News @ M-Media

Blog

  • အတုံ့ အလှည့်ဖြစ်တတ်သော နိုင်ငံရေး ထောင်ချောက်များ

    အတုံ့ အလှည့်ဖြစ်တတ်သော နိုင်ငံရေး ထောင်ချောက်များ

    သြဂုတ် ၁၇ ၊ ၂၀၁၅
    M-Media
    ဆောင်းပါးရှင်- မောင်သမာဓီ

    Ward 6 (အဆောင် ၆)
    —————————-

    Ward 6
    အကြမ်းဖက်တတ်သော စိတ်ရောဂါသည် လူနာများကို ချုပ်နှောင်ထားကာ ဆေးကုသပေးရန် ကိုယ် တိုင် တိုးချဲ့တည်ဆောက် ထားပြီး ခပ်ကြမ်းကြမ်း လုံခြုံရေး ဝန်ထမ်းခန့်ကာ အုပ်ချုပ်စေသော အဆောင် ၆ အတွင်းသို့ စိတ်ရောဂါ အထူးကု ဆရာဝန်ကြီး ပြန်လည် ဝင်ရောက်သွားသော အခါ မိမိ မရူးကြောင်း ရှင်းပြ သော်လည်း သူခန့်ထားသော တပည့်က အပြင် ထွက်ခွင့် မပေးတော့ပါ။

    Baghdad Abu Ghraib Prison (ဘက္ကဒက် အဘူ ဂါရစ်ဗ် အကျဉ်းထောင်)
    ————————————————

    2005 Abu Ghraib cell block.

    Abu_Gharyab_Prison.

    အတိုက်အခံ နိုင်ငံရေး သမားများကို ဖမ်းဆီးချုပ်နှောင်ရန် သူကိုယ်တိုင် ၂၀၀၂ ခုနှစ်တွင် Cell blocks အသစ် ၆ ခု တိုးချဲ့ တည် ဆောက်ခဲ့သော နာမည်ဆိုးနှင့် ကျော်ကြား သည့် အကျဉ်းထောင်အတွင်း အီရတ် ခေါင်းဆောင် ဆက်ဒန် ဟူစိန် (Saddam Hussein) ကြိုးပေး ကွပ်မျက်ခံရလေသည်။

    2008 constitution and Myanmar Parliaments (၂၀၀၈ ဖွဲ့စည်းပုံနှင့် မြန်မာ့ လွှတ်တော် ၃ ရပ်)
    ————————————————-
    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၈၈၊
    —————————
    ပြည်ထောင်စုလွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်နေရာအချို့ လစ်လပ် နေစေကာမူ ပြည်ထောင်စုလွှတ်တော်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေးမရှိသူတစ်ဦးက ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခြင်း၊
    ဆန္ဒမဲပေးခြင်း သို့မဟုတ် လွှတ်တော်လုပ်ငန်းတစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက်ချက် များသည် ပျက်ပြယ်ခြင်း မရှိစေရ။

    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၃၁၊
    ————————-
    ပြည်သူ့လွှတ်တော်သည် လွှတ်တော်ကိုယ်စားလှယ်နေရာအချို့ လစ်လပ်နေစေကာမူ ပြည်သူ့လွှတ်တော်လုပ်ငန်းများကို ဆောင်ရွက်ခွင့်ရှိသည်။ ထို့အပြင် အခွင့်အရေး မရှိသူ တစ်ဦးက ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခြင်း၊ ဆန္ဒမဲပေးခြင်း သို့မဟုတ်လွှတ်တော်လုပ်ငန်း တစ်ရပ်ရပ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းကို နောင်အခါတွင်မှ စစ်ဆေးတွေ့ရှိစေကာမူ ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ဆောင်ရွက်ချက်များသည် ပျက်ပြယ်ခြင်း မရှိစေရ။

    ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၁၅၅
    —————————-
    အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပခြင်းကို ပုဒ်မ ၁၂၄ မှ ၁၃၅ ထိပါ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက် ရမည်။

    Surplus Vote in Parliament.

