News @ M-Media
Blog
  • ကုလအရေးပေါ်ရန်ပုံငွေအတွက် ဆော်ဒီက ကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်း
    ကုလအရေးပေါ်ရန်ပုံငွေအတွက် ဆော်ဒီက ကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်း
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    saudi
    – သဘာဝဘေးအန္တရာယ် ခံစားနေရသော နိုင်ငံများကို ကူညီထောက်ပံ့ရန်အတွက် ဆော်ဒီအာရေဗျမှာ ကုလ ဗဟိုအရေးပေါ်ကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့ CERF သို့ ကန်ဒေါ်လာ သန်း ၁၅၀ လှူဒါန်းလိုက်သည်ဟု သိရသည်။
    ထိုသို့ လှူဒါန်းခြင်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ ဆအာ့ဒ် ဘင် အဗ္ဗဒူလာ အလ်-ဆာ့ဒ်က နယူးယောက်၌ သောကြာနေ့က ပြုလုပ်ခဲ့သော CERF အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
    “ကမ္ဘာတစ်ဝှမ်း မိုးခေါင်ရေရှားမှုဒဏ်၊ ရောဂါကပ်ဆိုက်မှုဒဏ်တွေ ခံစားနေရပြီး ဆင်းရဲမှုမွဲတေမှု များပြားလာခြင်းအပေါ် မိမိတို့နိုင်ငံက စိုးရိမ်ပူပန်လျက်ရှိနေသည်” ဟု အလ်-ဆာ့ဒ်က ပြောကြားခဲ့ပြီး ထိုလှူဒါန်းမှုမှာ ၂၀၁၆ ခုနှစ်အတွက် ဖြစ်သည်ဟု ဆိုသည်။
    အလ်ဆာ့ဒ်က ကမ္ဘာကြီးမှာ ဘေးအန္တရာယ်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်း သတိပေးထောက်ပြခဲ့ပြီး CERF အဖွဲ့မှာ အရေးပေါ်ဖြစ်ရပ်များအတွင်း ပြည်သူများအား ကူညီရန်အတွက် ကမ္ဘာပေါ်တွင် အကောင်းဆုံး အားထုတ်ကြိုးပမ်းသည့် အဖွဲ့ဟုလည်း ချီးကျူးပြောဆိုခဲ့သည်။
    ကုလအရေးပေါ်ကယ်ဆယ်ရေးရံပုံငွေအဖွဲ့ (CERF) သည် စစ်ဘေးဒဏ်နှင့် သဘာဝဘေးအန္တရာယ်များ ခံစားနေရသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် အမြန်ဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများအနက်မှ တစ်ခုဖြစ်သည်။
    လူ့အသက်ကယ်ဆယ်ရေးဖြစ်သော လူသားချင်းစာနထောက်ထားသည့် လုပ်ရပ်များကို ကမ္ဘာတစ်ဝှမ်းတွင် မဆိုင်းမတွ ထောက်ပံ့ရန်အတွက် ၎င်းအဖွဲ့သည် အလှူငွေများ လက်ခံရရှိထားပြီး၊ အစိုးရများမှ အဓိက ထောက်ပံ့မှုများ ပြုလုပ်သည်။
    သို့သော် ဖောင်ဒေးရှင်းများ၊ ကုမ္ပဏီများ၊ ပရဟိတသင်းများနှင့် တစ်ဦးချင်းစီမှလည်း နှစ်စဉ် ဒေါ်လာ သန်း ၄၅၀ ခန့် ထည့်ဝင်မှုများ ရှိနေသည်။ အရေးပေါ်ကယ်ဆယ်ရေး ဖြစ်ရပ်များတွင် လူသားချင်းစာနာထောက်ထားရေးအဖွဲ့များက ရံပုံငွေအတွက် လျှောက်လွှာတင် တောင်းခံရသည်။ အရေးပေါ်လိုအပ်ချက်များနှင့် အသက်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တောင်းဆိုလွှာများသည် CERF ၏ မူဘောင်နှင့် ကိုက်ညီပါက ရံပုံငွေများကို ချက်ချင်းထုတ်ပေးလေ့ရှိသည်။
    ငွေချက်ခြင်းထုတ်ပေးသည့်အတွက် ကယ်ဆယ်ရေးအဖွဲ့များသည် အစားအစာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့်အခြားသော အသက်ကယ်ရေးအကူအညီများကို မြန်မြန်နှင့် ထိရောက်စွာ ပေးပို့နိုင်မည်ဖြစ်သည်။
    Ref : Arabnews
  • ဘာကာ၏ အောင်မြင်မှုမှာ အသင်းသားများ စည်းလုံးခြင်းကြောင့်ဟု မက်ဆီပြော
    ဘာကာ၏ အောင်မြင်မှုမှာ အသင်းသားများ စည်းလုံးခြင်းကြောင့်ဟု မက်ဆီပြော
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    messi
    – ဘာစီလိုနာအသင်း၏ အောင်မြင်မှုမှာ အ၀တ်လဲခန်းအတွင်း အသင်းသားများ၏ စည်းလုံးညီညွတ်မှုကြောင့်ဟု တိုက်စစ်မှူး လီယွန်နယ်မက်ဆီက ယမန်နေ့ ကလပ်အသင်းများကမ္ဘာ့ဖလား ဗိုလ်လုပွဲပြီးနောက် ပြောကြားလိုက်ပြီး အသင်းသားများကိုလည်း ချီးကျူးခဲ့သည်။
