News @ M-Media

Blog

  • ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    ဆူမားတြားတောမီးကို ထိန်းချုပ်ရန် အင်ဒိုနီးရှား ကြိုးပမ်းနေ

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    ind

    – ဆူမားတြားကျွန်း တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တောမီးလောင်မှု အခြေအနေကို ထိန်းချုပ်ရန်အတွက် အင်ဒိုနီးရှား စစ်တပ်က စစ်သား ၁၀၀၀ ကျော်ကို ယနေ့မနက်ပိုင်းတွင် ဂျကာတာ လေတပ်အခြေစိုက်စခန်းမှ စေလွှတ်လိုက်သည်ဟု သိရသည်။

    အင်ဒိုနီးရှားရဲတပ်ဖွဲ့မှာ တောမီးလောင်သည့် နေရာ ၁၄ နေရာကို ဖော်ထုတ်နိုင်ခဲ့ပြီး အာဏာပိုင်များကမူ ထိုနေရာများမှာ စိုက်ပျိုးရေးကုမ္ပဏီများမှ ပိုင်ဆိုင်သည့် နေရာများဖြစ်သည်ဟု ဆိုသည်။ မီးလောင်သည့်နေရာများမှ အချို့မှာ အမျိုးသား ပန်းခြံများမှ နေရာများဖြစ်သည်။

    အင်ဒိုနီးရှား သဘာဝန်ပတ်ဝန်းကျင်နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ၀န်ကြီး စီတီ နူရ်ဘာယာ ဘာကာရ်က “ကိုသြဒိနိတ်မျဉ်းတွေကိုသုံးပြီး မီးလောင်နေတဲ့နေရာတွေကို ကျွန်မတို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မီးလောင်မှုကြောင့် တစ်ဦးတစ်ယောက်ချင်းစီတင် မကပါဘူး။ စိုက်ပျိုးရေးကုမ္ပဏီတွေကိုလည်း ထိခိုက်ပါတယ်” ဟု ပြောကြားခဲ့သည်။

    သမ္မတ ဂျိုကို ၀ီဒိုဒိုကမူ ကုမ္ပဏီပိုင်မြေများတွင် မီးလောင်မှုများအတွက် အဆိုပါ စိုက်ပျိုးရေးကုမ္ပဏီများက တာဝန်ယူရမည်ဟု ဆိုသည်။ သို့သော်လည်း မီးရှို့သူများကို တွေ့ရှိခဲ့လျှင်ပင် တိုင်းပြည်၏ ရှုပ်ထွေးသော တရားရေးလုပ်ငန်းစဉ်အရ ၎င်းတို့အား တရားစွဲဆိုရန် အခက်အခဲများ ရှိမည်ဖြစ်သည်။

    ရဲတပ်ဖွဲ့နှင့် စစ်တပ်ပါဝင်သော စုပေါင်းအဖွဲ့များမှာ မီးငြှိမ်းသက်ရန် ကြိုးစားနေပြီး မီးခိုးများမှာ ဆူမားတြားပြည်နယ်မှ ကာလီမန်တန်ပြည်နယ်အထိ ပြန့်နှံ့နေပြီဖြစ်သည်။ မီးခိုးများကြောင့် ကျောင်းများနှင့် လေဆိပ်များကိုလည်း ပိတ်ပစ်ခဲ့ရသည်။

    အဆိုပါ မီးခိုးများမှာ အိမ်နီးချင်း စင်ကာပူနှင့် မလေးရှားနိုင်ငံတို့အထိလည်း ရောက်ရှိခဲ့ပြီး ထိုနိုင်ငံများမှ လေထုအရည်အသွေးမှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အဆင့်သို့ပင် ရောက်ရှိနေသည်။

    Ref: Channelnewsasia

  • ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး

    ရော်နယ်ဒိုကိုခေါ်ယူရန် ယူရို ၁ ဘီလီယံ သုံးရမည်ဟု ရီးယဲလ် သတိပေး

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    rnl

    – မိမိတို့ တိုက်စစ်မှူး ရော်နယ်ဒိုအား ခေါ်ယူချင်ပါက ပီအက်စ်ဂျီအသင်းမှာ ယူရို ၁ ဘီလီယံ အသုံးပြုရမည်ဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က သတိပေး ပြောကြားလိုက်သည်။

