News @ M-Media
Blog
  • အိုဇေးလ်ဒဏ်ရာရမည်ကို ၀င်းဂါး စိုးရိမ်နေ
    အိုဇေးလ်ဒဏ်ရာရမည်ကို ၀င်းဂါး စိုးရိမ်နေ
    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media
    ozil
    – အသင်းကွင်းလယ်ကစားသမားဖြစ်သူ မီဆု အိုဇေးလ်မှာ ဒဏ်ရာရမည့်အန္တရာယ် ရှိနေသော်လည်း ၎င်းအား အနားပေးလိုက်ပါက အသင်းအတွက် ပေးဆပ်မှု များသွားလိမ့်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပုံစံကောင်းပြသနေသည် အာဆင်နယ်တွင် အိုဇေးလ်မှာ အမာခံကစားသမား ဖြစ်နေသည်။ အသင်းရှိ အဓိက ကစားသမားများမှာ ပွဲဆက်များနေမှုကြောင့် ဒဏ်ရာရမည့်အန္တရာယ် ရှိနေပြီး တိုက်စစ်မှူး အလက်ဇစ်ဆန်းချက် ဒဏ်ရာရမည်ဟု စိုးရိမ်ကြောင်း မကြာသေးမီက ၀င်းဂါးမှ ပြောကြားခဲ့ပြီးနောက် အမှန်တကယ်ပင် တံကောက်ကြောဒဏ်ရာ ရရှိခဲ့သည်။ ၀င်းဂါးကမူ အိုဇေးလ်အတွက်ပါ စိတ်ပူနေသည်။
    ”အခုအချိန်မှာ သူ(အိုဇေးလ်)ဟာ လေ့ကျင်မှုအများကြီး မလုပ်ပါဘူး။ ပွဲဆက်တွေကြားထဲမှာ သူ့ကို ကျွန်တော်တို့ အများကြီး အနားပေးထားပါတယ်။ နိုင်ငံတကာပွဲသီတင်းပတ်မှာ ကျွန်တော်ဟာ သူ့ကို တစ်ပတ် အားလပ်ရက်ပေးထားပါတယ်။ သူဟာ ပုံမှန်ကြံ့ခိုက်မှုလောက်ပဲလိုတဲ့ ကစားသမားတစ်ဦးပါ။ သူ ကစားချင်နေပါတယ်။ ကစားသမားတွေက ပုံစံမျိုးစုံရှိပါတယ်။ တစ်ခါတစ်ရံမှာ နည်းစနစ်ပိုင်းဆိုင်ရာ အကျွမ်းကျင်ဆုံးကစားသမားတစ်ဦးဟာ ကစားဖို့အတွက် စွမ်အင်အများကြီး မလိုအပ်ပါဘူး။ ဒါဟာ သူတို့အတွက် သဘာဝပါပဲ” ဟု အာဆင်ဝင်းဂါးက ပြောကြားခဲ့သည်။
    သို့သော်လည်း ပွဲထွက်ကစားသမားများကို အသင်းမှ ချန်လှပ်ထားခြင်းမှာလည်း လွယ်ကူသောအလုပ်မဟုတ်ဟု ဆိုသည်။
    ”ပရီးမီးယားလိဂ်ဟာ သိပ်ပြီးပြင်းထန်တယ်။ သေရေးရှင်ရေးပွဲတွေမှာ ကစားသမားတွေကို ချန်ထားရင် တစ်ခြား ကစားသမားတွေက သို့လောသို့လောဖြစ်နေမယ်။ ခင်ဗျားကိုတော့ မပြောဘူးပေါ့။ ဒါပေမယ့် ဘာကြောင့် ဒီလိုချန်ထားတာလဲဆိုတာ သူတို့ စဉ်းစားနေလိမ့်မယ်။ ချန်လှပ်ထားခံရတဲ့ကစားသမားကိုယ်တိုင်ကလည်း ဒီလိုပဲ တွေးနေပါလိမ့်မယ်” ဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal
  • လေထုညစ်ညမ်းမှုလျော့ချရေးအတွက် နယူးဒေလီတွင် ကားများကို ကန့်သတ်
    လေထုညစ်ညမ်းမှုလျော့ချရေးအတွက် နယူးဒေလီတွင် ကားများကို ကန့်သတ်
    ဇန်န၀ါရီ ၂၊ ၂၀၁၆
    M-Media
    dehli
    – အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီရှိ လမ်းများပေါ်၌ ကားသွားလာမှုကန့်သတ်ပိတ်ပင်ခြင်းအားဖြင့် စံချိန်တင်များပြားနေသော လေထုညစ်ညမ်းမှုများကို လျှော့ချရန်ရည်ရွယ်သည် အစီအစဉ်တစ်ခုကို အိန္ဒိယ အာဏာပိုင်များက စတင်လိုက်သည်ဟု သိရသည်။
