News @ M-Media

Blog

  • ဆော့ဖ်ဝဲအမှားဖြင့် ဗောက်စ်ဝဂွန်ကား ပိုင်ဆိုင်သူများ ကားအသစ်ကို အထူးလျှော့ဈေးဖြင့် လဲစီးနိုင်

    ဆော့ဖ်ဝဲအမှားဖြင့် ဗောက်စ်ဝဂွန်ကား ပိုင်ဆိုင်သူများ ကားအသစ်ကို အထူးလျှော့ဈေးဖြင့် လဲစီးနိုင်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    – ကာဘွန်ထုတ်လုပ်မှု စစ်ဆေးရာတွင် လျော့နည်းစေရန် ဆော့ဖ်ဝဲသွင်းကာ လိမ်လည်ထားသည့် ဒီဇယ်ကားများကို ပိုင်ဆိုင်သူ ဂျာမနီနိုင်ငံသားများအနေဖြင့် ထိုကားများအား မော်ဒယ်အသစ်ဖြင့် လဲလှယ်လိုပါက အထူးလျော့ဈေးဖြင့် လဲလှယ်ပေးသွားမည်ဟု ဗောက်စ်ဝဂွန် ကားကုမ္ပဏီက ယနေ့တွင် ကြေငြာလိုက်သည်။

    ယခုအစီအစဉ်အရ ဆောဖ်ဝဲလ်လိမ်ညာထားမှုကို ပြန်လည်ပြင်ဆင်ရန် ကုန်ကျစားရိတ်များမည့် ဒီဇယ် ၁.၆ လီတာဆန့် ကားများကို ပိုင်ဆိုင်သောသူများအနေဖြင့် ကားအသစ်လိုချင်ပါက ဗောက်စ်ဝဂွန် ကားအရောင်းဌာနများသို့ သွားရောက်ကာ ကားများကို အထူးလျှော့ဈေးဖြင့် လဲလှယ်နိုင်မည်ဖြစ်သည်။

    ဥရောပ၏ အကြီးဆုံး ကားထုတ်လုပ်သူ ဗောက်စ်ဝဂွန်၏ ထိုပြဿနာမှာ ၇၈ နှစ်တာ သမိုင်းတွင် အဆိုးရွားဆုံးလည်း ဖြစ်ခဲ့သည်။ ထိုကိစ္စကြောင့် ဥရောပတစ်ဝှမ်း ဒီဇယ်ကား ၈.၅ သန်းကို ပြန်သိမ်းကာ ပြင်ဆင်ပေးခဲ့ရပြီး ကန်ဒေါ်လာ ဘီလီယံ ၃၀ ကျော်ခန့် ဆုံးရှုံးမည်ဟု ခန့်မှန်းထားသည်။

    ဂျာမနီတွင် အဆိုပါ လိမ်လည်ထားသောကားများ ရောင်းချမှုမှာ အစီးရေ ၂.၄ သန်းရှိပြီး ယခုအစီအစဉ်မှာ ကုန်ကျစားရိတ် တစ်စိတ်တစ်ပိုင်းကို လျော့ချရန် ရည်ရွယ်ခြင်းလည်းဖြစ်သည်။

    Ref: Channelnewsasia

  • အာကာသယာဉ်မှူးတစ်ဦး၏ လပေါ်သွားခရီးစဉ်တွင် ၀တ်ဆင်ခဲ့သော လက်ပတ်နာရီကို လေလံတင်

    အာကာသယာဉ်မှူးတစ်ဦး၏ လပေါ်သွားခရီးစဉ်တွင် ၀တ်ဆင်ခဲ့သော လက်ပတ်နာရီကို လေလံတင်

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    nasa

    – ၁၉၇၁ ခုနှစ်က အပိုလို ၁၅ အာကာသယာဉ်ဖြင့် လပေါ်သို့ စတုတ္ထမြောက် လူလိုက်ပါသည့် ခရီးစဉ်တွင် လပေါ်သို့ ခြေချခဲ့သည့်အချိန် အာကာသယာဉ်မှူး ဒေးဗစ်စကော့ ၀တ်ဆင်ထားသော Bulova Chronograph လက်ပတ်နာရီကို ကန်ဒေါ်လာ ၁.၆ သန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

