News @ M-Media
Blog
  • ဘေရွတ်-ပဲရစ် အကြမ်းဖက်ခံရမှု စံနှစ်မျိုး ကျင့်သုံးတဲ့ Facebook အား ဝေဖန်မှုပြင်းထန်နေ
    ဘေရွတ်-ပဲရစ် အကြမ်းဖက်ခံရမှု စံနှစ်မျိုး ကျင့်သုံးတဲ့ Facebook အား ဝေဖန်မှုပြင်းထန်နေ
    နိုဝင်ဘာ ၁၆ ၊ ၂၀၁၅
    M-Media
    2113da1412674e2a9f0eaf126523cc60_18
    ဘေရွတ်ဗုံးကွဲခြင်း၏ နောက်တစ်ရက် ပဲရစ်တိုက်ခိုက်ခံသည့်အချိန်မှ “Safety Check” ဟူသော အရေးပေါ်ဖြည့်ဆည်းချက်ကို ထည့်သွင်းရန် ဖေ့စ်ဘွတ်၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အွန်လိုင်းပေါ်တွင် အငြင်းပွားမှုများ လျှံထွက်လာသည်။
    ဘေးသင့်ခံရသော အရှေ့အလယ်ပိုင်းနှင့် အခြားဒေသသားများထက် အနောက်တိုင်းသားကပ်ဆိုက်သူတို့၏ အသက်က ပိုမိုတန်ဖိုးရှိနေလော ဟူသည့် ဝေဖန်ချက်များကြောင့် တာဝန်ခံတစ်ဦးသည် အခြားသူများနှင့် အငြင်းအခုံ ဖြစ်ပွားခဲ့ကြရာ ဤအခင်းအကျင်းတွင် ရိုးသားမှုမရှိကြောင်း လူတို့က ဆိုကြသည်။
    ဤဆောင်ရွက်ချက်အား ဖေ့စ်ဘွတ်ကုမ္ပဏီက အနည်းဆုံး လူ ၁၂၉ ဦးသေဆုံးခဲ့သော ပြီးခဲ့သည့် သောကြာနေ့ ပဲရစ်တိုက်ခိုက်မှုအပြီး မရှေးမနှောင်းမှာပင် တင်ဆက်လိုက်ခြင်းဖြစ်သည်။ အဆိုပါလုပ်ဆောင်ချက်၌ ပဲရစ်ဒေသတွင်းရှိ အသုံးပြုသူများနှင့် ၎င်းတို့၏မိသားစု၊ မိတ်ဆွေတို့ လုံခြုံဘေးကင်းမှု ရှိ/မရှိ စူးစမ်းဆက်သွယ်နိုင်ခြင်း လုပ်ငန်းစဉ် ပါဝင်နေသည်။
    မကြာသေးမီက ပါကစ္စတန် ငလျင်ဘေးကဲ့သို့ သဘာဝဘေးဒဏ်သင့်ရသော ဒေသများအတွက်သာ ရည်ရွယ်၍ ဤအရေးပေါ်ဖြည့်ဆည်းချက်ကို ယခင်ကလည်း ထည့်သွင်းပေးခဲ့ဖူးသည်။
    ပဲရစ်တိုက်ခိုက်မှု၏နောက် အချိန်အနည်းငယ်အတွင်း အဆိုပါလုပ်ဆောင်ချက်ကို ပဲရစ်ဒေသ၌ အသုံးပြုနိုင်ကြသော်လည်း တစ်ရက်အလျင် အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး လူ ၄၃ ဦးသေကြေခဲ့သည့် ဘေရွတ်အတွက်တော့ ထည့်သွင်းပေးခြင်း မရှိပေ။ အဆိုပါတိုက်ခိုက်မှုနှစ်ရပ်လုံး၏လက်သည်မှာ အီရတ်နှင့် မြေထဲပင်လယ်အရှေ့ပိုင်းမှ ISIL အုပ်စုပင် ဖြစ်နေသည်။
    ဝေမျှချက် တစ်သောင်းကျော် ရရှိထားသော လက်ဘနွန်နိုင်ငံသား ဘလော့ဂါ Joey Ayoub ၏ ရေးသားချက်၌ အသွင်တူဖြစ်စဉ်နှစ်ရပ်အတွက် တုန့်ပြန်မှုက ပုံဟန်ကွဲလွဲနေကြောင်း ဝေဖန်ထားပြီး၊ ဘေရွတ်သေဆုံးမှုသည် ပဲရစ်သေဆုံးမှုလောက် အရေးမကြီးလေသလောဟု ဆိုထားသည်။