    ဇန်န၀ါရီလ ၁ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး နယူးဒေလီတွင် ကိုယ်ပိုင်ကားများ၏ လိုင်စင်နံပါတ်အဆုံးသတ်ပေါ် မူတည်၍ စုံ-နံပါတ်တစ်လှည့်၊ မ နံပါတ်တစ်လှည့်စီ အလှည့်ကျရက်ဖြင့် မောင်းနှင်ခွင့်ပြုခြင်းဖြစ်သည်။
    သောကြာနေ့တွင် ကားအများစုမှာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ကြပြီး ယခင်ကထက်စာလျှင် ရုံးဆင်းရုံးတက်ချိန်များအတွင်း ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ် လျော့နည်းသွားခဲ့သည်။ သို့သော်လည်း စာသင်ကျောင်းများ၊ ကောလိပ်များ၊ အစိုးရရုံးများမှာ နှစ်သစ်ကူးနေ့တွင် ပိတ်ထားသောကြောင့် မဖြစ်မနေ ကားမောင်းရသူများသာ လမ်းမပေါ်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။
    အကူးအဖြတ်အများဆုံး နေရာအချို့တွင် စည်းကမ်းမလိုက်နာသည့် ယာဉ်နံပါတ်ပြားကို စောင့်ကြည့်ရန် ရဲနှင့် စေတနာ့ဝန်ထမ်းအချို့ ထားရှိပြီး ရဲများက တင်းကြပ်စွာ ဖမ်းဆီးနေခြင်းမျိုး မရှိပေ။ အဖမ်းခံရသည့် ကားများသည် သတိပေးစကား ပြောကြားခံရရုံသာ ဖြစ်ပြီး ကြေညာထားသည့်အတိုင်း ကန်ဒေါ်လာ ၃၀ ဒဏ်ငွေဆောင်ရခြင်း ရှိမည်မဟုတ်သေးပေ။
    “ဒီနေ့တော့ ယာဉ်မောင်းတွေကို ပညာပေးရုံသက်သက်ပါပဲ” ဟု လက်ထောက်ရဲအရာရှိ ကရစ်ရှန်ဆင်းဂ်က အဖမ်
းခံရသည့် ယာဉ်မောင်းတစ်ဦးအား ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ရှေးဟောင်းပစ္စည်းများပြသမည့် ရေအောက်ပြတိုက်တစ်ခု အီဂျစ်ဆောက်လုပ်နေ
    ရှေးဟောင်းပစ္စည်းများပြသမည့် ရေအောက်ပြတိုက်တစ်ခု အီဂျစ်ဆောက်လုပ်နေ
    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    egypt
    – ကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိကာ ရှေးဟောင်းအမွေအနှစ်များကို ပြသမည့် ရေအောက်ပြတိုက်တစ်ခုကို အီဂျစ်နိုင်ငံက အလက်ဇန်းဒရီးယားတွင် မကြာသေးမီက စတင်ဆောက်လုပ်နေသည်ဟု သိရသည်။
    အဆိုပါပြတိုက် ဆောက်လုပ်ရေးအစီအစဉ်ကို ၂၀၀၈ ခုနှစ်က ရှေဟောင်းအမွေအနှစ်ဆိုင်ရာ ကောင်စီမှ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဇာဟီ ဟာဝက်စ်က စတင် တင်ပြခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ယူနက်စကိုက ဖြစ်နိုင်ချေနှင့် ပတ်သက်၍ မြေပြင်လေ့လာမှုကို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ သို့သော်လည်း အာရပ်နွေဦးတော်လှန်ရေးနှင့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၂၅ ရက်နေ့တွင် အီဂျစ်နိုင်ငံအတွင်း မတည်မငြိမ်မှုများ ဖြစ်ပွားခဲ့သောကြောင့် ထိုအစီအစဉ်မှာ နှောင့်နှေးခဲ့ရသည်။
