News @ M-Media

Blog

  • ဖိလစ်ပိုင်တွင် မုန်တိုင်းအတွက် ပြင်ဆင်နေရ

    ဖိလစ်ပိုင်တွင် မုန်တိုင်းအတွက် ပြင်ဆင်နေရ

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    phi

    – ယခုတစ်ပတ်အတွင်း အင်အားပြင်းသော အပူပိုင်းမုန်တိုင်း ကော့ပ်ပူ တိုက်ခတ်မည့်အခြေအနေ ရှိနေသည့်အတွက် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း လူဇွန်ကျွန်းမှ ပြည်သူများမှာ အထိအခိုက်အပျက်အဆီးနှင့် အသေအပျောက် အနည်းဆုံးဖြစ်ရန်အတွက် ပြင်ဆင်နေကြသည်ဟု သိရသည်။

    အဆိုပါမုန်တိုင်းမှာ ယနေ့ ဂရင်းဝစ်စံတော်ချိန် ၀၀.၀၀ နာရီတွင် မနီလာအရှေ့ဘက် ကီလိုမီတာ ၁၂၀၀ အကွာအဝေးတွင် တည်ရှိနေပြီး အဆင့် ၃ ရှိ မုန်တိုင်းဖြစ်သည်ဟု သတ်မှတ်ထားသည်။ ကုန်းတွင်းပိုင်းကိုမူ လာမည့် တနင်္ဂနွေနေ့တွင် ၀င်ရောက်မည်ဟု ခန့်မှန်းထားသည်။

    အဆင့် ၃ ရှိ မုန်တိုင်းများမှာ ဆိုးရွားသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပြီး သစ်ပင်များ ပြိုလဲခြင်းနှင့် အခြားသော အဆောက်အဦးများ ပျက်ဆီးနိုင်သည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းပါက ပို၍ အန္တရာယ်ရှိသော အခြေအနေကို ဖြစ်ပေါ်စေနိုင်သည်။

    Ref: Aljazeera

  • အာဆင်နယ်အတွက် ဖလားယူပေးနိုင်စွမ်း ရှိနေသည်ဟု ၀င်းဂါးပြော

    အာဆင်နယ်အတွက် ဖလားယူပေးနိုင်စွမ်း ရှိနေသည်ဟု ၀င်းဂါးပြော

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    arsenal

    – ၁၉ နှစ်တာ ကြာမြင့်ခဲ့ပြီးနောက် အသင်းအား ပရီးမီးယားလိဂ် ဖလားဆီသို့ ပို့ဆောင်ပေးရန်အတွက် မိမိတွင် ယခင်ကထက် ပိုမိုလှုံ့ဆော်မှု ရှိနေပြီး ချန်ပီယံဖြစ်အောင် ဆောင်ရွက်ပေးနိုင်ဆဲဟုလည်း အာဆင်နယ်နည်းပြ ဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ ချန်ပီယံဖြစ်ပါ့မလား- ဆိုပြီး ခင်ဗျားမေးချင်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းပေါ် ပြန်ရောက်နေပြီး အခွင့်အရေးကောင်းလည်း ရှိနေပြီလို့ ထင်ပါတယ်။ ကျွန်တော်တို့ဟာ အခွင့်ရေးဖန်တီးဖို့၊ အခွင့်အရေးကို ခွင့်ပြုဖို့ တစ်ပွဲစီရဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေအတွက် တိုက်ပွဲဝင်နိုင်တဲ့ အလားအလာ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ရဲ့ ရလဒ်တွေက အတည်ပြုနေပါတယ်”

    ထို့ပြင် မိမိမှာ အသင်းအတွက် ဆုဖလားများ ပိုမိုရယူပေးနိုင်ရန်အတွက် အနည်းဆုံး ယခုစာချုပ်အကုန်အထိ ဆက်ရှိနေည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • လူနည်းစုထဲက တယောက်လောက် လုပ်ပိုင်ခွင့် ပြန်ရချင်လို့ ရွေးကောက်ပွဲ ဝင်တာ (ဦးဆန်းတင်ကျော်)

