News @ M-Media

Blog

  • အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်ကွင်းလယ်လူပြော

    အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်ကွင်းလယ်လူပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    modric

    – မိမိအလုပ်လုပ်ခဲ့ဖူးသည့် နည်းပြများတွင် ကားလို့စ် အန်ဆယ်လော့တီမှာ အကောင်းဆုံးနည်းပြဖြစ်သည်ဟု ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ လူကာမိုဒရစ်က ဖွင့်ဟပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် မိုဒရစ်မှာ ၂၀၁၂ ခုနှစ်တွင် ဘာနေဗျူးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အန်ဆယ်လော့တီ၊ မော်ရင်ဟို၊ ဘင်နီတက်ဇ်နှင့် ဇီဒိန်းတို့၏ လက်အောက်တွင် ကစားခဲ့ဖူးသည်။ မည်သည့်နည်းပြက ၎င်းအပေါ် လွှမ်းမိုးမှုရှိသနည်းဟု မေးမြန်းရာတွင် မိုဒရစ်မှာ အန်ဆယ်လော့တီအား ချွင်းချက်မရှိ ထောက်ပြခဲ့သည်။

    “ရီးယဲလ်မှာ ကျွန်တော်ကစားခဲ့ရတဲ့ နည်းပြလေးယောက်စလုံးနဲ့ ကျွန်တော်ဟာ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တိုးတက်ဖို့အတွက် သူတို့အားလုံးက ကူညီခဲ့ကြတယ်။ ဒါပေမယ့် အကောင်းဆုံးကို ရွေးရရင်တော့ အန်ဆယ်လော့တီကို ရွေးမှာပါ” ဟု မိုဒရစ်က ပြောကြားခဲ့သည်။

    ဇီဒိန်းလက်အောက်တွင် ရီးယဲလ်မှာ ပြန်လည်ဦးမော့လာသည်ဟု ပြောကြားမှုများ ရှိနေပြီး မိုဒရစ်ကလည်း ထိုပြောကြားမှုကို လက်ခံခဲ့သည်။

    “သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဆိုတာ လူတိုင်း သိကြပါတယ်။ သူ့ဆီက ကျွန်တော် အများကြီး သင်ယူနိုင်ခဲ့တယ။် အခုအချိန်အထိတော့ သူဟာ တော်တော်လေးကောင်းမွန်အောင် လုပ်နိုင်နေပါတယ်။ မန်နေဂျာတစ်ယောက်အဖြစ် အောင်မြင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်”

    Ref: Goal

  • လူမျိုးရေး ခွဲခြားစော်ကားခံရသူများအတွက် အကူအညီပေးရေးဖုန်းလိုင်းကို ယူကေမွတ်စလင်အဖွဲ့တစ်ခုက စီစဉ်နေ

    လူမျိုးရေး ခွဲခြားစော်ကားခံရသူများအတွက် အကူအညီပေးရေးဖုန်းလိုင်းကို ယူကေမွတ်စလင်အဖွဲ့တစ်ခုက စီစဉ်နေ

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    uk anti

    – လူမျိုးရေးခွဲခြားခံရသူတွေ၊ ဘာသာရေးအရ စော်ကားခံရသူတွေအနေနဲ့ အကူအညီတောင်းခံနိုင်မယ့် ဖုန်းလိုင်းတစ်ခုကို အင်္ဂလန်က ဗလီဝတ်ကျောင်းတော်များ ကိုယ်စားပြုတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့က ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ စီစဉ်ပေးဖို့ ဆောင်ရွက်နေပါတယ်။

    လန်ကာရှိုင်းယားမွတ်စလင်များကောင်စီ (LCM) အဖွဲ့က စီစဉ်နေတာဖြစ်ပြီး ကောင်စီဥက္ကဌ အဘ်ဒူလ် ဟာမစ်ဒ် ကူရာရှီက လူတော်တော်များများဟာ ရဲဌာနရဲ့ လုပ်ရပ်တွေကို အယုံအကြည်မရှိတဲ့အတွက်ကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဇူလိုင်လကနေ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလအတွင်း အမုန်းရာဇ၀တ်မှု ၁၂၄ ခုလောက် ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကူရာရှီကတော့ တကယ်လက်တွေ့ ဖြစ်ပွားနှုန်းဟာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။ ဒေသန္တရ ရာဇ၀တ်မှုဆိုင်ရာရဲမင်းကြီး ကလိုက်ဗ် ဂရန်းရှောကတော့ အမုန်းရာဇ၀တ်မှုတွေဟာ သူတို့ အဓိကထား ကိုင်တွယ်နေတဲ့ အမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အကြောင်းအမျိုးမျိုးကြောင့် မွတ်စလင်တွေဟာ ရဲတပ်ဖွဲ့ကို အယုံအကြည် သိပ်မရှိကြပါဘူး။ တစ်ခါတစ်ရံ အဖြစ်အပျက်တစ်ခုကို ရဲတိုင်တဲ့အခါ ရဲတွေက အရေးမပါတာတွေကိုပဲ မေးမြန်းကြပါတယ်၊ ဒါကြောင့် သူတို့ကို အားကိုးလို့ မရနိုင်ဘူးလို့ မှတ်ယူထားကြပါတယ်” လို့ ကူရာရှီက ဆိုပါတယ်။