    ပြင်သစ်လီဂူးချန်ပီယံ ပီအက်စ်ဂျီအသင်းမှာ လွန်ခဲ့သည့် ၂ နှစ်စလုံး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် ရော်နယ်ဒိုအား ခေါ်ယူရန် အချိန်အတော်အကြာကတည်းက ကြိုးပမ်းနေခဲ့ပြီး လာမည့်နှစ် နွေရာသီတွင် အရ ခေါ်ယူသွားမည်ဟု ကောလဟာလများလည်း ထွက်ပေါ်နေသည်။

    သို့သော်လည်း ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ကမူ ပီအက်စ်ဂျီအနေဖြင့် ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးကို မပေးနိုင်သမျှ ကာလပတ်လုံး မိမိတို့အသင်း၏ တိုက်စစ်မှူးကို ခေါ်ယူရန် အခွင့်အရေးမရှိဟု ပြောကြားခဲ့သည်။

    “တကယ်လို့ ပီအက်စ်ဂျီဟာ ရော်နယ်ဒိုကို ခေါ်ချင်ရင် ယူရို ၁ဘီလီယံလောက် ပေးရပါမယ်။ ဘောလုံးလောကမှာ ဘယ်သူမှ ဆရာမရှိပါဘူး။ ဒါပေမယ့် သူ့ကို ကျွန်တော်တို့ ၂၀၁၆ မှာလည်း မရောင်းချင်ပါဘူး။ သူ့နဲ့ စာချုပ် ၃ နှစ်လောက် ကျန်နေပါသေးတယ်” ဟု ပီရက်စ်က Cadena COPE သို့ ပြောကြားခဲ့သည်။

    ထို့ပြင် ပရိတ်သတ်များ၏ ညိုငြင်မှုကို ခံနေရသည့် နောက်ခံလူ ဂျရတ်ပီကေးနှင့်ပတ်သက်သော ကောလဟာလများ အကြောင်းကိုလည်း ပီရက်ဇ်က ကာကွယ်ပြောကြားခဲ့သည်။

    “လူဟာ တစ်ခါတစ်လေမှာ အမှားလုပ်တတ်တာ ဓမ္မတာပါပဲ။ ဒါပေမယ့် ကွင်းထဲမှာ ၀ိုင်းလှောင်တာကတော့ မှန်တယ်လို့ ယူဆလို့ မရပါဘူး။ စပိန်အသင်းအင်္ကျီကို ၀တ်မထားတဲ့ သူကိုတောင်မှ ဒီလိုမလုပ်ရပါဘူး။ ကျွန်တော် သူ့အတွက် စိတ်မကောင်းပါဘူး”

    Ref: Goal

  • တရုတ်ကုန်သွယ်ရေးဘဏ် ICBC မှ ဘဏ်ခွဲတစ်ခု ရန်ကုန်တွင် ဖွင့်လှစ်

    တရုတ်ကုန်သွယ်ရေးဘဏ် ICBC မှ ဘဏ်ခွဲတစ်ခု ရန်ကုန်တွင် ဖွင့်လှစ်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    chin

    – တရုတ် စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဘဏ် ICBC ၏ ဘဏ်ခွဲတစ်ခုကို ရန်ကုန်မြို့တွင် စတင်ဘာ ၈ ရက်၊ အင်္ဂါနေ့က ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သည့် ပထမဆုံး တရုတ် ကုန်သွယ်ရေးဘဏ် ဖြစ်သည်ဟု စင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

    ICBC ဘဏ်မှာ နိုင်ငံအတွင်း ဘဏ်ခွဲများဖွင့်နိုင်ကာ ပြည့်ဝသော ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးနိုင်ရန် မြန်မာအစိုးရက ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် လုပ်ငန်းလိုင်စင်ချပေးခဲ့သည့် နိုင်ငံခြားဘဏ် ၉ ခုထဲမှ တစ်ခုဖြစ်သည်ဟု ဆိုသည်။

