News @ M-Media

Blog

  • အမေရိကန်ပြည်ထောင်စုအား ဂုဏ်တင်ပေးနိုင်ခဲ့သော မွတ်စ်လင်မ် ငါးဦး

    အမေရိကန်ပြည်ထောင်စုအား ဂုဏ်တင်ပေးနိုင်ခဲ့သော မွတ်စ်လင်မ် ငါးဦး

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media
    1
    – အမေရိကန်သမ္မတလောင်းနေရာယှဉ်ပြိုင်နေသူနှင့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဒိုနယ် ထရမ့်ပ်သည် ကမ္ဘာ့မီဒီယာခေါင်းစည်းပိုင်းတွင် တစ်ကျော့ပြန် နေရာယူလာသည်။ ဤတစ်ကြိမ်တွင်တော့ “အမေရိကန်ပြည်ထောင်စုထဲသို့ မွတ်စ်လင်မ်များဝင်ရောက်ခြင်းအား အကြွင်းမဲ့ ပိတ်ပင်လိုက်ရေး” ဟူသော သူ၏အဆိုအပေါ် တုန့်ပြန်ချက်များ ဖြစ်နေပေသည်။ ထိုစကားကို သူ၏တွစ်တာအကောင့်၌ ၂၀၁၅ ဒီဇင်ဘာ ၇ ရက်က သူကိုယ်တိုင်ရေးသားခဲ့သည်။

    ကနဦးပိုင်း သမ္မတလောင်းဝင်ပြိုင်နေစဉ် “အမေရိကန်ပြည်ထောင်စုကို တစ်ကျော့ပြန် ကြီးမြတ်ဂုဏ်တက်စေမည့် အစီအမံများပြုလုပ်မည်” ဟု ထူးထူးခြားခြား ကြွေးကြော်မှုကြောင့် လူအချို့မှ ၀ိုင်းရံခဲ့သော်လည်း ယခုအခါတွင် အကြီးအကျယ် ဟာသဖြစ်နေပေပြီ။ ဥပမာ – ဇူလိုင်လတုန်းက Huffington Post မှ ထရမ့်ပ်၏မဲဆွယ်ပွဲအစီအစဉ်ကို ဖျော်ဖြေရေးကဏ္ဍမှ အားဖြည့်ကူညီပေးမည်ဖြစ်ကြောင်း ဆိုခဲ့သော်လည်း ယခုရက်သတ္တပတ်၌ ကုမ္ပဏီ၏ အယ်ဒီတာချုပ်က ထိုကိစ္စအား အလျဉ်းပြုလုပ်မည်မဟုတ်ဟု ခေါင်းကြီးပိုင်းတွင် ရေးသားလိုက်သည်။

    မက္ကဆီကန် ပြောင်းရွှေ့အခြေချလာသူများ၊ ၎င်းနောက် ပြိုင်ဖက်အမျိုးသမီးကိုယ်စားလှယ်၊ ၎င်း၏နောက် ယခုအခါ မွတ်စ်လင်မ်များအပေါ် အမုန်းတရားဝါဒအခြေတည်စကား ဆိုလာရာ သူ၏ကျော်ကြားမှုဂုဏ်နှင့်တွဲပြီး သမ္မတအိုဘားမား အပါအ၀င် လူမြောက်များစွာတို့မှ စိုးရိမ်မကင်း ဖြစ်သွားစေခဲ့သည်။ သမ္မတအိုဘားမားက “အမေရိကန် မွတ်စ်လင်မ်များသည် ကျွန်ုပ်တို့၏မိတ်ဆွေများ၊ အိမ်နီးချင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ အားကစားသူရဲကောင်းများ ဖြစ်ကြသည်” ဟုထောက်ပြလျက် အဆိုပါအုပ်စုများဖက်လှည့်၍ ဓားစာခံပြုလုပ်လိုနေသော ထရမ့်ပ်၏ကြိုးပမ်းမှုအပေါ် ဆန့်ကျင်ပြောထုတ်လိုက်ပါသည်။

