News @ M-Media

Blog

  • ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးထောင်ချရန် ဥပဒေတစ်ခုကို အစ္စရေးဝန်ကြီးများ အတည်ပြု

    ပါလက်စတိုင်းကလေးငယ်များကို ဖမ်းဆီးထောင်ချရန် ဥပဒေတစ်ခုကို အစ္စရေးဝန်ကြီးများ အတည်ပြု

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    plas
    အစ္စရေး၏ စစ်ကြောမေးမြန်းမှုအတွင်း ရိုက်နှက်ခံခဲ့ရသည့် အသက် ၁၃ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ် အဟ်မဒ် မန်ဆာရာ

    – အသက် ၁၂ နှစ်အရွယ် ပါလက်စတိုင်းကလေးငယ်များအား ဖမ်းဆီးထိန်းသိမ်းနိုင်ပြီး လူ့အခွင့်အရးအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်နေသည့် ဥပဒေကြမ်းတစ်ခုကို အစ္စရေး ၀န်ကြီးများ၏ ဥပဒေရေးရာ ကော်မတီက ယမန်နေ့တွင် အတည်ပြုခဲ့သည်ဟု သိရသည်။

    အဆိုပါ ဥပဒေကြမ်းက လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှုတို့ အပါအ၀င် အမျိုးသားရေးက လှုံ့ဆော်သည့် တိုက်ခိုက်မှုများအတွက် အပြစ်ရှိသည်ဟု တွေ့ရှိရသော အသက် ၁၂ နှစ်နှင့် အထက် ပါလက်စတိုင်း လူငယ်များကို ထောင်ဒဏ်များ ချမှတ်နိုင်မည့် ဥပဒေဖြစ်သည်။ လက်ရှိတွင် ထိုဥပဒေကြမ်း အသက်ဝင်လာစေရေးအတွက် အစ္စရေး ပါလီမန်က အတည်ပြုရန် လိုအပ်နေသည်။

    လူ့အခွင့်အရေး အဖွဲ့များကမူ ထိုဥပဒေက အစ္စရေးမှ သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်ရှိ ပါလက်စတိုင်း ကလေးငယ်များ၊ အစ္စရေးနိုင်ငံသား ကိုင်ဆောင်ထားသူများ၊ အစ္စရေးတစ်ဝှမ်းတွင် နေုထိုင်သည့် ပါလက်စတိုင်းများအပေါ် သက်ရောက်မည်ဟု ပြောကြားခဲ့သည်။

    လက်ရှိအချိန်တွင် အရှေ့ဂျေရုစလင်မှ ပါလက်စတိုင်းကလေးငယ်များကို အသက် ၁၄ နှစ်နှင့်အထက် မဟုတ်မချင်း ထောင်ချ၍ မရပေ။

    အစ္စရေးမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းကို ကျူးကျော်ပိတ်ဆို့ထားကာ စစ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးနေပြီး ပြီးခဲ့သည့်လများအတွင်း ဖြစ်ပွားခဲ့သော တင်းမာမှုများ၌ ကလေးငယ် ၁၇၇ ဦးအပါအ၀င် ပါလက်စတိုင်းပြည်သူ ၁၁၉၇ ဦးကို ဖမ်းဆီးခဲ့သည်။

    ပြီးခဲ့သည့်လကလည်း အစ္စရေးမှာ အရှေ့ဂျေရုစလင်တွင် ကလေးငယ်များအား စစ်ကြောရေးနှင့် ထိန်းသိမ်းရေးစင်တာ တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ လက်ရှိအချိန်တွင် အစ္စရေးအကျဉ်းထောင်များ၌ ပါလက်စတိုင်းပြည်သူ ၆၇၀၀ ကို ဖမ်းဆီးထိန်းသိမ်းထားပြီး အနည်းဆုံး ကလေးငယ် ၃၂၀ ဦး ပါဝင်သည်။

    Ref: Aljazeera

  • ဘော်လ်ကန်ဒေသတွင် ပိတ်မိနေသည့် ဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြ

    ဘော်လ်ကန်ဒေသတွင် ပိတ်မိနေသည့် ဒုက္ခသည်များ အစာငတ်ခံ ဆန္ဒပြ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    ref

    – ဂရိ-မက်ဆိုဒီုးနီးယား နယ်စပ်တွင် သောင်တင်နေသည့် ဒုက္ခသည်များမှာ အချို့သော ဘော်လ်ကန်နိုင်ငံများ၏ ကန့်သတ်မှုအစီအစဉ်ကို ဆန့်ကျင်သည့်အနေဖြင့် အစာငတ်ခံ ဆန္ဒပြမှုများ၊ နှုတ်ခမ်းအား အပ်ချည်ဖြင့် ချုပ်ကာ ဆန္ဒပြမှုများကို ပြုလုပ်နေသည်ဟု သိရသည်။

    ပြီးခဲ့သည့် နိုင်ဝင်ဘာ ၁၇ ရက်နေ့က ဆလိုဗေးနီးယား၊ မက်ဆီဒိုးနီးယား၊ ခရိုအေးရှားနှင့် ဆားဘီးယားနိုင်ငံတို့မှာ ဒုက္ခသည်များ သွားလာခွင့်ကို ပိတ်ပစ်ခဲ့ပြီး ဆီးရီးယား၊ အာဖဂန်နှင့် အီရတ်နိုင်ငံတို့မှ ဒုက္ခသည်များကိုလည်း နိုင်ငံသားအဖြစ် သတ်မှတ်မည်မဟုတ်ဟု ကြေငြာခဲ့သည်။

    ထိုကဲ့သို့ ပိတ်ပင်မှုများကြောင့် ဘော်လ်ကန်နိုင်ငံများ၏ နယ်ခြားများတွင် ဒုက္ခသည်များ ပိတ်မိခဲ့ကြပြီး အိုင်ဒိုမီနီနယ်ခြားတွင် ဒုက္ခသည် ထောင်ပေါင်းများစွာမှာ ထိုကိစ္စအတွက် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။ အီရန်နှင့် ကာ့ဒ်ဒုက္ခသည်များကလည်း ၎င်းတို့အား ပိတ်ဆို့ထားမှုကို ဆန္ဒပြသည့်အနေဖြင့် ပါစပ်များကို အပ်ချည်ဖြင့်ချုပ်ခဲ့ကြပြီး ထိုဓာတ်ပုံများမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့ခဲ့သည်။

    “အခုအချိန်မှာတော့ ဂရိက အိုင်ဒိုမီနီ နယ်ခြားဒေသမှာ အခြေအနေဟာ အဆိုးရွားဆုံး ဖြစ်နေပါတယ်။ ဆီးရီးယား၊ အာဖဂန်နဲ့ အီရတ်က ဒုက္ခသည်တွေကလွဲလို့ အခြားသူတွေအတွက် နယ်စပ်တွေ ပိတ်လိုက်တာကြောင့် အဲဒီမှာ အီရန်၊ မော်ရိုကိုနဲ့ အခြားနိုင်ငံသား အနည်းဆုံး ၂၀၀၀ လောက် ပိတ်မိနေပါတယ်” ဟု ဒုက္ခသည်များအရေး ဆောင်ရွက်ပေးနေသည့် ဇာဂရဘ်မြို့အခြေစိုက် Are You Syrious အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မီလီနာ ဇာဂျိုဗစ်က ပြောကြားခဲ့သည်။

    “လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ စေတနာ့ဝန်ထမ်းတွေဟာ တော်တော်လေး တုန်လှုပ်ဖွယ်ကောင်းတဲ့ အခြေအနေတွေကို တွေ့ကြုံနေရပါတယ်။ ပါကစ္စတန်တစ်ယောက်ဆိုရင် စနေနေ့က အားလုံးအရှေ့မှာ ကြိုးဆွဲချသေဖို့ ကြိုးစားတယ်။ ဒီနေ့ (တနင်္လာနေ့) မှာတော့ အီရန်အုပ်စုတစ်ခုဟာ ဆန္ဒပြတဲ့အနေနဲ့ သူတို့ရဲ့ ပါးစပ်တွေကို အပ်နဲ့ ချုပ်ထားကြပါတယ်”

