News @ M-Media

Blog

  • တောမီးလောင်မှုအတွက် နိုင်ငံတကာမှ အကူအညီကို တံခါးဖွင့်ထားဟု အင်ဒိုပြော

    တောမီးလောင်မှုအတွက် နိုင်ငံတကာမှ အကူအညီကို တံခါးဖွင့်ထားဟု အင်ဒိုပြော

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    indo

    – နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တောမီးလောင်မှုအား တွန်းလှန်ရန်အတွက် စင်ကာပူအပါအ၀င် မည်သည့်နိုင်ငံမှ ကူညီမှုများကိုမဆို မိမိတို့က တံခါးဖွင့်ထားသည်ဟု အင်ဒိုနီးရှား ဒုတိယသမ္မတ ဂျူဆွဖ် ကာလ်လာက နယူးယောက်တွင် ယမန်နေ့က ပြုလုပ်ခဲ့သော ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့သည်။

    မိမိတို့မှာ အဆိုပါ တောမီးလောင်မှုအား ငြှိမ်းသက်ရန်အတွက် အစွမ်းကုန်ကြိုးစားနေသော်လည်း နိုင်ငံအတွင်း ခြောက်သွေ့မှုနှင့် လေတိုက်နှုန်းကြောင့် အချိန်တိုတိုအတွင်း ဖြေရှင်းရန်မှာ အခက်အခဲတွေ့နေသည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ တောမီးကြောင့် မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံများအထိ ရောက်ရှိနေပြီး လေထုညစ်ငြမ်းမှုမှာ အန္တရာယ်ရှိသည့်အဆင့်အထိ ဖြစ်ပေါ်နေသည်။ တောမီးလောင်မှုအတွက် အင်ဒိုနီးရှား၏ ကိုင်တွယ်ပုံကို စင်ကာပူက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    “လာကြပါ။ ကျွန်တော်တို့ တံခါးဖွင့်ထားပါတယ်။ စင်ကာပူကလည်း ဒါကို တွေ့မြင်နိုင်ပါတယ်။ စင်ကာပူရေ- ခင်ဗျားတို့ ကူညီချင်ရင် လာခဲ့ပါ။ စကားတွေပဲ ပြောမနေပါနဲ့” ဟု ကာလ်လာက ဖိတ်ခေါ်ခဲ့သည်။

    Ref: hannelnewsasia

  • ဂျူဗင်တပ်စ်၏ အမှတ်သညာကို ပြန်လည်ရှာဖွေရမည်ဟု ဂိုးသမား ဘူဖွန်ပြော

    ဂျူဗင်တပ်စ်၏ အမှတ်သညာကို ပြန်လည်ရှာဖွေရမည်ဟု ဂိုးသမား ဘူဖွန်ပြော

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    buffon

    – ရာသီသစ်တွင် ဆိုးရွားသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည့် မိမိတို့အသင်း ပြန်လည် ဦးမော့လာရန်အတွက် မိမိတို့၏ အမှတ်သညာကို ပြန်လည်ရှာဖွေရမည်ဟု ဂျူဗင်တပ်စ်အသင်း၏ ၀ါရင့်ဂိုးသမား ဘူဖွန်က ပြောကြားလိုက်သည်။

    လက်ရှိ စီးရီးအေချန်ပီယံ ဂျူဗီမှာ စနေနေ့က အဝေးကွင်းတွင် နာပိုလီအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်တွင် ၃ ပွဲမြောက် စီးရီးအေရှုံးပွဲလည်း ဖြစ်ခဲ့သည်။

