အောက်တိုဘာ ၁၁၊ ၂၀၁၅
M-Media
– ယူရို ၂၀၁၈ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမှာ ဝေးလ်ဘောလုံးလောကအတွက် ကြီးကျယ်သည့် အချိန်အခါဖြစ်သည်ဟု အာဆင်နယ်ကွင်းလယ်လူ အာရွန် ရမ်ဆေးက ပြောကြားခဲ့သည်။
ယနေ့မနက် ယူရိုခြေစစ်ပွဲတွင် ဘော့စနီးအယားအသင်းအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း အဓိကပြိုင်ဘက် အစ္စရေးက ဆိုက်ပရက်စ်အား ရှုံးနိမ့်သွားသောကြောင့် ဝေးလ်မှာ ယူရိုခြေစစ်ပွဲကို တိုက်ရိုက်အောင်မြင်ခဲ့ပြီး ၁၉၅၈ ခုနှစ်နောက်ပိုင်း အဓိကပြိုင်ပွဲတစ်ခုတွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကာ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်ကိုလည်း ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း ဖြစ်သည်။
“ဝေးလ်ဘောလုံးလောကအတွက် ကြီးကျယ်တဲ့ အချိန်တစ်ခုပါပဲ။ သမိုင်းတွင်တဲ့ အောင်မြင်မှုလည်း ဖြစ်ပါတယ်။ နောက်ဆုံးတော့ အဓိကပြိုင်ပွဲတစ်ခုမှာ ကျွန်တော်တို့ ၀င်ပြိုင်ရတော့မှာပေါ့ဗျာ။ ခဏလောက် ကျွန်တော် မယုံကြည်နိုင်ခဲ့ပါဘူး။ ကျွန်တော် အရမ်း ဂုဏ်ယူပါတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့ ယှဉ်ပြိင်ရတော့မှာပါ” ဟု ဝေးလ်အသင်း၏ အဓိကစားသမားတစ်ဦးဖြစ်သည့် ရမ်ဆေးက ပြောကြားခဲ့သည်။
ထို့ပြင် အသင်း၏ ကစားသမားများကိုလည်း ချီးကျူးခဲ့ပြီး အတူတကွ ပူးပေါင်းဆောင်ရွက်မှုကြောင့်သာ ယခုကဲ့သို့ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
Ref: Goal