ပေ ၆၀ ရှည်ပြီး ၁၂ ပေမြင့်တဲ့ အဲဒီသံတံတားကို ၁၉၇၆ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး၊ အနားမှာ ကွန်ကရစ်တံတားသစ် ဆောက်ပြီးတဲ့ ၂၀၀၀ ပြည့်နှစ်တွေကတည်းက အသုံးပြုမှု ရပ်ဆိုင်းခဲ့ပါတယ်။ 

    တံတားဟောင်းဟာ ပြည်သူတွေအတွက် အန္တရာယ်ရှိတာကြောင့် ဖယ်ရှားပေးဖို့ ဒေသခံတွေက အစိုးရကို စာပို့ မေတ္တာရပ်ခံထားပြီး ကူးမားတို့အဖွဲ့ ခိုးယူတာကို အစိုးရက ဖယ်ရှားပေးတာလို့သာ ဒေသခံတွေက ထင်မြင်နေကြတာ ဖြစ်ပါတယ်။ 

    “ခိုးသွားတယ်လို့ ဘယ်သူမှ မထင်ကြဘူး။ မနက်ဆို ကျွန်တော် နေ့တိုင်း လမ်းလျှောက်တယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက သူတို့အဖွဲ့ တံတားဖြုတ်နေတာကို တွေ့တယ်။ ရွာကလူတွေအားလုံးလည်း သူတို့ကို တွေ့ပါတယ်” လို့ တံတားနဲ့ မီတာ ၂၀၀ အကွာမှာနေတဲ့ ဒေသခံသတင်းထောက် ဂျီတန်ဒရာဆင်းက ပြောပါတယ်။ 

    တံတားဖယ်ရှားရေး အစိုးရက တင်ဒါခေါ် ဆောင်ရွက်ရတာဖြစ်ပြီး၊ ဒီလုပ်ငန်းစဥ်အတိုင်း မလုပ်တာကို ဒေသခံတွေက မေးမြန်းရာကနေတစ်ဆင့် တံတားခိုးမှု ပေါ်ပေါက်ခဲ့တာပါ။ 

    တံတားကို ဖြုတ်ယူပြီး သံတိုသံစ၀ယ်တဲ့ဆိုင်မှာ သွားရောင်းခဲ့တဲ့ ကူးမားနဲ့ အပေါင်းအပါ ၈ ဦးကို ဘီဟာရ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ 

    အိန္ဒိယနိုင်ငံတစ်၀ှမ်းမှာ သံထည်ပစ္စည်းခိုးယူခံရမှုတွေဟာ ပုံမှန်လို ဖြစ်ပွားနေပြီး သံပိုက်တွေ၊ မြောင်းအဖုံး၊ ရထားအိမ်သာက သံခွက်တွေပါ အခိုးခံရလေ့ရှိပါတယ်။ 

    Ref: BBC 

  • ဘိုးအင်းနှင့်ပေါင်း၍ ဆော်ဒီက လေကြောင်းကာကွယ်ရေး အဆင့်မြှင့်မည်

    ဘိုးအင်းနှင့်ပေါင်း၍ ဆော်ဒီက လေကြောင်းကာကွယ်ရေး အဆင့်မြှင့်မည်

    ဧပြီ ၁၁၊ ၂၀၂၂

    M-Media


    -ဆော်ဒီအစိုးရပိုင် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း SAMI ဟာ အမေရိကန် လေယာဥ်ကုမ္ပဏီ ဘိုးအင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ 

    သဘောတူညီချက်အရ ဘိုးအင်းကုမ္ပဏီဟာ ဆော်ဒီ လေကြောင်းကာကွယ်ရေး ကဏ္ဍအားလုံးအတွက် ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပါတယ်။ 

    SAMI လုပ်ငန်းရဲ့ ဥက္ကဌ အဟ်မဒ် အလ်-ခါတစ်ဘ်က အခု ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံရဲ့တိုးတက်လာတဲ့ လကြောင်းကဏ္ဍရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး လာမယ့်နှစ်အနည်းငယ်အတွင်း အောင်မြင်မှုအသီးအပွင့်တွေကို မြင်ရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    ၂၀၃၀ မှာ နိုင်ငံက လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းရဲ့ ၅၀ ရာခိုနှုန်းကို ပြည်တွင်းမှာထုတ်လုပ်ဖို့ ဆော်ဒီအစိုးရက ပစ်မှတ်ထားနေတဲ့အချိန် ဘိုးအင်းကုမ္ပဏီဟာ ဆော်ဒီအာရေဗျက သူတို့ရဲ့ လုပ်သားအင်အားကို ၅၀ ရာခိုင်နှုန်းအထိ ချဲ့ထွင်ဖို့ စီစဥ်နေပါတယ်။ 

    Ref: Arab News