    အမှန်ပင် အမေရိကန်ပြည်ထောင်စုကို ကြီးမြတ်ဂုဏ်တက်စေခဲ့သူများအနက် အမေရိကန်မွတ်စ်လင်မ်တို့သည် စံပြအဖြစ် ပါဝင်နေပါသည်။ အောက်ပါပုဂ္ဂိုလ်ငါးဦးကို ဖျော်ဖြေရေး၊ နိုင်ငံရေးနှင့် နည်းပညာကဏ္ဍတစ်ခွင်မှ ဖော်ပြထားချက်ကို ကြည့်ရှုပါလေ။

    ၁။ မုဟမ္မဒ် အလီ
    ——————
    အားကစားသမိုင်းတွင် အကြီးကျယ်ဆုံး ဟဲဗီးဝိတ်တန်း လက်ဝှေ့ကစားသမားဟောင်းအဖြစ် သူ့အား အကျယ်တ၀င့် ဖော်ပြသတ်မှတ်ထားကြသည်။ BBC မှ ရာစုနှစ်၏ထိပ်တန်းဂုဏ်ရည်ရှင်အားကစားသမား ဟု အမည်ပေးထားသည်အထိဖြစ်သည်။ ကြိုးဝိုင်းထဲမှ သူ၏ ကျွမ်းကျင်လိမ္မာမှုအရည်အသွေးသာမက ပြင်ပလောကရှိ သူ၏လူမှုလုပ်ငန်းဆောင်ရွက်ချက်များကြောင့် သူ့အား ရိုသေလေးစားတန်ဖိုးထားကြသည်။

    သူသည် ၁၉၇၅ ခုနှစ်တွင် အစ္စလာမ်သာသနာ(စွန္နီ)သို့ ကူးပြောင်းသက်ဝင်သည်။ ၂၀၀၁ ခုနှစ်တွင် မိမိသာသနာနှင့်ပတ်သက်ပြီး အမေရိကန်များစွာမှ အထင်လွဲမှားနေကြောင်း အော်ပရာ ၀င်းဖရေးသို့ ပြောကြားခဲ့သည်။

    “အစ္စလာမ် ဆိုတဲ့ဝေါဟာရက ငြိမ်းချမ်းရေးလို့ အဓိပ္ပာယ်ထွက်ပါတယ်။ မွတ်စ်လင်မ်ဆိုတဲ့စကားလုံးက ဖန်ဆင်းရှင်ထံ မိမိကိုယ်ကိုမာန်ချအပ်နှံခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် ပုံနှိပ်ထုတ်ဝေဖော်ပြချက်များက ကျွန်တော်တို့ကို အမုန်းတရားဝါဒီတွေလို့ ထင်မြင်သွားစေပါတယ်။ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေ၊ လူတွေအားလုံးက ကျွန်တော့်ရဲ့ညီနောင်များပါ။ ကျွန်တော်တို့က အတွေးအမြင်နဲ့ ယုံကြည်ချက် ကွဲပြားသွားတာပဲရှိပါတယ်”။

    2

    ၂။ ယာစီးန် ဘေး
    —————–
    သူ့အား ဂရမ်မီဂီတဆု လျာထားစာရင်းဝင် ဟစ်ပ်ဟော့ အနုပညာရှင်တစ်ဦးအဖြစ် ပို၍ လူသိများကြသည်။ အမ်မီနှင့် ရွှေကမ္ဘာလုံးဆုရှင်စာရင်းဝင်စဉ်ကလည်း သိရှိသူ မနည်းလှချေ။ ဘက်စုံပါရမီရှင် အနုပညာသည်မှာ ယခုသော် သူ၏ လူမှုရေးစွမ်းဆောင်ချက်များ၊ အလားတူ ရဲတပ်ဖွဲ့ဝင်တို့၏လူမဆန်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်များကြောင့် ကျော်ကြားနေပေသည်။