    လူနည်းစုထဲက တယောက်လောက် လုပ်ပိုင်ခွင့် ပြန်ရချင်လို့ ရွေးကောက်ပွဲ ဝင်တာ (ဦးဆန်းတင်ကျော်)

    အောက်တိုဘာ ၁၅ ၊ ၂၀၁၅
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။

    2
    လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယအဆင့်  ၊နိုင်ငံဂုဏ်ရည်(ဒု) အဆင့်၊အတ္ထုပ္ပတ္တိစာပေဆုရှင် ၊သက်ကြီးကန်တော့ခံ စာပေပညာရှင်  ၀မ်းအိုဝမ်း ဦးကျော်ဝင်းမောင်၏ သားဖြစ်သူ၊  ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီး ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး၂၀၁၅ ရွေးကောက် ပွဲတွင် မင်္ဂလာတောင်ညွှန့် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့်သူ တစ်ဦးဖြစ်သည့် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ (UNC) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဆန်းတင်ကျော်နှင့် တွေ့ဆုံးမေးမြန်းထားပါသည်။

    M-Media။    ။  ဦးဆန်းတင့်ကျော် ရွေးကောက်ပွဲ ဝင်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့ရတာလဲ သိရပါရစေ။
    ဖြေ။    ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေဟာ ခေတ်အဆက်ဆက် တိုင်းပြည်အပေါ်မှာ အလုပ်ကျွေး တာဝန်ထမ်းဆောင်ခွင့်ရခဲ့တာ ခေတ်အဆက်ဆက်ပါပဲ။ ဗိုလ်နေဝင်း လက်ထက်နောက်ပိုင်း ကျွန်တော်တို့ အခန်းကဏ္ဍကို ရုတ်သိမ်းရင်း အပြင်ရောက်ခဲ့ရတယ်။ ဒီအခွင့်အရေးကိုလည်း ပြန်ယူချင်တယ်။ အာဏာယူဖို့ မဟုတ်ဘူး၊ နေရာယူဖို့မဟုတ်ဘူး။ တိုင်းပြည်အပေါ်မှာ  ပြည်သူအပေါ်မှာ အလုပ်ကျွေးပြုစုခွင့်ကို လိုချင်တာ။ အဖိနှိပ်ခံထားရတဲ့ လူနည်းစုတွေက တစ်ယောက်က လုပ်ပိုင်ခွင့်တွေကိုပြန် ရချင်လို့။ လုပ်ပိုင်ခွင့်ဆိုတာလည်း အာဏာမဟုတ်ဘူး။ အလုပ်ကျွေးပြုစုချင်တာ။

    M-Media။    ။ ကိုယ်စားလှယ်လောင်းယှဉ်ပြိုင်မှုအနေနဲ့ ဘာကြောင့် မင်္ဂလာတောင်ညွှန့်ကို ရွေးချယ်ခဲ့တာလဲ။
    ဖြေ။    ။ အစကတော့ ကိုယ့်မွေးဇာတိရပ်ကွက်ဖြစ်တဲ့ ပန်းဘဲတန်းကို ရွေးမလို့ပဲ။ ဒါပေမယ့် တောင်ညွှန့်ကိုလာကြည့်လိုက်တော့ ဒီမှာက ဘာသာတရားတိုင်းက လူတွေက စည်းလုံးညီညွတ်စွာနဲ့ နေထိုင်ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တန်ဖိုးထားတာတွေတွေ့တယ်။ သူငယ်ချင်းတွေကလည်း တိုက်တွန်းတော့ ဒီမှာ ဝင်ပြိုင်ဖြစ်တာပါ။

