News @ M-Media

Blog

  • ထိုင်ဝမ်ငလျင်လှုပ်မှု အနည်းဆုံး လူ ၅ ဦး သေဆုံး

    ထိုင်ဝမ်ငလျင်လှုပ်မှု အနည်းဆုံး လူ ၅ ဦး သေဆုံး

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    thaiwan

    – ယနေ့မနက်ပိုင်းက ထိုင်ဝမ်နိုင်ငံတောင်ပိုင်း တိုင်နန်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်တစ်ခုကြောင့် ၁၇ ထပ်တိုက်တစ်လုံး ပြိုကျခဲ့ကာ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ငလျင်မှာ ပြင်းအား ၆.၄ မဂ္ဂနီကျုရှိပြီး၊ ပြိုကျသွားသည့် အဆောက်ဦးတွင် လူပေါင်း ၂၂၁ ဦး နေထိုင်သည်ဟု တိုင်နန် မြို့တော်ဝန်က ပြောကြားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် လူ ၃၁ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အဆောက်အဦးထဲတွင် အများအပြား ပိတ်နေကြသည်။

    လက်ရှိအချိန်အထိ လူပေါင်း ၁၂၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့သည်ဟု ထိုင်ဝမ်မီးသတ်ဌာနက ကြေငြာခဲ့သည်။ အဆိုပါ ငလျင်ပြီးနောက် ပြင်းအား ၃.၈ မဂ္ဂနီကျုရှိ ငလျင်တစ်ခုပါအ၀င် နောက်ဆက်တွဲငလျင်များစွာလည်း လှုပ်ခတ်ခဲ့သည်။

    Ref: Aljazeera

  • IS အဖွဲ့မှာ အစ္စလာမ်ကို နာမည်ဖျက်နေသူများဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    IS အဖွဲ့မှာ အစ္စလာမ်ကို နာမည်ဖျက်နေသူများဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    kerry 3

    – IS အကြမ်းဖက်အဖွဲ့ဝင်တွေဟာ မွတ်စလင်တွေ မဟုတ်ကြဘဲ၊ အစ္စလာမ်ဘာသာကို အမည်ဖျက်နေတဲ့ ဖောက်ပြန်ရေးသမားများတွေသာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဖေဖော်ဝါရီ ၄ ရက်နေ့ ရောမမှာပြုလုပ်တဲ့ မဟာမိတ်များ အခမ်းအနားတစ်ခုမှာ ပြောကြားလိုက်ပါတယ်။

    “အမှန်တော့ ISIS တွေဟာ လူသတ်သမားတွေ၊ ပြန်ပေးသမားတွေ၊ ရာဇ၀တ်ကောင်တွေ၊ လူဆိုးလူမိုက်တွေနဲ့ သူခိုးဂျပိုးတွေ စုပေါင်းထားတာထက် ဘာမှမပိုပါဘူး။ ပြီးတော့ ဒီလူတွေဟာ ဘာသာရေး အရေခြုံ၊ တကယ့်အစစ်အမှန်တရားကို လိမ်လည်ဖုံးကွယ်ပြီးတော့ သူတို့လိုဘပြည့်ဖို့ လုပ်နေတဲ့ ဖောက်ပြန်ရေးသမားတွေပါပဲ” လို့ ဂျွန်ကယ်ရီက ပြောကြားလိုက်တာပါ။

    ကယ်ရီရဲ့ IS တွေကို ဒီလို သုံးနှုန်းဖော်ပြမှုဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒီဇင်ဘာလက ပြုလုပ်ခဲ့တဲ့ Saban ဖိုရမ်မှာလည်း ကယ်ရီက IS တွဟာ ဘာသာတရားကို ပြန်ပေးဆွဲထားတဲ့ ဖောက်ပြန်သူတွေသာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြောကြားခဲ့ပါတယ်။