    ဘဏ်ဖွင့်ပွဲအခမ်းအနားတွင် ICBC ဘဏ်ဥက္ကဌ ယီဟွေမန်းက ယခုကဲ့သို့ ဘဏ်ခွဲဖွင့်နိုင်ခြင်းမှာ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရာတွင် အရေးပါသော အောင်မြင်မှုကို ဖော်ပြနေသည်ဟုဆိုပြီး မိမိတို့ဘဏ်၏ ကမ္ဘာတစ်ဝှမ်း ဘဏ်ခွဲများဖွင့်ရာတွင် အရေးပါသည့် သမိုင်းမှတ်တိုင်လည်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် ဘဏ်ခွဲမဖွင့်ခင် ICBC ဘဏ်မှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံ၌ ၇ နိုင်ငံတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားရှိခဲ့သည်ဟု ယီက ထည့်သွင်းပြောကြားခဲ့သည်။

    ICBC မှာ မြန်မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ဆက်စပ်သည့် ရန်ပုံငွေများ တိုက်ရိုက်စီးဆင်းရေးကို ဆေင်ရွက်ရန် သဘောတူညီချက်တစ်ခုကိုလည်း ဖွင့်ပွဲအခမ်းအနားတွင် လက်မှတ်ရေးထိုးခဲ့သည်ဟု ရိုးမဘဏ်မှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

    ICBC မှာ ဘဏ်လုပ်ငန်းနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် တရုတ်ကုမ္ပဏီအချို့နှင့်လည်း သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်ဟု စင်ဟွာက ထည့်သွင်းဖော်ပြခဲ့သည်။

    ပြီးခဲ့သည့်အောက်တိုဘာလက နိုင်ငံခြား ဘဏ် ၉ ခုကို လုပ်ငန်းလိုင်စဉ် ချပေးမှုမှာ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးလည်းဖြစ်သည်။ နိုင်ငံခြားဘဏ်များမှာ ဘဏ်လုပ်ငန်းများကို အပြည့်အ၀ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနှင့် ပြည်တွင်းဘဏ်များကို ငွေချေးနိုင်ခွင့် ရှိမည်ဖြစ်သည်။

    ထို့ပြင် ပြည်တွင်း ကုမ္ပဏီများကို ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေချေးခြင်း သို့မဟုတ် ပြည်တွင်းဘဏ်များနှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ကာ ပြည်တွင်းကုမ္ပဏီများအား နှစ်ရှည်ချေးငွေများ ပေးခြင်းတို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။

    Ref: en.yibada

  • ဗြိတိန်မှ မိန်းကလေးငယ်တစ်ဦး အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်

    ဗြိတိန်မှ မိန်းကလေးငယ်တစ်ဦး အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်

    စက်တင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    bri

    – ဗြိတိန်မှ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်လေးမှာ ကမ္ဘာကျော် သိပ္ပံပညာရှင်များ ဖြစ်ကြသော အဲလ်လဘတ်အိုင်းစတိုင်းနှင့် စတီဖင်ဟော့ကင်းတို့ထက် ဥာဏ်ရည် (IQ) ပိုမြင့်ကြောင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။

    လီဒီယာ စီဘက်စတီယန်ဆိုသူဖြစ်ပြီး ဗြိတိန် Mensa ၏ IQ စစ်ဆေးသည့် မေးခွန်းဖြစ်သော Cattell III B တွင် အမှတ်ပေါင်း ၁၆၂ မှတ်ရရှိခဲ့ကာ ထိုသို့ ရရှိမှုက အိုင်းစတိုင်းနှင့် ဟော့ကင်းတို့ထက် IQ မြင့်ကြောင်းကို ပြသနေခြင်းလည်း ဖြစ်သည်။

    သို့သော်လည်း ကိုချက်စတာ ကောင်တီ အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် ၎င်းက မိမိအနေဖြင့် ထိုနှိုင်းယှဉ်မှုကို စိတ်တိုင်းမကျဟု ဆိုသည်။