    အစ္စလာမ်သာသနာသည် အမုန်းတရားနှင့် အကြမ်းဖက်ဝါဒလောဟု ဘီလ် မဟာမှ မေးမြန်းခဲ့စဉ်က သူသည် လူအများ သတိလက်လွတ်ဖြစ်နေသော အချက်နှစ်ရပ်ကို ထောက်ပြပေးခဲ့သည်။

    “ဘာသာတရားတရားတိုင်းက ထွက်ပေါ်တဲ့ အကြမ်းဖက်မှုတွေ ရှိနေကြပါတယ်။ မွတ်စ်လင်မ်နဲ့ ခရစ်ယာန်များအကြား၊ ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန်များအကြား၊ လူဖြူနဲ့လူမည်းအကြား၊ သွေးချင်းနဲ့သွေးဝေးအကြား မတူကွဲပြားမှုအကြောင်းကြောင့် ဖြစ်လာတာမဟုတ်ပါဘူး။ အစ္စလာမ်က ခြိမ်းခြောက်မှုမဟုတ်ပါဘူး။ ချာ့ခ်ျတွေမှာ၊ ဗလီဝတ်ကျောင်းတွေမှာ၊ လေဆိပ်တွေမှာ – နေရာတိုင်းမှာ ရူးကြောင်မူးကြောင် လူတွေ ရှိနေကြတယ် မဟုတ်လား”။

    ၃။ ဟူးမား အာဗေဒီးန်
    ———————–
    အမေရိကန်နိုင်ငံရေးလောကထဲတွင် မွတ်စ်လင်မ်များ မရှိသလောက်ဖြစ်သည်။ ဥပမာအားဖြင့် မွတ်စ်လင်မ် လွှတ်တော်အမတ်နှစ်ဦးသာ ရှိနေ၏။ အမျိုးသမီးဆိုလျှင် ပို၍ပင် မရှိသလောက် ရှားပါး၏။ သမ္မတလောင်းနေရာ ယှဉ်ပြိုင်နေသူ ဟီလာရီ ကလင်တန်၏ ဒုဥက္ကဋ္ဌဖြစ်သော မွတ်စ်လင်မ်အမျိုးသမီး ဟူးမား အာဗေဒီးန်မှာ သူမ၏ ယင်းသို့အောင်မြင်မှုအတွက် ထင်ရှားကျော်ကြားရခြင်းဖြစ်သည်။ ယခုသီတင်းပတ်အတွင်း ထရမ့်ပ်မှ အမေရိကန်မွတ်စ်လင်မ်တို့အပေါ်ပေးသော မှတ်ချက်များနှင့်စပ်လျဉ်း၍ သူမက “ကျွန်မက ဂုဏ်ယူစရာ မွတ်စ်လင်မ်3-1တစ်ဦးပါ။ ဒါပေမယ့် ကျွန်မရဲ့ မနှစ်မြို့မှုနဲ့တူညီအောင် ကျွန်မရဲ့ယုံကြည်မှုနဲ့ ထပ်တူကျစရာ မလိုပါဘူး။ ထရမ့်ပ်က ကျွန်မတို့ရဲ့ ဥပဒေကျမ်းထဲမှာ အစွန်းရောက်လူမျိုးရေးဝါဒ သွတ်သွင်းချင်နေတာပါ” ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ သူမ၏တွစ်တာအကောင့်တွင် အောက်ပါအတိုင်း ရေးသားထားသည်။

     

    “အသင်ဟာ ဂုဏ်ယူစရာ အမေရိကန်တစ်ဦး၊ ဂုဏ်ယူစရာ မွတ်စ်လင်မ်တစ်ဦး ဖြစ်နိုင်ပါတယ်။ ဒီတိုင်းပြည်ကြီးကို ဂုဏ်ယူစွာနဲ့ အလုပ်အကျွေးပြုနိုင်ပါတယ်။ မာနနဲ့အစွဲဆိုတာ ဒွန်တွဲနေပါတယ်”။