    အဆိုပါနာရီကို အောက်တိုဘာ ၂၂ ရက်နေ့တွင် ဘော့စ်တွန်အခြေစိုက် RR လေလံအရောင်းဌာနမှ လေလံတင်ခဲ့ခြင်းဖြစ်သည်။ ထိုနာရီမှာ ထိုအချိန်က ကန်ဒေါ်လာ ၅၀၀ သာ တန်ဖိုးရှိသည်။

    ၁၉၆၉ ခုနှစ် လပေါ်သို့ ပထမဆုံး ခြေချသည့် ခရီးစဉ်အပါအ၀င် ၁၉၅၀ ပြည့်နှစ်များမှ ၁၉၆၀ ပြည့်နှစ်များအတွင်း နာဆာ၏ အာကာသခရီးစဉ် ၄၆ ခုတွင် Bulova မှ ထုတ်လုပ်သော Accutron နာရီများကို အသုံးပြုခဲ့သည်။

    watchဒေးဗစ်စကော့ ခေါင်းဆောင်ကာ သွားရောက်သည့် ထိုခရီးစဉ်တွင်မူ အိုမီဂါမှ ထုတ်လုပ်သော Speedmaster လက်ပတ်နာရီများကို အာကာသယာဉ်မှူးများက ၀တ်ဆင်သွားခဲ့ကြသော်လည်း စကော့၏ အိုမီဂါနာရီက စက်ရပ်သွားသောကြောင့် လပေါ်သို့ ဆင်းသည့်အခါ အရန်အဖြစ်ပါသွားသည့ Bulova Chronograph နာရီကို ၀တ်၍ ဆင်းခဲ့ရသည်။

    နာဆာ၏ တရားဝင် နာရီထောက်ပံ့ပေးသည့် ကုမ္ပဏီဖြစ်သော အိုမီဂါလက်ပတ်နာရီများမှာ နိုင်ငံတော်ပိုင်ပစ္စည်းဟု သတ်မှတ်ထားသောကြောင့် ရောင်းချ၍ မရသော်လည်း စကော့၏ ထိုနာရီကမူ ၎င်း၏ ကိုယ်ပိုင်ပစ္စည်းဖြစ်ခဲ့သည်။

    Ref: Forbes

  • အင်ဒိုတောမီးမှ မီးခိုးကြောင့် ဖိလစ်ပိုင်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရ

    အင်ဒိုတောမီးမှ မီးခိုးကြောင့် ဖိလစ်ပိုင်တွင် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းရ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    phi

    – အင်ဒိုနီးရှား တောမီးလောင်ကျွမ်းမှုမှ ထွက်လာသော မီးခိုးများမှာ နိုင်ငံ၏ အလယ်ပိုင်းနှင့် တောင်ပိုင်းအထိ ရောက်ရှိကာ အန္တရာယ်ရှိသော အနေအထား ဖြစ်လာသောကြောင့် ဖိလစ်ပိုင်မှာ ယနေ့တွင် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး၊ ဆေးရုံများကိုလည်း သတိပေးထားသည်။

    ထိုတောမီးမှ မီးခိုးများမှာ အရှေ့တောင်အာရှဒေသတစ်ဝှမ်းတွင် ပြန်နှံ့နေပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကာ အခမ်းအနားများ ဖျက်သိမ်းရခြင်း၊ ကျောင်းများပိတ်ထားရခြင်းတို့အထိ ဖြစ်စေခဲ့သည်။ ထိုတောမီးကို ငြှိမ်းသက်ရန် နိုင်ငံတကာမှ ကြိုးစားမှုများမှာလည်း အရာမထင်ခဲ့ပေ။

    “မီးခိုးတွေဖုံးလွှမ်းနေတဲ့ဒေသတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိတဲ့ သူတွေအနေနဲ့ မျက်နှာဖုံးတွေ ၀တ်ဆင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်” ဟု ဖိလစ်ပိုင် သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဟာမီနီယို ကိုလိုမာက သတင်းထောက်များအား ယနေ့တွင် ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံတောင်ပိုင်းရှိ ဆေးရုံများအားလုံးမှာ ထိုမီးခိုးများကြောင့် ပြဿနာရှိသူများကို ကုသရန် အသင့်အနေအထားတွင် ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • ဆီးရီးယားသူပုန်၊ အမေရိကန်တို့နှင့် ပူးပေါင်းရန်အသင့်ဟု ရုရှားပြော

