News @ M-Media

Blog

  • ဗီယက်နမ်တွင် ဂြိုဟ်တုသတင်းအချက်အလက် စင်တာတစ်ခု အိန္ဒိယတည်ဆောက်မည်

    ဗီယက်နမ်တွင် ဂြိုဟ်တုသတင်းအချက်အလက် စင်တာတစ်ခု အိန္ဒိယတည်ဆောက်မည်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    india

    – ဂြိုဟ်တု ခြေရာခံပုံရိပ်ဖော် စင်တာတစ်ခုကို ဗီယက်နမ်နိုင်ငံမှာ တည်ဆောက်သွားဖို့ရှိနေပြီး အဲဒီစင်တာကနေတစ်ဆင့် တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်အပါအ၀င် ဒေသတွင်းနိုင်ငံတွေကို စောင့်ကြည့်နေတဲ့ အိန္ဒိယကမ္ဘာမြေလေ့လာစောင့်ကြည့်ရေးဂြိုဟ်တုက ဓာတ်ပုံတွေကို ဗီယက်နမ်က အသုံးပြုနိုင်လိမ့်မယ်လို့ အိန္ဒိယအာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။

    ဒီလိုလုပ်ဆောင်မှုဟာ နယ်မြေပိုင်ဆိုင်မှုနဲ့ပက်သက်လို့ အချိန်ကြာမြင့်စွာ အငြင်းပွားခဲ့ကြတဲ့ တရုတ်နဲ့ ၎င်းတို့နှစ်နိုင်ငံကြား တင်းမာမှုကို မြင့်တက်စေမှာဖြစ်ပါတယ်။

    အိန္ဒိယအနေနဲ့ ဗီယက်နမ်ကို ကင်းထောက်ရေယာဉ်တွေ ၀ယ်ယူဖို့ ဒေါ်လာသန်း ၁၀၀ ချေးပေးခဲ့ပြီး ဗီယက်နမ်ရေငုပ်သင်္ဘောလုပ်သားတွေကိုလည်း အိန္ဒိယကို ခေါ်ယူလေ့ကျင့်ပေးနေပါတယ်။ ဗီယက်နမ်ကလည်း တစ်ဖက်မှာ တရုတ်နဲ့အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲ အိန္ဒိယအတွက် ရေနံရှာဖွေခွင့်ရမယ့် အတားအဆီးတွေကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။

    ဟနွိုင်းမှာဆောက်လုပ်မယ့် အဲဒီ အချက်အလက်စင်တာမှာ ဂြိုဟ်တုကနေ ဓာတ်ပုံတွေလက်ခံရယူနိုင်မယ့် ပစ္စည်းကိရိယာတွေကို တပ်ဆင်သွားမှာ ဖြစ်ပြီး ဗီယက်နမ်က အဲဒီ ခြေရာခံစနစ်ကို အသုံးပြုနိုင်မယ်လို့ ဒီအစီအစဉ်နဲ့ ဆက်နွယ်နေတဲ့ အိန္ဒိယအစိုးရ တာဝန်ရှိသူတ်တစ်ယောက်က ပြောကြားခဲ့ပါတယ်။

    “အိန္ဒိယဆီက ခွင့်ပြုချက်တောင်းစရာမလိုပဲ ဗီယက်နမ်အနေနဲ့ ကောင်းကင်ဓာတ်ပုံတွေကို တိုက်ရိုက်ရယူနိုင်မယ့် အပေးအယူတစ်မျိုးပါပဲ” လို့ မီဒီယာသို့ ပြောရေးဆိုခွင့်မရှိ၍ အမည်မဖော်လိုသူ အရာရှိတစ်ဦးကပြော ပါတယ်။

    အိန္ဒိယရဲ့ အဲဒီကမ္ဘာမြေစောင့်ကြည့်လေ့လာရေးဂြိုဟ်တုဟာ စိုက်ပျိုးမွေးမြူရေး၊ သိပံ္ပနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသုံးချမှုတွေသာမကဘဲ စစ်ဘက်ထောက်လှမ်းရေးမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အိန္ဒိယမီဒီယာတွေတော့ ဗီယက်နမ်မှာဆောက်လုပ်မယ့် စင်တာဟာ ကန်ဒေါ်လာဒေါ်လာ ၂၃ သန်း ကုန်ကျမယ်လို့ ဖော်ပြခဲ့ကြပါတယ်။