    ၂၀၁၃ ခုနှစ် စက်တင်ဘာတွင်မူ အီဂျစ်အာဏာပိုင်များနှင့် ယူနက်စကိုတို့ ထိုကိစ္စအတွက် ဆွေးနွေးမှု ပြန်လည်ပြု လုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် အီဂျစ် ရှေးဟောင်းဆိုင်ရာ ၀န်ကြီး မမ်ဒူ အလ်-ဒါမာတီက အီဂျစ်အစိုးရမှာ အဆိုပါ ရေအောက်ပြတိုက်အစီအစဉ်ကို ပြန်လည်စတင်ရန် စီစဉ်နေပြီဟု ကြေငြာခဲ့သည်။
    မြေထဲပင်လယ်မှ မြို့တစ်မြို့ဖြစ်သော အလက်ဇန်းဒရီးယား၏ အဖိုးမဖြတ်နိုင်သည့် ရေအောက်ရတနာများနှင့် ရုပ်ကြွင်းများကြောင့် ကျွမ်းကျင်ပညာရှင်နှင့် ရှေးဟောင်းသုတေသီများ ပါဝင်သော အဖွဲ့မှာ ထိုနေရာကို ရေအောက် ပြတိုက်ဆောက်လုပ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
    အလက်ဇန်းဒါး သယ် ဂရိတ် (Alexander the Great) က ဘီစီ ၃၃၁ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အဆိုပါ အလက်ဇန်းဒရီးယားမြို့မှာ ကလီယိုပက်ထရာ၏ တော်ဝင်နန်းတော်နှင့် အလက်ဇန်းဒရီးယား မီးပြတိုက်တို့ကဲ့သို့ နစ်မြုပ်နေသော ရှေးဟောင်း အဆောက်အအုံများကို ပိုင်ဆိုင်ထားသည့်မြို့လည်းဖြစ်သည်။ အလက်ဇန်းဒရီးယား မီးပြတိုက်မှာ ကမ္ဘာ့အံ့ဖွယ် ၇ ပါးတွင် ပါဝင်သည့် အဆောက်အဦးဖြစ်သည်။
    ”အဲဒီပြတိုက်ဟာ အာရပ်ဒေသကို ပြန်လည်ဖော်ဆောင်ပေးပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီလိုပြတိုက်မျိုးဟာ ကမ္ဘာမှာ ပထမဆုံး ဖြစ်လို့ပါပဲ။ ဒါဟာ ခရီးသွားလုပ်ငန်းကိုလည်း ပြန်လည်ရှင်သန်စေမှာဖြစ်ပြီး၊ ကာလရှည်ကျဆင်းနေတဲ့ အီဂျစ်ရဲ့ စီးပွားရေးကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်” ဟု အီဂျစ်နိုင်ငံ အောက်ဘက်ပိုင်း ရှေးဟောင်းအမွေအနှစ်များဆိုင်ရာ ကြီးကြပ်မှုအဖွဲ့မှ ဥက္ကဌဖြစ်သူ ယူဆက်ဖ် ခါလီဖာက ပြောကြားခဲ့သည်။
    အဆိုပါ ရေအောက်ပြတိုက်ကို ပြင်သစ် ဗိသုကာပညာရှင် ဂျက်ကွီ ရိုဂီရီက ဒီဇိုင်းဆွဲပေးမည်ဖြစ်ပြီး ၂၂၀၀၀ စကွဲယားမီတာ အကျယ်တွင် ဆောက်လုပ်မည့် အဆိုပါပြတိုက်တွင် ရှည်လျားသော အဆောက်အဦး ၄ ခုပါဝင်မည်ဟု ခါလီဖာက ထည့်သွင်းပြောကြားခဲ့သည်။ ထိုပြတိုက်မှာ တစ်နှစ်လျှင် ခရီးသွားပြည်သူ ၃ သန်း လာရောက်ကြည့်မှုနိုင်မည်ဖြစ်သည်။
    Ref: IINA
  • ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ပရိတ်သတ်၏ ဝေဖန်မှုကို ရီးယဲလ်နည်းပြ တုန့်ပြန်
    ဇန်န၀ါရီ ၁၊ ၂၀၁၆
    M-Media
    ben
    – ပရိတ်သတ်များ၏ ဝေဖန်မှုများကို ခံနေရသည့် ရီးယဲလ်နည်းပြ ဘင်နီတက်ဇ်က ၎င်းမှာ ပရိတ်သတ် တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားသွားမည်ဟု အခိုင်အမာ ပြောကြားလိုက်သည်။
    သို့သော်လည်း ဘင်နီတက်ဇ်ကမူ ၎င်း၏ နှစ်သစ်ကူစကားလက်ဆောင်တွင် ပရိတ်သတ်များအား ပြန်လည်တုန့်ပြ
    န်ခဲ့သည်။
    ”ရီးယဲလ်မက်ဒရစ် ပရိတ်သတ်အားလုံးဟာ သေချာမှုနဲ့ စိတ်အေးမှု ရှိရမှာဖြစ်ပြီး အဲဒီအတွက် ကျွန်တော်တို့