    “ဖေ့စ်ဘွတ်ရဲ့ Safety Check ခလုတ်ကို ကျွန်တော်တို့ (ခုထိ) မရသေးပါဘူး။ သြဇာကြီးပုဂ္ဂိုလ်များနဲ့ အွန်လိုင်းအသုံးပြုသူ သန်းပေါင်းများစွာထံက အသံတွေကို ကျွန်တော်တို့ မရကြပါဘူး။ ကျွန်တော်တို့ဖက်လူတွေကို ခုထက်ထိ ကမ္ဘာ့အရေးပေါ်ကိစ္စများထဲက ဖယ်ထုတ်ထားဆဲလေရော့သလားလို့ ပြောရမယ့်အထိ နားမလည်နိုင်အောင် ဖြစ်နေရတယ်” ။
    ဖေ့စ်ဘွတ်၌ ဝေဖန်နေသူမှာ Ayoub တစ်ဦးတည်း မဟုတ်သလို တွစ်တာလူမှုကွန်ရက်၌လည်း ဖေ့စ်ဘွတ်သည် လက်ဘနွန်၌ အဆိုပါ ခလုတ်ကို အဘယ်ကြောင့် မထည့်သွင်းပေးသနည်းဟု မေးမြန်းသူ များလျက်ရှိသည်။
    Facebook gets flak for Beirut Paris double standard Al Jazeera English
    တွစ်တာလူမှုကွန်ရက်မှ အသုံးပြုသူ တစ်ဦး၏ဝေဖန်ချက်
    “ဒါဟာ လက်တွေ့ဆန်တဲ့ ထောက်ပြချက်ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သတိပြုစရာတစ်ချက်တော့ ရှိပါတယ်။ လက်ဘနွန်မှာ ဗုံးကွဲမှု၊ မိုးကြီးမှု၊ ဆန္ဒပြမှု စတာတွေ ဖြစ်လာရင် မိုဘိုင်းအဆက်အသွယ် ပြတ်တောက် သွားလေ့ရှိပါတယ်။ ဒါကြောင့် လူတွေက ဖေ့စ်ဘွတ်ပေါ်တက်ဖို့ နှောင့်နှေးကြ ရပါတယ်လို့ ကျွန်မ ထင်ပါတယ်။ လက်ဘနွန်က ကျွန်မတို့ဟာ ပဲရစ်ကလူတွေထက် စစ်မက်နဲ့သူ့အကျိုးဆက်တွေကို ပိုပြီးကြုံဆုံကြရတယ်။ ဒါဟာ လူသားချင်းစာနာထောက်ထားမှု အရေးအရာပါ။ ပြင်သစ်က လူတွေကို သေစေခဲ့တဲ့ အကြမ်းဖက်မှုဟာ လက်ဘနွန်၊ အီရတ်၊ ဆီးရီးယားကလူတွေကို သတ်ဖြတ်လိုက်တဲ့ အကြမ်းဖက်မှုနဲ့ တစ်ထပ်တည်းပါပဲ” ဟု လက်ဘနွန်သူ ဂျာနယ်လစ် Doja Daoud ကဆိုသည်။
    ဖေ့စ်ဘွတ်တည်ထောင်သူနှင့် စီအီးအိုဖြစ်သော မာ့ခ်ဇူကာဘတ်က ယင်းဝေဖန်ချက်များအပေါ် သူ၏ ဖေ့စ်ဘွတ်ဝက်ဘ်ဆိုက်မှ ယခုကဲ့သို့ တုန့်ပြန်ခဲ့သည်။
    “အသုံးပြုသူတွေရဲ့မေးမြန်းမှု မမှားပါဘူး။ မနေ့ကအထိ ကျွန်တော်တို့ကုမ္ပဏီဟာ သဘာဝကပ်ဆိုးသင့်မှုအတွက် အဲ့ဒီလုပ်ဆောင်ချက်တွေကို သုံးမယ်ဆိုတဲ့ မူဝါဒရှိခဲ့ပါတယ်။ ခုလေးတင်မှ ပြောင်းလဲလိုက်တာပါ။ အခုတော့ လူသား ကပ်ဆိုးသင့်မှုတွေ အတွက်ရော ဒီလုပ်ဆောင်ချက်ကို ရှေ့ဆက်ထည့်သွင်းဖော်ဆောင်သွားဖို့ စီစဉ်နေပါပြီ။ လူသားတိုင်းအပေါ် ကျွန်တော်တို့ တပြေးညီ သဘောထားပါတယ်။ ဒီလိုအနေအထားထဲ ဒုက္ခခံစားရသူတွေကို ကူညီနိုင်ဖို့ ကျွန်တော်တို့ တတ်စွမ်းသမျှ ကြိုးစားလုပ်ဆောင်သွားပါမယ်”။
    _86660606_86660603
    လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ ဗုံးကွဲမှု၏ကြေကွဲဖွယ်နေ့
    တစ်ချိန်က တိုက်ခိုက်ခံရသော နိုင်ငံများ အတွက် လျစ်လျူရှုခဲ့ပြီး ယခုပြင်သစ် တိုက်ခိုက်မှုကျမှ အဘယ်ကြောင့် ပရိုဖိုင်းပုံချိန်းရန် အလံများရွေးယူနိုင်သည့် လုပ်ဆောင်ချက် ထည့်သွင်းရသနည်းဟု အလ်ဂျဇီးရားမှ ဖေ့စ်ဘွတ်အား ဆက်သွယ်မေးမြန်းခဲ့ရာတွင် အဖြေမရရှိခဲ့ပါ။