    “အဲလ်လဘတ်အိုင်းစတိုင်းနဲ့ စတီဖင်ဟော့ကင်းတို့လိုမျိုး ကြီးကျယ်တဲ့ ပညာရှင်တွေနဲ့ သမီး နှိုင်းယှဉ်နိုင်တယ်လို့ မထင်ပါဘူး။ သူတို့က အောင်မြင်မှုတွေ အများကြီး ရခဲ့တာပါ။ ဒီနှိုင်းယှဉ်မှုဟာ မှန်ကန်တယ်လို့ သမီး မထင်ပါဘူး” ဟု လီဒီယာက ပြောကြားခဲ့သည်။

    သူမမှာ အဆိုပါ ဥာဏ်စမ်းမေးခွန်းကို ဖြေဆိုရန် မိဘများအား ပူဆာခဲ့ပြီးနောက် နွေရာသီကျောင်းပိတ်ရက်တွင် ဖြေဆိုခဲ့ခြင်းဖြစ်သည်။ လီဒီယာကမူ မေးခွန်းများမှာ ထင်သလောက်မခက်ဟု ဆိုသည်။

    “မဖြေခင်မှာ သမီး တကယ့်ကို ကြောက်ခဲ့ပြီး တော်တော်ခက်ခဲမယ်လို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်စဖြေတဲ့အခါမှာ ထင်ထားတာထက် ပိုလွယ်နေတယ်လို့ သမီး သိခဲ့ပါတယ်”

    ကျောင်းပြီးသွားသည့်အခါ မည့်သည့်လိုင်း လိုက်ရမည်ကို လီဒီယာက မဆုံးဖြတ်ရသေးဘဲ၊ သင်္ချာမှာ မိမိ၏ အကြိုက်ဆုံး ဘာသာရပ်များထဲမှ တစ်ခုဖြစ်သောကြောင့် သင်္ချာနှင့်ပတ်သက်သည့် ဘာသာရပ်ကိုပင် ယူဖြစ်မည်ဟု ဆိုသည်။

    “သမီး လုပ်သွားမယ့်အရာအားလုံးကို တတ်နိုင်သလောက် ကြိုးကြိုးစားစား လုပ်သွားမှာပါ။ ပြီးတော့မှ ဘယ်နေရာရမလဲ ကြည့်တာပေါ့” ဟု သူမက ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ Cattell III စစ်ဆေးမှုတွင် အရွယ်ရောက်ပြီးသူများ အများဆုံး ရရှိထားသည့်အမှတ်မှာ ၁၆၁ မှတ်ဖြစ်ပြီး လီဒီယာက ၁၆၂ မှတ် ရခဲ့သောကြောင့် လာရောက်ဖြေဆိုသူများထဲမှ ထိပ်ဆုံး ၁ ရာခိုင်နှုန်းစာရင်းတွင် မှတ်တမ်းဝင်ခဲ့သည်။

    Ref: CNN

  • စစ်ပွဲနှင့် အဓိကရုဏ်းများ ချုပ်ငြိမ်းပြီး ဘယ်တော့မှ ထပ်မဖြစ်ရန် အထူး ဆုတောင်းခဲ့ဖို့ မြန်မာဟာဂျီများကို တိုက်တွန်းနှိုးဆော်

    စစ်ပွဲနှင့် အဓိကရုဏ်းများ ချုပ်ငြိမ်းပြီး ဘယ်တော့မှ ထပ်မဖြစ်ရန် အထူး ဆုတောင်းခဲ့ဖို့ မြန်မာဟာဂျီများကို တိုက်တွန်းနှိုးဆော်