    M-Media။    ။ မဲဆွယ်စည်းရုံးမှုတွေရော စတင်လုပ်ဆောင်နေပြီလား။
    ဖြေ။    ။ ဟုတ်ကဲ့။ လုပ်နေပါပြီ။ လက်ကမ်းစာစောင်တွေဝေတာ ကျွန်တော်က ဒီရပ်ကွက်မှာ လူသိပ် မသိတော့ ကိုယ့်ကို လူသိအောင် မိတ်ဆက်တာမျိုးတွေတော့ လိုက်လုပ်နေပါတယ်။ ရပ်မိရပ်ဖတွေဆီ သွားရောက်ပြီး သူတို့နဲ့တွေ့ဆုံတာမျိုးတွေ လုပ်ပါတယ်။

    M-Media။    ။ ရွေးကောက်ပွဲ မှာ ရွေးခံရရင် ဒီမြို့နယ်က မဲဆန္ဒရှင်တွေအပေါ်မှာရော ဘာတွေလုပ်ဆောင်ပေးဖို့ရှိလဲ။
    ဖြေ။    ။ လုပ်ပေးချင်တာတွေက အများကြီးရှိတာပေါ့။ အဓိကကတော့ ပညာရေးနဲ့ ကျန်းမာရေးကိုပဲ ဦးစားပေးလုပ်ဆောင်ဖြစ်မယ်။ ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီးတော့ မဖြစ်မနေ လုပ်ပေးချင်တယ်။ ဘဝရှင်သန် ရပ်တည်ဖို့အတွက် ကျန်းမာရေးကလည်း မဖြစ်မနေ လိုအပ်တာပါပဲ။ ကျန်းမာရေးကိုလည်း အလေးထား ဆောင်ရွက်သွားမယ်။

    M-Media။    ။ လွှတ်တော်ထဲ ရောက်သွားရင် တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ကိစ္စတွေ ဘာတွေကိုလုပ်ဆောင်သွားမလဲ။
    ဖြေ။    ။ အရင်ဆုံး လုပ်ရမှာကတော့ တစ်ဖက်စောင်းနင်းရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပေါ့။ အဲဒါကို ပထမဆုံး ပြင်ရမယ်။ တရားမျှတမှုမရှိတဲ့ ဖွဲ့စည်းပုံ လို့ပဲထင်တယ်။ ပြည်သူကိုအကျိုး မပြုတဲ့ဥပဒေဖြစ်တဲ့ အတွက် တစ်ယောက်တည်းဆန္ဒအရဆိုရင် အသစ်ပြန်ရေး ဆွဲသင့်တယ်လို့ပဲမြင်တယ်။

    M-Media။    ။ သမ္မတလောင်း ရွေးချယ်ခွင့်ရှိမယ်ဆိုရင်ရော ဘယ်လို လူမျိုးကို ရွေးချယ်မလဲ။
    ဖြေ။    ။ တိုင်းပြည်အပေါ်မှာ တကယ်ချစ်မြတ်နိုးပြီး တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံမယ့် အတိတ်မှာရော လက်ရှိမှာရော အနာဂတ်မှာပါ ကိုယ်ကျိုးစွန့်နိုင်မယ့် ခေါင်းဆောင်မျိုးကို ရွေးချယ်ရမှာပေါ့။

    M-Media။    ။ စိန်ခေါ်မှုတွေရော ရှိလာနိုင်မယ်ထင်လား။
    ဖြေ။    ။ စိန်ခေါ်မှုတွေကိုလည်း မကြောက်ပါဘူး။ ရှိလာခဲ့ရင်လည်း အားလုံးကို အပြုံးနဲ့ပဲ ဖြေရှင်းမှာပါ။