    ဘူဖွန်ကမူ အသင်းသားများအနေဖြင့် ၅ ကြိမ်ဆက် စီးရီးအေချန်ပီယံဖြစ်ရေး ကိစ္စကို ခေါက်ထားရမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ အားနဲ့မာန်နဲ့ ဒီအခြေအနေကို ရင်ဆိုင်ရပါမယ်။ တိုးတက်အောင် ပြောင်းလဲဖို့ လိုတယ်ဆိုတာလည်း ကျွန်တော် သိပါတယ်။ ဒါကို အခုအချိန်ကစပြီး တစ်ပွဲပြီး တစ်ပွဲ ဆောင်ရွက်သွားရမှာပါ။ ကျွန်တော်တို့ရဲ့ အမှတ်သညာကို ပြန်ရှာတွေ့ပြီး ညက်ညက်ညောညော ကစားမယ်ဆိုရင်၊ တကယ့်ကို တောင့်တင်းတဲ့ အသင်း ပြန်ဖြစ်လာမှာပါ”

    Ref: Goal

  • လက်ယာအုပ်စု၏ အစွန်းရောက်မှုများကို ဂျာမနီထောက်လှမ်းရေးအကြီးအကဲ သတိပေး

    လက်ယာအုပ်စု၏ အစွန်းရောက်မှုများကို ဂျာမနီထောက်လှမ်းရေးအကြီးအကဲ သတိပေး

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    germany

    – ပြောင်းရွှေ့အခြေချသူများ စံချိန်တင်ရောက်ရှိလာသည့်အချိန်တွင် နိုင်ငံတစ်ဝှမ်း နိုင်ငံခြားသားဆန့်ကျင်သည့် ချီတက်ဆန္ဒပြမှုများနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လက်ယာစွန်းရောက်အုပ်စုများ၏ အစွန်းရောက်မှုနှင့်ပတ်သက်၍ ဂျာမနီ ပြည်တွင်း
    ထောက်လှမ်းရေးအကြီးအကဲက သတိပေး ပြောကြားလိုက်သည်။

    ဂျာမနီမှာ ယခုနှစ်တွင် ဒုက္ခသည် ၁ သန်းအထိ လက်ခံမည်ဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ လက်ယာစွန်းရောက် အုပ်စုများကလည်း ပြောင်းရွှေ့ခြေချသူ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တိုးမြှင့်ပြုလုပ်လာခဲ့ကြကာ ဒုက္ခသည်များ၊ ၎င်းတို့၏ နေထိုင်ရာ နေရာများကို တိုက်ခိုက်မှုများပင် ရှိလာခဲ့သည်။

    ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေကလည်း ဂျာမနီရှိ မြို့အများအပြားတွင် အဆိုပါလက်ယာစွန်းရောက်များမှာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    “ဒုက္ခသည်ပြဿနာနဲ့ ဆက်စပ်ပြီး ကျွန်တော်တို့ တွေ့နေရတာက လက်ယာအစွန်းရောက်တွေနဲ့ သူတို့ကို ဆန့်ကျင်ကြတဲ့ လက်ဝဲအစွန်းရောက်တွေ လမ်းပေါ်ထွက် ဆန္ဒပြတာပါပဲ” ဟု ပြည်တွင်းထောက်လှမ်းရေး အကြီးအကဲ မက်ဆန်က Deutschlandfunk ရေဒီယိုသို့ ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နိုင်ငံအရှေ့ပိုင်း ဆာဇိုနီပြည်နယ်ရှိ နိုင်နီရူမြို့တွင် စနေနေ့က ရဲတပ်ဖွဲ့နှင့် စစ်သားများမှာ ဒုက္ခသည် ၁၀၀ ခန့်ကို စောင့်ရှောက်ကာ လက်ခံရေးစင်တာသို့ ခေါ်လာခဲ့ပြီး၊ ထိုလက်ခံရေးစင်တာတွင် လက်ယာစွန်းရောက် ဆန္ဒပြသူများမှာ သောကြာနေ့ကတည်းက ဆန္ဒပြခဲ့ကာ ဒုက္ခသည်များ၏ ဘတ်စ်ကားများကိုလည်း တိုက်ခိုက်ခဲ့ကြသည်။

    အခြားပြည်နယ်တစ်ခုဖြစ်သည့် Mecklenburg-Western Pomerania မှ မြို့အများအပြားတွင် ဆန္ဒပြသူ ၁၀၀၀ ကျော်မှာ သောကြာနေ့က ဆန္ဒပြခဲ့ကြပြီး၊ ကမ်းရိုးတန်းမြို့ဖြစ်သည့် စထရာလ်ဆန်းတွင်မူ ၎င်းတို့အား ဆန့်ကျင်သူများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကာ ၃ ဦး ဒဏ်ရာရခဲ့သည်။

