News @ M-Media

Blog

  • ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ရော်နယ်ဒိုမှာ နောက်ထပ် ၃ နှစ် ထိပ်တန်းအဆင့်တွင် ရှိနေမည်ဟု ကာပယ်လိုပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    ronaldo

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ထိပ်တန်းအဆင့်တွင် နောက်ထပ် ၃ နှစ် ဆက်ရှိနေမည်ဟု ရီးယဲလ်နည်းပြဟောင်း ဖေဘီယို ကာပယ်လိုက ပြောကြားလိုက်သည်။

    လာလီဂါပွဲစဉ် ၂၃ ပွဲကစားပြီးချိန်တွင် ရော်နယ်ဒိုမှာ ၁၉ ဂိုး သွင်းယူထားနိုင်ပြီး ထိုမှတ်တမ်းမှာ ၎င်း ရီးယဲလ်သို့ ရောက်ရှိပြီးနောက်ပိုင်းကတည်းက တင်ထားခဲ့သည့် ၁ ပွဲ ၁ ဂိုးနှုန်းအောက်ကို ရောက်ရှိသွားခြင်းဖြစ်သည်။ ယခုတစ်ပတ် ဂရာနာဒါအား ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် ရော်နယ်ဒိုမှာ ရုန်းကန်ခဲ့ရပြီး ဝေဖန်မှုအချို့ကိုလည်း ခံခဲ့ရသည်။

    ကာပယ်လိုကမူ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်သည် ရော်နယ်ဒိုမှာ ခြေစွမ်းမကျဆင်းနိုင်သေးဟု မှတ်ချက်ပြုခဲ့သည်။

    “ရော်နယ်ဒိုဟာ ဘောလုံးလောကမှာ နောက်ထပ် ၃ နှစ်လောက် သာသာလေး ခြေစွမ်းပြနိုင်ပါတယ်။ အတွေ့အကြုံတွေလည်း ထပ်ရမှာပါ။ သူ့ကိုယ့်သူ တော်တော်လေးဂရုစိုက်ပြီး ၃၄ နှစ်လောက်အထိ ကောင်းကောင်း ကစားနိုင်ပါတယ်။ သူ့လို့ ဂိုးသွင်းစက်မျိုး ရှာဖို့ဆိုတာ မလွယ်ပါဘူး” ဟု ကာပယ်လိုက ပြောကြားခဲ့သည်။

    ထို့ပြင် လက်ရှိနည်းပြသစ် ဇီဒိန်းမှာ အောင်မြင်မှု ရရှိနိုင်မည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • နယူးဇီလန် မွတ်စလင်အမျိုးသမီးအဖွဲ့တစ်ခုက အိမ်ယာမဲ့များကို ကျွေးမွေးလှူဒါန်း

    နယူးဇီလန် မွတ်စလင်အမျိုးသမီးအဖွဲ့တစ်ခုက အိမ်ယာမဲ့များကို ကျွေးမွေးလှူဒါန်း

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    news

    – အစ္စလာမ်က သွန်သင်ထားသည့် ပတ်ဝန်းကျင်အား ကူညီစောင့်ရှောက်မှုကို အကောင်အထည်ဖော်ခြင်းနှင့် သာသနာအပေါ်ရှိနေသည့် ထင်မြင်ယူဆချက်အမှားများကို ဖယ်ရှားရန်အတွက် နယူးဇီလန် မွတ်စလင်အမျိုးသမီးအဖွဲ့မှာ အိမ်ယာမဲ့များအား လှူဒါန်းကျွေးမွေးသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါလှုပ်ရှားမှုကို ခရိုက်စ်ချက်မြို့တွင် ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးများအား အကူအညီပေးရေးနှင့် စွမ်းအားမြှင့်တင်ပေးသည့် လုပ်ငန်းများကို လုပ်ဆောင်ပေးနေသော Nisa အဖွဲ့က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အဖွဲ့မှာ ခရိုက်စ်ချက်လူမှုကူညီရေးအဖွဲ့၏ လှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်နေသည်။