    ရေးဗားပလိတ်နှင့်ကစားခဲ့သည့် ထိုပွဲတွင် ဘာစီလိုနာမှာ ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ကာ ကလပ်အသင်းများ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ဆွာရက်ဇ်က ၂ ဂိုး၊ မက်ဆီက ၁ ဂိုး သွင်းယူပေးခဲ့သည်။ မက်ဆီမှာ ထိုဖလားကို သုံးကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
    “တစ်နှစ်ထဲမှာ ဖလားငါးလုံး ရအောင်ယူနိုင်တာ သိပ်စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ ပြီးတော့ အရမ်းလည်း အထင်ကြီးစရာဖြစ်သလို၊ ဒီလိုအောင်မြင်မှုရတာလည်း အရမ်းထူးခြားပါတယ်။ ဒါ့ကြောင့် နှစ်တစ်နှစ်ကို ဒီလိုအဆုံးသတ်ရတာဟာ သိပ်ကို လှပပါတယ်ဗျာ” ဟု မက်ဆီက ဆိုသည်။
    အသင်းနှင့်ပတ်သက်၍လည်း ၎င်းက “အ၀တ်လဲခန်းထဲမှာ ကျွန်တော်တို့ဟာ အင်မတန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြတယ်။ ကျွန်တော်တို့ အတူတွဲကစားလာတာဟာ တော်တော့်ကိုကြာနေပြီး ဒါကလည်း ကျွန်တော်တို့အတွက် အကူအညီဖြစ်စေပါတယ်။ ဒီလို ရင်းနှီးမှုကြောင့်ပဲ ကျွန်တော်တို့အသင်းဟာ ပိုပြီး တောင့်တင်းလာတာပါ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • ၁၁ နှစ်ကြာပြီးနောက် အာဖဂန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာ
    ၁၁ နှစ်ကြာပြီးနောက် အာဖဂန်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် ဖြစ်လာ
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    afa
    – ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး WTO ၏ ၁၀ ကြိမ်မြောက်ညီလာခံတွင် အာဖဂန်နစ္စတန်ကို အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင် အတည်ပြုခဲ့သည်ဟု သိရသည်။
    အာဖဂန်နစ္စတန်မှာ ၁၁ နှစ်ကြာညှိနှိုင်းဆွေးနွေးမှုများအပြီးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ၁၆၄ ခုမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာပြီး ၃၆ ခုမြောက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံလည်း ဖြစ်လာခဲ့သည်။
    “ကျွန်တော်တို့အနေနဲ့ ဆင်းရဲမွဲတေမှုကို လျော့ပါးစေဖို့အတွက် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးကို ဖော်ဆောင်ဖို့ကတိပြုခဲ့ပြီး၊ တည်ငြိမ်အေးချမ်းမှုကို ကြာရှည်စွာထိန်းသိမ်းထားမယ်လို့လည်း ကတိပြုခဲ့တဲ့အတွက် ယနေ့ဟာဆိုရင် အာဖဂန်နစ္စတန်ရဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်ပါတယ်” ဟု အာဖဂန်၏ လက်ထောက်ညွှန်ချုပ် မိုဟာမက်ခန်းက အောင်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။
    ကုန်းတွင်းပိတ်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော အာဖဂန်နစ္စတန်၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ခြင်းမှာ ပဋိပက္ခအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၌ အကျိုးဖြစ်ထွန်းစေမည်ဟု မျှော်လင့်ရသည်။
    “ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ကျွန်တော်တို့နိုင်ငံကို တည်ဆောက်ဖို့၊ ပညာရေးအသင်းအဖွဲ့တွေ ပေါ်ထွန်းလာဖို့နဲ့ ပုဂ္ဂလိကအခန်းကဏ္ဍတွေအတွက် အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။ ကမ္ဘာရေးကုန်သွယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ အာဖဂန်နစ္စတန်နိုင်ငံကို နည်းပညာစွမ်းရည်တွေ ထောက်ပံ့ပေးဖို့အတွက်လည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုခဲ့ပါတယ်” ဟု ခန်းက ထည့်သွင်းပြောကြားခဲ့သည်။