    ထို့ပြင် ဘော်လ်ကန်နိုင်ငံများက ပြုလုပ်သော ထိုဆောင်ရွက်မှုများမှာ ဒုက္ခသည်များ ခိုလှုံ့မှု အခွင့်အရေးကို ဆုံးရှုံးစေသည်ဟုလည်း ဇာဂျိုဗစ်က ထည့်သွင်းပြောကြားခဲ့သည်။

    နယ်စပ်များတွင် သောင်တင်နေသည့် ဒုက္ခသည်များ၏ ကျန်းမာရေးအတွက်လည်း စိုးရိမ်မှုများ ရှိနေပြီး အမေရိကန်ရှိ ဟားဗတ်တက္ကသိုလ်မှ လူ့အခွင့်အရေးနှင့် ဒုက္ခသည်များဆိုင်ရာ ပါမောက္ခ ဂျေးလ် ဂိုလ်ဒန်ဇီလ်က ဒုက္ခသည်များကို ဆန်းစစ်ခြင်းမှာ လုပ်သင့်သည့်အလုပ် ဖြစ်သော်လည်း နိုင်ငံကိုလိုက်၍ ဆောင်ရွက်၍မရဘဲ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်က ဒုက္ခသည်တစ်ဦးချင်းစီ၏ အခွင့်အရေးကို အာမခံပေးထားသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • OIC ကျန်းမာရေးဝန်ကြီးများကောင်စီတွင် ပါလက်စတိုင်းက တင်းပြည့်အဖွဲ့ဝင် ဖြစ်လာ

    OIC ကျန်းမာရေးဝန်ကြီးများကောင်စီတွင် ပါလက်စတိုင်းက တင်းပြည့်အဖွဲ့ဝင် ဖြစ်လာ

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media
    ples
    – မိမိတို့ ပါလက်စတိုင်းနိုင်ငံမှာ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာရေးဝန်ကြီးများ ကောင်စီတွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် ရရှိပြီဖြစ်ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဂျဝဒ်အော်ဝဒ်က ထုတ်ဖော်ပြောကြားလိုက်သည်။
    အိုအိုင်စီ ကျန်းမာရေးဝန်ကြီးများကောင်စီတွင် ထိုကဲ့သို့ အဖွဲ့ဝင်နိုင်ငံဖြစ်လာခြင်းက လွပ်လပ်သော နိုင်ငံအဖြစ် ကျန်းမာရေးကဏ္ဍကို ထောက်ပံ့မှုနှင့် သက်ဆိုင်သည့် ပြည့်ဝသော အခွင့်အရေးများ၊ အခြာသော အဖွဲ့အ၀င်နိုင်ငံများကဲ့သို့ မဲပေးပိုင်ခွင့် တို့ကို ရရှိမည်ဖြစ်သည်ဟု အော်ဝဒ်က ပါလက်စတိုင်းသတင်းဌာန (WAFA) သို့ပေးပို့သော ကြေငြာချက်တွင် ပြောဆိုခဲ့သည်။
    ဒေါက်တာအော်ဝဒ်မှာ ပြီးခဲ့သောကြသပတေးနေ့က တူရကီနိုင်ငံအစ္စတန်ဘူလ်မြို့တွင် ကျင်းပခဲ့သောအိုအိုင်စီ ကျန်းမာရေးဝန်ကြီးများကောင်စီ၏ ငါးကြိမ်မြောက် ညီလာခံကိုတက်ရောက်ခဲ့သည်။
    ပါလက်စတိုင်းဝန်ကြီးက အစ္စရေးမှ သိမ်းပိုက်ထာသော ပါလက်စတိုင်းပိုင်နက်များတွင် ပါလက်စတိုင်းများအပေါ် လက်ရောက်တိုက်ခိုက်မှုများတွင် အစ္စရေး အာဏာပိုင်များက ပါဝင်ပတ်သက်မှုများ၊ ဆေးအမှုထမ်းနှင့် လူနာတင်ယာဉ်များကို ဂျူးလူမျိုးအခြေချနေထိုင်သူများက ပစ်မှတ်ထား တိုက်ခိုက်မှုများနှင့် ဆးရုံများကိုစီးနင်း၍ လူနာများအား သွေးအေးအေးဖြင့် သတ်ဖြတ်မှုများကိုလည်း အဆိုပါ ညီလာခံတွင် အသိပေးပြောကြားခဲ့သည်။
    -AB/IINA