    4

    ၄။ ဖရီးဒ် ဇကရီယာ
    ——————–
    Time နှင့် Newsweek International ၏ အယ်ဒီတာတစ်ဦးအဖြစ် ဆောင်ရွက်နေသည့် အိန္ဒိယနွယ်ဖွား အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဖရီးဒ်သည် သူ၏သက်မွေးလုပ်ငန်းကြောင့် ထင်ရှားကျော်ကြားလှသည်။ သတင်းစာဆောင်းပါးဆုရှင် ဖရီးဒ်သည် ယခုအခါ CNN ၌ နိုင်ငံရေးဆိုင်ရာ သူ၏ကိုယ်ပိုင်တင်ဆက်မှု အစီအစဉ် ပြုလုပ်နေပြီး Washington Post သတင်းစာအတွက်လည်း အပတ်စဉ်ဆောင်းပါး ရေးသားနေသည်။ သူသည်လည်း ထရမ့်ပ်၏ မွတ်စ်လင်မ်ဆန့်ကျင်ရေး မီးမွှေးချက်ကို သူ့တွစ်တာအကောင့်တွင် တုန့်ပြန်ပြောဆိုထားခဲ့သည်။

    5

    ၅။ စလ်မာန် ခန်း
    ——————
    ရံပုံငွေထိန်းသိမ်းရေးကျွမ်းကျင်သူတစ်ဦးအဖြစ် လုပ်ကိုင်နေခဲ့စဉ်က စွန့်ဦးလုပ်ငန်းရှင် အမေရိကန်မွတ်စ်လင်မ် စလ်မာန် ခန်းထံ၌ အိပ်မက်တစ်ခု ရှိခဲ့၏။ သူသည် Khan Academy ကို စတင်ထူထောင်ပြီး ထိုအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့သည်။ ၎င်း Khan Academy သည် သင်္ချာမှ ပရိုဂရမ်အထိ ပညာရပ်အမျိုးမျိုးကို အွန်လိုင်းမှ သင်ကြားနိုင်သည့်အစီအစဉ်ဖြစ်သည်။ Time မဂ္ဂဇင်းက သူ့အား ၂၀၁၂ ခုနှစ်၏ ကမ္ဘာ့သြဇာအကြီးမားဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းထဲ ထည့်သွင်းဖော်ပြထားသည်။

    Ref : AGENDA
    5 Muslims who helped make America great
    ပြန်ဆိုသူ – သြရသ ရေချမ်း

  • IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    IS အား အမေရိကန်နှင့် အစ္စရေးက ဖန်တီးခဲ့သည်ဟု ကျူးဘားခေါင်းဆောင်ဟောင်း ပြော

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    cuba

    – IS အကြမ်းဖက်အဖွဲ့ကို အမေရိကန်နှင့် အစ္စရေးတို့က ဖန်တီးခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များမှာ နိုင်ငံရပ်ခြားတွင် ပဋိပက္ခများကို မီးမွှေးနေသည်ဟု ကျူးဘားသမ္မတဟောင်း ဖီးလ်ဒ် ကက်စထရိုက ပြောကြားလိုက်သည်။

    ထို့ပြင် နေတိုးအဖွဲ့မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကြေငြာချက်ကို နာဇီ SS အဖွဲ့၏ ကြေငြာချက်နှင့် နှိုင်းယှဉ်ပြောကြားခဲ့ပြီး၊ ယူကရိန်းပြဿနာနှင့် ဆက်စပ်၍ ရုရှားအား ဖိအားပေးမှုကို ရည်ညွှန်း၍ အနောက်နိုင်ငံများမှ နိုင်ငံရေးသမားများမှာ ကြောင်သူတော်များဖြစ်ကာ၊ ရန်လိုကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “နေတိုးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက နာဇီ SS မျက်နှာမျိုး၊ စတိုင်မျိုးတွေနဲ့ ထုတ်ပြန်တဲ့ ကြေငြာချက်တွေကို ကြားတဲ့အခါ လူတွေက အံ့သြနဘန်း ဖြစ်ကြရပါတယ်” ဟု ကက်စထရိုက ကျူးဘားနိုင်ငံပိုင်မီဒီယာတွင် ရေးသားခဲ့သည် ဆောင်းပါ၌ ဖော်ပြထားသည်။