    အီရတ်နဲ့ ဆီးရီးယားနိုင်ငံအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာ အကြမ်းဖက်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ IS အဖွဲ့ကို ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေက တစ်ညီတစ်ညွတ်တည်း ရှုတ်ချပြောဆိုထားပြီး အစ္စလာမ့်ရဲ့ ရန်သူလို့ သတ်မှတ်ထာတာဖြစ်ပါတယ်။

    Ref; Daily caller

  • နမ့်ဆန် မီးဘေးသင့်ပြည်သူများကို အကူအညီပေးရေး မြန်မာမွတ်စလင် အဖွဲ့အစည်းများ ပြင်ဆင်

    နမ့်ဆန် မီးဘေးသင့်ပြည်သူများကို အကူအညီပေးရေး မြန်မာမွတ်စလင် အဖွဲ့အစည်းများ ပြင်ဆင်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    manda 3

    – ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နမ့်ဆန်မြို့တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း ထိခိုက်ခံစားခဲ့ရသည့် ပြည်သူများအား ကူညီရန်အတွက် မွတ်စလင်အဖွဲ့အစည်းများက စတင်ဆောင်ရွက်နေကြသည်ဟု သိရသည်။

    မန္တလေး
    ———
    မန္တလေးတိုင်းဒေသကြီး အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ခွဲမှ ဖေဖော်ဝါရီ ၅ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အရေးတကြီးလိုအပ်သော စားသောက်ကုန်များ၊ အ၀တ်အထည်များနှင့် ငွေကြေး များကို သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာဝင်များအနေဖြင့် ထိုအလှူဒါနတွင် ပါဝင်ကုသိုလ်ယူနိုင်ကြောင်း ဖော်ပြထားသည်။

    အဆိုပါ အကူအညီပေးရေးလုပ်ငန်းများကို ပညာရေးနှင့် လူမှုရေး အကျိုးဆောင်အဖွဲ့မှ ဦးစီးဆောင်ရွက်ခြင်းဖြစ်ပြီး ပါဝင်ကူညီလိုသူများအနေဖြင့် အိုလမာအဖွဲ့ရုံး (၀၂-၂၁၇၄၇၊ ၀၂-၃၀၈၇၆)၊ မော်လာနာ ဟာဖစ်ဇ် အီစ်ဗ်ရာဟင်မ်ခန်း (၀၉-၂၀၃၁၅၁၀)၊ မော်လာနာ ဟာဖစ်ဇ်သွာဟစ်ရ် ဦးသန့် (၀၉-၄၀၂၅၃၇၇၆၉)၊ ဟာဂျီဦးမြင့်သိန်း (ရွှေမြိုင်သံဆိုင်) (၀၉-၂၀၁၉၇၀၆၊ ၀၉- ၉၇၅၃၁၁၃၃၃) သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။

    manda 2

    မန္တလေးမြို့ရှိ အခြား လူမှုကူညီရေးအဖွဲ့ဖြစ်သော “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့” ကလည်း မန္တလေးမြို့ပေါ်ရှိ အစ္စလာမ်ဘာသာရေး အဖွဲ့များ၊ ဗလီဂေါပကများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၆ ရက်နေ့မှစတင်ကာ အလှူငွေများ လိုက်လံကောက်ခံ မည်ဖြစ်ကြောင်း၊ နီးစပ်ရာ အလှူခံဌာနများတွင် အလှုငွေများ ထည့်ဝင်နိုင်ကြောင်း နှိုးဆော်စာတစ်စောင်ကို ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