    တို့အရ မဲမသမာမှုများ ပြုလုပ်ပြီး အဆိုနှင့် ဥပဒေများ အတည်ပြု ဆုံးဖြတ်ခဲ့တာတွေကို နောင်တချိန် ပေါ်ပေါက်ခဲ့ရင်တောင်မှ ဆုံးဖြတ်ခဲ့တာတွေ အတည်ဖြစ်တဲ့  လွှတ်တော် ၃ ရပ်တွင် မိမိအား မဲဆန္ဒရှင် ၁% က လက်မှတ်ထိုးပြီး  (Right to Recall) ဖြုတ်ချနိုင်သော  လုပ်ထုံးလုပ်နည်း (By law) နှင့် နည်းဥပဒေ (Procedure Law) များ ပြဌာန်းခြင်း ကို လွှတ်တော် ဥက္ကဌနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရရွှေမန်း ကိုယ်တိုင် ထိုင်၍ ကြားနာ အတည်ပြုပေးပြီးနောက် ထိုဥပဒေ များ အရ အရေးယူ ထုတ်ပယ်ခြင်း ခံရတော့မည့် အနေအထားများတွေ့ရှိနေရပါသည်။

    လေးစားစွာဖြင့်
    မောင်သမာဓိ

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၁၆၊ ၂၀၁၅)

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    ဆီးရီးယားအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၈၀ ကျော်သေဆုံး
    ………………………………….
    ဒမတ်စကတ်မြို့အနီး သူပုန်များ သိမ်းပိုက်ထားသော ဒူးမားဒေသရှိ ဈေးတစ်ခုကို ဆီးရီးယားအစိုးရတပ်များက လေကြောင်းမှ ယနေ့တွင် တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အနည်းဆုံး ၈၂ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ နီးပါး ဒဏ်ရရခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူအများစုမှာ အရပ်သားများ ဖြစ်ကြပြီး ဒဏ်ရာရသူများတွင် အခြေအနေဆိုးရွားသူများ ပါဝင်သောကြောင့် သေဆုံးသူအရေအတွက်မှာလည်း တိုးလာဖွယ်ရှိနေသည်။

    MH370 မှဟု ယူဆရသည့် အစိတ်အပိုင်းများကို ထပ်မံတွေ့ရှိပြန်
    ………………………………..
    ၂၀၁၄ ခုနှစ် မတ်လက ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်း MH370 လေယာဉ်မှဟု ယူဆရသော အစိတ်အပိုင်းနှစ်ခုကို မော်လ်ဒိုက်နိုင်ငံတွင် တွေ့ရှိခဲ့သည်ဟု မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး လီအို တီအွန်က ယနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်များကလည်း အဆိုပါလေယာဉ်မှ တောင်ပံအစိတ်အပိုင်းတစ်ခုကို အိန္ဒိယသမုဒ္ဒရာရှိ ပြင်သစ်ပိုင် ရီယူနီယံကျွန်းတွင် တွေ့ရှိခဲ့သည်။ ယခုတွေ့ရှိရသည့် အစိတ်အပိုင်းများအား စမ်းသပ်စစ်ဆေးရန်အတွက် ကျွမ်းကျင်ပညာရှင်များအဖွဲ့ကို စေလွှတ်သွားမည်ဖြစ်ပြီး သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည်ဟု တီအွန်က ထည့်သွင်းပြောကြားခဲ့သည်။

    ယူကရိန်းအရှေ့ပိုင်းပြဿနာ ပေါက်ကွဲလုနီးပါးဖြစ်နေဟု ဂျာမနီပြော
    …………………………………….
    ယူကရိန်းအရှေ့ပိုင်းရှိ အခြေအနေမှာ ပေါက်ကွဲလုမတတ်ဖြစ်နေပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် တိုက်ခိုက်မှုများကို ရှောင်ရှားရေးအတွက် အလျင်အမြန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့် ဝေါလ်တာ စတိုင်မီယာက ယနေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။ ယူကရိန်းအစိုးရနှင့် သူပုန်များအကြား ဖေဖော်ဝါရီ လလယ်ပိုင်းက ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးစာချုပ်မှာ အခြေအနေကို လျော့ပါးစေခဲ့သော်လည်း တိုက်ခိုက်မှုများမှာမူ ရပ်တန့်သွားခြင်းမရှိပေ။