    “သမိုင်းမှာ ကျရှုံးခဲ့တဲ့ လောဘအခြေခံ အဒေါ့ဖ်ဟစ်တလာရဲ့ အင်ပါယာဟာ နေတိုးရဲ့ ရန်လိုပြီး ဓနရှင်အစိုးရတွေဆီကလာတဲ့ ဆောင်ရွက်မှုတွေနဲ့ ဘာမှ သိပ်မကွာပါဘူး။ အဲဒီအစိုးရတွေဟာ ဥရောပနဲ့ ကမ္ဘာကြီး သူတို့ကို လှောင်ပြောင်အောင် လုပ်နေကြတာပါပဲ”

    အသက် ၈၈ နှစ်အရွယ်ရှိ ကက်စထရိုမှာ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကိုလည်း ၎င်း၏ အရှေ့အလယ်ပိုင်းပေါ်လစီများအတွက် ဝေဖန်ခဲ့ပြီး၊ မက်ကိန်းမှာ အစ္စရေး၏ ချွင်းချက်မရှိသည့် မဟာမိတ်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် မက်ကိန်းမှာ အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်အား ထောက်ခံသူဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ဖန်တီးရာတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ နောက်နိုင်ငံများ၏ အကောင်းမမြင်မှုကိုလည်း ၎င်းက ဆန့်ကျင်ခဲ့ပြီး ထိုဝါဒမှာ နယ်ချဲ့ဝါဒဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: RT

  • ဆီးရီးယားစစ်ပွဲတွင် ဗြိတိန်ပါဝင်မှုကို ပြည်သူများ ရှုတ်ချ

    ဆီးရီးယားစစ်ပွဲတွင် ဗြိတိန်ပါဝင်မှုကို ပြည်သူများ ရှုတ်ချ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားအရေးတွင် ယူကေက ကြားဝင်စွက်ဖက်မှုများနှင့် မကြာသေးမီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့်အတွက် လန်ဒန်တွင် ပြည်သူထောင်ပေါင်းများစွာက ယမန်နေ့တွင် လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး စစ်ဆန့်ကျင်ရေးလှုပ်ရှားသူများကလည်း ပြည်ပတွင် ယူကေ၏ စစ်ရေးလှုပ်ရှားမှုများကို လုံးဝ ရပ်တန့်ရန် တောင်းဆိုခဲ့ကြသည်။

    “လူသတ်ဖို့ထောက်ခံကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဆီးရီးယားဗုံးကြဲမှု အခုရပ်” “ငြိမ်းချမ်းရေးအတွက် ဗုံးကြဲခြင်းသည် အပျိုစင်ဖြစ်ရန်ဟုဆိုကာ အဓမ္မပြုကျင့်ခြင်းသာဖြစ်သည်” “ဆီးရီးယားပြည်သူများသည် ပြဿများနှင့် အသက်ရှင်နေရသည်” စသည့် ဆောင်ပုဒ်များကို အလံများနှင့် တံခွန်များပေါ်တွင် မြင်သာအောင် ရေးသားကိုင်ဆောင်ထားကြသည်။

    လူအုပ်ကြီးမှာ ဗြိတိန်ဝန်ကြီးချုပ်နေထိုင်ရာ ဒေါင်းနင်းလမ်းသို့ ရောက်သောအခါ ဟောပြောသူများက စင်မြင့်သို့တက်ကာ လက်နက်ကိုင်ပဋိပက္ခများတွင် အစိုးရ၏ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချပြောဆိုခဲ့သည်။ ယူကေက နိုင်ငံရပ်ခြားစစ်ပွဲများတွင် ပါဝင်မှုမှာ ၂၀၀၁ ခုနှစ်တွင် အာဖဂန်တွင် စတင်ခဲ့သော အကြမ်းဖက်ဆန့်ကျင်ရေး လှုပ်ရှားမှုအပြီး လေးကြိမ်မြောက်ဖြစ်သည်။