    “ပြီးခဲ့တဲ့လ ပါကစ္စတန် ငလျင်ဘေးဖြစ်ပြီးနောက် ဒီ safety check ကို အသုံးပြုခဲ့ကြပါတယ်။ အသုံးပြုသူအသက်များကြားထဲက သူတို့ရဲ့နည်းလမ်း ဘယ်လောက်အသုံးဝင်မလဲဆိုပြီး စူးစမ်းချက်တစ်ရပ်လို့ ဆိုနိုင်ပါတယ်။ သူတို့ရဲ့မူဝါဒနဲ့ပတ်သက်ပြီး ကျွန်မကတော့ ထင်မြင်ချက် သိပ်မပေးလိုလှဘူး။ ပြင်သစ်မှာ ဖေ့စ်ဘွတ်အသုံးပြုသူ ပိုများတာ ဒါမှမဟုတ် ဘေရွတ်ဗုံးကွဲမှုထက် ပဲရစ်တိုက်ခိုက်မှုက ဂယက်ရိုက်ခတ်မှု ပိုကြီးမယ်လို့ တွက်ချက်လုပ်ကိုင်တာမျိုး ဖြစ်ချင်ဖြစ်မှာပေါ့။ အနောက်တိုင်းသားမဟုတ်သူတွေရဲ့အသက်တွေထက် အနောက်တိုင်းသားတွေရဲ့အသက်တွေကို ပိုတန်ဖိုးထားသလို ဖြစ်နေတာမို့ မခံချင်စရာဖြစ်တာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်မကတော့ ဒီအခြေအနေအပေါ် ခံစားချက်ကို အဆောတလျင် ဖွင့်ထုတ်ဖော်ပြတာမျိုး မလုပ်လိုပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖေ့စ်ဘွတ်ဟာ သူ့ရဲ့တလွဲတချော် ဆက်သွယ်ဟန်ကို ကမ္ဘာ့အလယ်မှာ သွတ်သွင်းနိုင်ဖို့ ကြိုးစားနေတယ်။ ဘေးဆိုးကပ်ဆိုးဖြစ်ပြီးတဲ့နောက်မှာမှ check in လုပ်တာတွေ၊ ပရိုဖိုင်းပုံပြောင်းလဲစေတာတွေက ကျွန်မအဖို့တော့ အဓိပ္ပာယ်မရှိလှပါဘူး၊ ပိုပြီးတောင် အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု ပါကစ္စတန်စာရေးဆရာမ Gina Shah က ဆိုလိုက်ပါသည်။
    Ref : Al Jazeera
  • ကလေးများကို ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် ရေကူးဝတ်စုံကို ဆော်ဒီကျောင်းသူတစ်ဦး တီထွင်
    ကလေးများကို ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် ရေကူးဝတ်စုံကို ဆော်ဒီကျောင်းသူတစ်ဦး တီထွင်
    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    swim suit
    – ကလေးများအား ရေနစ်ခြင်းမှ ကာကွယ်ပေးမည့် အထူး ရေကူးဝတ်စုံတစ်ခုကို ဆော်ဒီကျောင်းသူတစ်ဦးက တီထွင်နိုင်ခဲ့သည်ဟု သိရသည်။
    သြစတေးလျရှိ Royal Melbourne နည်းပညာတက္ကသိုလ်တွင် မဟာတန်း တက်ရောက်နေသည့် အက်စ်မာ ဘင်တီ အဘ်ဒူလာ အလ်-ဟာကာမီ ဆိုသူ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် ကလေးငယ်များ ရေနစ်သေဆုံးမှု မြင့်တက်လာခြင်းကို တွေ့မြင်ခဲ့ပြီးနောက် ထိုရေကူးဝတ်စုံကို တီထွင်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။