    အစ္စလာမ်ကြောက်ရောဂါနဲ့ပက်သက်ပြီး ဂရန်းရှောက “လူတွေကို ပူးပေါင်းပါဝင်စေချင်ပါတယ်၊ အကူညီပေးလို့ရအောင်လို့ နှောင့်ယှက်ခံရသူတွေရဲ့ အသံတွေကို လွှင့်ထုတ်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်

    အခုအကူအညီပေးရေး ဖုန်းလိုင်းဟာ ပေါင် ၄၀၀၀ ခန့် ကုန်ကျခဲ့ပြီး ရဲတပ်ဖွဲ့က တစ်စိတ်တစ်ပိုင်း ထောက်ပံ့ ပေးထားကာ ဖေဖော်ဝါရီလ အဆုံးပိုင်းလောက်မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အဲဒီဖုန်းလိုင်းဟာ အင်္ဂလန်မှာ မွတ်စလင်ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုရဲ့ ပထမဆုံး အကူအညီပေးရေး ဖုန်းလိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

    အဲဒီဖုန်းလိုင်းကို ဗလီနဲ့ မဒရ်ဆာကျောင်း ပေါင်း၁၀၀ ကျော်မှာ အသုံးပြုနိုင်ဖို့ LCM က စီစဉ်နေပါတယ်။

    ရုံးဖွင့်ရက်တွေမှာ တစ်နေ့လေးနာရီခန့် လိုင်းဖွင့်ထားမှာ ဖြစ်ပြီး လူထုအနေနဲ့ နှုတ်နဲ့သော်လည်းကောင်း ကိုယ်ထိလက်ရောက်သော်လည်း မည်သည့်ပုံစံမျိုးနဲ့မဆို စော်ကားမှုတွေကို ရဲတပ်ဖွဲ့ရဲ့ သင်တန်းပေးလေ့ကျင့်ထားသူများထံ သတင်းပေးပို့ တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။

    ဖုန်းခေါ်ဆိုမှုတွေကို အမည်ဖော်ပြ၍ဖြစ်စေ၊ အမည်မဖော်ပြဘဲနဲ့ ဖြစ်စေ ခေါ်ဆိုနိုင်မှာဖြစ်ပြီး အခင်းဖြစ်ပွားမှုအသေးစိတ်ကို ခေါ်ဆိုသူရဲ့ ခွင့်ပြုချက်နဲ့ ရဲတပ်ဖွဲ့ကို ပေးပို့တိုင်ကြားသွားမှာ ဖြစ်ပါတယ်။

    Ref: IINA

  • ယခုနှစ်တွင် အာဆင်နယ် ဖလားမရပါက ကပ်ဆိုက်မှုဖြစ်မည်ဟု လက်စတာနည်းပြော

    ယခုနှစ်တွင် အာဆင်နယ် ဖလားမရပါက ကပ်ဆိုက်မှုဖြစ်မည်ဟု လက်စတာနည်းပြော

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၆
    M-Media

    leis 3

    – ယခုနှစ်တွင် အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်ဖလား မရရှိပါက ကပ်ဆိုက်မှု ဖြစ်လိမ့်မည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် ခြေစွမ်းကောင်းများပြသကာ ထိပ်ဆုံးနေရာကို ရယူထားသည့် လက်စတာနှင့် တတိယနေရာမှ အာဆင်နယ်မှာ ယခုတစ်ပတ် ပရီးမီးယားလိဂ်တွင် ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။ ရာနီယေးရီကမူ အာဆင်နယ်၏ အားနည်းချက်ကို ထိုးနှက်ခဲ့သည်။