    အဆုံးစွန်ဆုံး နိုင်ပွဲတွေရရှိအောင် အလုပ်လုပ်သွားမှာပါ။ ပရိတ်သတ်တွေအတွက် ဆုဖလားတွေကို ကျွန်တော်တို့ အရယူပေးချင်ပြီး အဆုံးအထိ ကြိုးစားအားထုတ်သွားမှာ ဖြစ်ပါတယ်” ဟု ဘင်နီတက်ဇ်က Marca သတ
    င်းစာသို့ ပြောကြားခဲ့သည်။
    Ref: Goal
  • သဘာဝဘေးအန္တရာယ်များကြောင့် ကိုလံဘီယာတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
    သဘာဝဘေးအန္တရာယ်များကြောင့် ကိုလံဘီယာတွင် အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်
    ဇန်န၀ါရီ ၁၊ ၂၀၁၅
    M-Media
    col
    – နိုင်ငံတွင်းရှိ အဓိကမြစ်ကြီးများ ရေမျက်နှာပြင်နိမ့်ကျနေပြီး အန်းဒီးစ်တောင်တန်းများတစ်လျှောက် တောမီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ကိုလံဘီယာနိုင်ငံမှာ နိုင်ငံတစ်ဝှမ်း အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
    မိုးလေသ၀၊ ဇလဗေဒနှင့် သဘာဝပတ်ဝန်းကျင် လေ့လာရေးအသင်း IDEAM ၏ တောင်းဆိုချက်အရ သမ္မတ ဂျူအန် မန်နျူယဲလ် ဆန်းတို့စ်က ဗုဒ္ဓဟူးနေ့တွင် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
    ရာပေါင်းများစွာသော မြို့များ၊ နယ်များကို ထောက်ပံ့ပေးနေသည့် အဓိကကျသော မြစ်များဖြစ်သော မဂ္ဂဒါလီနာနှင့် ကော်ကာမြစ်နှစ်ခု၏ ရေမျက်နှာပြင်အမှတ်သည် တဖြည်းဖြည်း နိမ့်ကျလာသည့်နောက်တွင် အရေးပေါ်ကြေညာရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။
    အလ်နီညိုရာသီဥတုနှင့် မိုးရွာသွန်းမှုများ လျော့နည်းပြီးနောက် နိုင်ငံအတွင်းရှိ စည်ပင်သာယာနယ်နမိတ် ၅ ခုတွင် ရေပေးဝေမှုကို အချိုးကျဖြင့် ဆောင်ရွက်ခဲ့ရသည်။ အင်ဒီးစ်တောင်တန်းများတစ်လျှောက် တောမီးလောင်ကျွမ်းများခဲ့ခြင်းကလည်း အစိုးရအား အမြင့်ဆုံးသတိပေးချက်ထုတ်ပြန်ရန် ဖိအား ဖြစ်စေခဲ့သည်။
    ကိုလံဘီယာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက တောမီးလောင်ကျွမ်းမှုများသည် နိုင်ငံတစ်လျှောက် မိုးခေါင်ရေရှားဖြစ်ပြီး အပူချိန်မြှင့်တက်လာမှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ အရေးပေါ်ကြေညာချက်ကို နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းသောနေရာတွင် ကြေညာခဲ့သည်။
    အယ်နီညိုသည် ပစီဖိတ်သမုဒ္ဒရာအရှေ့ဘက်တွင် အပူပိုင်းရာသီဥတုဖြစ်ပေါ်ပြီး ရေမျက်နှာပြင်များ ပူနွေးလာခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်သည်။ အယ်နီညိုဖြစ်ပေါ်လျှင် အရှေ့တောင်အာရှနှင့် သြစတေးလျတို့တွင် မိုးခေါင်ရေရှားဖြစ်ပြီး တောင်အမေရိကတွင် မိုးသည်းထန်စွာ ရွာသွန်းတတ်လေ့ ရှိသည်။
    Source; presstv