    ၎င်းက ဆက်လက်၍ စွမ်းအင်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အုံလုပ်ငန်းများ အပါအ၀င် စီးပွားရေးအချက်အခြာကျသည့် လုပ်ငန်းကြီးများ လာရောက်ရင်းနှီးမြှုပ်နှံနိုင်စေရန် တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်ထားသည်ဟု ဆိုသည်။
    “ပိုမိုကြီးကျယ်တဲ့ ဘဏ္ဍာရေးမူဝါဒတွချမှတ်ပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့နဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ သဘောတူညီခဲ့ပါတယ်”
    Ref: Xinhua
  • ချယ်ဆီးနိုင်ပွဲပြန်တွေ့၊ မန်ယူ၊ လီဗာပူးလ်တို့ရှုံးခဲ့ပြီး လက်စတာက ဆက်လက်ဦးဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇
    ချယ်ဆီးနိုင်ပွဲပြန်တွေ့၊ မန်ယူ၊ လီဗာပူးလ်တို့ရှုံးခဲ့ပြီး လက်စတာက ဆက်လက်ဦးဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ မော်ရင်ဟိုအလွန်ချယ်ဆီး နိုင်ပွဲပြန်ရခဲ့ပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ကာ ဇယားကိုတော့ လက်စတာက ဆက်လက်ဦးဆောင်နေပါတယ်။
    ဆန်းဒါးလန်းနဲ့ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ဂူစ်ဟစ်ဒင့်ကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ခဲ့တဲ့ချယ်ဆီး ဒီပွဲကိုတော့ ယာယီနည်းပြတွေနဲ့သာ ကစားစေခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ အိုင်ဗန်နိုဗစ်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒီဂိုးက ချယ်ဆီးကစားသမားတွေအတွက် ယုံကြည်မှုရှိစေခဲ့ရုံသာမက ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း တစ်ခဲနက် ရရှိခဲ့ပါတယ်။ ကစားပုံကောင်းခဲ့တဲ့အတွက် ၁၃ မိနစ်မှာ ဒုတိယဂိုးရခဲ့ပြီး ပက်ဒရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၅၀ မှာတော့ အော်စကာရဲ့ ပင်နယ်တီနဲ့ တတိယဂိုး ရခဲ့ပြီး ၅၂ မိနစ်မှာ ဆန်းဒါးလန်းက တစ်ဂိုးပြန်ချေပနိုင်ခဲ့ပေမယ့် ရလဒ်ကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။
    epl 2
    လက်စတာကလည်း အဝေးကွင်းမှာ အကြိတ်အနယ်ကစားခဲ့ရပြီး ပင်နယ်တီ ၂ လုံးနဲ့အတူ အဲဗာတန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူကာ ဇယားထိပ်ကို ဆက်လက် ရယူထားနိုင်ခဲ့ပါတယ်။ လက်စတာအတွက် ဂိုးတွေကိုတော့ ရီယဒ် မဟ်ရက်ဇ်က ပင်နယ်တီကနေ ၂ ဂိုး အိုကာဇာကီက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    epl 3
    ပြီးခဲ့တစ်ပတ်က တန်းတက်ဘုန်းမောက်ကို ရှုံးခဲ့တဲ့မန်ယူ ဒီတစ်ပတ်မှာလည်း နော်ဝစ်ခ်ျကို ဦးဆောင်ဂိုးတွေပေးခဲ့ရပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဖိအားတွေရှိနေတဲ့ နည်းပြဗန်ဂါးလ်ကတော့ ကစားသမားတွေကို အပြစ်တင်ခဲ့ပြီး ယုံကြည်မှုမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက် အစေးကပ်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    လီဗာပူးလ်ကတော့ ၀က်ဖို့ဒ်ကို အမှားများစွာနဲ့ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ၁၅ မိနစ်အတွင်း ၂ ဂိုးပေးလိုက်ရတာက လီဗာပူးလ်ကို အထိနာစေခဲ့တာဖြစ်ပြီး ကလော့ပ်ကတော့ အသင်းဟာ ဘယ်ဘက်ကမှ မကောင်းခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ၀က်ဖို့ဒ်ရဲ့ ဒီအနိုင်ကြောင့် စတုတ္ထနေရာက စပါးနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။