    ယခင်က နဂ်ျရန်ရှိ စက်မှုကောလိပ်တစ်ခုတွင် အလုပ်လုပ်ခဲ့သည့် အလ်-ဟာကာမီက သူမ တီထွင်ထားသော အဆိုပါ ရေကူးဝတ်စုံ၏ ခန္ဓာကိုယ်ပိုင်းတွင် လေအိတ်များ ပါဝင်ပြီး ဆင်းမ်ကဒ် ထည့်သွင်းအသုံးပြုနိုင်မည့် နေရာအချက်ပြစနစ်၊ ရေဖိအား ဆင်ဆာ၊ လေထိုးပန့်ငယ်တစ်ခုနှစ့် ဗဟိုထိန်းချုပ်မှုစနစ် ပါဝင်သည်ဟု ဆိုသည်။
    ဆင်ဆာမှာ ၀တ်စုံအား ရေထိသည့်စနစ်ဖြင့် အလုပ်လုပ်မည် ဖြစ်သည်။ သတ်မှတ်ထားသည့် ရေဖိအားအထိ ရောက်ရှိလာပါက ရေကူးဝတ်စုံမှ လေအိတ်မှာ အလိုအလျောက် ပွင့်လာမည်ဖြစ်ပြီး ဆင်ဆာက မိဘ၊ သို့မဟုတ် အုပ်ထိန်းသူများထံတွင် ရှိနေသည့် မိုဘိုင်းဖုန်းသို့ အချက်ပြသွားမည်ဖြစ်သည်။
    လက်ရှိအချိန်တွင် ထိုရေကူးဝတ်စုံကို သူမက စမ်းသပ်နေဆဲဖြစ်ပြီး မကြာမီ ထုတ်ဖော်ပြသသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Arabnews
  • အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း
    အစ္စလာမ်၏ သွန်သင်မှုအတိုင်း နေထိုင်ပြီး၊ အကြမ်းဖက်အဖွဲ့များ၏ သားကောင်မဖြစ်ရန် လူငယ်များအား ဆော်ဒီမွဖ်သီကြီး တိုက်တွန်း
    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    saudi
    – ဆော်ဒီလူငယ်များအနေဖြင့် အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများ၊ မိဘများ၏ စကားများအတိုင်းသာ လိုက်နာ နေထိုင်သွားရန် ဆော်ဒီမွဖ်သီကြီး ရှိခ် အဘ်ဒူလ်အဇစ် အလ်-ရှိခ်က တိုက်တွန်းပြောကြားလိုက်ပြီး အဖျက်အမှောင့်လုပ်သူများ၏ သားကောင်မဖြစ်ရေး သတိထားရန်လည်း ပြောကြားလိုက်သည်။
    သောကြောနေ့က တာကီ ဘင် အဘ်ဒူလာ ဗလီဝတ်ကျောင်းတော်တွင် ဟောကြားခဲ့သည့် တရားဒေသနာတွင် ထိုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်ပြီး လူငယ်များအနေဖြင့် လူ့အဖွဲ့အစည်းအား သွေးကွဲစေရန် ဆောင်ရွက်ကြသူများ၊ အပြစ်မဲ့သူများ၏ သွေးကို မြေကျစေချင်သူများအား ရှောင်ရှားရန်လည်း တိုက်တွန်းခဲ့သည်။ အလ်-ရှိခ်မှာ ဆော်ဒီ အကြီးတန်း အစ္စလာမ် သာသနာ့ပညာရှင်များကောင်စီ၏ ဥက္ကဌလည်း ဖြစ်သည်။
    ထို့ပြင် ထိုကဲ့သို့ လမ်းမှားသော အလုပ်များ လုပ်ဆောင်ရန် သွေးဆောင်ကြသူများမှာလည်း လူငယ်များအပေါ် လှည့်ဖျားခြင်းသာဖြစ်ပြီး ၎င်းတို့၏ လှည့်စားမခံရရေး သတိပြုရန်လည်း မွဖ်သီကြီးက ထည့်သွင်း တိုက်တွန်းခဲ့သည်။
    “သူတို့ (အကြမ်းဖက်သမားတွေ)ဟာ အစ္စလာမ့်ရဲ့ ရန်သူတွေပါပဲ။ သူတို့တွေဟာ ကျွန်တော်တို့ လူငယ်တွေကို အကျင့်ပျက်အောင် လုပ်ကြတယ်။ သူတို့ရဲ့ မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ လူငယ်လေးတွေကို ဦးနှောက်ကျင်းကြပါတယ်”
