News @ M-Media

Blog

  • ၂၀၀၆ ကမ္ဘာ့ဖလား မသမာမှုအတွက် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရုံးကို အာဏာပိုင်များ စီးနင်းရှာဖွေ

    ၂၀၀၆ ကမ္ဘာ့ဖလား မသမာမှုအတွက် ဂျာမနီဘောလုံးအဖွဲ့ချုပ်ရုံးကို အာဏာပိုင်များ စီးနင်းရှာဖွေ

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    german

    – ၂၀၀၆ ကမ္ဘာ့ဖလားပွဲအတွက် ငွေပေးချေမှုများနှင့် ပတ်သက်၍ သံသယရှိသည့်အတွက် ဂျာမန်ဘောလုံးအဖွဲ့ချုပ်
    DFB ၏ ရုံးခန်းကို အခွန်ဆိုင်ရာ အာဏာပိုင်များက ယနေ့မနက်ပိုင်းတွင် ၀င်ရောက်စီးနင်းကာ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဖရန့်ဖတ်မြို့တွင်ရှိသည့် ရုံးချုပ်အဆောက်အဦးအပြင် DFB ဥက္ကဌ ၀ုဖ်ဂန် နီယာဘက်ခ်ျနှင့် ဥက္ကဌဟောင်း သီယို ဇွမ်ဇင်ဂါတို့၏ အိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက်ရှာဖွေခဲ့ကြသည်။

    ထိုဆောင်ရွက်မှုမှာ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရွေးချယ်ခံရခြင်းကိစ္စ၊ အဆိုပါ ကမ္ဘာဖလားပြိုင်ပွဲအတွက် ဖီဖာသို့ ကန်ဒေါ်လာ ၇.၄ သန်း ပေးချေမှုတို့နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်ဟု ဂျာမန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    အစိုးရမှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုစုံစမ်းစစ်ဆေးမှုမှာ ၂၀၀၆ ကမ္ဘာဖလား ကျင်းပရေးကော်မတီတွင် ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ နီယာဘက်ခ်ျ၊ ၂၀၀၆ ခုနှစ် DFB ဥက္ကဌနှင့် ကမ္ဘာ့ဖလား ကျင်းပရေးကော်မတီ၏ ဘဏ္ဍာရေးအကြီးအကဲဖြစ်သူ ဇွမ်ဇင်ဂါတို့နှင့် ပတ်သက်သည်ဟု ဖော်ပြထားသည်။

    “အခွန်ရှောင်ခဲ့တယ်ဆိုတဲ့ သံသယဖြစ်မှုအတွက် အထောက်ထားတွေကို ရှာဖွေနေပါတယ်” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့မှ တစ်ဦးက ပြောကြားခဲ့သည်ဟု ဂျာမန်သတင်းစာ Bild တွင် ဖော်ပြထားသည်။

    ထိုကဲ့သို့ ၀င်ရောက်စီးနင်းရှာဖွေမှုတွင် အခွန်ဆိုင်ရာနှင့် တရားရေးဌာနမှ တာဝန်ရှိသူ ၅၀ ကျော် ပါဝင်ခဲ့ပြီး ဖိုင်များ၊ ကွန်ပျူတာများနှင့် Hard Disk များကို သိမ်းဆည်းခဲ့သည်။

    ဂျာမန်ဘောလုံးအဖွဲ့ချုပ်ကမူ ၂၀၀၆ ကမ္ဘာ့ဖလား ကျင်းပခွင့်ရရေးအတွက် ငွေကြေးအမြောက်အများပေးကာ ဖီဖာအမှုဆောင်ကော်မတီ အဖွဲ့ဝင်များထံမှ မဲဝယ်ခဲ့သည်ဆိုသော သတင်းများကို ငြင်းဆိုခဲ့သည်။

    Ref: Aljazeera

  • တရုတ် ရေတပ်သင်္ဘော ၃ စီး ဖလော်ရီဒါရေတပ်စခန်းသို့ လာရောက်မည်

    တရုတ် ရေတပ်သင်္ဘော ၃ စီး ဖလော်ရီဒါရေတပ်စခန်းသို့ လာရောက်မည်

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    china

    – နှစ်နိင်ငံ ချည်ကျည်ရေး အလည်အပတ်အဖြစ် တရုတ် ရေတပ်သင်္ဘော ၃ စီးမှာ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ဂျက်ဆန်ဗီလ်းရှိ Mayport ရေတပ်စခန်းသို့ ယနေ့တွင် ဆိုက်ရောက်မည်ဟု သိရသည်။