    စက်တင်ဘာ ၉၊ ၂၀၁၅
    M-Media
    သတင်း/ဓါတ်ပုံ- မိုးစက်
    12003860_1908814599342717_4742876434549005251_n
    ရန်ကုန်။    ။ ၂၀၁၅ ခုနှစ် ဟဂ်ျခရီးစဉ်အတွက် မက္ကာဟ်မြို့တော်သို့ သွားရောက်တော့မည့် မြန်မာ ဟာဂျီလောင်းများအား တရားတော်က သတ်မှတ်ပေးထားတဲ့ တာဝန်တစ်ရပ်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်တဲ့ အတွက် များစွာဂုဏ်ယူမိကြောင်း သာသနာရေးရာဝန်ကြီးဌာန ရန်ကုန်တိုင်း ဒေသကြီး သာသနာရေးမှူး ဦးစိန်မော်က ပြောကြားခဲ့ပါသည်။

    အဆိုပါစကားကို ပြည်ထောင်စု သမ္မတနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးကပြုလုပ်တဲ့  ၂၀၁၅ မြန်မာဟာဂျီလောင်းများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားတွင် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    ဦးစိန်မော်မှ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကို လူများစုကိုးကွယ်သော ဘာသာတရား အဖြစ် သတ်မှတ်ထားသော်လည်း တိုင်းရင်းသားနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ ကိုးကွယ်ယုံကြည်သည့် အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ စသည့် ဘာသာတရားများကိုလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားကြောင်း ပြောကြားခဲ့ပါတယ်။ ဟာဂျီလောင်းများဟာ မြန်မာနိုင်ငံသားများဖြစ်ကြသည့်အတွက် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့ပါသည်။

    ဟာဂ်ျကြီးကြပ်ရေး ကော်မတီ ဥက္ကဌ ဦးကျော်ခင်နှင့် သံအမတ်ကြီး ဦးလှမောင်တို့မှ မက္ကာမြို့တော်မှာ ရှိခဲ့တဲ့ မင်းတုန်းမင်း ကောင်းမှုတော် ဒေါင်းဇရပ်ကြီးမှာ ရှေးမြန်မာမင်းတို့ရဲ့ ဗုဒ္ဓဘာသာသာမက အခြားဘာသာတရားများကိုပါ အားပေးမြှောက်စားခဲ့ကြောင်း အခိုင်အမာ သက်သေပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
    2
    ဒီကနေ့ ပွဲလုပ်ရခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့အိမ်တော်ကို သွားရောက်ရတော့မယ့်  ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပပေးတာဖြစ်ပြီး ဟာဂျီလောင်းများ အတွက်လည်း အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ပြီး ဈေးအသက်သာဆုံးဖြစ်တဲ့ ကုမ္မဏီနဲ့ ချိတ်ဆက်ပေးထားကြောင်း၊ သွားရောက်ရမည့် ဟာဂျီလောင်းများ အတွက် မဲနှိုက်ရွေးချယ်ရာတွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အချိုးကျကျဖြစ်စေနိုင်ရန် အတွက် ဆောင်ရွက်ခဲ့ကြောင်းကို ၂၀၁၅ ဟဂ်ျစေလွတ်ရေးကြီးကြပ်မှုကော်မတီ ဟာဂျီဦးကျော်ခင်က ရှင်းလင်းပြောဆိုခဲ့ပါသည်။

    “သာသာရေးရာဝန်ကြီးဌာနကနေ ဒီဟာဂ်ျ ကိစ္စက ဘာသာရေးနဲ့သက်ဆိုင်တယ်၊ ဘာသာရေးအဖွဲ့တွေက လုပ်တာပိုကောင်းမယ်ဆိုပြီး ကျွန်တော်တို့ ငါးဖွဲ့ကို လွှဲပေးထားတာပါ။ ဒါကြောင့် ခါတိုင်းနှစ်တွေနဲ့ မတူအောင် ဒီနှစ်အသေအချာလေး စီစဉ်ပေးထားပါတယ်” ဟု ၂၀၁၅ ဟာဂ်ျစေလွတ်ရေးကြီးကြပ်မှု ကော်မတီ မှ ဦးဝဏ္ဍရွှေက တာဝန်ယူမှု အပိုင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့သည်။