    “ကျွန်မတို့ဟာ အမှန်တကယ် ဘယ်လိုလူတွေဖြစ်တယ်၊ ကျွန်မတို့ သာသနာကလည်း ဘယ်လိုသာသနာဖြစ်တယ်ဆိုတာကို လူတွေ အမှန်မြင်လာတာ ကောင်းပါတယ်” ဟု အိမ်ယာမဲ့များအား လှူဒါန်းကျွေးမွေးမှုတွင် ပါဝင်ခဲ့သည့် အသက် ၁၇ နှစ်အရွယ် ရာဘီယာ မိုဖက်စီရ်က ပြောကြားခဲ့သည်။

    အိမ်ယာမဲ့များအား ကူညီသူ မွတ်စလင်အမျိုးသမီးငယ်များတွင် ၎င်းတို့၏ ပုဝါ၀တ်ဆင်မှုကြောင့် စော်ကားပြောဆိုခံရမှုများကို ကြုံတွေ့ရသူများလည်း ပါဝင်သည်။

    “ဒီလိုဆောင်ရွက်မှုတွေကြောင့် အခုတော့ သူတို့က ကျွန်မတို့ကို စ,စရာ၊ နောက်စရာမျိုးအဖြစ် မမြင်တော့ဘဲ၊ သာမန်လူတစ်ဦးအဖြစ် မြင်လာကြပြီး သူငယ်ချင်းတွေတောင် ဖြစ်တော့မှာပါ။ သူတို့ကို ကျွန်မတို့က လူသားတွေအဖြစ် တန်ဖိုးထားတယ်ဆိုတာကို ပြသချင်ပြီး၊ လူတော်တော်များများက သူတို့ကို နှာခေါင်းရှုံ့စရာအဖြစ် မမြင်ကြတော့ဘူးလို့ ကျွန်မ ထင်ပါတယ်” ဟု ဒန်နီစီ ဂျေဂါက ပြောကြားခဲ့သည်။

    နယူးဇီလန်မွတ်စလင်များ၏ လှူဒါန်းကူညီမှုကို လာရောက်လက်ခံကြသူ အိမ်ယာမဲ့များတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် လူငယ်များလည်း ပါဝင်ပြီး အတူတကွစားသောက်ခဲ့ကြကာ ၎င်းတို့၏ အတွေ့အကြုံများကိုလည်း ဝေငှခဲ့ကြသည်။

    “သူတို့ဟာ အံ့အားသင့်စရာကောင်းသူတွေပါ။ ကျွန်တော်တော်တို့ ၀မ်းဝစေဖို့အတွက် သူတို့တွေက အချိန်ထုတ်ပေးခဲ့ကြပါတယ်” ဟု အိမ်ယာမဲ့တစ်ဦးဖြစ်သူ ဟင်နရီ မက္ကလီယန်က ပြောကြားခဲ့သည်။

    Nisa အဖွဲ့ကမူ ၎င်းတို့အနေဖြင့် ထိုကဲ့သို့သော လှူဒါန်းကူညီမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: IINA

  • ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌသစ်က သူပုန်အဖွဲ့နှင့် ဆက်စပ်မှုရှိနေ

    ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌသစ်က သူပုန်အဖွဲ့နှင့် ဆက်စပ်မှုရှိနေ

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    anp
    ANP ပါတီ၏ မဲဆွယ်မှု မြင်ကွင်းတစ်ခု

    –  ယမန်နေ့က ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌအဖြစ် ခန့်အပ်ခံခဲ့ရသူမှာ အစိုးရတပ်နှင့် တိုက်ခိုက်မှု ဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်မတော် AA နှင့် ဆက်နွယ်နေသည်ဟု သိရသည်။

    ခန့်အပ်ခံရသူမှာ ရခိုင်အမျိုးသားပါတီ ANP ၏ ပုဏ္ဍားကျွန်းမြို့နယ် လွှတ်တော်အမတ် ဦးစံကျော်လှဖြစ်ပြီး ၎င်းမှာ ရခိုင့်တပ်မတော် အကြီးအကဲ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်၏ ယောက္ခမဖြစ်သည်။ ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်မှာ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာတွင် နေထိုင်သည်ဟု ယုံကြည်ရသည်။