    Ref: Al-jazeera

  • ဇီဒိန်း နိုင်ပွဲရပ်ပြီး ဇယားထိပ်အပြောင်းအလဲဖြစ်သွားတဲ့ လာလီဂါပွဲစဉ် ၂၁

    ဇီဒိန်း နိုင်ပွဲရပ်ပြီး ဇယားထိပ်အပြောင်းအလဲဖြစ်သွားတဲ့ လာလီဂါပွဲစဉ် ၂၁

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    laliga 1

    – ဒီတစ်ပတ်လာလီဂါမှာတော့ ဇီးဒိန်းလက်ထက်မှာ နိုင်ပွဲဆက်နေတဲ့ ရီးယဲလ် အဝေးကွင်းမှာ သရေတစ်မှတ်သာ ရရှိခဲ့ပါတယ်။

    ပွဲအစ ၇ မိနစ်မှာတင် ဦးဆောင်ဂိုးပေးလိုက်ရတဲ့ ရီးယဲလ်တို့ နောက်ပိုင်းမှာ ဖိဖိစီးစီးကစားခဲ့ပေမယ့် အဓိကအဟန့် အတားကတော့ ဘက်တစ် ဂိုးသမား အဒ်နန်ဖြစ်ပြီး ရီးယဲလ်တိုက်စစ်မှူးတွေရဲ့ အပိုင်ကန်သွင်းခွင့်တွေကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ သရေတစ်မှတ်ရစေတဲ့ ရီးယဲလ်ရဲ့ ချေပဂိုးကို ၇၁ မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ဘန်ဇီမာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    ဘာစီလိုနာကတော့ အဝေးကွင်းမှာ မာလာဂါကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့ပေမယ့် လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ နောက်ဆုံးမိနစ်တွေမှာ အိမ်ရှင်တို့ရဲ့ အပိုင်ဂိုးသွင်းခွင့် ၂ လုံးလောက် လွဲချော်ခဲ့တာကြောင့် ဘာကာတို့ သက်သာရာ ရခဲ့တာဖြစ်ပါတယ်။

    ထိပ်ဆုံးက အက်သလက်တီကိုက အိမ်ကွင်းမှာ ဆီးဗီးလားကို အနိုင်ရအောင် မကစားနိုင်ခဲ့တာကြောင့် ဂိုးမရှိသရေနဲ့ ၁ မှတ်သာရရှိခဲ့ပြီး ထိပ်ဆုံးနေရာကို ဘာစီလိုနာကို ဖယ်ပေးလိုက်ရပါတယ်။ ဘာစီလိုနာက တစ်ပွဲလျော့ထားတာကြောင့် အဲဒီပွဲသာနိုင်ရင် အက်သလက်တီကိုအနေနဲ့ ၃ မှတ်ကွာသွားမှာဖြစ်ပါတယ်။

    ဇယားအောlaliga 2က်ဆုံးက ၃ သင်းမှာတော့ စပို့တင်းဂီဂျွန်က ဆိုစီဒက်ကို အံသြဖွယ် ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး၊ လီဗန်တေးကတော့ ဘ၀တူ လက်စ်ပါးလ်မက်စ်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    ဒီတစ်ပါတ် လာလီဂါပွဲစဉ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    စပို့တင်းဂီဂျွန် ၅-၁ ဆိုစီဒက်
    မာလာဂါ ၁-၂ ဘာစီလိုနာ
    အက်စပန်ညို ၂-၂ ဗီလာရီးယဲလ်
    ဂရန်နာဒါ ၃-၂ ဂီတာဖေး
    ဗယ်လက်ကာနို ၃-၀ ဆဲလ်တာဗီဂို
    ဘီဘာအို ၅-၂ အိုက်ဘာ
    အက်သလက်တီကို ၀-၀ ဆီးဗီးလား
    ဒီပို့တီဗို ၁-၁ ဗလင်စီယာ
    ဘက်တစ် ၁-၁ ဗလင်စီယာ
    လီဗန်တေး ၃-၂ လက်စ်ပါးလ်မက်စ်