     

  • မြောက်ကိုရီးယားက ခြိမ်းခြောက်သော်လည်း တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    မြောက်ကိုရီးယားက ခြိမ်းခြောက်သော်လည်း တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    – တောင်ကိုရီးယားသည် တနင်္လာနေ့တွင် မြောက်ကိုရီးယားနှင့်အငြင်းပွားနေသော ပင်လယ်ရေကြောင်းနယ်နိမိတ်တွင် စစ်ရေးလေ့ကျင့်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ မြောက်ကိုရီုးုယားက အကယ်၍ လူလေးဦးသေဆုံးစေခဲ့သော ၂၀၁၀ ဆိုးလ်မြို့ ဗုံးဖောက်ခွဲမှုနှစ်ပတ်လည်နေ့၌  ၎င်း၏ရေပိုင်နက်တွင် ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ပါက အညှအတာမဲ့ လက်တုန့်ပြန်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆိုထားသည်။
    လွန်ခဲ့သော ငါးနှစ်ခန့်က မြောက်ကိုရီးယားသည် တောင်ကိုရီးယား၏ ယွမ်ပြုံးကျွန်းကို အမြောက်ဖြင့်ထုခဲ့သည်။ ၎င်းကျွန်း၏ တည်နေရာမှာ  မြောက်ကိုးရီးယား အနောက်ဘက်ကမ်းရိုးတန်းရှိ မြောက်ပိုင်း ကန့်သတ်မျဉ်း၏တောင်ဘက်တွင် ဖြစ်သည်။ ဤသည်မှာ ၁၉၅၀-၅၃ ကိုးရီးယားစစ်ပွဲအပြီး မြောက်ကိုးရီးယား၏ တောင်ကိုးရီးယားမြေပေါ် ဦးဆုံးတိုက်ခိုက်မှုဖြစ်သည်။
    မြောက်ကိုးရီးယားကမူ ၎င်း၏ရေပြင်နယ်နမိတ်များပေါ်သို့ တောင်ကိုးရီးယား စစ်ရေးလေ့ကျင့်များမှုများမှ ကျည်ဆံခွံများ ကျရောက်ခြင်းသည် ရန်စခြင်းသာဖြစ်သည်ဟု ပြောဆိုလိုက်သည်။
    တောင်ကိုးရီးယား၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆော့က မြောက်ကိုးရီးယားတပ်ဖွဲ့များကပြောသလို ထူးခြားဆောင်ရွက်မှုများမရှိကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
    ကင်မ်က ‘ပစ်ခတ်လေ့ကျင့်မှုများသည် ပုံမှန်လေ့ကျင့်မှုများသာဖြစ်ပြီး အကယ်၍ မြောက်ကိုးရီးယားသည် ရန်လိုသည့်အပြုအမှုများ ပြုလုပ်လာပါက ကျွန်ုပ်တို့သည် စစ်ဆင်ရေးများပြုလုပ်ပြီး ပြင်းထန်စွာ တုန့်ပြန်သွားမည်’ ဖြစ်ကြောင်း အသိပေးပြောကြားလိုက်သည်။
    တနင်္ဂနွေနေ့တွင် မြောက်ကိုးရီးယားစစ်တပ်သည် တောင်ကိုးရီးယားအား ၎င်းပိုင်ရေပြင်ကိုဖြတ်၍ ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ခဲ့ပါက ကျွန်းငါးကျွန်းပေါ်တွင် မြောက်ကိုရီးယား၏ အနောက်တောင်ရှေ့တန်းတပ်ဖွဲ့များ၏ အညှာအတာမဲ့ လက်တုံ့ပြန်ခြင်းကို ကြုံရမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ယွမ်ပြုံးအပါအ၀င် ကျွန်းငါးကျွန်းသည် အငြင်းပွားလျက်ရှိသော နယ်နိမိတ်နှင့် ကပ်လျက်တည်ရှိသည်။
    သောကြာနေ့က ပြိုင်ဘက်များဖြစ်ကြသော ကိုးရီးယားနှစ်နိုင်ငံမှာ နိုဝင်ဘာ ၂၆ ရက်တွင် တွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့သည်။ ယင်းတွေ့ဆုံမှုမှာ သြဂုတ်လတွင် လက်နက်အသုံးပြုခဲ့သည့် တင်းမာမှုများ ဖြစ်ပွားပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်အောင်ဆောင်ရွက်ရန် ကတိပြုခဲ့ပြီးကတည်းက နှစ်နိုင်ငံတင်းမာမှုများ လျှော့ချရေးကို အလေးပေးဆွေးနွေးမည့် ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် တွေ့ဆုံမှုတစ်ရပ် ဖြစ်လာမည် ဖြစ်သည်။
  • ယခုနှစ် အွမ္မရာဟ်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိ

    ယခုနှစ် အွမ္မရာဟ်အတွက် ပထမဆုံးအသုတ် ဆော်ဒီသို့ ရောက်ရှိ

    နိုဝင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    hajj

    – ယခုနှစ် အွမ္မရာဟ် ဘုရားဖူးရာသီအတွက် ပထမဆုံးအုပ်စုမှာ မလေးရှားနိုင်ငံမှ မဒီနာရှိ မင်းသား မိုဟာမက် ဘင် အဘ်ဒူလ်အဇစ်လေဆိပ်သို့ ဆိုက်ရောက်လာခဲ့သည်ဟု ဆော်ဒီ ဟဂ်ျရေးရာဝန်ကြီး ဘန်ဒါ ဟဂ်ျဂျာရ်က ပြောကြားလိုက်သည်။

    အွမ္မရာဟ်ပြုရန် လာရောက်ကြသူများအတွက် နည်းပညာပိုင်းမှအစ အစစအရာရာ အဆင်ပြေအောင် ဆောင်ရွက်ထားပြီး၊ ၀န်ဆောင်မှုများကိုလည်း လုံလုံလောက်လောက် စီစဉ်ထားသည်ဟု ဟဂ်ျဂျာရ်က ထည့်သွင်း ပြောကြားခဲ့သည်။

    ယခုနှစ် အွမ္မရာဟ်ရာသီမှာ ယခုလမှစတင်ကာ လာမည့်နှစ် ဇူလိုင်လတွင် ကုန်ဆုံးမည်ဖြစ်သည်။ ဆော်ဒီကမူ ယခုနှစ်အတွက် အွမ္မရာဟ်အစီအစဉ်ကို ပြည့်စုံကောင်းမွန်အောင် အစီအစဉ်စွဲထားပြီး အွမ္မရာလာရောက်နိုင်မည့် အရေအတွက်ကိုလည်း တိုးမြှင့်ပေးထားသည်။ ပြီးခဲ့သည့်နှစ် အွမ္မရာဟ် ရာသီတွင် ကမ္ဘာတစ်ဝှမ်းမှ ဘုရားဖူးခရီးသည် စုစုပေါင်း ၆ သန်းခန့် လာရောက်ခဲ့ကြသည်။

    လက်ရှိအချိန်တွင် ဆော်ဒီ၏ ဟဂ်ျနှင့် အွမ္မရာဟ် ခရီးစဉ်အတွက် နိုင်ငံပေါင်း ၈၁ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၁ ခု အေးဂျင့်ပေါင်း ၃၅၀၀ ခန့်ဖြင့် ၀န်ဆောင်မှုများ ပြုလုပ်ပေးနေသည်။

    Ref: Arabnews