    M-Media။    ။ အားနည်ချက်၊ အားသာချက်ရော ဘာတွေများရှိမယ်ထင်သလဲ။
    ဖြေ။    ။ အခြားပါတီကြီးတွေထက်စာရင် ကျွန်တော်တို့ပါတီက ပါတီသေးတော့ ငွေကို သုံးချင်တိုင်းသုံးလို့ မရဘူး။ နောက်ပါတီက အစ္စလာမ် ဘာသာဝင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ ပါတီဆိုတော့ ဘေး အနှောက့်အယှက်တွေရှိလာမှာကို ကြောက်ရတယ် အမြဲစဉ်းစား ဆင်ခြင်နေရတယ်။ ဒါတွေက အားနည်းချက်တွေပေါ့။ နောက်အားသာချက်က ဒီရပ်ကွက်ကပြည်သူလူထုက အခြားနဲ့ မတူဘူး။ သူတို့ ကုန်ပစ္စည်းနှစ်ခုကို မြည်းစမ်းပြီးပြီ။ သူတို့သိသွားတာက သူတို့သိပ် သဘောမတွေ့ဘူး။ အဲတော့ သူတို့အသစ်ကိုမျှော်ကြမှာပဲ အဲဒီအချိန်မှာကျွန်တော်က ဒီရောက်လာတာ ကျွန်တော့်အားသာချက်လို့မြင်တယ်။

    M-Media။    ။ ပါတီကြီးနှစ်ခုကိုရော ယှဉ်နိုင်မယ်လို့ ယုံကြည်လား။
    ဖြေ။    ။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒ အရတော့ စွဲစွဲမြဲမြဲ ယှဉ်နိုင်မယ်လို့ကို ယုံကြည်တယ်။ ၁၄ နှစ်သားလောက်ကတည်းက မမျှတဘူးလို့ ထင်တာတွေကို တိုင်းပြည်မှာ တော်လှန်လာခဲ့တယ်။ ကိုယ့်ကိုကိုယ်လည်း ပြန်မေးတယ်။ တိုင်းပြည်အပေါ်ဘယ်လောက်ချစ်လဲလို့။ ကိုယ့်လိပ်ပြာကိုယ်သန့်တယ်။ တိုင်းပြည်ချစ်စိတ်ကိုတော့ အားလုံးနဲ့ ပြတ်ပြတ်သားသား ယှဉ်ရဲပါတယ်။

    M-Media။    ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူလူထု စိတ်ဝင်စားမှုကရော ဘယ်လောက် အတိုင်းအတာရှိတယ်ထင်လဲ။
    ဖြေ။    ။ ပြည်သူလူထုက အံ့သြဖို့ကောင်းပါတယ်။ ဟိုးအရင် အစဆိုတဲ့ အချိန်ကစရင် ခုဆိုရင်တော့ ၆၀% ၇၀% လောက် စိတ်ဝင်စားလာကြပါတယ်။

    M-Media။    ။ ရွေးကောက်ပွဲကိုရော ဘယ်လောက်အတိုင်းအတာထိ ယုံကြည်မှုရှိပါသလဲ။
    သူတို့ကတော့ လွယ်လင့်တကူ အရှုံးပေးမယ်လို့ မထင်ပါဘူး။ ဖြေ။    ။ ရွေးကောက်ပွဲတရားမျှတလား မမျှတလားဆိုတာ ခုပဲ ကိုးကိုးကျွန်းဖြစ်ရပ်ကိုကြည့်ရင် သိနိုင်တယ်။ NLD ကအမတ်တွေကို အကြောင်း အမျိုးမျိုးပြပြီး သွားရောက်မဲဆွယ်ခွင့်မပေးသေးဘူး။