  • မက္ကာတွင် အစ္စလာမ့်ယဉ်ကျေးမှုပြတိုက်တစ်ခု တည်ဆောက်မည်

    မက္ကာတွင် အစ္စလာမ့်ယဉ်ကျေးမှုပြတိုက်တစ်ခု တည်ဆောက်မည်

    ဇန်န၀ါရီ ၂၆၊ ၂၀၁၆
    M-Media

    makkah

    – ဗြိတိသျှကုမ္ပဏီတစ်ခုဖြစ်တဲ့ Mossessian Architecture က ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ “သက်ဝင်ယုံကြည်မှုအိုအေစစ်” လို့ခေါ်တဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြတိုက်တစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေလို့ သိရပါတယ်။

    အစ္စလာမ်သာသနာ၊ အစ္စလာမ့်ယဉ်ကျေးမှု၊ အစ္စလာမ့်သမိုင်းတွေနဲ့ပက်သက်ပြီး အလေးပေးပြသမယ့် အဲဒီ ယဉ်ကျေးမှုဆိုင်ရာပြတိုက်တစ်ခု တည်ဆောက်ဖို့ တင်ဒါခေါ်ယူမှုအတွင်းမှာ Mossessian Architecture က အနိုင်ရရှိ ခဲ့တာဖြစ်ပါတယ်။

    အဆိုပါပြတိုက်ကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကြီးရဲ့ ၇ ကီလိုမီတာအကွာအဝေးက ၅၆၀၀ စကွဲယားမီတာ အကျယ်အ၀န်းရှိတဲ့နေရာမှာ တည်ဆောက်မှာ ဖြစ်ပါတယ်။ ပြတိုက်ထဲမှာ ပါဝင်မယ့်အရာတွေကတော့ ဧည့်ကြိုဆိုရေးနေရာ၊ အစ္စလာမ့်သမိုင်းဆိုင်ရာ ဓာတ်ပုံပြခန်း၊ ဇာတ်ရုံတစ်ခု၊ စာအုပ်ဆိုင်တစ်ခု၊ သင်ကြားရေးပြုလုပ်နိုင်မယ့် အခန်းတွေ ပါဝင်မှာဖြစ်ပြီး ပြတိုက်ရဲ့ အမိုးပေါ်မှာတော့ ရာသီဥတုကို ထိန်းညှိပေးမယ့် ပန်းခြံတစ်ခုနဲ့ စားသောက်ဆိုင်တွေ ပါဝင်မှာဖြစ်ပါတယ်။

    ပြတိုက်အပြင်ဘက်နံရံမှာ အစ္စလာမ်ကိုလက်ခံကျင့်သုံးနေတဲ့ ကမ္ဘာ့နိုင်ငံတစ်ခုစီကနေ ထွက်ရှိတဲ့ ကျောက်တွေနဲ့ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။ အတွင်းဘက် နံရံမှာတော့ မက္ကာမြို့အနီးမှာရှိတဲ့ တောင်တွေဆီကရတဲ့ ဟီဂျာဇီကျောက်နဲ့ မွမ်းမံချယ်သသွားမှာဖြစ်ပါတယ်

    “အခုဆောက်လုပ်မယ့် မက္ကာပြတိုက်ဟာဆိုရင် ကမ္ဘာတစ်ဝှမ်းက အရပ်ရပ်က သန်းပေါင်းများစွာသော မွတ်စလင်တွေရဲ့ သက်ဝင်ယုံကြည်မှုကို ပြိုင်ဘက်ကင်း ထင်ဟပ်ပြသနိုင်မှာ ဖြစ်ပါတယ်။ မွတ်စလင်တွေရဲ့ အမြင့်မြတ်ဆုံးမြို့တော်မှာ ဒီလိုယဉ်ကျေးမှုဆိုင်ရာအဆောက်အအုံမျိုး မရှိသေးပါဘူး” ဟု Mossessian Architecture ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပါဝင်ပါတယ်။

    ၂၀၀၅ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Mossessian Architecture ကုမ္ပဏီဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတစ်ဝှမ်းမှာ ဗိသုကာဆိုင်ရာ စီမံကိန်းတွေကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

    Ref: Arabnews

  • မလေးရှားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံ လာရောက်ဆောက်လုပ်မည်

    မလေးရှားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံ လာရောက်ဆောက်လုပ်မည်

    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media

    IHH

    – မလေးရှားအခြေစိုက် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီဖြစ်သော IHH Healthcare Bhd မှာ မြန်မာနိုင်ငံတွင် ကုတင် ၂၅၀ ဆန့် ပုဂ္ဂလိက ဆေးရုံတစ်ရုံကို ဆောက်လုပ်တော့မည်ဟု ကုမ္ပဏီက ယမန်နေ့တွင်ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကန်ဒ်ါလာ သန်း ၇၀ ခန့် ကုန်ကျမည့် အဆိုပါ ဆေးရုံကို Parkway Yangon ဟု အမည်ပေးထားပြီး IHH Healthcare Bhd ၏ လက်ခွဲတစ်ခုဖြစ်သော Parkway Healthcare Indo-China Pte Ltd က ရှယ်ယာ ၅၂ ရာခိုင်နှုန်းပါဝင်ကာ မြန်မာနိုင်ငံမှ ကုမ္ပဏီ ၂ ခုနှင့်၊ စင်ကာပူနိုင်ငံမှ ကုမ္ပဏီတစ်ခုတို့ ပူးပေါင်း၍ တည်ဆောက်သွားမည်ဖြစ်သည်။

    ရန်ကုန်မြို့ရှိ ၁.၇၄ ဟက်တာ ကျယ်ဝန်းသော မြေနေရာတွင် တည်ဆာက်သွားမည်ဖြစ်ပြီး BOT ရင်းနှီးမြှုပ်နှံမှုစနစ်ဖြင့် နှစ် ၅၀ လုပ်ကိုင်ခွင့်ရမည်ဖြစ်ကာ၊ ၁၀ နှစ် သက်တမ်းထပ်တိုးနိုင်မည့် ချွင်းချက်တစ်ခုလည်း ပါဝင်သည်။

    အဆိုပါဆေးရုံကို ၂၀၂၀ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားပြီး၊ နိုင်ငံ ၉ နိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော် ဆောင်ရွက်ခဲ့သည့် မိမိတို့၏ အတွေ့အကြုံများဖြင့် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်သွားမည်ဟု Parkway Pantai ၏ မန်းနေးဂျင်းဒါရိုက်တာဖြစ်သူ ဒေါက်တာ တန်ဆီလင်းက ပြောကြားခဲ့သည်။

    Ref: The Star

  • ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော

    ဗန်ဂါးလ်၏ဒဿနကို မန်ယူကစားသမားများက မလိုက်နာဟု ၀ါရင့် ကွင်းလယ်လူပြော

    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media

    vangaal

    – မန်ယူအသင်း၏ ကစားသမားများမှာ နည်းပြဗန်ဂါးလ်၏ ဒဿနနှင့် အစေးမကပ်ဘဲ ထိုအကြောင်းအရင်းကြောင့်ပင် မန်ယူမှာ ကျဆင်းနေခြင်းဖြစ်သည်ဟု ဗလင်စီယာ ဂန္တ၀င်ကွင်းလယ်လူဟောင်း ဂိုက်ဇ်ကာ မင်ဒီယေတာက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် သီတင်းပတ်များတွင် မန်ယူအသင်းမှာ ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း ယခုတစ်ပတ် ဆောက်သက်တမ်နှင့်ပွဲတွင် မန်ယူမှာ အိမ်ကွင်း၌ပင် ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဗန်ဂါးလ်ကိုလည်း ပရိတ်သတ်များက လှောင်ပြောင်ခဲ့ကြသည်။ မင်ဒီယေတာကမူ မန်ယူ၏ နိမ့်ပါးနေမှုမှာ ကစားသမားများကြောင့်ဟု ပြောကြားခဲ့သည်။

    “အပြင်ကနေပြောရတာက ခက်တော့ခက်တယ်ဗျ။ ဒါပေမယ့် အလုပ်မဖြစ်ဘူး၊ အသင်းက ဗန်ဂါလ်းရဲ့ပုံစံအတိုင်း အားထုတ်မှုမရှိဘူးဆိုတာကတော့ တော်တော်သိသာပါတယ်။ မန်ယူက ဘယ်လိုကစားရမလဲဆိုတဲ့ ဗန်ဂါးလ်ရဲ့ အယူအဆကို မမြင်ရပါဘူး။ သူ့ရဲ့ အတွေးအခေါ်တွေက ကစားသမားတွေဆီ မရောက်တဲ့ပုံပါပဲ” ဟု မင်ဒီယေတာက ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသောလိဂ်များတွင် အောင်မြင်မှုသရဖူ အလီလီဆောင်းခဲ့သည့် ဗန်ဂါးလ် ပရီးမီးယားလိဂ်တွင် မအောင်မြင်ခြင်း၏ ပြဿနာများ နက်ရှိုင်းသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Goal