    ဆီးရီးယားသူပုန်၊ အမေရိကန်တို့နှင့် ပူးပေါင်းရန်အသင့်ဟု ရုရှားပြော

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    syia

    – IS နှင့် အခြားစစ်သွေးကြွအဖွဲ့များကို တိုက်ခိုက်ရာတွင် ဆီးရီးယား အဓိက အတိုက်အခံအဖွဲ့ဖြစ်သော ဆီးရီးယားလွတ်မြောက်ရေးတပ် FSA ကို ကူညီရန်၊ အမေရိကန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် မိမိတို့က အဆင်သင့်ရှိနေသည်ဟု ရုရှားက ပြောကြားလိုက်သည်။

    ဆီးရီးသူပုန်အဖွဲ့များကမူ ရုရှားမှာ IS ထက် မိမိတို့ကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ပြောကြားခဲ့သည်။ အမေရိကန်ကလည်း ရုရှား၏ တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ရန် စောစောပိုင်းက ငြင်းဆိုခဲ့သည်။

    “သူတို့ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေး လှုပ်ရှားမှုကို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမေရိကန်က ငြင်းဆန်တာဟာ မဟာအမှားပါပဲ။ ဒီလိုပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်တော်တို့ဟာ တကယ့်ကို ပြင်ဆင်ထားပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့ဗ်က ပြောကြားခဲ့သည်။

    FSA ကလည်း ရုရှားနေဖြင့် အာဆတ်အစိုးရကို ထောက်ခံနေသမျှ မိမိတို့မှာ ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုကို ကနေဒါ ခရစ်ယာန်အဖွဲ့များ ရှုတ်ချ

    အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာမှုကို ကနေဒါ ခရစ်ယာန်အဖွဲ့များ ရှုတ်ချ

    အောက်တိုဘာ ၂၅၊ ၂၀၁၅
    M-Media

    mos
    အွန်တာရီယိုမှ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံအတွင်း မြင့်တက်လာသည့် အစ္စလာမ်ကြောက်ရောဂါကို မီဒီယာများ နိုင်ငံရေးသမားများအပါအ၀င် နိုင်ငံသားအားလုံးက ဆန့်ကျင်ကြရန် ကနေဒါရှိ ခရစ်ယာန်အသင်းတော်များနှင့် ဘာသာရေးအဖွဲ့များက တိုက်တွန်း ပြောကြားလိုက်သည်။

    “နိုင်ငံအတွင်းက အစ္စလာမ်ဘာသာဝင်တွေအပေါ်မှာ ပစ်မှတ်ထားတဲ့ အမုန်းတရားနဲ့ ခွဲခြားဆက်ဆံမှုကို ကျွန်တော်တို့ မြင်နေရပြီး အဲဒီအတွက် တုန်လှုပ်မိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆန့်ကျင်ကြဖို့ နိုင်ငံသားအားလုံးကို တိုက်တွန်းဆော်သြပါတယ်” ဟု Canadian Friends Service Committee (Quakers) အဖွဲ့က အောက်တိုဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    “သဘောထားကွဲပြားစေပြီး၊ ထိခိုက်ပျက်ဆီးစေတဲ့ နိုင်ငံရေးလှုံ့ဆော်မှုတွေဟာ ဒီရန်လိုမှုတွေ မြင့်တက်လာစေတဲ့ အကြောင်းအရင်းတွေက တစ်ခုပါပဲ။ တိုင်းပြည်က ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ ပြဿနာတွေကို အာရုံပြောင်းဖို့အတွက် မွတ်စလင်တွေကို ဓားစာခံလုပ်နေကြတယ်ဆိုတာ ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပါပဲ။ အစ္စလာမ်ကြောက်ရောဂါ၊ အမုန်း၊ လူမျိုးရေးခွဲခြားမှု၊ သွေးခွဲမှုနဲ့ တရားမဲ့မှုတို့ကို ဆန့်ကျင်ကြဖို့ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ထိုကြေငြာချက်တွင်
    လက်မှတ်ရေးထိုးထားသည့် ကက်သလစ်ဘုန်းတော်ကြီး ရော်ဘင်ဆန်က ပြောကြားခဲ့သည်။