    သံအမတ်ကြီး ဦးလှမောင်နှင့် ဟာဂ်ျကော်မတီ အဖွဲ့ဝင် ဦးဝဏ္ဏရွှေတို့မှ ဟာဂ်ျခရီးစဉ်မှာ ထွဋ်မြတ်လှပြီး ဟာဂျီများ၏ တောင်းဆုမွန်ကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူသည့်အတွက် မြန်မာနိုင်ငံတွင်း ဘာသာပေါင်းစုံ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းဖို့၊ သဘာဝဘေး အန္တရာယ်များမှ ကင်းဝေးစေဖို့၊ စစ်ပွဲနှင့် အဓိကရုဏ်းများ ချုပ်ငြိမ်းပြီး နောက်ထပ် ဘယ်သော အခါမှ ဒီမြေမှာ ထပ်မဖြစ်ဖို့တို့ကို အထူးဆုမွန်တောင်းခဲ့ကြရန် ဟာဂျီလောင်းများကို အလေးအနက် မေတ္တာရပ်ခံ နှိုးဆော်ခဲ့ပါသည်။

    ဘာသာရေးအဖွဲ့ကြီးငါးဖွဲ့ ရဲ့  ဟာဂ်ျစေလွတ်ရေးကြီးကြပ်မှု ကော်မတီမှ  ၂၀၁၅ ဟာဂျီလောင်းများအတွက် ပို့ဆောင်ပေးမည့် ကုမ္မဏီကို သတင်းစာများမှ တင်ဒါခေါ်ယူခဲ့ပြီး အဆင်ပြေဆုံးဖြစ်မည့် “ဟာဂျီနာနီးပါးဂရု” ကိုရွေးချယ်ခဲ့သည်။ ယင်းကုမ္မဏီမှ ဟာဂျီလောင်းများ အတွက် အသွားအပြန်မှ အစအဆုံး ဝန်ဆောင်မှုများ ပေးအပ်သွားဖြစ်ကြောင်းသိရသည်။ ကျန်းမာရေးစောင့်ရှောက်မှု အတွက် ဆရာဝန်များ၊ ဘာသာရေးဆရာများပါ ပါဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါကုမ္မဏီသို့ ဟာဂျီလောင်းတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၂၁၇၅) ပေးဆောင်ရကြောင်းလည်း သိရှိရပါသည်။

    ၂၀၁၅ ခုနှစ်အတွက် သွားရောက်ရမည့် ခွဲတမ်းဟဂ်ျ (မဲဟာဂျီ) ဟာဂျီလောင်းဦးရေမှာ ၂၈၀ ရှိပြီး စက်တင်ဘာလ ၁၂ ရက်နေ့မှစတင်ကာ (၄) ဖွဲ့ခွဲကာ စက်တင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ခွဲတမ်းဟဂ်ျ ကို ယခင်က သာသနာရေးဝန်ကြီးဌာနမှာ တိုက်ရိုက်ကိုင်တွယ်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်ပြီး အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးကို လုပ်ပိုင်ခွင့် လွှဲအပ်ခဲ့ခြင်းဖြစ်ပါသည်။

    အစ္စလာမ်ဘာသာဝင်တွေမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရတဲ့ မဏ္ဍိုင်ကြီး (၅) ရပ်အနက် “ဟဂ်ျ” လို့ခေါ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ သွားရောက်ပြီး သာသနာ့ကျင့်စဉ် ကိစ္စရပ်များကို ပြုမူ ဆောင်ရွက်ခြင်းဟာ တစ်ခုအပါအ၀င် ဖြစ် ပါသည်။  ငွေကြေးတတ် စွမ်းနိုင်သူတို့အဖို့ မဖြစ်မနေ လုပ်ရမဲ့ တာဝန်တစ်ရပ်သာ ဖြစ်ပါသည်။

     

    7 10408563_1908737719350405_7717925615125224157_n 11209677_1908738112683699_60235492536940888_n 12002275_1908814509342726_7977020063759260225_n 12002779_1908738236017020_3546174702313994527_n 12002869_1908737882683722_2557020071529753736_n 12003866_1908738386017005_1206331789503740294_n