    ထိုမှားယွင်းသော အတွေးအခေါ်များကြောင့် လူငယ်များ၏အကျင့် ပျက်သွားပါက လွယ်ကူသော ပစ်မှတ်များ ဖြစ်လာမည်ဖြစ်ပြီး၊ ဘာသာတရားက သွန်သင်ထားသည့် ကိုယ်ကျင့်တရားများနှင့် ကျင့်ဝတ်များ ပျောက်ဆုံးသွားသည့် နိုင်ငံမှာလည်း ရန်သူများ၏ လွယ်ကူသော ပစ်မှတ် ဖြစ်လာသည်ဟု မွဖ်သီကြီးက ထည့်သွင်းပြောကြားခဲ့သည်။
    ဆိုရှယ်မီဒီယာများရှိ လမ်းမှားနေသော ၀ါဒဖြန့် စာမျက်နှာများမှ ပို့စ်များကို မျှဝေခြင်းကိုလည်း အလ်-ရှိခ်က သတိပေးခဲ့ပြီး ဆော်ဒီနိုင်ငံအတွင်းရှိ လူငယ်များနှင့် လူ့အဖွဲ့အစည်းအတွင်း ၎င်းတို့၏ အခန်းကဏ္ဍကို ဂရုစိုက်ရမည်ဟုလည်း ဆိုသည်။
    မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ရန် အစ္စလာမ်က တာဝန်ပေးထားသည်ဟုလည်း ကုရ်အာန်ကျမ်းတော်မြတ်မှ မိန့်ကြားချက်ကို ကိုးကား၍ မွဖ်သီကြီးက ၎င်း၏ တရားဒေသနာတွင် ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Arabnews
  • Tomorrow ဂျာနယ်မှ ဦးကျော်စွာမြင့်က လူမျိုးရေးဘာသာရေး ထိရှလွယ်သည့် မှတ်ချက်မျိုးကို အိုဘားမား ပြောသည်ဟုဆိုကာ ထင်ယောင်ထင်မှားဖြစ်စေရန် facebook ပေါ်တွင် ၀ါဒဖြန့်ခဲ့
    Tomorrow ဂျာနယ်မှ ဦးကျော်စွာမြင့်က လူမျိုးရေးဘာသာရေး ထိရှလွယ်သည့် မှတ်ချက်မျိုးကို အိုဘားမား ပြောသည်ဟုဆိုကာ ထင်ယောင်ထင်မှားဖြစ်စေရန် facebook ပေါ်တွင် ၀ါဒဖြန့်ခဲ့
    နိုဝင်ဘာ ၁၅ ၊ ၂၀၁၅
    M-Media
    သတင်း-သီဟ
    Kyaw Swar Myint Photo
    အစ္စလာမ်ဘာသာဝင်များအား ထိခိုကနစ်နာစေမယ့် ရေးသားချက်တွေကို အမေရိကန် သမ္မတ အိုဘားမား ပြောခဲ့သယောင် ဖန်တီးပြီး Tomorrow ဂျာနယ်  က Contributor တစ်ယောက်ဖြစ်တဲ့ ဦးကျော်စွာမြင့် မှ ၄င်းရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ငါးကြိမ်ထက်မနည်း ရေးသားလှုံဆော်ခဲ့ပါတယ်။
    မနေ့က ပြင်သစ်နိုင်ငံပဲရစ်မြို့တွင် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု သတင်းတွေကို ထပ်ဆင့် ဖော်ပြရာမှာ ဦးကျော်စွာမြင့်က ” အစ္စလာမ်ဘာသာဝင်တိုင်းဟာ အကြမ်းဖက်သမားတွေမဟုတ်ကြပေမယ့် အကြမ်းဖက်သမားတိုင်းဟာ အစ္စလာမ်ဘာသာဝင်တွေချည်းပါပဲ။” ( ဘားရက်ခ်အိုဘားမား – အမေရိကန်သမ္မတ) ဆိုတဲ့ ကိုယ်ပိုင်မှတ်ချက်နဲ့  ဖေ့စ်ဘွတ်ခ် ပို့စ်ပေါင်း ၅ ခုထက်မနည်းမှာ ရေးသား ဖော်ပြခဲ့တာဖြစ်ပါတယ်။
