ဇန်ဝါရီ ၂၀၊ ၂၀၁၆
M-Media
– ကမ္ဘာ့ရေနံစိမ်းစေျးမှာ ဇန်န၀ါရီ ၂၀ ရက်နေ့တွင် အာရှဈေးကွက်၌ တစ်စည်ကို ကန်ဒေါ်လာ ၂၈ ဒေါ်လာအောက် ရောက်သွားခဲ့ပြီး ၁၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ရောက်သွားခဲ့ခြင်းဖြစ်ကာ နိုင်ငံတကာ စွမ်းအင် အေဂျင်စီကမူ ရေနံ ရောင်းလိုအား အလွန်အကျွံများပြားမှုကြောင့် ဈေးကွက်ပျက်သွားနိုင်သည်ဟု သတိပေးခဲ့သည်။
၂၀၀၃ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ရေနံဈေးမှာ ၂၈ ဒေါ်လာအောက်သို့ ကျဆင်းခဲ့ပြီးနောက် ယခုတစ်ဖန် ထိုဈေးအောက် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယနေ့မနက် WTI တွင် ရေနံတစ်စည်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂၇.၉၂ အထိသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် အနည်းငယ် ပြန်တက်ခဲ့သည်။
အာရှနှင့် ဥရောပမှ စတော့ဈေးကွက်များမှာလည်း ယနေ့တွင် ဆက်လက်ကျဆင်းနေဆဲဖြစ်ပြီး၊ ရေနံဈေးနှုန်းကျဆင်းမှုနှင့် ကမ္ဘာ့စီးပွားရေး ဒုတိယအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် စိုးရိမ်မှုများ ရှိနေခြင်းကို ထိုကဲ့သို့ ဈေးကွက်များ ကျဆင်းမှု၏ အကြောင်းအရင်း ဖြစ်နေသည်။
ဟောင်ကောင်စတော့ဈေးကွက်မှာ ယနေ့တွင် ၃.၈၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ဟောင်ကောင်ဒေါ်လာမှာလည်း ၉ နှစ်အတွင်း အနိမ့်ဆုံး ရောက်ရှိရန် တာဆူနေသည်။
Ref: Channelnewsasia