    Ref: Aljazeera

  • အာဆတ်ကိုဖြုတ်ချပါက ဆီးရီးယားမှာ အခြေအနေပိုဆိုးမည်ဟု ပူတင်ပြာ

    အာဆတ်ကိုဖြုတ်ချပါက ဆီးရီးယားမှာ အခြေအနေပိုဆိုးမည်ဟု ပူတင်ပြာ

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    russia

    – ဆီးရီးယားသမ္မတ ဘာရှာ အလ် အာဆတ်အား ဖြုတ်ချပါက နိုင်ငံမှာ အီရတ်နှင့် လစ်ဗျားတို့ကဲ့သို့ ကစဥ့်ကလျား ဖြစ်ပွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ယမန်နေ့တွင် CBS သတင်းဌာနနှင့် အင်တာဗျူး၌ ထည့်သွင်းပြောကြားခဲ့သည်။

    ရုရှားနှင့် အီရန်တို့မှာ အာဆတ်၏ အနီးကပ် မဟာမိတ်များဖြစ်ပြီး ဆီးရီးယားပြည်တွင်းစစ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်နေသည်ဟု သတင်းထွက်ပေါ်နေသည့် နိုင်ငံများလည်း ဖြစ်သည်။ ပူတင်ကမူ လက်ရှိဆီးရီးယား အစိုးရကို အားကောင်းစေကာ အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရန် ၎င်းတို့အား ကူညီခြင်းမှလွဲ၍ ပြဿနာအား ဖြေရှင်းရန် အခြားနည်းလမ်းမရှိဟု ထည့်သွင်းပြောကြားခဲ့သည်။

    ၄ နှစ်ကျော်လာသော ဆီးရီးယားပြည်တွင်းစစ်အတွင်း သေဆုံးသူမှာ သိန်းနှင့်ချီ၍ ရှိနေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာလည်း သန်းချီနေပြီဖြစ်သည်။

    Ref: Aljazeera

  • ဘာကာစတား မက်ဆီ မျှော်လင့်ထားသည့်ထက် ပိုမြန်မြန် ပြန်ကစားနိုင်မည်

    ဘာကာစတား မက်ဆီ မျှော်လင့်ထားသည့်ထက် ပိုမြန်မြန် ပြန်ကစားနိုင်မည်

    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    messi

    – စနေနေ့က လက်စ်ပါးလ်မက်စ်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပွဲတွင် ဘယ်ဘက်ဒူး၌ အရွတ်ဒဏ်ရာ ရသွားခဲ့သည့် တိုက်စစ်မှူး မက်ဆီမှာ ၂ လထက်မပိုဘဲ ပြန်ကောင်းလာမည်ဟု ဘာစီလိုနာ အသင်းဆရာဝန် ဒိုနာတို ဗီလာနီက ပြောကြားခဲ့သည်။

    ပွဲအစ မကြာခင်မှာပင် မက်ဆီမှာ လက်စ်ပါးလ်မက်စ်၏ နောက်ခံလူတစ်ဦးနှင့် ခိုက်မိကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းမပါဝင်နိုင်ခြင်းက ပြိုင်ဆိုင်မှုပြင်းထန်သည့် လာလီဂါတွင် မတိမ်းမစောင်းအောင် ကြိုးပမ်းနေရသည့် ဘာစီလိုနာအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ခဲ့သည်။

    ဗီလာနီကမူ ဒဏ်ရာမှာ ခွဲစိတ်ရန် လိုအပ်ပြီး မျှော်လင့်ထားသည်ထက်စောကာ သီတင်းပတ် ၆ ပတ်မှ၊ ၈ ပတ်အတွင်း ပြန်လည်ကစားနိုင်မည်ဟု ဆိုသည်။

    Ref: Goal