    ချယ်ဆီး၊ မepl 4န်ယူတို့ကို ဆက်တိုက်အနိုင်ယူထားတဲ့ဘုန်းမောက် ဒီတစ်ပတ်မှာလည်း ၀က်စ်ဘရွန်းကို ၂ ဂိုး ၁ ဂိုးနဲ့ ထပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးကာဆယ်ကို ရှုံးကာ ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရတဲ့ စပါးကတော့ ဆောက်သက်တမ်ကို ၂ ဂိုးပြတ်နဲ့ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ပါတယ်။
    ဒုတိယနဲ့ တတိယနေရာက မန်းစီးတီးနဲ့ အာဆင်နယ်တို့ရဲ့ပွဲကိုတော့ ဒီနေ့ညမှာ ကစားမှာပါ။ ဒီတစ်ပတ်ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ချယ်ဆီး ၃-၁ ဆန်းဒါးလန်း
    အဲဗာတန် ၂-၃ လက်စတာ
    မန်ယူ ၁-၂ နော်ဝစ်ခ်ျ
    ဆောက်သက်တမ် ၀-၂ စပါး
    စတုတ် ၁-၂ ခရစ္စတယ်ပဲလေ့စ်
    နယူးကာဆယ် ၁-၁ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၀-၀ ၀က်စ်ဟမ်း
  • ယခုနှစ်အတွင်း နိုင်ငံခြားသူလျှို ၃၀၀ ကျော် ဖမ်းမိဟု ရုရှားပြော
    ယခုနှစ်အတွင်း နိုင်ငံခြားသူလျှို ၃၀၀ ကျော် ဖမ်းမိဟု ရုရှားပြော
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    russia
    – ပြည်ပ ထောက်လှမ်းရေးဌာနများမှာ ရုရှားတွင် ၎င်းတို့၏ လှုပ်ရှားမှုများကို တိုးမြှင့်ဆောင်ရွက်လာကြသည်ဟု ရုရှားသမ္မတဗလာဒီမီရ်ပူတင်က ပြောကြားလိုက်ပြီး ထိုစိန်ခေါ်မှုအတွက် လုံလောက်စွာ ပြန်လည်တုန့်ပြန်ရန် မိမိတို့အနေဖြင့် အဆင်သင့်ရှိနေသည်ဟု ဆိုသည်။
    လျှို့ဝှက်လုံခြုံရေးဌာနမှ ၀န်ထမ်းများကို ပူတင်က အမှာစကားပြောကြားရာတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်ပြီး ရုရှားတန်ပြန်ထောက်လှမ်းရေးအဖွဲ့များက ပြည်ပထောက်လှမ်းရေး သူလျှိုများအပါအ၀င် အပေါင်းအပါ အယောက် ၃၂၀ ခန့်ကို ဖော်ထုတ်ဖမ်းဆီးခဲ့သည်ဟုလည်း ဆိုသည်။
    “တချို့နိုင်ငံတွေရဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ ရုရှားကိုဦးတည်ပြီး အရှိန်အဟုန်နဲ့ အားထုတ်လုပ်ဆောင်မှုတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ တွေ့နေရပါတယ်။ ရုရှား လုံခြုံရေးဌာနကလည်း ဒီလိုစိန်ခေါ်မှုတွေကို လုံလောက်တဲ့တုံ့ပြန်မှုတွေပြုလုပ်ဖို့ အဆင်သင့်ပါပဲ”
    သမ္မတက ရုရှားလုံခြုံရေးအဖွဲ့များသည် အဂတိလိုက်စားမှုများနှင့် စီးပွားရေးရာဇ၀တ်မှုများ တိုက်ဖျက်ရာတွင် လည်းကောင်း၊ နိုင်ငံ့နယ်နိမိတ်များကို ကာကွယ်စောင့်ရှောက်ရာတွင် လည်းကောင်း ထိထိရောက်ရောက် လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ထားကြောင်း အလေးပေးပြောကြားခဲ့သည်။ ၎င်းက ထပ်မံ၍ ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရာတွင် နိုင်ငံတော်လုံခြုံရေးအဖွဲ့များက စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်သွားသင့်ကြောင်း တိုက်တွန်း ပြောကြားခဲ့သည်။
    မိန့်ခွန်းတွင် ပူတင်က အကြမ်းဖက်သမားများသည် နိုင်ငံတကာအသိုက်အ၀န်းတစ်ခုလုံးကို စစ်ကြေညာထားပြီး ၎င်းတို့၏ လုပ်ရပ်များသည် ရုရှားကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု ပါရှိသည်။ ရုရှားလုံခြုံရေးအဖွဲ့များမှာ အကြမ်းဖက်မှုပေါင်း ၃၀ ကျော်ကို တားဆီးနိုင်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများပြုလုပ်ရန် လူငယ်လူရွယ်များအား စုဆောင်းသိမ်းသွင်းမှုများ မခံရစေရေးအတွက် အထူးသတိထားရန်လည်း တောင်းဆိုခဲ့သည်။
    Ref: RT