ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
M-Media
– လူ့ရဲ့ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ကိုလက်စထရောတွေကို ထောပတ်သီးက သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုအသစ်အရ တွေ့ရှိရပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Hass Avocado Board အဖွဲ့က သိပ္ပံပညာရှင်တွေရဲ့ စမ်းသပ်မှုအရ ဒီလို တွေ့ရှိခဲ့ရတာဖြစ်ပြီး အဆီကျစေတာအပြင် ထောပတ်သီးဟာ နှလုံးရောဂါ ဖြစ်နိုင်ချေကိုပါ လျှော့ချပေးတယ်လို့ ဆိုပါတယ်။ အဖွဲ့ရဲ့အုပ်ချုပ်မှုဒါရိုက်တာ အမီလီယာနို အက်စ်ကိုဘီဒိုက “နေ့စဉ်စားသုံးတဲ့ အစားအသောက်ပုံစံမှာ လတ်ဆတ်တဲ့ထောပတ်သီးတွေဟာ အကျိုးကျေးဇူး အများကြီးရှိတယ်ဆိုတာ ယခုလေ့လာမှုက သက်သေပြလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီတွေ့ရှိချက်ကို Jornal of Clinical Lipidology မှာ ဖော်ပြခဲ့တာဖြစ်ပြီး ထောပတ်သီးဟာ အဆီခဲကို ပျော်စေနိုင်တယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက စံချိန်မီ ထောပတ်သီး ၁၀ လုံးနဲ့ လူ ၂၂၉ ယောက်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး ကိုလက်စထရောအပေါ်မှာ ထောပတ်သီးရဲ့အကျိုးသက်ရောက်မှုကို စောင့်ကြည့် တိုင်းတာခဲ့ကြပါတယ်။
တစ်နေ့ကို ထောပတ်သီးတစ်လုံးကနေ တစ်လုံးခွဲအထိ စားသုံးခြင်းက ကိုလက်စထရော စုစုပေါင်းကို သိသိသာ
သာကျဆင်းစေတဲ့အကြောင်း တွေ့ရှိခဲ့ကြပါတယ်။ Hass Avocado Board အဖွဲ့က အာဟာရဆိုင်ရာ ဒါရိုက်တာ ဒေါက်တာနစ်ကီဖို့ဒ်က “ထောပတ်သီးဟာ အာဟာမျှတစွာ စားသောက်မှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်း၊ ကိုလက်စထရောကင်း အစားထိုးအစားအစာဖြစ်သလို ပုံမှန်ကိုလက်စထရောအဆင့် ရှိနေအောင် ထိန်းသိမ်းဖို့အတွက် အကူအညီဖြစ်စေတဲ့ အသီးလည်းဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Ref: IINA