    ထို့ပြင် ကနေဒါနိုင်ငံသားများအကြား နားလည်မှု ပိုမိုမြှင့်တင်ရေး ဆောင်ရွက်မှုများကို နိုင်ငံတစ်ဝှမ်း ဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    “ခရစ်ယာန်တွေနဲ့ ဂျူးတွေလိုပဲ၊ မွတ်စလင်အများစုဟာလည်း ငြိမ်းချမ်းမှု၊ ချစ်ခြင်းမေတ္တာနဲ့ ဘုရားသခင်ကို သက်ဝင်မှုတို့လို အီဗရာဟီမစ် ဓလေ့ထုံးတမ်းအတိုင်း နေထိုင် အသက်ရှင်နေကြတာပါ။ ဒီ အီဗရာဟီမစ် ဘာသာတရားတွေဟာ သမိုင်းတူတယ်၊ တစ်ချို့ အခြေခံကိုယ်ကျင့်တရားတွေ၊ ယုံကြည်ချက်တွေ တူကြပါတယ်” ဟု ခရစ်ယာန်အသင်းတော်ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် Canadian Friends Service Committee အဖွဲ့က ပြောကြားခဲ့သည်။

    ထို့ပြင် အခြားသူများ၏ အခွင့်အရေးကို ပိတ်ပင်တားဆီးမှုလုပ်ပါက တဖြည်းဖြည်းဖြင့် မိမိတို့၏ အခွင့်အရေးပါ ပိတ်ပင် ခံလာရနိုင်သည်ဟုလည်း ကြေငြာချက်က ဆိုသည်။

    “ဟီဂျဘ်၊ ဘုရ်ခါ ဒါမှမဟုတ် နီကဘ်တို့အပါအ၀င် သူတို့နဲ့ သင့်လျော်မယ်လို့ထင်တဲ့ အ၀တ်အစားဝတ်ဖို့ ရွေးချယ်တဲ့ တစ်ဦးချင်းအခွင့်အရေးကို ကျွန်တော်တို့ ထောက်ခံအားပေးပါတယ်။ လူ့အခွင့်အရေး၊ လွတ်လပ်စွာကိုးကွယ်မှု စတာတွေဟာ သိပ်အရေးကြီးပါတယ်။ ကနေဒါနိုင်ငံသား တစ်ယောက်ယောက်ရဲ့ အခွင့်အရေး ပိတ်ပင်တားဆီးခံရပြီဆိုရင်တော့ အားလုံးရဲ့ အခွင့်အရေးတွေလည်း လျော့နည်းလာပါလိမ့်မယ်”

    တူညီသော ဆောင်ရွက်မှု

    အောက်တိုဘာ ၉ ရက်နေ့ကလည်း ကနေဒါရှိ ဧ၀ံဂေလိ လူသာရင်ခရစ်ယာန်အသင်းတော်မှ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဆူဆန် စီ ဂျွန်ဆန်က အသင်းတော်အဖွဲ့ဝင်များအတွက် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ထိုကြေငြာချက်တွင် မွတ်စလင်အမျိုးသမီးများ နိကဘ် (မျက်နှာဖုံးသည့် ၀တ်ရုံရှည်) ၀တ်ဆင်မှုနှင့် ပတ်သက်၍ ဝေဖန်မှုများကို စိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

    အဆိုပါ နိကဘ်ဝတ်ဆင်မှုနှင့်ပတ်သက်၍ နှိမ့်ချပြောဆိုမှုများ၊ မှန်းဆပြောဆိုမှုများနှင့် သံသယမျက်လုံးဖြင့် ကြည့်မှုများကိုလည်း ဘုန်းတော်ကြီး ဂျွန်ဆန်က ရှုတ်ချခဲ့သည်။ ထို့ပြင် အသင်းတော် အဖွဲ့ဝင်များအားလုံး၊ လူမှုရေးခေါင်းဆောင်များ၊ အစိုးရတာဝန်ရှိသမူများနှင့် နိုင်ငံသားအားလုံးမှာ လူသားတိုင်း၏ ဂုဏ်သိက္ခာကို တန်ဖိုးထားရမည်ဟု ထိုကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    Ref: Onislam