    M-Media။    ။ နိုင်ငံရေးမျှော်မှန်းချက်တွေကရော ဘာတွေရှိသလဲ။
    ဖြေ။    ။ တိုင်းပြည်အနာဂတ်နဲ့ ပတ်သက်ပြီး ၈၈ နောက်ပိုင်း တောခိုသွားတဲ့ အချိန်ကစပြီး ငါတို့တိုင်းပြည်ဟာ ဘာကြောင့်ဒီလောက် နိမ့်ကျနေရတာလဲဆိုပြီး မခံချင်စိတ်တွေ အမြဲရှိတယ်။ ခုတိုင်းပြည်မှာ တော်တော်များများဟာ ကမ္ဘာပတ်ပြီး ကျွန်ခံနေရတယ်။ ငါတို့နိုင်ငံကို သူများ တိုင်းပြည်တွေထက် သာရမယ်ဆိုတဲ့ စိတ်ကရှိတယ်။ တိုင်းသူပြည်သားတွေဟာ စစ်တပ် အုပ်ချုပ်မှုနဲ့ မဟာလူမျိုးကြီးဝါဒမှာ ပြားပြားဝပ်ခံခဲ့ရတာ။ အုပ်ချုပ်ရေးပိုင်းကစပြီးတော့ ခွဲဝေအုပ်ချုပ်တာ ပညာရေး၊ ကျန်းမာရေး၊တရားစီရင်ရေး စတာတွေကိုတော့ တိုင်းရင်းသား ဒေသတွေကိုပါ ခွဲဝေပေးမယ်ဆိုရင် အောင်မြင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။ အဲ့လိုဖြစ်လာမှသာ တိုင်းပြည်က ကမ္ဘာအလယ်မှာ တင့်တယ်တဲ့ တိုင်းပြည်တစ်ခုဖြစ်လာမှာ။ အဲ့လောက်ထိ တိုင်းပြည်ကိုဖြစ်စေချင်တယ်။

    M-Media။    ။ နိုင်ငံရေးဖြတ်သန်းမှုကိုလည်း ပြောပြပေးပါဦး။
    ဖြေ။    ။ ၁၄ နှစ်သားအရွယ်က လမ်းစဉ်လူငယ်ဥက္ကဌနှင့် ပါတီယူနစ်တို့၏မတရားသော လုပ်ရပ်အပေါ်ဆန့်ကျင်ခဲ့လို့ ရုံးရှိတဲ့ ရွှေဘုံသာလမ်းကို (၁)လတိတိ ဖြတ်မလျှောက်ရန် အမိန့်ထုတ်ပြန်ခံရတယ်။
    ၁၈.၃.၁၉၈၈ မှ စပြီး နိုင်ငံရေး လှုပ်ရှားမှုတွေမှာ တစ်ကိုယ်တော် ပါဝင်ခဲ့တယ်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကို ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ကနေ စတင်ခဲ့တာ ဖြစ်တယ်။ ၇လပိုင်း ၁၉၈၉ မှာတော့ မြေအောက်လှုပ်ရှားမှုတွေ ဆက်လုပ်နေတယ်။ ထပ်ဖမ်းခံရတယ်။ ၄.၃.၁၉၉၀ ရက်နေ့တွင် ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်။၁၉၉၉ နှစ်ကုန်ပိုင်းမှာ ရန်ကုန်ကို ပြန်ရောက်လာတယ်။ ၂၀၀၉ စက်တင်ဘာလမှာ မေတ္တာ Campaign ကိုစတင်တည်ထောင်ခဲ့တယ်။

    M-Media။    ။ အခုလိုဖြေကြားပးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    ဖြေ။    ။ ဟုတ်ကဲ့။ ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

    1

  • တရုတ်၏ စီးပွားရေးတိုးတက်မှု လာမည့်နှစ်တွင် ပို၍ကျဆင်းမည်

    တရုတ်၏ စီးပွားရေးတိုးတက်မှု လာမည့်နှစ်တွင် ပို၍ကျဆင်းမည်

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    – စီးပွားရေးကျဆင်းနေမှုကို တားဆီးရန်တွက် ဗဟိုဘဏ်က ၎င်းတို့၏ ပေါ်လစီများကို လျော့ပေးသော်လည်း တရုတ်၏ စီးပွားရေးတိုးတက်မှုမှာ ယခုနှစ်တွင် ၆.၈ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ၆.၅ ရာခိုင်နှုန်း ကျဆင်းမည်ဟု ခန့်မှန်းထားသည်။

    ဗဟိုဘဏ်မှာ ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ချေးငွေအတိုးနှုန်းကို ချပေးခြင်း၊ အကြီးဆုံးဘဏ်များအနေဖြင့် အရံထားရှိရမည့် ငွေပမာဏကိုလည်း ၁၈.၀ ရာခိုင်နှုန်းအထိ လျှော့ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့ပြီး စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ဆောင်ရွက်ခဲ့သည်။