    ဆီးရီးယားတွင် ဗြိတိန်က လေကြောင်းမှ တိုက်ခိုက်မှုများပြုလုပ်ရန် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၂ ရက်တွင် ပါလီမန်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ပါဝင်မှုကို အတိုက်အခံခေါင်းဆောင် ဂျယ်ရီမီ ကော်ရ်ဘန်ကလည်း ဆန့်ကျင်ခဲ့သည်။

    “တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ထပ်မဖြစ်အောင် ကျွန်မတို့ တောင်းဆိုနေတာပါ။ ဒီစစ်ပွဲကြောင့်ဖြစ်လာတဲ့ လူမျိုးရေးခွဲခြားမှုတွေကို ရပ်တန့်ဖို့ ကျွန်မတို့ ပြောနေတာပါ” ဟု ဆိုရှယ်လစ်ပါတီမှ နန်စီ တာအက်ဖီက ပြောကြားခဲ့သည်။

    ဒေါင်းနင်းလမ်းအပြင်ဘက်တွင် ပြောကြားသော မိန့်ခွန်း၌ Green ပါတီ၏ ဒုတိယခေါင်းဆောင် ရှာရာဟ်အလီက ယူကေအစိုးရအနေဖြင့် ဆီးရီးယားဒုက္ခသည်များကို ပိုမိုလက်ခံရန်အတွက် တိုက်တွန်းပြောဆိုခဲ့သည်။

    Ref: RT

  • ပဲရစ်ရှိကျောင်းဆရာတစ်ဦး IS အဖွဲ့ဝင်ဟု ယူဆရသူ၏ တိုက်ခိုက်မှု ခံရ

    ပဲရစ်ရှိကျောင်းဆရာတစ်ဦး IS အဖွဲ့ဝင်ဟု ယူဆရသူ၏ တိုက်ခိုက်မှု ခံရ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    france

    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့မြောက်ပိုင်း ဆင်ခြေဖုံးရှိ စာသင်ကျောင်းတစ်ခုတွင် ဆရာတစ်ဦးမှာ သေတ္တာဖျက် ကိရိယာနှင့် ကပ်ကြေးများ ကိုင်ဆောင်ထားသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး တိုက်ခိုက်သူမှာ IS အဖွဲ့၏ အမည်နာမကို သုံးစွဲခဲ့သည်ဟု ပြင်သစ်အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။

    ယနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုအတွင်း ကျောင်းဆရာမှာ ခန္ဓာကိုယ်ဘေးဘက်နှင့် လည်ချောင်းတို့တွင် ဒဏ်ရာများ ရရှိခဲ့သော်လည်း အန္တရာယ်ရှိသည့် အခြေအနေမျိုးမဟုတ်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားစဉ် ကျောင်းဆရာမှာ စာသင်ခန်းထဲတွင် တစ်ဦးတည်းရှိနေပြီး စာသင်ကြားရန်အတွက် ပြင်ဆင်နေသည့်အချိန် ဖြစ်သည်။ တိုက်ခိုက်သူမှာ ဆေးသုတ်သမားများ ၀င်ဆင်သော အပေါ်ယံအ၀တ်နှင့် ဦးခေါင်းပါလုံသည့် ချည်သားခေါင်းစွပ်ကို ၀တ်ဆင်ထားပြီး စာသင်ခန်းအတွင်းရှိသော လက်နက်များကို ယူ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် “ဒါဟာ Daesh (IS) ပဲ။ ဒါဟာ သတိပေးလိုက်တာပဲ” ဟု ဟစ်အော်ခဲ့ကြောင်း တရားသူကြီးများက ပြောကြားခဲ့သည်။ မျက်မြင်သက်သေများကမူ တိုက်ခိုက်သူမှာ တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း အခင်းဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