    အဆိုပါ ချစ်ကျည်ရေးခရီးစဉ်မှာ အမေရိကန်-တရုတ် နှစ်နိုင်ငံ စစ်ရေးအရ ထိတွေ့ဆက်သွယ်မှုများ မြင့်တက်လာရေး အစီအစဉ်မှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး လည်ပတ်မှုအတွင်း နှစ်နိုင်ငံမှ ရေတပ်သားများမှာ အားကစားပြိုင်ပွဲများ၊ သင်္ဘောများသို့ အလည်အပတ်ခရီးစဉ်များတွင် ပါဝင်ကြမည်ဖြစ်သည်။

    တရုတ်ရေတပ်မှ ရေယာဉ်များမှာ ပြီးခဲ့သည့်လက ဟာဝိုင်ယီရှိ ပုလဲဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့ဖူးပြီး၊ ယခု ဖလော်ရီဒါ ခရီးစဉ်မှာ ဒုတိယအကြိမ်မြောက်လည်း ဖြစ်သည်။ ပြီးခဲ့သည့် တစ်ပတ်က တောင်တရုတ်ပင်လယ်ရှိ ပိုင်နက် အငြင်းပွားမှုများ ဖြစ်နေသော ကျွန်းစုအနီးတွင် အမေရိကန်စစ်သင်္ဘောက ကင်းလှည့်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ နှစ်နိုင်ငံ တင်းမာမှုများမှာ မြင့်တက်လာခဲ့သည်။

    Ref: CNN

  • မက်ဆီမလိုကြောင်း ဘာကာ သက်သေထပ်ပြ၊ ရီးယဲလ်တို့ ဇယားကို ဆက်ဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၁၀

    မက်ဆီမလိုကြောင်း ဘာကာ သက်သေထပ်ပြ၊ ရီးယဲလ်တို့ ဇယားကို ဆက်ဦးဆောင်နေတဲ့ လာလီဂါပွဲစဉ် ၁၀

    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media

    baca

    – ဒီတစ်ပတ် လာလီဂါမှာတော့ ရီးယဲလ်တို့ အစ္စကို၊ ရော်နယ်ဒိုနဲ့ ဂျီဆီတို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ တန်းတက် လက်စ်ပါလ်းမက်စ် အသင်းကို အနိုင်ကစားပြီး ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းကာ လာလီဂါကို ဦးဆောင်နေဆဲပါပဲ။

    မက်ဆီမရှိရင် ဂိုးရဖို့မလွယ်ဖူးဆိုတဲ့ ဝေဖန်မှုတွေကို ဆွာရက်ဇ်နဲ့ နေးမာတို့က ချေဖျက်ပြနေတဲ့ ဘာကာလည်း ဒီတစ်ပတ်မှာ ဂီတာဖေးကို သူတို့နှစ်ယောက်ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကမှ ရီးယဲလ်ကို ပထမဆုံးရှုံးခဲ့တဲ့ ဆလ်တာဗီဂိုဟာ ဆိုစီဒက်ကို ၂ ကြိမ်တိုင်တိုင် နောက်က လိုက်ကစားခဲ့ရပြီး ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရကာ ထိပ်ဆုံးက ၂ သင်းကို ဆက်လက် ဖိအားပေးထားနိုင်ပါတယ်။

    နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်ခြေစွမ်းပြလာတဲ့ ဆီးဗီးလားကတော့ ဒီတစ်ပတ်မှာ ဗီလာရီးယဲလ်ကို အကြိတ်အနယ် ကစားနိုင်ခဲ့ေlaliga 1ပမယ့် ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ အက်သလက်တီကိုကတော့ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ထိန်းမထားနိုင်တာကြောင့် ဒီပို့တီဗိုကို သရေကျခဲ့ပြီး ၃ ပွဲဆက် အနိုင်ရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။
    ဒီတစ်ပတ် လာလီဂါပွဲစဉ် ၁၀ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    ဒီပို့တီဗို ၁-၁ အက်သလက်တီကို
    ရီးယဲလ် ၃-၁ လက်စ်ပါးလ်မက်စ်
    ဗလင်စီယာ ၃-၀ လီဗန်တေး
    ဗီလာရီးယဲလ် ၂-၁ ဆီးဗီးလား
    ဂီတာဖေး ၀-၂ ဘာစီလိုနာ
    ရီးယဲလ်ဆိုစီဒက် ၂-၃ ဆဲလ်တာဗီဂို
    အိုက်ဘာ ၁-၀ ဗယ်လက်ကာနို
    အက်စပန်ညို ၁-၁ ဂရာနာဒါ
    စပို့တင်းဂီဂျွန် ၁-၀ မာလာဂါ
    ရီးယဲလ်ဘက်တစ် ၁-၃ ဘီဘာအို

  • ပယ်မဲ မဖြစ်ရေး မဲပေးနည်း ပညာပေးမှုများ မင်္ဂလာတောင်ညွှန့်မှာ ပြုလုပ်

    ပယ်မဲ မဖြစ်ရေး မဲပေးနည်း ပညာပေးမှုများ မင်္ဂလာတောင်ညွှန့်မှာ ပြုလုပ်

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media
    မိုးစက်
    20151102_182448

    ရန်ကုန်။    ။  နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ အတွက် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ် လွတ်လပ်ရေး ရပ်ကွက်တွင် မဲပေးနည်း ပညာပေးမှုများ ပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။

    “အန်တီတို့ ရပ်ကွက်ကလူတွေပေါင်းပြီးတော့ မဲပေးမဲ့နေ့မှာ တစ်စုံတစ်ရာ အမှားအယွင်းတွေကြောင့် ပယ်မဲတွေ ဖြစ်နေမှာဆိုးလို့ အခုလို ပညာပေးတွေ လုပ်နေရတာပါ။ ရပ်ကွက်ကလူတွေကို သေချာရှင်းပြတယ်။ တံဆိပ်တုံးနဲ့ သေချာကို စမ်းသပ်ပေးနေပါတယ်” ဟု လွတ်လပ်ရေး ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ဆိုပါတယ်။

    အဆိုပါပညာပေး အစီအစဉ်ကို နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ရပ်ကွက်ရှိ ပြည်သူများမှာလည်း လာရောက်စမ်းသပ် နေကြသည်ကို တွေ့မြင်ရပါတယ်။

    “ကျွန်တော်က ခုမှပထမဆုံး မဲပေးရမှာပါ။ အဲတော့ ဘယ်လိုပေးရမယ်ဆိုတာ သေချာမသိဘူး။ Facebook မှာတော့ ဘယ်လိုပေးရမယ်ဆိုတာ တွေ့တော့တွေ့တယ်။ ဒါပေမယ့် ပိုပြီးသေချာအောင် ဒီမှာလာပြီး စမ်းသပ် တာပါ” ဟု မဲပေးပုံစနစ်ကို လာရောက်လေ့လာသည့် လွတ်လပ်ရေးရပ်ကွက်မှ  ကိုအောင်ကျော်က ဆိုပါတယ်။

     

    20151102_182546

  • မိမိသာလျှင် အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    မိမိသာလျှင် အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    rnl

    – ၂၀၁၅ ခုနှစ်တွင် မက်ဆီ၏ စွမ်းဆောင်ရည်ကောင်းများက မိမိအား ထိခိုက်စေလိမ့်မည် မဟုတ်ဘဲ မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    လာလီဂါတွင် ခါးသီးသော ပြိုင်ဘက်အသင်း ၂ သင်း၌ ကစားနေသည့် ရော်နယ်ဒိုနှင့် မက်ဆီတို့မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား နေရာကိုလည်း ပြိုင်လုနေရပြီး ပြီးခဲ့သည့် ၂ နှစ်တာအတွင်း ရော်နယ်ဒိုက မက်ဆီကို ကျော်ဖြတ်ကာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ဆုကို ရရှိခဲ့သည်။ မက်ဆီမှာမူ ယခုနှစ်အတွင်း ဘာစီလိုနာနှင့် ဖလား ၃ လုံး ရယူနိုင်ခြင်း အပါအ၀င် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့သည်။

    “ဒါတွေက ကျွန်တော့်အတွက် အနှောက်အယှက် မဖြစ်ပါဘူး။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်း ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရင် ကျွန်တော်ဟာ အမြဲတမ်း ထိပ်ဆုံးမှာပဲ ရှိပါတယ်။ ပြီးတော့ ဒီလို ရှိနေဖို့ဆိုတာလည်း ခက်ခဲပါတယ်။ ဒီလိုဖြစ်အောင် လုပ်နိုင်တဲ့ ကစားသမား တစ်ယောက်တစ်လေလောက်ကို ပြောပြပါလား။ အဲဒါဆိုရင် နံပါတ် ၁၊ ဒါမှမဟုတ် နံပါတ် ၂ ဖြစ်တာ၊ ဖလားရတာ၊ မရတာတွေက သိပ် အရေးမပါတော့ပါဘူး။ ခင်ဗျားအတွက်တော့ မက်ဆီက အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ ကျွန်တော့်က အကောင်းဆုံးပါပဲ” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    Ref: Goal