    “အစ္စလာမ်ဘာသာ လူမှုရေးအဖွဲ့” ၏ အကူအညီပေးရေးလုပ်ငန်းများတွင် ပါဝင်လိုပါက အလှူခံဌာနများဖြစ်သော ဂျွန်းဗလီ လူမှုဆောင်ရွက်ရေး အဖွဲ့ (၀၂-၃၀၃၃၅၁)၊ ပန်းသေးဗလီ ဂေါပကအဖွဲ့၊ မြို့သစ် (ဈ) ရှိ လူမှုဆောင်ရွက်ရေးအဖွဲ့၊ ဟာဂျီကိုစိန်လင်း (၀၉-၉၁၀၂၅၅၅၀)၊ ဟာဂျီကိုစလင်း (၂၂ လမ်း၊ ကရ၀ိတ်ကဖေး ၀၉-၂၀၂၀၇၈၆) တို့ကို ဆက်သွယ်နိုင်သည်ဟု သိရသည်။

    Musel

     

    မူဆယ်
    ——-
    မူဆယ်မြို့ရှိ “အစ္စလာမ်လူငယ်အသင်း” ကလည်း နမ့်ဆန် မီးဘေးသင့်ပြည်သူများအတွက် သွားရောက်လှူဒါန်းရန် ဆောင်ရွက်နေကြပြီး အလှူငွေထည့်ဝင်လိုသူများအနေဖြင့် အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်ပါဝင်နိုင်ကြောင်း မူဆယ်လူငယ် လူမှုကူညီရေးအသင်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

    ကိုဇော်မင်း ၀၉-၅၀၂၄၅၂၀
    စိုင်းဇော်ဇော် ၀၉-၄၀၃၇၂၉၅၇၀
    စိုင်းမင်းသူနိုင် ၀၉-၅၂၃၂၆၃၆
    ကိုအောင်နိုင်စိုး ၀၉-၃၀၁၃၉၆၆၆

    ၁၅ နာရီခန့် ကြာမြင့်ခဲ့သည့် နမ့်ဆန်မြို့ မီးလောင်ကျွမ်းမှုအတွင်း အိမ်ခြေ ၂၀၀ ကျော်၊ အိမ်ထောင်စု ၃၀၀၊ လူဦးရေ ၁၅၀၀ ကျော် မီးဘေးသင့်ခဲ့သည်ဟု ယခုအချိန်အထိ မီဒီယာများ၏ ဖော်ပြမှုအရ သိရသည်။ မီးဘေးသင့်မှုတွင် ဗလီဝတ်ကျောင်းတော် တခုနှင့် ဘာသာရေးစာသင်ကျောင်းတခုလည်း ပါဝင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။

  • ဦးခေါင်းထိခိုက်ထားသူများ နောက်ပိုင်းတွင် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်

    ဦးခေါင်းထိခိုက်ထားသူများ နောက်ပိုင်းတွင် မှတ်ဉာဏ်ဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်

    ဖေဖော်ဝါရီ ၆၊ ၂၀၁၆
    M-Media

    head

    – ဦးခေါင်းထိခိုက်ဒဏ်ရာရဖူးတဲ့သူတွေဟာ နှစ်ကြာလာတဲ့အခါ စိတ်ဖောက်ပြန်လာတာမျိုးတွေ ဖြစ်လာစေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ တွေ့ရှိခဲ့ပါတယ်။

    ဦးခေါင်းထိခိုက်ဒဏ်ရာကနေ ပြန်သက်သာလာတဲ့သူတွေဟာ အချိန်ကြာလာတဲ့အခါ ၎င်းတို့ရဲ့ ဦးနှောက်ထဲမှာ အယ်ဇိုင်းမားရောဂါနဲ့ ဆက်စပ်နေတဲ့ ပရိုတိန်းအုပ်စုငယ်လေးတွေ ဖြစ်ပေါ်လာတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။

    လန်ဒန်ရှိ Imperial College က သုတေသနပညာရှင်တွေရဲ့ လေ့လာမှုအတွင်းမှာ ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားဖူးတဲ့သူတွေဟာ နောက်ပိုင်းမှာ စိတ်ဖောက်ပြန်နိုင်တဲ့အန္တရာယ် တိုးလာနိုင်တယ်ဆိုတာကို ရှင်းပြန်နိုင်ခဲ့ပေမယ့် ဘာ့ကြောင့် ဒီလိုဖြစ်လာရလဲဆိုတာကိုတော့ မသိရှိသေးပါဘူး။