    Ref: News Agencies

  • အင်ဒိုနီးရှား ပြည်တွင်းခရီးသည်တင်လေယာဉ်တစ်စီး ပျောက်ဆုံး

    အင်ဒိုနီးရှား ပြည်တွင်းခရီးသည်တင်လေယာဉ်တစ်စီး ပျောက်ဆုံး

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    indo

    – အင်ဒိုနီးရှားလေကြောင်းလိုင်းတစ်ခုမှ ပြည်တွင်းတွင်ပြေးဆွဲသော ခရီးသည်တင်လေယာဉ်တစ်စင်းမှာ ဒေသစံတော်ချိန် ယနေ့ နေ့လည်ပိုင်းက အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခဲ့သည်ဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီက ပြောကြားလိုက်သည်။

    Trigana Air လေကြောင်းလိုင်းမှ ATR-42 မော်ဒယ်ဖြစ်ပြီး ခရီးသည် ၅၄ ဦးလိုက်ပါသွားသော အဆိုပါ လေယာဉ်ပျောက်ဆုံးကြောင်း အေဂျင်စီ၏ Twitter စာမျက်နှာတွင် လွှင်တင်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှာ အရှေ့ပိုင်း ဝေးလံခေါင်ဖျားသည့် ပါပူအာဒေသတွင် ပျံသန်းနေစဉ် ယနေ့နေ့လည် ၂ နာရီ ၅၅ မိနစ်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု အဆိုပါပို့စ်တွင် ရေးသားထားသည်။

    ခရီးသည်များတွင် အရွယ်ရောက်ပြီးသူ ၄၄ ဦး၊ ကလေးငယ်နှစ်ဦး ရင်ခွင်ပိုက် ၃ ဦးနှင့် လေယာဉ်အမှုထမ်း ၅ ဦး ပါဝင်သွားခဲ့သည်။ ထိုလေယာဉ်မှာ ပါပူအာနယူးဂီနီနှင့် နီးကပ်သည့် နယ်စပ်မြို့ အော့စီဘီးလ်တွင် ဆင်းသက်ရန် စီစဉ်ထားသည့်လေယာဉ်ဖြစ်သည်။

    ဒေသတွင်းသတင်းများကမူ လေယာဉ်ပျောက်ဆုံးသွားသည့်အချိန်တွင် ပါပူအာ၌ ရာသီဥတုအခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု ဖော်ပြခဲ့ကြသည်။

    ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကိုမူ မှောင်သွားသောကြောင့် ရပ်တန့်ခဲ့ပြီး တနင်္လာနေ့နံနက်တွင်မှ ပြန်လည်ဆောင်ရွက်ရန် စီစဉ်ထားသည်။ အစိုးရကမူ ရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ရန် အခြားသော အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • Rogers Cup တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်တွင် ဆေးခြောက်နံ့ရ၍ ဂျိုကိုဗစ်က ဒိုင်လူကြီးအား တိုင်တန်းခဲ့

    Rogers Cup တင်းနစ်ပြိုင်ပွဲ ဆီးမီးဖိုင်နယ်တွင် ဆေးခြောက်နံ့ရ၍ ဂျိုကိုဗစ်က ဒိုင်လူကြီးအား တိုင်တန်းခဲ့

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    jokovic

    – ကနေဒါ၌ ကျင်းပပြုလုပ်နေသည့် Rogers Cup တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကစားနေစဉ် ဆးခြောက်နံ့ရနေ၍ ဒိုင်လူကြီးထံသို့ ကမ္ဘာ့နံပါတ် ၁ ဆားဘီးယားတင်းနစ်သမား နိုဘက်ဂျိုကိုဗစ်မှာ သွားရောက် တိုင်တန်းခဲ့သည်ဟုသိရသည်။

    ဂျရမီ ချာဒီနှင့် ကစားခဲ့သည့် ထိုပွဲတွင် အနိုင်ရရှိကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သော ဂျိုကိုဗစ်မှာ ပထမ ပွဲငယ်အပြီးတွင် ဒိုင်လူကြီအနားသို့ သွားရောက် စောဒကတက်ခဲ့ခြင်းဖြစ်သည်။

    “တစ်ယောက်ယောက် ဆေးခြောက်ရှုနေတယ်။ ကျွန်တော် အဲဒီအနံ့ကိုရနေတယ်။ ကျွန်တော် ရီဝေေ၀ဖြစ်လာပြီ။ တစ်ယောက်ယောက်က တော်တော်ကောင်းနေတယ်။ ခင်ဗျားရော အနံ့ရလား။ တစ်ကွင်းလုံးက အနံ့ရနေတယ်” ဟု ဂျိုကိုဗစ်က ပြောကြားခဲ့သည်။

