ဖေဖော်ဝါရီ ၂၈၊ ၂၀၁၆
M-Media
– အီရန်နိုင်ငံတွင် ပြုလုပ်နေသည့် ပါလီမန်ရွေးကောက်ပွဲတွင် ကနဦးရလဒ်များအရ သမ္မတရူဟာနီဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးသမားများက အသာရနေသည်ဟု သိရသည်။
ယနေ့မနက် ဒေသစံတော်ချိန် ၉ နာရီ ရလဒ်များရ မြို့တော်တီဟီရန်ရှိ ပါလီမန်နေရာ ၃၀ စလုံးအတွက် ပြုပြင်ပြောင်းလဲရေး ကိုယ်စားလှယ်များက အနိုင်ရရှိထားပြီး တိုင်းပြည်၏ နောက်ထပ် အဓိပတိကို ရွေးချယ်ကောက်တင်မြှောင်ပိုင်ခွင့်ရှိနေသည့် ပညာရှင်များကောင်စီတွင်လည်း ရူဟာနီနှင့် ၎င်း၏ မဟာမိတ် သမ္မတဟာင်း ဟာရှီမီ ရက်ဖ်ဆန်ဂျာနီတို့က အနိုင်ရရှိသူများတွင် ဦးဆောင်နေသည်။
သို့သော်လည်း တိုင်းပြည်ရှိ အခြားအစိတ်အပိုင်းများတွင် ထိုကဲ့သို့ရလဒ်မျိုး ဖြစ်လာမည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ Reuters သတင်းဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ရလဒ်အချို့ကို ဖော်ပြခဲ့ရာတွင် ပါလီမန်နေရာ ၂၉၀ တွင် သဘောထားတင်းမာသူများက ၁၀၆ နေရာ၊ ပြုပြင်ပြောင်းလဲရေးသမားများက ၇၉ နေရာနှင့် တစ်သီးပုဂ္ဂလက ၄၄ နေရာ ရရှိထားသည်ဟု သိရသည်။
လက်ရှိအချိန်တွင် အီရန်ပါလီမန်ကို သဘောထားတင်းမာသူများက ချုပ်ကိုင်ထားပြီး ၎င်းတို့အားနည်းလာမှုက နျူ ကလီးယား သဘောတူညီချက်နောက်ပိုင်း နိုင်ငံခြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် သမ္မတရူဟာနီက လက်ကမ်းကြိုဆိုမှုကို ခိုင်မာစေမည်ဖြစ်သည်။
Ref: Aljazeera