    “ဒီပွဲက သူ့အတွက် အဓိကပွဲ ဖြစ်မှာဖြစ်ပြီး ကျွန်တော်တို့အတွက်တော့ မဟုတ်ပါဘူး။ အာဆင်နယ်မှာ ဖိအားရှိနေပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့အသင်းဟာ နှစ်စဉ် ငွေကြေးအမြောက်အများ သုံးစွဲထားပြီး ဖလားမရရင်တော့ ကပ်ဆိုက်မှုပဲဖြစ်မှာပါ။ လူတွေက အစတုန်းကတော့ “အေးလေ – လက်စတာဟာ သိပ်မကြာခင်မှာ အောက်ရောက်သွားမှာပါကွာ” လို့ ပြောကြပါတယ်။ အခုသော အချို့က လက်စတာဟာ ပရီးမီးယားလိဂ်ရနိုင်တယ်လို့ ထည့်တွက်လာကြပါပြီ။ ကျွန်တော်တို့အလုပ်က ပြီးသွားပြီဗျ။ ဒီထက်ပိုရရင်တော့ ပိုကောင်းတာပေါ့လေ” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • RCSS/SSA မှ ရုံးခန်းသစ်ဖွင့်ပွဲနှင့် လူမျိုး ဘာသာပေါင်းစုံမှ အလှူရှင်များအား ဂုဏ်ပြုပွဲပြုလုပ်

    RCSS/SSA မှ ရုံးခန်းသစ်ဖွင့်ပွဲနှင့် လူမျိုး ဘာသာပေါင်းစုံမှ အလှူရှင်များအား ဂုဏ်ပြုပွဲပြုလုပ်

    ဖေဖော်ဝါရီ ၁၂ ၊ ၂၀၁၆
    M-Media
    စိုင်းအောင်ထက် ပေးပို့သည်

    12698823_933134620097867_1949540290_o
    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)၌ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေး ကောင်စီ (RCSS/SSA) ၏ ရှမ်းပြည်အရှေ့ပိုင်း ဆက်ဆံရေး ရုံးခန်းသစ် ဖွင့်ပွဲ နှင့် လူမျိုး ဘာသာပေါင်းစုံမှ အလှူရှင်များအား ဂုဏ်ပြု တည်ခင်းဧည့်ခံခြင်း အခမ်းအနားတရပ်ကို ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညနေ ၀၅၀၀ နာရီက ကျိုင်းတုံမြို့ စိတ်တိုင်းကြ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    အခမ်းအနားသို့ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အလှူရှင်များ ၊ ဒေသခံ အစ္စလာမ်ဘာသာဝင် ၊ခရစ်ယာန် ဘာသာဝင် အစရှိသည့် ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်နှင့် ဖိတ်ကြားထားသည့် အထူး ဧည့်သည်တော်များ၊ တက်ရောက်ခဲ့ကြပါတယ်။

    အခမ်းအနားတွင် (RCSS/SSA)မှ ဒု-ဗိုလ်မှူးကြီး စဝ်ကျိုးမိုန်းက  ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ အချင်းချင်း စည်းလုံး ညီညွှတ်စွာ တိုင်ပင်ဖို့ လိုကြောင်း၊ ဘာသာကွဲ၊ လူမျိုးကွဲ? ကပြား အစွဲမထားဘဲ တမြေထဲနေ တရေထဲသောက် ညီရင်း အကို မောင်ရင်းနှမတွေ အဖြစ်သဘောထားဖို့ လိုအပ်ကြောင်း၊ထိုသို့မဟုတ်ပါက လိုရာပန်းတိုင်သို့ ရောက်ရှိနိုင်တော့မည်မဟုတ်ကြောင်း အခုလို အခမ်းအနားကို တက်ရောက်လာတဲ့ အတွက် အလှူရှင်အားလုံးကို အထူး ကျေးဇူးတင်ရှိကြောင်း အသက်ရှည်၊ ကျန်းမာ အနာမဲ့စေရေး ဆုတောင်းပဌာနာပြုပါကြောင်း ပြောကြားခဲ့ပါတယ်။

    အဲဒီနောက် အခမ်းအနားကို တက်ရောက်လာသူများ စားသောက်ဖွယ်ရာများနှင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

    12675232_933134423431220_1249961259_o

    12674995_933144956763500_535165154_o
    Muslim ကိုယ်စားလှယ်အဖွဲ့ကို စဝ်စိုင်းလုံမှ ဧည့်ခံစဉ်

    12696325_933134443431218_1955278475_o

    12695628_933148186763177_855093030_o
    တရုတ်လူမျိုးစု ကိုယ်စားလှယ်တော်များနှင့် ရင်းရင်းနှီးနှီး

    12695306_933134576764538_1472440347_o

  • “အားလုံးဟာ နိုင်ငံရဲ့ အစိတ်အပိုင်း အဖြစ်ခံယူမှ ပြည်ထောင်စုဖြစ်မယ် ငြိမ်းချမ်းရေးရမယ်”

    “အားလုံးဟာ နိုင်ငံရဲ့ အစိတ်အပိုင်း အဖြစ်ခံယူမှ ပြည်ထောင်စုဖြစ်မယ် ငြိမ်းချမ်းရေးရမယ်”

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆
    M-Media
    သတင်း/ဓါတ်ပုံ- သူရိန်