    ပွဲအပြီးတွင်လည်း ဂျိုကိုဗစ်မှာ သတင်းထောက်များအား ထိုကိစ္စနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

    “ကျွန်တော် ဘယ်လောက်ဆိုးဝါးခဲ့လဲဆိုတာ ယုံတောင်မယုံနိုင်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် မနက်ဖြန်မလာဘူးလို့ မျှော်လင့်ပါတယ်။ သူက မိုး ၇ ထပ်လောက်ရောက်အောင် ကောင်းနေမှာပါ။ ပထမ နှစ်ယောက်တွဲပွဲမှာလည်း လာတယ်။ ဒီနေ့လည်းထပ်လာတယ်။ အဲဒီသူက တင်းနစ်ကွင်းတစ်ဝိုက်ကို တော်တော်သဘောတွေ့နေတာပဲ”

    သို့သော်လည်း ထိုအနံ့က ၎င်း၏ စွမ်းဆောင်ရည်ကို ထိခိုက်ခြင်းမရှိခဲ့ဘဲ နောက်ဆုံးဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။

    ယနေ့တွင်ကစားမည့် နောက်ဆုံးဗိုလ်လုပွဲတွင် ဂျပန်တင်းနစ်သမား ကီနီရှီကိုရီကို အနိုင်ရ၍ တက်ရောက်လာသည့် ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Dailymail

  • တရုတ်ရှိ ဓာတုပစ္စည်းများ ပေါက်ကွဲသည့်နေရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် စိုးရိမ်မှု မြင့်တက်လာ

    တရုတ်ရှိ ဓာတုပစ္စည်းများ ပေါက်ကွဲသည့်နေရာတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် စိုးရိမ်မှု မြင့်တက်လာ

    သြဂုတ် ၁၆၊ ၂၀၁၅
    M-Media

    china

    – တရုတ်နိုင်ငံ တီယန်ဂျင်းမြို့တွင် ဓာတုပစ္စည်းများထားရှိရာ သိုလှောင်ရုံ၌ ပေါက်ကွဲမှုများ ယမန်နေ့တွင် ထပ်မံဖြစ်ပေါ်လာခဲ့ပြီးနောက် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပြန့်နှံ့မှုအတွက် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ဒေသခံများအား အရွှေ့ပြောင်းကယ်ဆယ်မှုများ ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

    ဗုဒ္ဓဟူးနေ့က ပေါက်ကွဲမှုကြီး ၂ ခု ဖြစ်ပွားခဲ့သော အဆိုပါ သိုလှောင်ရုံတစ်ဝိုက်တွင် ယမန်နေ့က ပေါက်ကွဲမှု ၈ ခုခန့် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေသော ဆိုဒီယမ် ဆိုင်ယန်နိုက် ဓာတုပစ္စည်းများကို အများအပြားတွေ့ခဲ့ရပြီးနောက် လက်နက်ကိုင်ရဲများက အခင်းဖြစ်ပွားရာနေရာမှ အချင်းဝက် ၃ ကီလိုမီတာအကွာအဝေးရှိ ဒေသခံများကို ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ပေါက်ကွဲမှုအတွင်း သေဆုံးသူများမှာ ၁၀၄ ဦးအထိ ရှိလာခဲ့ပြီး ၇၀၀ ကျော်မှာ ဆေးရုံ၌ ဆေးကုသမှုများ ခံနေရကာ ၂၅ ဦးမှာ စိုးရိမ်ရသည့်အနေအထားတွင်ရှိနေသည်။ ၃၃ ဦးမှာမူ အလွန်ဆိုးရွားသည့် အခြေအနေတွင် ရှိနေသည်ဟု တာဝန်ရှိသူများက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အဆိပ်အတောက်ဖြစ်စေသော ဓာတ်ငွေ့များ ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဓာတုဗေဒ ကျွမ်းကျင်သူများအဖွဲ့မှာလည်း ရောက်ရှိနေပြီဖြစ်သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ယမန်နေ့က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့အား အခင်းဖြစ်ရာနေရာတွင် ပစ်ထားမှုအတွက် ဒေသခံများက ရှင်းလင်းပွဲပြုလုပ်ရာ အဆောက်အဦးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။ ထိုကိစ္စကို ကိုင်တွယ်ရာတွင် ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် တရုတ်အစိုးရမှာ ဝေဖန်ခံနေရသည်။

    Ref: Aljazeera