    လေ့လာမှုအတွင်းမှာ သုတေသနပညာရှင်တွေဟာ နည်းဆုံး ၁၁ လကနေ အများဆုံး ၁၇ နှစ်တာအရင်က မတော်တဆဖြစ်မှုတွေအတွင်းဦးခေါင်း ထိခိုက်ဒဏ်ရာရသူ ၉ ဦးကို လေ့လာခဲ့တာဖြစ်ပြီး သူတို့တွေမှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ မရှိပေမယ့် အာရုံမစိုက်နိုင်တာ မှတ်ဉာဏ်ဆုံးရှုံးတာတွေ စတဲ့ ပြဿနာတွေ နေ့စဉ် ခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။

    သူတို့ရဲ့ ဦးနှောက်ကို စကန်ဖတ်ကြည့်မှုအတွင်းမှတော့ အလ်ဇိုင်းမားရောဂါသည်တွေလိုပဲ beta amyloid ပရိုတိန်းလေးတွေ ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီ ပရိုတိန်းဖြစ်တည်မှု ပိုမိုများပြားလေလေ ဦးနှောက်အတွင်းက မှတ်ဉာဏ်ချို့ယွင်းတာမျိုးဟာ ပိုမိုဖြစ်ပွားလေလေ ဖြစ်ပါတယ်။

    ဦးခေါင်းထိခိုက်ထားသူတွေဟာ နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဒီတွေ့ရှိချက်ကို ပိုမိုနားလည်ဖို့၊ အဲဒီအန္တရာယ်ကို လျှော့ချဖို့ စတာတွေနဲ့ပတ်သက်ပြီးတော့ လေ့လာမှုတွေ ဆောင်ရွက်ရမယ်လို့ သိပ္ပံပညာရှင်တွေက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref : IINA

  • ဇီကာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံသားများ ခရီးသွားလာမှုကို အင်ဒို ပိတ်ပင်

    ဇီကာဗိုင်းရပ်စ်ကြောင့် နိုင်ငံ ၈ နိုင်ငံသို့ နိုင်ငံသားများ ခရီးသွားလာမှုကို အင်ဒို ပိတ်ပင်

    ဖေဖော်ဝါရီ ၅၊ ၂၀၁၆
    M-Media

    zika 6

    – ဇီကာဗိုင်းရပ်စ်ပိုး ပြန့်နှံ့နေသည့် နိုင်ငံ ၈ နိုင်ငံအား နိုင်ငံသားများ အထူးသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွားလာခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်လိုက်သည်ဟု သိရသည်။

    အဆိုပါ ၈ နိုင်ငံမှာ ဘရာဇီးလ်၊ ကိပ်ဗာဒီ၊ ကိုလံဘီယာ၊ အလ် ဆာဗေဒိုး၊ ဟွန်ဒူးရပ်စ်၊ မာတင်းနစ်၊ ပနားမားနှင့် ဆူရီနမ်တို့ဖြစ်ကြပြီး ထိုင်းနိုင်ငံအပါအ၀င် ရောဂါပိုးတွေ့ရှိရကြောင်း သတင်းများထွက်ပေါ်နေသည့် နိုင်ငံပေါင်း ၂၂ နိုင်ငံသို့ သွားရောက်ရာတွင်လည်း သတိထားကြရန် အကြံပြုထားသည်။

    ကူးစက်သူများတွင် မှတ်ဥာဏ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်ပွားစေသည့် ဇီကာဗိုင်းရပ်စ်မှာ ခြင်မှတစ်ဆင့် ပြန့်နှံ့ပြီး မိခင်မှ သန္ဓေသားကိုလည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်သည်ဟု သိရသည်။

    Ref: Channelnewsasia