    ဦးကျော်စွာမြင့် မှတ်ချက်ပေးထားတဲ့ “အိုဘားမားပြောကြားချက်” ဆိုတာကို သမ္မတ အိုဘားမား အမှန်တကယ်ပြောကြားခြင်း ရှိ/မရှိ အမှန်တကယ်သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ တရားဝင် FB စာမျက်နှာကို “June Gio” အမည်နဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူ တစ်ဥိးမှ မေးမြန်းခဲ့ပါတယ်။
    Kyaw Swar Myint about Obama
    အမေရိကန်သံရုံးမှ အဲဒီ စကားကို သမ္မတအိုဘားမား ပြောကြားခဲ့ခြင်း မရှိကြောင်း ၊ ဦးကျော်စွာမြင့်ရဲ့ မှတ်ချက်ဟာမှားယွင်းကြောင်း အကြောင်းပြန်ခဲ့တာကို တွေ့ရှိရပါတယ်။
    ဦး ကျော်စွာမြင့်က ယခင်အကြိမ်များမှာလည်း လူမျိုးရေး ဘာသာရေး ထိလွယ်ရှလွယ်တဲ့ သတင်းများကို ရေးသားဖော်ပြ ခဲ့ဖူးသူ ဖြစ်ပါတယ်။
    ဆက်စပ်ဆောင်းပါးများဖတ်ရန်
    ———————————
    စည်သူအောင်မြင့်- ” Tomorrow အမုန်းတရားဖြန့်ဖြူးရာ စာမျက်နှာသစ်”
    http://www.m-mediagroup.com/news/32170
    သို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ။ ကုလားတွေလည်း ကြောက်တတ်ပါတယ်။
    http://www.m-mediagroup.com/news/42308
    ပြည်သူ့ ပိုက်ဆံလိမ် ယူနေသည့် အမျိုးသားရေး သူငယ်နာ မစင်သေးတဲ့ မီဒီယာများ
    http://www.m-mediagroup.com/news/32012
  • မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်
    မန်ယူမှာ ဗန်ဂါးလ်၏ဒဿန မလိုဟု စခိုးလ် ဝေဖန်
    နိုဝင်ဘာ ၁၅၊ ၂၀၁၅
    M-Media
    van
    – မန်ယူအသင်း လက်ရှိလိုအပ်နေသည်မှာ ဂိုးများဖြစ်ပြီး ဗန်ဂါးလ်၏ ဘောလုံးဒဿနမဟုတ်ဟု မန်ယူကွင်းလယ်လူဟောင်း ပေါစခိုးလ်က ဝေဖန်ပြောကြားလိုက်ပြီး ၎င်းတို့နှစ်ဦးအကြား စကားစစ်ထိုးမှုကို အရှိန်မြှင့်တင်လိုက်သည်။
    မန်ယူနှင့်အတူ ပရီးမီးယားလိဂ်ဖလားကို ၁၁ ကြိမ် ကိုင်မြှောက်နိုင်ခဲ့သည့် စခိုးလ်မှာ ပြီးခဲ့သည့်လက ဗန်ဂါးလ်၏ နည်းစနစ်များကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး ဗန်ဂါးလ်ကလည်း စခိုးလ်အား တုန့်ပြန်မှုများ ပြုလုပ်ခဲ့သည်။
    “၁၃ လရှိပါပြီ။ ဘာမှ လောက်လောက်လားလား မဖြစ်သေးပါဘူး။ ဒါပေမယ့် လူးဝစ်(ဗန်ဂါးလ်)က ကျွန်တော်ပြောလည်း နားထောင်မှာ မဟုတ်တာကြောင့် ဘာမှသိပ်မပြောတာ ကောင်းပါတယ်။ ဘောလုံးဒဿနပိုင်းကို ပြောကြတယ်။ ကျွန်တော့်အတွက်တော့ မန်ယူက အဲဒီဒဿနတွေ မလိုဘူးဗျ။ ပရိတ်သတ်တွေက တိုက်စစ်နဲ့ ဂိုးတွေကိုပဲ မြင်ချင်ကြတာပါ။ ဒါက မန်ယူရဲ့ ကစားပုံပါပဲ” ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် ပရဟိတပွဲတစ်ခုတွင် စခိုးလ်က ပြောကြားခဲ့သည်။
    Ref: Goal