    ရခိုင့်တပ်မတော်မှာ ရခိုင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ပြီးခဲ့သည့်နှစ်က လက်မှတ်ရေးထိုးခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက်တွင် ပါဝင်ခွင့်မရခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့မှ တစ်ဖွဲ့ဖြစ်သည်။

    အင်အား ၁၅၀၀ ခန့်ရှိသည်ဟု ခန့်မှန်းရသည့် ရခိုင့်တပ်မတော်မှာ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာအစိုးရတပ်နှင့် တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သည်။ ကျောက်တော်မြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အစိုးရမီဒီယာမှ ပြီးခဲ့သည့်လအတွင်း ထုတ်ပြန်သည့် ကြေငြာချက်တွင် မြန်မာစစ်တပ်က ရခိုင့်တပ်မတော်အား အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ဖော်ပြထားသည်။

    ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌအဖြစ် ANP ပါတီမှ ဦးဖိုးမင်းကို လွှတ်တော်ကိုယ်စားလှယ်များက ခန့်အပ်ခဲ့သည်။ နိုဝင်ဘာလရွေးကောက်ပွဲ အတွင်း ANPနှင့် အပေါင်းအပါ တသီးပုဂ္ဂလ ကိုယ်စားလှယ်များမှာ လွှတ်တော်အမတ်နေရာပေါင်း ၂၃ နေရာအနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာနှင့် ပြည်ခိုင်ဖြိုးက ၃ နေရာ အနိုင်ရရှိခဲ့သည်။ လွှတ်တော်အမတ်နေရာပေါင်း ၄၇ နေရာတွင် တပ်မတော်သားကိုယ်စားလှယ်များက ၁၂ နေရာ ရယူထားသည်။

    Ref: Frontiermyanmar

  • အသင်းအား အဖတ်ဆယ်ရန် ချန်ပီယံလိဂ်နှင့် FA တွင် ဗိုလ်လုပွဲရောက်ရမည်ဟု ချယ်ဆီးဂိုးသမားပြော

    အသင်းအား အဖတ်ဆယ်ရန် ချန်ပီယံလိဂ်နှင့် FA တွင် ဗိုလ်လုပွဲရောက်ရမည်ဟု ချယ်ဆီးဂိုးသမားပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၆
    M-Media

    chelsea 2

    – ယခုဘောလုံးရာသီအတွင်း ကျဆင်းမှုများကို အဖတ်ဆယ်ရန်အတွက် အသင်းအနေဖြင့် ချန်ပီယံလိဂ် သို့မဟုတ် FA ဖလား ဖိုင်နယ်သို့ မဖြစ်မနေ တက်လှမ်းရမည်ဟု ချယ်ဆီးဂိုးသမား သီဘောက် ကော်တိုအစ်က ပြောကြားလိုက်သည်။

    လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးမှာ မော်ရင်ဟိုအား ထုတ်ပယ်ခဲ့ပြီးနောက် ပြိုင်ပွဲအားလုံးတွင် ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိမှတ်တမ်းကို ရရှိထားသည်။ သို့သော်လည်း အဆင့် ၁၃ နေရာတွင် ရှိနေပြီး စတုတ္ထနေရာမှ မန်စီးတီးအသင်းနှင့် ၁၇ မှတ် ကွာဟနေသည်။

    ကော်တိုအစ်ကမူ ချန်ပီယံလိဂ်နှင့် FA တို့တွင် အောင်မြင်ပါမှ ၎င်းတို့၏ ကျဆင်းမှုကို အဖတ်ဆယ်နိုင်မည်ဟု ဆိုသည်။

    “နောက်တစ်ပတ် နယူးကာဆယ်နဲ့ပွဲပြီးရင် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်နဲ့ FA မှာ အသင်းကောင်းနှစ်သင်း (ပီအက်စ်ဂျီ၊ မန်စီးတီး) နဲ့ ကစားရမှာပါ။ အဲဒီပွဲတွေကို ကျွန်တော်တို့ နိုင်အောင် ကြိုးစားရပါမယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီရာသီမှာ အသင်းကို အဖတ်ဆယ်ဖို့က ဒီပြိုင်ပွဲတွေ နှစ်ခုစလုံး၊ ဒါမှမဟုတ် တစ်ခုခုမှာ နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်နိုင်တာပါပဲ” ဟု ချယ်ဆီးဂိုးသမားက အသင်းဝဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    Ref: Goal

  • ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ရွေးချယ်ခံရ

    ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌ အဖြစ် ရခိုင်အမျိုးသားပါတီမှ ရွေးချယ်ခံရ

    ဖေဖော်ဝါရီ ၈ ၊၂၀၁၆
    M-Media
    12651128_1088616651199968_8746625844517307178_n
    Photo- 7Day
    ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌအဖြစ် ရခိုင်အမျိုးသားပါတီ (အေအင်ပီ)မှ ဦးစံကျော်လှ ခန့်အပ်ခံရကြောင်းသိရသည်။ ဦးစံကျော်လှသည် ပုဏ္ဏားကျွန်းမြို့နယ်မှဖြစ်ပြီး ဒုတိယဥက္ကဌအဖြစ် ရသေ့တောင်မြို့နယ် အေအင်ပီပါတီမှ ဦးဖိုးမင်းကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
     
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၄င်းတို့ခန့်အပ်ခဲ့သည့် လွှတ်တော်ဥက္ကဌနှင့် ဒုဥက္ကဌများကို ကန့်ကွက်ခြင်းမရှိကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အမတ်များကဆိုသည်။
     
    နိုဝင်ဘာလရွေးကောက်ပွဲအတွင်း အေအင်ပီနှင့် အပေါင်းအပါ တသီးပုဂ္ဂလကိုယ်စားလှယ်များ သည် လွှတ်တော်အမတ်နေရာပေါင်း ၂၃ နေရာအနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာနှင့် ပြည်ခိုင်ဖြိုးက ၃ နေရာအနိုင်ရရှိခဲ့သည်။ လွှတ်တော်အမတ်နေရာပေါင်း ၄၇ နေရာတွင် တပ်မတော်သားကိုယ်စားလှယ်များက ၁၂ နေရာ ရယူထားသည်။
     
    လွှတ်တော်တွင်း အေအင်ပီက နေရာ အများဆုံးယူထားသော်လည်း ရခိုင်ပြည်နယ် ၀န်ကြီးချူပ်သည် ရွေးကောက်ပွဲတွင် ပြည်နယ်တွင်း မဲအများဆုံးနေရာနှင့် အနိုင်ရရှိခဲ့သည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်ကို ရွေးချယ်ရန်နှင့် ပြည်နယ် အစိုးရအဖွဲ့ကို အေအင်ပီ မှ ဖွဲ့စည်းခွင့်မရလျှင် မည်သည့် အစိုးရအဖွဲ့အစည်းတွင် မဆို ပါဝင်ခြင်းမပြုဘဲ အတိုက်အခံပါတီ အဖြစ်သာ ရပ်တည်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာထားသည်။ သို့သော် ၄င်းတို့၏ ကြေညာချက်မှ အထမြောက်ဖွယ်ရှိ မရှိ မသေချာသေးပေ။ ပြည်နယ်နှင့်တိုင်း ၁၄ နေရာစလုံးအတွက် ၀န်ကြီးချုပ်နေရာများကို အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တင်မြှောက်သည့် သမ္မတကသာ ရွေးချယ်ရမည်ဖြစ်သည်။
     
    အေအင်ပီပါတီသည် ရက္ခိုင်တပ်မတော် (AA) ဟုအမည်ပေးထားသည့် လက်နက်ကိုင်သောင်းကျန်းသူများနှင့်လည်း အဆက်အသွယ်ရှိသည့် နိုင်ငံရေး ပါတီလည်းဖြစ်သည်။ ၄င်းတို့သည် ပြည်သူ အများမျှော်လင့်ထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွေးကောက်ပွဲ မတိုင်မီ ကတိက၀တ်ဖြစ်သော ဖယ်ဒရယ်ပြည်ထောင်စု အသွင် အကောင်အထည်ဖော်ရေးကို စိတ်ရှည် သည်းခံစွာ စောင့်ဆိုင်းခြင်း မရှိဘဲ ရာဇသံဆန်သည့် ထုတ်ပြန်ချက်များကို ကြေညာခဲ့ခြင်းဖြစ်သည်။