    1455292488214
    ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သော (၆၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ(ဘာသာရေး) အဖွဲ့ မမလ ဌာနချုပ်မှာ စာပေဟောပြောပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

    ဟောပြောပွဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘလောဂါ နေဘုန်းလတ် မှ ပြည်ထောင်စုအဖြစ် တည်ဆောက် လိုလျှင် အားလုံးဟာ part of the nation (တနည်းအားဖြင့် နိုင်ငံရဲ့ အစိတ်အပိုင်း) အဖြစ် ခံယူထားသင့်ကြောင်း ဆော်သြလိုက်ပါတယ်။

်”ပြည်ထောင်စု အနေနဲ့သွားမယ်ဆိုရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ငြိမ်းချမ်းရေးလိုချင်တယ် ဆိုရင် ဒီထဲမှာ ရှိနေတဲ့ သူတွေအားလုံး ဘာသာတွေရော လူမျိုးတွေရော ယုံကြည်မှုတွေရော အဲ့ဒါတွေကို ခဏဖယ်ထားပြီး အားလုံးဟာ part of the nation ဖြစ်တယ်ဆိုတဲ့ သဘောတရားမျိုး ရင်ထဲမှာ ကိန်းအောင်းနိုင်မှ ပြည်ထောင်စု ဖြစ်မယ် ၊ ငြိမ်းချမ်းရေးရမယ်” ဟု ကိုနေဘုန်းလတ်က ပြောပါတယ်။

    ဆက်လက်၍ ၎င်းက “ငါတို့က အိမ်ရှင် သူတို့ကတော့ ဧည့်သည်ဆိုတဲ့ အမြင်မျိုးရှိနေတဲ့ သူတွေများနေတယ်ဆိုရင်တော့ တိုင်းပြည်က ပြည်ထောင်စုလည်း ဖြစ်မှာမဟုတ်ဘူး။ ငြိမ်းချမ်းမှာလည်း မဟုတ်ဘူး” လို့ သုံးသပ်ပြောကြားပါတယ်။

    1455292691716

    အလားတူ နိုင်ငံရေး အကျဉ်းသားများအကြောင်း အထူးပြုရေးသားနေသော စာရေးဆရာမ နှင်းပန်းအိမ်မှလည်း သူမကြုံတွေ့ခဲ့ရသော နိုင်ငံရေး အကျဉ်းသားများရဲ့ ဘဝများ၊ နိုင်ငံအတွက် လူမျိုးဘာသာပေါင်းစုံတို့ရဲ့ ကြိုးပမ်းချက်များကို ဟောပြောတင်ပြပါတယ်။

    ” ဒီကနေ ကျွန်မတို့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းလာတယ်လို့ ဆိုခဲ့ရင် အဲ့ဒီမှာ အစ္စလာမ်ဘာသာဝင်တွေ ရဲ့ နိုင်ငံရေးနိုးကြားမှု အများကြီးပါပါတယ်။ ဒီနေရာမှာ သာဓကအနေနဲ့ပြောရင် ဗိုလ်မှူးဘရှင်၊ ပင်လုံဦးဖေခင် တစ်ဦးချင်း တစ်ယောက်ချင်းဆီရဲ့ ကြိုးစားအားထုတ်မှုဟာ မြန်မာနိုင်ငံရေးထဲမှာ အလုံးစုံပါဝင်ပါတယ်” ဟု ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာ မှုကို ဆက်စပ်ပြောကြားရင်း အစ္စလာမ်ဘာသာဝင်များရဲ့ တိုင်းပြည်အတွက် အားထုတ်ကြိုးပမ်းမှုများကို မီးမှောင်းထိုးပြောကြားခဲ့ပါတယ်။

    1455292522041

    အဆိုပါ ပြည်ထောင်စုနေ့ ဟောပြောပွဲ မစတင်မီ တက်ရောက်လာသူများ စုပေါင်းကာ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီး ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံအား အလေးပြုကြပါတယ်။ ဟောပြောပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဘလောဂါနေဘုန်းလတ် နှင့် စာရေးဆရာမ နှင်းပန်းအိမ်တို့အပြင် ကဗျာဆရာ ကိုအင်းဝနှင့် မောင်ရင်ဆုတို့က ပြည်ထောင်စုနေ့နှင့် သက်ဆိုင်သော ငြိမ်းချမ်းရေး ကဗျာများကို ရွတ်ဆိုခဲ့ပါတယ်။

    မမလ ဌာနချုပ်သည် အခါအားလျော်စွာ ဟောပြောပွဲများကို ကျင်းပပြီး ယခုနှစ် ၆၉နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စတုတ္ထအကြိမ် ကျင်းပခြင်း ဖြစ်ကြောင်း သတင်းရရှိပါတယ်။

    1455292469032