    IS ၏ ပြင်သစ်ဘာသာစကားဖြင့်ထုတ်ဝေသော Dar-al-Islam မဂ္ဂဇင်း နိုဝင်ဘာလထုတ်တွင် ပြင်သစ်ပညာရေးစနစ်မှ ဆရာများကို သတ်ပစ်ရန် ၎င်းတို့၏ နောက်လိုက်များအား တိုက်တွန်းထားပြီး ထိုဆရာများမှာ လောကီပညာများကိုသာ သင်ပေးခြင်းကြောင့် “ဘုရားသခင်၏ ရန်သူများ” ဖြစ်ကာ ၎င်းတို့မှာ “မွတ်စလင်မိသာစုများအား စစ်ပွဲ ဆင်နွှဲနေသည်” ဟုလည်း သွေးထိုး လှုံ့ဆော်ထားသည်။ ထိုဖြစ်ရပ် ဖြစ်ပွားပြီးနောက် ပြင်သစ်ရှိ စာသင်ကျောင်းများတွင် လုံခြုံရေးများ တိုးမြှင့်ခဲ့သည်။

    အီရတ်အား အမေရိကန်ဦးဆောင်သည့် ကျူးကျော်စစ်၏ ရလဒ်အဖြစ် ထွက်ပေါ်လာခဲ့သော IS အကြမ်းဖက်အဖွဲ့က အစ္စလာမ်၏ အမည်နာမကို အလွဲသုံးစားလုပ်ကာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းကို ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချခဲ့ပြီး ၎င်းတို့အဖွဲ့အား “အစ္စလာမ့်ရန်သူ” အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ပြင် မွတ်စလင်လူငယ်များ IS ၏ သွေးဆောင်ဖျားယောင်းမှုအတွင်းသို့ မကျရောက်စေရေးအတွက်လည်း အစွမ်းကုန် ဆောင်ရွက်နေကြသည်။

    Ref: Aljazeera

  • ယီမင်ပြည်တွင်းစစ် အပစ်ရပ်ရေး သဘောတူညီချက်ရရှိ

    ယီမင်ပြည်တွင်းစစ် အပစ်ရပ်ရေး သဘောတူညီချက်ရရှိ

    ဒီဇင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    yemen
    – ယီမင်ပြည်တွင်းစစ် အဆုံးသတ်ရေးအတွက် အင်္ဂါနေ့တွင် ဆွစ်ဇာလန်၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအလို တစ်ရက်ဖြစ်သော ယနေ့တွင် ပဋိပက္ခတွင် ပါဝင်ကြသည့် နှစ်ဖက်စလုံးက တစ်ပတ်တာကြာမြင့်မည့် အပစ်ရပ်ရေးကို သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    ဆွေးနွေးပွဲတွင် သမ္မတ ရဘ်ဘူ မန်ဆူရ် ဟာဒီ၏ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မည့် ယီမင်နိုင်ငံခြားရေးဝန်ကြီး အဘ်ဒဲလ် မာလစ် အလ်-မခ်လာဖီက တိုက်ခိုက်မှုများမှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရပ်တန့်မည်ဟု ပြောကြားခဲ့သည်။

    အီရန်ကျောထောက်နောက်ခံပြုထားသည့် ဟူသီသူပုန်များဘက်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကလည်း တိုက်ခိုက်မှုများ ရပ်တန့်ရေး သဘောတူညီချက်ရရှိမှုကို အတည်ပြုခဲ့သည်။

    ယီမင်တွင် အစိုးရကို ထောက်ခံသူများနှင့် ဟူသီသူပုန်များအကြား တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်မှာ ၉ လကျော် ကြာမြင့်နေပြီဖြစ်ပြီး ဆော်ဒီဦးဆောင်သည့် မဟာမိတ်များကလည်း လေကြောင်းမှတိုက်ခိုက်ပေးခြင်း၊ မြေပြင်တပ်များ ချထားပေးခြင်းတို့ဖြင့် အစိုးရတပ်ဖွဲ့များအား ကူညီနေသည်။

    တိုက်ခိုက်မှုများကြောင့် လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိုအထဲတွင် ကလေးငယ် ၆၃၇ ဦး ပါဝင်ခဲ့သည်ဟု ကုလ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    Ref: Aljazeera