    သို့သော်လည်း ယခင်က စီးပွားရေးကို အလွန်တင်းကျပ်စွာ ထိန်းချုပ်ထားခြင်းနှင့် အကြွေးအခြေအနေ နိမ့်နေခြင်းတို့ကြောင့် ယခုပေါ်လစီပြောင်းလဲမှုများက ထိရောက်မှုမရှိဟု အချို့သော လေ့လာဆန်းစစ်သူများက ပြောကြားခဲ့သည်။

    ငွေစာရင်း ဖွင့်လှစ်ထားရှိမှုကို ၂၀၁၆ ခုနှစ်တွင် ထပ်မံလျော့ချရန် ဗဟိုဘဏ်က မျှော်လင့်ထားသော်လည်း အတိုးနှုန်းကို ပြောင်းလဲမည် မဟုတ်ချေ။ ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးရှိသည့် တရုတ်နိုင်ငံမှာ ၂၀၁၄ ခုနှစ်တွင် စီးပွားရေး ၇.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယခုနှစ်တွင်မူ ၆.၈ ရာခိုင်နှုန်းသာ တိုးတက်နိုင်မည်ဟု မျှော်လင့်ထားသည်။ ထိုပမာဏမှာ ၂၅ နှစ်အတွင့် အနိမ့်ဆုံး အခြေအနေလည်းဖြစ်သည်။

    ၂၀၁၆ ခုနှစ်တွင်မူ စီးပွားရေးတိုးတက်မှုမှာ ၆.၅ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်သည်။

    “စီးပွားရေး ကျဆင်းနေတာကြောင့် ငွေကြေးဆိုင်ရာ ပေါ်လစီတွေကို လျော့ချမှာဖြစ်ပြီး၊ ကုန်ဈေးနှုန်းတက်မှု လျော့ကျတာဟာလည်း ငွေကြေးပေါ်လစီ ဖြေလျော့မှုအတွက် ကြီးမားတဲ့အခွင့်အလမ်းတွေ ဖန်တီးပေးပါလိမ့်မယ်” ဟု China Everbright Securities မှ စီးပွားရေးအကြီးအကဲ ဇူဂေါင်က ပြောကြားခဲ့သည်။

    Ref: Channelnewsasia

  • တိုက်ပွဲဝင် Black Hawk ရဟတ်ယာဉ်များကို ဆော်ဒီသို့ အမေရိကန် ရောင်းချမည်

    တိုက်ပွဲဝင် Black Hawk ရဟတ်ယာဉ်များကို ဆော်ဒီသို့ အမေရိကန် ရောင်းချမည်

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    hlie

    – Sikorsky Aircraft လေယာဉ်ထုတ်လုပ်ရေးမှ ဖန်တီးသည့် တိုက်ပွဲဝင်သုံး နာမည်ကျော် UH-60M Black Hawk ရဟတ်ယာဉ် ၉ စီး (ကန်ဒေါ်လာ ၄၉၅ သန်းဖိုး)ကို ဆော်ဒီသို့ ရောင်းချရန် သဘောတူညီခဲ့သည်ဟု အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ထိုသဘောတူညီမှုမှာ အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သော ဆော်ဒီ၏ လုံခြုံရေး တိုးတက်အောင် ဆောင်ရွက်မှုကို အကူအညီ ဖြစ်စေလိမ့်မည်ဟု အမေရိကန်က ဆိုသည်။ အဆိုပါ ရဟတ်ယာဉ်များတွင် ဂျီပီအက်စ်စနစ်၊ စက်သေနတ်နှင့် ဒုံးကျည်သတိပေးစနစ်များ ပါဝင်သည်။

    ဆော်ဒီမြေပြင်တပ်ဖွဲ့လေကြောင်းစစ်ဌာနချုပ် RSLFAC ကမူ အဆိုပါ ရဟတ်ယာဉ်များကို ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ်တွင် ကူညီရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ အကြမ်းဖက်တိုက်ဖျက်ရေးနှင့် စစ်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters